မြန်မာနိုင်ငံကလူအများစုက ကိုရီးယားကားကြိုက်ကြတယ်
ဘာလို့ကြိုက်တာလဲမေးကြည့်တယ်
မင်းသားမင်းသမီးရုပ်လှလို့
ဇတ်လမ်းလေးကကောင်းလို့
သရုပ်ဆောင်ကောင်းလို့ စသည်ဖြင့် အမျိုးမျိုးသောအဖြေတွေကိုရတယ်
အားလုံးကိုစုစည်းကြည့်ရင် ရုပ်ရည်လှပပြီးဇတ်လမ်းကောင်းတဲ့သရုပ်ဆောင်ကောင်းတွေ
ကြောင့်ပေါ့.။
မင်းသားမင်းသမီးရဲ့ရုပ်ရည်က တို့နိုင်ငံက မင်းသားမင်းသမီးနဲ့ဘာကွာလဲစဉ်းစားတယ်
ကွာခြားတာကို သွားတွေ့တယ် သူတို့မင်းသားမင်းသမီးက ရုပ်ကိုချထားတာကိုသွားတွေ့တယ် အဓိကက ခေါင်းဆောင်မင်းသားမင်းသမီးတွေမှာ မင်းသမီးတွေဟာရုပ်ရည်လှပသလို ရုပ်မှာမာန်မရှိတာကိုသွားတွေ့ရတယ်
ရုပ်ကိုမြင်တိုင်းလူတိုင်းရင်အေးအောင်နေတက်တယ်
ပုရိသတ် ရင်ငြိမ်းနေအောင်လို့ ရုပ်ကိုမာန်ချထားတယ်
အဲဒါသူတို့အလှလို့ထင်ပါတယ်
သူတို့မျက်နှာကိုအလှ၇ယ်လို့ အလွန်အကျွံမပြင်ဘဲနဲ့ မာန်ကင်းအောင်ပဲ ရုပ်ကိုထားတယ်သင့်သလောက်ပဲပြင်ထားတယ်
အ၀တ်အစားဆိုလဲ သူတို့ကိုမြင်ရင် သူတို့အ၀တ်အစားထက်
သူတို့မျက်နှာကိုပဲပရိတ်သတ်က
ကြည့်ချင်နေတယ် ရင်အေးတာကိုး
သူတို့ပြုံးလိုက်ရင် စိတ်ချမ်းသာတာကိုး
(ဂွီဂျင် ဂွီဒေါက် ဇတ်လမ်းဆိုရင်)သူတို့ရဲ့သရုပ်ဆောင်မှုနဲ့သူတို့ မျက်နှာလေးကိုပဲလူက သတိထားကြည့်မိတယ်
သူတို့အ၀တ်အစားဆိုလုံးဝကို
စိတ်မ၀င်စားတော့တာ
အဲဒီလောက်အထိ မျက်နှာပေး(သရုပ်ဆောင်မှုပညာ)
နဲ့ လူတွေကိုဖမ်းစားထားတယ်
မြန်မာမင်းသမီးတွေဆင်းရဲသားခန်းရိုက်ပြပါလိမ့်မယ်
စုတ်တီးစုတ်ဖတ်ဝတ်မယ် ကြမ်းကြမ်းတမ်းတမ်းရန်တွေ့မယ်
ဆင်းရဲသားတိုင်း စုတ်ဖတ်ဖတ်မ၀တ်ပါဘူး ကြမ်းကြမ်းတမ်းတမ်းရန်မတွေ့ပါဘူး
မြန်မာဆင်းရဲသားခန်းအများစုဟာ စရိုက်ကြမ်းတာကိုပြကြတယ်
ဒါမျိုးတွေလျှော့စေချင်ပါတယ်
မြန်မာ မင်းသားမင်းသမီးအများစုကို သရုပ်ဆောင်တဲ့အခါမှာ အ၀တ်အစားအလှအပထက် မျက်နှာကိုမာန်ချထားစေချင်တယ်
အသားအရေ ညက်ညောနေတာပဲ မိတ်ကပ်လိမ်းချယ်မှုကိုလျှော့စေချင်တယ်
ပြင်ပမှာ လူလူချင်းပြောတဲ့စကားတွေပဲပြောစေချင်တယ်
အပြင်မှာပဲ မောင်နှမချင်း (ဘယ်လောက်ချစ်ချစ်)
တခုခုစိတ်မကောင်းရင် အကိုနဲ့နှမ ဖက်မငိုပါဘူး
ဒါပေမယ့်ရုပ်ရှင်ဗီဒီယိုထဲမှာ
ဆိုရင်သိပ်ချစ်တဲ့မောင်နှမ
ငိုကြရင် ခဏခဏဖက်ငိုကြတယ်
ဘာလို့မှန်းကိုမသိဘူး……….
ဒါတွေတော်တော် ခက်နေတယ်နော်

About shwemoenyo

shwemoe nyo has written 4 post in this Website..

i'm a human but like a snail.