အဖေ့သမီးအတွက် သမီးအတွက်..ဖခင်ရဲ ့ဥပမာကောင်းလေးတစ်ခု

သားငယ္May 1, 20121min1357

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကိုအင်္ကျီ အိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁ဝ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁ဝခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁ဝ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

” ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး..”

သမီးတို့ရဲ့ အပျိုစင်ဘဝကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်…

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်…

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ….

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ….ဖေ့ဘုတ်ပေါ်မှာတွေ ့လို ့ရှယ်လိုက်တာပါ…

7 comments

  • ကောင်းမြတ်သူ

    May 1, 2012 at 1:33 am

    ကူးသွားပြီ ဗျို့…

  • Foreign Resident

    May 1, 2012 at 8:29 am

    ” သားတွေရဲ့ လူပျိုစင်ဘဝကို ထိမ်းသိမ်းဖို့ ” လည်း ဆက်ရေးပါအုန်းနော် ။
    သမီးတွေပဲ ထိမ်းသိမ်းရမယ် ၊ သားတွေက ထိမ်းသိမ်းစရာ မလိုဘူး ဆိုရင်တော့ ။
    အဲဒါ Gender Discrimination ပါ ။
    လိင် ( ကျား / မ ) ပေါ်မှာမူတည်ပြီး မတရား ( မတရား ) ခွဲခြား ဆက်ဆံမှု လို့ခေါ်ပါတယ် ။

  • ဇောက် ထိုး

    May 1, 2012 at 8:35 am

    ဒီပုံပြင်ကို ကျွန်တော်ကြိုက်သွားပြီ…ကျားကျား မမတကယ် သတိပြုရမယ့်ပုံလေးပဲ…ကျွန်တော်က ပုံပြင်ကိုကြိုက်တယ်။ ပုံပြင်ဆိုတာ ပုံလေးတွေပြပြီး လူတွေကိုပြင်တာပဲ။

  • ကြောင်ကြီး

    May 1, 2012 at 9:37 am

    ဒီဖက်လှည့်ပါအုံး သမီးလေးရယ်.. စက်ဘီး သူများခိုးသွားမှာ စိုးလို့ဘာ..။

  • kaung kin pyar

    May 1, 2012 at 9:42 am

    ဒီလို အဖေမျိုးတွေ များများပေါ်ထွန်းသင့်တယ်…။ ဒါမှ တစ်ခါထဲ ခေါင်းထဲ စွဲမှတ်သွားနိုင်တာလေ….။

    • သားငယ်

      May 2, 2012 at 12:47 am

      အမျိုးသမီးတွေက သိပ်မကြိုက်ဘူးထင်တယ်..ဘာမှလဲ ့မမန် ့ကြဘူး..ဟိဟိ

  • Ko out of...

    May 2, 2012 at 10:11 am

    သိပ်ကောင်းတဲ့ ဥပမာလေးဘဲ..print လုပ်သွားပါတယ်… ဆက်လက်ပြီး ဖြန်ဝေပေးပါ့မယ်…ကျေးဇူးဘဲ
    သားငယ်ရေ…

Leave a Reply