သဲထဲကို ရေမသွန်ကြပါနဲ့….

naywoon niApril 30, 20121min13611

မျှော်လင့်ချက်မိုးရေစက်တွေကို
သဲထဲကိုတော့သွန်ချမပစ်လိုက်နဲ့ဦး
ဟော့ဒိက ပျိုးပင်လေးတွေက
အသင်ရွာချပေးမဲ့ မိုးကိုမျှော်လင့်နေကြတာ သိသိကြီးနဲ့တော့……။
ငါတို့တစ်တွေဟာ……..
ဒီအိပ်မက်တွေကို
ပရိဿတ်လက်ခုတ်သံမျှော်လင့်ပြီးမက်ခဲ့ကြတာမဟုတ်ဘူး
တစ်ကယ့်လက်တွေ့ဘဝနဲ့ရင်းနှီးပြီးကာမှ
တို့တစ်တွေအားလုံးဆုံးဖြတ်ချက်နဲ့မက်ခဲ့ကြတာ…..
လမ်းခုလပ်ကြမှလမ်းခွဲထွက်မသွားကြပါနဲ့……။
တစ်ခါလာလည်းမဲပြာပုဆိုးနဲ့တဲ့
ဟိတ်ဟန်ထုတ်ပြီးမျက်လှည့်ဆရာအိုက်တင်တွေနဲ့
လူတွေကိုလမ်ညာနေရတာမငြီးငွေ့ကြသေးဘူးလားကိုယ့်ဆရာ…..
တစ်ခါတစ်လေလည်းမျက်နှာဖုံးလေးချွတ်ကြပါဦး
မင်းတို့အလိမ်အညာတွေက အစဉ်အလာကြီးဖြစ်နေပါဦးမယ်တဲ့……။
အဲဒိတော့
မျှော်လင့်ချက်မိုးရေတွေကို
သဲထဲတော့ သွန်ချမပစ်လိုက်ကြပါနဲ့……..။

နေဝန်းနီ

11 comments

  • ကြောင်ကြီး

    May 1, 2012 at 9:26 am

    သဲထဲရေသွန်
    ပွဲထဲလေချွန်
    ဂဲဆွဲမြွေတွန်
    သဲမဲခြေကျွံ
    ဝဲစွဲရွှေပြွန်..။

    • windtalker

      May 1, 2012 at 1:14 pm

      ရွှေပြွန်ဝဲဆွဲ လို ့ကုတ်ရခက်နေပါသလား ။ “ပေါက်ဖော်” တံဆိပ် သံမဏိ စစ်စစ်ဖြင့် ပြုလုပ်ထားသော ဘရပ်ရှ် အကောင်းစားများ ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုလိုက်ပါ ။
      လက်လီလက်ကား ဝယ်ယူလိုသော ဖောက်သည်များ အမြန်ဆုံး ဆက်သွယ်နိုင်ပါသည် ။
      “ပေါက်ဖော်နှင့်ကုလားများ ကုန်ပါဘီလစ်မစ်တက်” ရန်ကုန် http://www.slkk.com

  • kaung kin pyar

    May 1, 2012 at 9:32 am

    လုပ်ချလိုက်ပြန်ပြီ ကိုကြောင်ကြီးကတော့…။ သများ ရင်နှင့်ရင်းပြီး ခံစားထားတာကို….။ ဒါကြောင့် ကောင်းကင်ဖွက်ထားတဲ့ကဗျာလေးတွေ ထုတ်မသုံးရဲသေးတာ….။ သိနေတယ်…ရွာသူရွာသားတွေနဲ့ အစွမ်းအစကို…။ ဘယ်လောက်ဖျက်ဖို့ခက်ခက် တစ်ပုဒ်လောက်တော့ မန့်ထဲ ပါလာမယ်ဆိုတာကို….။

    • windtalker

      May 1, 2012 at 1:17 pm

      ဟယ်ကြည့်စမ်း…
      ကဗျာချစ်သူ ကိုပေတို ့ဘိုနေ တို ့ကိုမှ အားမနာ
      ကောင်းကင်လေး က ဖွက်ထားရက်တယ်
      အမြန်ဆုံး ထုတ်ပြ ဖို ့၊ ဘိုနေ ( နေဝန်းနီ ) အမှူးထားတဲ့ ဂေဇက်ကဗျာချစ်သူတွေ ကိုယ်စား တောင်းဆိုလိုက်ဘာတယ်နော ။

      • kaung kin pyar

        May 1, 2012 at 2:24 pm

        ပြီးရင် ကို windtalker ရှေ့ဆုံးကနေ ကောင်းကင်ရဲ့ ကဗျာကို စပြီးဖျက်မှာ မြင်ယောင်နေသေးတယ်….။ ဒီလို မြှောက်မပေးနဲ့…။ ရဝူး….။

  • blackchaw

    May 1, 2012 at 9:46 am

    မိုက်တယ်ဗျာ။
    မျှော်လင့်ချက် မိုးစက်တွေကို
    သဲထဲတော့ သွန်းချမပစ်လိုက်ကြပါနဲ့…။
    ဆိုတာလေး ကြိုက်တယ် ကိုနေရေ…။

  • ညလေး အိတုံ

    May 1, 2012 at 9:54 am

    ခိုက်တယ်တော့်………….ကဗျာလေးကို

  • Onyx

    May 1, 2012 at 2:42 pm

    စာသားတွေ ခိုက်တယ်ဂျာ ။ အူးကြောင်တို့ကတော့ ဟသ ဉာဏ်ကို ရွှင်ပါတယ်။

  • အလင်းဆက်

    May 1, 2012 at 4:07 pm

    ကဗျာလေး.က အရမ်းကို အသက်ဝင်ပါတယ် ။ ရွေ့လျားနေတဲ ့ကဗျာလေး.လို ့ ဆိုပါရစေ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2012 at 4:33 pm

    သေခြာတာကတော့ တစ်ခုခုကိုကြိမ်းမောင်းနေပုံရဒယ်
    ဆိုဒေါ့ဂါ
    သူ့ဒေါသက ကိုယ့်ဆီရောက်လာနိုင်တယ် လစ်မှ
    ကိန်ကိန်ကိန်ကိန်

  • Patriotic Burma

    May 1, 2012 at 4:52 pm

    Great poem though I’m not good at feeling poems.Keep trying Senior နေဝန်းနီ

Leave a Reply