မန္တလေးမြို့ ၊အောင်မြေသာဇံမြို့နယ်၊ အုတ်စက်ရပ်ကွက်တွင် ၂၉-၄-၂၀၁၂ ရက်နေ့ ည၁ဝး၁၅မိနစ်ခန့်ကမီးလောင်မှုဖြစ်ပွားသတင်း

moe moeApril 30, 20121min641

မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ၎င်းရပ်ကွက်သည် တဲအိမ်များ၊ ပျဉ်ထာင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ ၊ည ၁ဝ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။ အိမ်ခြေ (၂၀)ခန့် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။ စတင်လောင်ကျွမ်းမှု ကို မသိရသေးပါ။ မီသတ်ယာဉ်(၃၀)စီးခန့်ရောက်ရှိလာပြီး မီးအားအချိန်မှီ ထိန်းသိမ်းနိုင်အောင် ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းခဲ့ရကြောင်းသတင်းရရှိခဲ့ပါသည်။

One comment

  • moe moe

    April 30, 2012 at 7:14 pm

    ဟင် ဘယ်လိုဖြစ်တာလဲမသိဘူး ပုံက(၉)ပုံတင်လိုက်တာ။

Leave a Reply