စဉ်းစားကြစေလိုပါတယ် ( ၂၀ ) ( ဘာကြောင့် မုန်းနေကြသလဲ )

 

အင်း ဒီ Post ကတော့ နာနာ(သံတွဲ) ရဲ့

” မြန်မာ မွတ်စလင်မ် ပြည်သူများအားမုန်းတီးသူများသို့ ” နှင့်

” ဘာကြောင့် မုန်းနေကြသလဲ ” လို့မေးထားတာလေးကို

အဘ တွေးမိသလောက် မြင်မိသလောက်

ကြိုးစားပြီး ဖြေကြည့်တာပါကွယ် ။

 

အဘ အမြင်နော် ၊ လွဲနိုင်ပါတယ် ။

 

( ၁ )

ပထမ အနေနှင့် ယထာဘူတ ကျကျ ဆန်းစစ်ရရင် ၊

မုန်းတီးနေကြတယ် လို့မဆိုသာပေမယ် ၊

ကြောက်လန့် ဖယ်ကြဉ် နေကြတာကတော့ ၊

အမှန်ဖြစ်နေတာ တွေ့ရတယ်ကွယ့် ။

( ထုတ် မပြော ရင်သာရှိရမယ် )

 

( ၂ )

ဒုတိယ အချက်ကတော့ ၊ အဲလို မုန်းတီးနေတာက ၊

မြန်မာ တစ်နိုင်ငံထဲရဲ့ ပြဿနာ မဟုတ်ဘူးကွဲ့ ။

နိုင်ငံတစ်ကာမှာလည်း ဖြစ်နေတာ တွေ့ရတယ်ကွယ့် ။

 

( အကောင်းဖက်က ဖြေသိမ့်မယ် ဆိုရင်တော့

ဗမာပြည်က — ဘာသာဝင်တွေကမှ ကွက်ပြီးဖြစ်နေတာ မဟုတ်ပဲ

နိုင်ငံတကာ သဘောဆောင်တဲ့ အတွက်

ဗမာပြည်က — ဘာသာဝင်တွေက ဘာမှ

ထူးပြီး ပြဿနာဖြစ်နေတာ ၊ ဆိုးနေတာ မဟုတ်ဘူးပေါ့ကွယ် )

 

( ၃ )

ကမ္ဘာ နှင့် အနှံ့ ဘာကြောင့် ဒီလိုဖြစ်လာရတယ် ဆိုတာ ၊

တွေးကြည့် အဖြေရှာကြည့်တော့ ၊

အဘ က သြဇီမှာ နေတဲ့သူဆိုတော့ ၊

သြဇီ က ဥပမာလေး တစ်ခုပဲ ပေးကြည့်မယ်နော် ။

 

မြန်မာပြည်က ဥပမာ ကော ၊ မရှိဘူးလား ဆိုတော့ ၊

မှန်တာပြောရရင် ၊ ရှိတာပေါ့ကွယ် ၊

ဒါပေမယ့် ၊ အရမ်း ဒဲ့ဒိုးကြီးလည်း ဖြစ်သွားမယ် ။

အခု Post ကိုလည်း အရမ်း အထိမခံဆုံးဖြစ်တဲ့ ၊

ဘာသာရေး ကိစ္စ ဖြစ်တဲ့အတွက် ၊

တိုက်ခိုက်ဖို့ ဦးတည်ချက် လုံးဝ မပါစေရပဲ ၊

အဖြေရှာဖို့ ဦးတည်ချက် နှင့်ပဲ ရေးမှာ ဖြစ်တဲ့အတွက် ၊

 

မြန်မာပြည်က ဥပမာ ကို ရှောင်ပြီး ၊

နဲနဲဝေးတဲ့ ၊ အရမ်း ဒဲ့ဒိုးကြီးလည်း မ ဖြစ် မယ့် ၊

သြဇီ က ဥပမာလေး နှင့်ပဲ ရှင်းပြပါရစေ ။

 

( ၄ )

နောက် အရေးကြီးတဲ့ တစ်ချက်ကလည်း ၊

ထင်ရှားတဲ့ ရွာသားများထဲမှာလည်း ၊

မွတ်ဆလင် ဘာသာဝင်တွေ ပါနေတာကို တွေ့ရတော့ ၊

သာသာလေး ပေါ့ဗျာ ။

 

( ၅ )

အဲဒီ အပြင် အဘ ရဲ့

ပြီးခဲ့တဲ့ နောက်ဆုံး လူမျိုးရေး Post နှစ်ခု ဖြစ်တဲ့

စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) နှင့်

စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) တို့ မှာကလည်း ၊

 

ခပ်ကြမ်းကြမ်းလေး ပြောပြီး / ရေးပြီး ၊

မြို့မေတ္တာကို ပိုပိုလျှံလျှံ ကို ခံယူထားပြီးပြီ ဆိုတော့ ၊

နောက်ထပ် အလောသုံးဆယ်

မြို့မေတ္တာကို တောင်းခံနေစရာ မလိုသေးတဲ့ အတွက် ၊

ဒီတစ်ခါ ဘာသာရေး Post ကိုတော့ သာသာလေးပေါ့ ၊ ဟဲဟဲ ။

 

( ၆ )

ပထမဦးဆုံးအနေနှင့် “ ဂယ်လီပိုလီ စစ်ပွဲ ” ( Battle of Gallipoli  )

အကြောင်းလေး ရှင်းပြပါရစေ ။

 

အဲဒီ ဂယ်လီပိုလီ စစ်ပွဲ ဟာ ၊ ပထမကမ္ဘာစစ်အတွင်းမှာ ဖြစ်ခဲ့တဲ့

ထင်ရှားတဲ့ စစ်ပွဲတစ်ခုဖြစ်ပါတယ် ။

 

( Ref ; http://en.wikipedia.org/wiki/Gallipoli_%28battle%29 )

 

၁၉၁၅ နှင့် ၁၉၁၆ ခုနှစ် ပထမကမ္ဘာစစ်အတွင်းမှာ

တူရကီ နိုင်ငံရဲ့ အရေးပါတဲ့ ဂယ်လီပိုလီ ဒေသကို သိမ်းပိုက်ဖို့အတွက်

ဗြိတိသျှ ပြင်သစ် သြဇီ နယူးဇီလန် မဟာမိတ် တပ်ဖွဲ့များ ( Allied Force ) ကတဖက်

အော်တိုမန် အင်ပါရာ ( တူရကီ လူမျိုး / မွတ်ဆလင် ဘာသာဝင် ) ကတဖက်

ဖြစ်ပွားခဲ့တဲ့ ကမ်းတက်သိမ်းပိုက်ရေး စစ်ပွဲကြီးဖြစ်ပါတယ် ။

 

အဲဒီစစ်ပွဲစဉ် အတွင်းမှာ ၊ မဟာမိတ် တပ်ဖွဲ့များ ဖက်မှ

စစ်သား တစ်သိန်း လေးသောင်း ကျော် သေကြေ ဒါဏ်ရာရခဲ့ပြီး ။

အော်တိုမန် တူရကီ တပ်ဖွဲ့များ ဖက်မှ ၊

စစ်သား နှစ်သိန်း ငါးသောင်း ကျော် သေကြေ ဒါဏ်ရာရခဲ့ ပါတယ် ။

 

အော်တိုမန် တူရကီ များဖက်မှ အကျအဆုံး ပိုများပြားပေမယ့် ၊

နယ်ခံ အော်တိုမန် တူရကီ တပ်ဖွဲ့များ ( မွတ်ဆလင် ) မှ ၊

လာရောက် တိုက်ခိုက်တဲ့ 

ဗြိတိသျှ ပြင်သစ် သြဇီ နယူးဇီလန် မဟာမိတ် တပ်ဖွဲ့များ ( ခရစ်ယာန် ) ကို ၊

အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပါတယ် ။

ဂယ်လီပိုလီ စစ်ပွဲ ၊ ကျဆုံး ဒါဏ်ရာရ စာရင်း ။

 

 

အရေးကြီးဆုံး အချက်က ၊

အဲဒီ ဂယ်လီပိုလီ စစ်ပွဲစဉ် အတွင်းမှာ

သြစတေလျှ နိုင်ငံသား နှစ်သောင်း ရှစ်ထောင် ကျော်  သေကြေ ဒါဏ်ရာရခဲ့ပါတယ် ။

သြစတေလျှ နိုင်ငံ သမိုင်းမှာ

သြစတေလျှ နိုင်ငံသား အများဆုံး သေကြေ ဒါဏ်ရာရခဲ့တဲ့ စစ်ပွဲလည်းဖြစ်ပါတယ် ။

 

သြစတေလျှ နိုင်ငံသားများအတွက် အကြေကွဲရဆုံး စစ်ပွဲဖြစ်တဲ့အတွက် ၊

အဲဒီ စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ April လ ၂၅ ရက် ကို

သြစတေလျှ ၊ နယူးဇီလန် နှစ်နိုင်ငံလုံးက ၊

ANZAC Day ( national day of remembrance ) ဆိုပြီး

( အာဇာနည်နေ့ နှင့် တပ်မတော်နေ့ နှစ်ခုပေါင်း ဆန်ဆန် )

နှစ်စဉ် နှစ်တိုင်း အစိုးရ ရုံးပိတ်ရက် သတ်မှတ်ပြီး ၊

အကြီးအကျယ် ကျင်းပကြပါတယ် ။

 

လိုရင်းပြောရရင် ၊

သြစတေလျှ နိုင်ငံသားများအတွက် အဲဒီ ဂယ်လီပိုလီ စစ်ပွဲ ဟာ

သြစတေလျှ နိုင်ငံ သမိုင်းမှာ အနာကျင်ရဆုံး အကြေကွဲရဆုံး စစ်ပွဲ ဖြစ်ပါတယ် ။

 

( ၇ )

အခုမှပဲ လိုရင်းကို ပြောတော့မယ်နော် ။

သြစတေလျှ နိုင်ငံဟာ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု ဖြစ်တဲ့အတွက် ၊

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဦးဆောင်နိုင်ငံ တစ်ခု ဖြစ်တဲ့အတွက် ၊

ကမ္ဘာ မိသားစုကြီးမှာ တာဝန်သိတတ်တဲ့ နိုင်ငံ တစ်ခု အနေနှင့် ၊

ကမ္ဘာ အရပ်ရပ်က ဘေးဒုက္ခ ရောက်နေတဲ့ ၊

နိုင်ငံရေး ၊ ဘာသာရေး ၊ စစ်ရေး ဒုက္ခသည် ( Refugee ) တွေကို ၊

သူတတ်နိုင်တဲ့ အတိုင်းအတာ အလျှောက် ၊

နှစ်စဉ် ထောင်သောင်းချီပြီး ကူညီပေး လက်ခံပေးနေပါတယ် ။

 

လက်ခံတယ် ဆိုလို့ လွယ်လွယ် မမှတ်နှင့်နော် ။

လက်ခံပြီးသမျှ ဒုက္ခသည် ( Refugee ) အားလုံးရဲ့ ၊

စား ဝတ် နေ ရေးအပြင် ၊ နေစရာ အိမ် ၊ အိမ်ထောင်ပရိဘောဂ ၊

ကျန်းမာရေး ၊ ပညာရေး  အားလုံးကို ၊ သြစတေလျှ နိုင်ငံ ( အစိုးရ ) က

( ကံဆိုးရင် ) တစ်သက်လုံး တာဝန်ယူလိုက်ရတာပါ ။

 

လက်ခံပြီးသမျှ ဒုက္ခသည် ( Refugee ) အားလုံး ကိုလည်း ၊

သြစတေလျှ မှာနေပြီး ၂ နှစ်ပြည့်ရင် ၊

သြစတေလျှ နိုင်ငံသား ခံယူခွင့် စာမေးပွဲ ဖြေခွင့်ပေးပြီး ၊

စာမေးပွဲ အောင်ရင် သြစတေလျှ နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးရမှာပါ ။

စာမေးပွဲ ဆိုလို့ ၊ တော်တော်ခက်မယ် မထင်နဲ့ အောင်ချက်က ၉၆% တဲ့ ။

 

အဘ မှာ ရေးသာရေးရတယ် ၊

သြစတေလျှ ဒုက္ခသည် ( Refugee ) အကြောင်းရေးရတာ ခပ်လန့်လန့်ရယ် ၊

အဲဒီအကြောင်းကို အဘထက် ပို သိမယ့်သူများ ရှိမယ်ထင်တယ် ၊

အဘရေးတာ မှားယွင်းတာများ ပါခဲ့ရင် ၊ ခွင့်လွတ်ပြီး ပြင်ဆင်ပေးကြပါ ခမျ ။

 

ထားပါလေ ၊ သြစတေလျှ နိုင်ငံ ( အစိုးရ ) ရဲ့ စွန့်စားပြီး ၊

ဒုက္ခသည် ( Refugee ) တွေအပေါ်ထားမိတဲ့ စေတနာကို ပြောပြတာပါ ။

 

( ၈ )

အဲ ၊ ဒုက္ခသည် အများစုကြီး ကတော့ ၊

ထုံးစံအတိုင်းပါပဲ ၊ မွတ်ဆလင် ဘာသာဝင်တွေပဲပေါ့ ။

ခက်တာက အဲဒီ မွတ်ဆလင် ဒုက္ခသည်တွေကလည်း ၊

တခြား မွတ်ဆလင် နိုင်ငံတွေ ကိုကျ လုံးဝ လုံးဝ ကို မသွားချင်ကြပဲ ။

ခရစ်ယာန် နိုင်ငံလေးတွေကိုမှ ကွက်ပြီး အရမ်း အရမ်း ကို လာချင်တာပဲတဲ့ကွယ် ။

အထူးသဖြင့် ကြီးလေးကြီး လို့ ခေါ်ကြတဲ့ US, UK, Australia, Canada ပေါ့ ။

 

အဲဒီတော့ကာ ၊  နိုင်ငံကြီးတွေ ခမျာမှာလည်း ၊

နိုင်ငံကြီး ပီသစွာနှင့် ၊ လက်ခံပေးရတာပေါ့ကွယ် ။

 

( ၉ )

မှန်တာပြောရရင် ၊ လူနည်းစု ဖြစ်နေတုန်းကတော့ ၊ ဘာမှပြဿနာ မရှိသလိုပါပဲ ။

ဒါပေမယ့် ၊ ထိုက်သင့်လောက်အောင် လူနဲနဲ စုမိလာတဲ့ အခါကျတော့ ၊

ပြဿနာ က စလာပါပြီ ။

 

အဘ နေတဲ့ Sydney မြို့မှာ

Auburn ဆိုတဲ့ အရပ်ဟာ မွတ်ဆလင် တွေ အများစုနေတဲ့ အရပ်ပေါ့လေ ။

အထူးသဖြင့် တူရကီကလာတဲ့ မွတ်ဆလင် တွေ အများစုနေတဲ့ အရပ်ပေါ့ ။

အဲဒီမှာလေ ၊ သူတို့က သြစတေလျှ နိုင်ငံ မှာ အကြီးဆုံး ဆိုတဲ့

မွတ်ဆလင် ဗလီ ကြီးကို ဆောက်ကြတယ်တဲ့ ။

အဲဒီ အထိကတော့ ဘာမှ မထူးဆန်းသေးပါဘူး ။

 

ဒါပေမယ့် ၊ ထူးဆန်းတာက ၊ အဲဒီ အကြီးဆုံး ဗလီ ကြီး ကို နာမည်ပေးလိုက်တာက ၊

” ဂယ်လီပိုလီ ဗလီ ” ပါတဲ့ ခင်မျာ ၊ ” ဂယ်လီပိုလီ ဗလီ ” ပါတဲ့ ။

 

အော်တိုမန် အင်ပါရာ ( တူရကီ လူမျိုး / မွတ်ဆလင် ဘာသာဝင် ) များက

သြစတေလျှ နိုင်ငံသား ( ခရစ်ယာန် ) နှစ်သောင်း ရှစ်ထောင် ကျော်ကို  သေကြေ ဒါဏ်ရာရစေခဲ့တဲ့ စစ်ပွဲ ။

သမိုင်းမှာ သြစတေလျှ နိုင်ငံသား တွေ အများဆုံး သေကြေ ဒါဏ်ရာရခဲ့တဲ့ စစ်ပွဲ ။

သြစတေလျှ နိုင်ငံသားများအတွက် အနာကျင်ရဆုံး အကြေကွဲရဆုံး စစ်ပွဲ ။

အဲဒီ စစ်ပွဲနာမည်ကိုမှ ၊ အဲဒီ အကြီးဆုံး ဗလီ ကြီး ကို နာမည်ပေးလိုက်တယ်တဲ့ ။

 

( ၁၀ )

ရက်စက်လိုက်ကြတာဗျာ ။

သူတို့ကို နေထိုင်ခွင့်ပေး ၊ လက်ခံစောင့်ရှောက်ပေးခဲ့ကြတဲ့ ၊

သြစတေလျှ နိုင်ငံ ရဲ့ မျက်နှာကို တစ်ချက်လေး မထောက်တော့ဘူးလားဗျာ ။

ပေးစရာ နာမည် ဒီလောက်ရှားသလားဗျာ ။

သြစတေလျှ နိုင်ငံသားတွေရဲ့ အသည်းနှလုံး ကို

ဓါး နှင့် ခွဲ ၊ ဆား နှင့် ပက်လိုက်သလိုပါပဲ ။

သြစတေလျှ နိုင်ငံသားတွေ ဘယ်လိုခံစားရမယ်ဆိုတာ

မစဉ်းစားတော့ဘူးလား ဗျာ ။

 

( Ref ; http://en.wikipedia.org/wiki/Auburn_Gallipoli_Mosque )

 

ဂယ်လီပိုလီ ဗလီ

 

 

 

ပုံစံက မြန်မာပြည် မန္တလေး မြို့လည်မှာ တရုတ်လူမျိုးတွေက ၊

” တရုတ်ပြေးမင်းကြီး နရသီဟပတေ့ ” ဆိုတဲ့ နာမည်နှင့်

တရုတ် ဘုံကျောင်း အကြီးကြီး လာဆောက်သလို ဖြစ်နေပြီ ။

 

အထက်ပါ အခြေအနေမျိုးတွေကြောင့် အမုန်းခံ ရတာဆိုရင်တော့ ၊

မုန်းတဲ့သူမှာ အပြစ်မရှိလှဘူးလို့ ၊ အဘ ရိုးရိုးလေး ထင်မိပါတယ် ။

အမုန်းခံရတဲ့သူကသာ ၊ သူတပါးကို စွပ်စွဲ ရန်လို မနေပဲ ၊

ကိုယ့်အပြစ်ကို ကိုယ် မြင်အောင် ကြည့်သင့်တယ် ထင်တာပဲ ။

 

( ၁၁ )

အဲဒီ ဂယ်လီပိုလီ ဗလီ ကြီးဟာ အဘ အိမ်နှင့်

Sydney မြို့လည် နှင့်ကြားက ရထားလမ်းဘေးမှာ ရှိနေတော့ ၊

အဘ ရထား စီးပြီး ဖြတ်တိုင်း ၊ အဲဒီ ဂယ်လီပိုလီ ဗလီ ကြီးကို တွေ့တိုင်း ၊

အခုမှ ဒုက္ခသည်အဖြစ် ရောက်လာတဲ့ မွတ်ဆလင် ဘာသာဝင်တွေ နှင့်

လက်ခံ ကူညီခဲ့ကြတဲ့ သြစတေလျှ နိုင်ငံသားတွေ ရဲ့

အတွေးအခေါ် ၊ အပြုအမူတွေကို ယှဉ်တွဲ စဉ်းစားမိတယ် ။

( ဒါတောင် သြစတေလျှ မှာ မွတ်ဆလင် ဘာသာဝင်တွေ က

လူနည်းစုပဲ ရှိသေးတာနော် )

 

အဘကို အဲဒီအကြောင်းကို သြဇီ နိုင်ငံသား အဖြူတစ်ယောက်က ၊

ခံစားချက် အပြည့်နှင့်ပြောတာကို နားထောင်ဘူးတယ် ။

 

အဲဒီလိုပဲ အဘ သူငယ်ချင်း သြဇီမှာရောက်နေတဲ့ ဒုက္ခသည်

သြဇီ နိုင်ငံသား ခံယူထားတဲ့ မြန်မာ မွတ်ဆလင် တစ်ယောက်က

မှတ်ချက်ပေးတာကိုလည်း ကြားခဲ့ရတယ် ။

” ဒီလောက်တောင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး စစ်မှန်ချင်တဲ့

သြဇီတွေ ခံကြပေါ့ ” တဲ့ ။

 

ဟင်းးးးးး ။

သြော် ၊ လောကကြီးမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် မထိုက်တန်တဲ့ ၊

လူမျိုး ၊ ဘာသာ များ ရှိနေသလား ပေါ့လေ ။ တကယ့်ကိုလဲ စိတ်မကောင်းလဲ ဖြစ်မိပါတယ် ။

 

( ၁၂ )

အဲဒီမှာ ပြောစရာ တစ်ခုက စလာပါပြီ ။

တာဝန် မယူရဲ ၊ ခေါင်းရှောင်ချင်တဲ့ စကားလုံးလေး တွေပါ ။

ဘာတဲ့ ၊ ” အဲဒါ သားသား လုပ်ထားတာ မဟုတ်ရပါ ၊

သားသား က အပြစ်ကင်းစင်တဲ့ Innocent လေးပါ ” ဆိုတဲ့ အသုံးအနှုန်း ။

” ဝါးလုံးကို ချီးသုတ် မရမ်းပါနှင့် ” ဆိုတဲ့ အကာအကွယ်လေးတွေ ။

 

( ၁၃ )

အဲဒီ ” သားသား လုပ်တာ မဟုတ် ၊

ထို့ကြောင့် သားသား အပြစ်ကင်းတယ် ” ဆိုတဲ့ Idea ဟာ ၊

လူတစ်ဦးတစ်ယောက်ခြင်းက ပြုလုပ်တဲ့

ရာဇဝတ်မှု ကိစ္စတွေမှာတော့ မှန်ကန်ပေမယ့် ၊

လူ အစုအရုံး အဖွဲ့အစည်း လူမျိုး ဘာသာ အနေနှင့်ပြုလုပ်တဲ့ ကိစ္စတွေမှာတော့ ၊

ဘယ်လိုမှ မရှောင်လွဲသာပဲ ( ယဉ်ကျေးမှု အရ ) တာဝန် ရှိလာတတ်ပါတယ် ။

 

ဥပမာ ပေးရရင် ၊

လက်ရှိ ဂျာမန် ဝန်ကြီးချုပ်ဟာ ဂျူးတွေကို သတ်ခဲ့တာ သူ မဟုတ်ပါဘူး ။

လက်ရှိ ဂျာမန် ဝန်ကြီးချုပ်ဟာ တရားဥပဒေ အရ အပြစ်ကင်းပါတယ် ။

ဒါပေမယ် ၊ ဟစ်တလာ ဦးဆောင်တဲ့ ဂျာမန်လူမျိုးများက ပြုခဲ့တဲ့ ၊

ဂျူးတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ ပြစ်မှုတွေအတွက် ၊

လူယဉ်ကျေး တို့ရဲ့ ဓလေ့ထုံးစံ ( ယဉ်ကျေးမှု ) အရတော့

သူ့မှာ သွယ်ဝိုက်ပြီး တာဝန် ရှိနေပါတယ် ။

ဒါကြောင့် ၊ လက်ရှိ ဂျာမန် ဝန်ကြီးချုပ်ဟာ

အခြေအနေ အချိန်အခါ သင့်တော်တိုင်းမှာ ၊

( ၁ ) ဂျူး တွေကို တောင်းပန်ပါတယ် ။

( ၂ ) ဟစ်တလာ ရဲ့ လုပ်ရပ်ကို ရှုံ့ချပါတယ် ။

 

ဆိုလိုရင်းက “ သွယ်ဝိုက်ပြီး တာဝန် ရှိနေတဲ့ သဘောတရား ” ကို ပြောချင်တာပါ ။

ဂျာမန် တွေ ၊ ဂျူး တွေ ၊ ဟစ်တလာ တွေ အကြောင်းပြောချင်တာ မဟုတ်ပါ ။

 

နောက်ထပ် အနီးစပ်ဆုံး ဥပမာ တစ်ခုထပ်ပေးရရင် ၊

အဘ ရဲ့ Post ” စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) ” မှာ

( အဘ က ကိုယ့်ဖာသာ ကိုယ် ၊ ဗမာ လို့ပဲ ခံယူမိတဲ့ အတွက် )

ဗမာ လူမျိုးတွေက ၊ တိုင်းရင်းသား တွေ အပေါ် ပြုမိခဲ့တဲ့ အမှားများ ( ရှိခဲ့ရင် )

ကျေ ပါစေတော့ဆိုပြီး အဘ က တောင်းပန်ထားပါတယ် ။

 

( ၁၄ )

နောက်တစ်ခု ၊ ” ဝါးလုံးကို ချီးသုတ် မရမ်းပါနှင့် ” ဆိုတဲ့ အကာအကွယ် ။

ဒီကိစ္စကလည်း ၊ တော်တော်လေး ရှောင်လွဲရခက်တဲ့ ကိစ္စပါ ။

 

ဥပမာပေးရရင် ၊

အခု လက်ရှိ မြန်မာ့ တပ်မတော်ဟာ

ဟိုအရင် စစ်အစိုးရလက်ထက် ( ၁၉၈၈ – ၂၀၁၀ ) အတွင်း

စစ်တပ်က ပြုခဲ့တဲ့ ကိစ္စ တွေအတွက်

ပြည်သူက မုန်းတီးခြင်းကို ခံနေရရှာပါတယ် ။

 

အဲလိုဆိုတော့

စစ်သားထဲမှာ လူကောင်းတွေ မရှိဘူးလား ဆိုတော့ ၊

ရှိပါ့ဗျား ၊ အပြင်လူ သာမာန် ( average ) အရပ်သားထက်

ပို စိတ်ကောင်း ရှိတဲ့လူတွေ By Name နှင့်တောင် ရွေးထုတ်ပြလို့ ရသေး ။

 

( ဒီနေရာမှာ တစ်ခုလေး အသိအမှတ် ပြုပေးချင်တာက ၊

၁၉၈၈ မတိုင်မှီ မှာ စစ်ထဲဝင်တယ် ဆိုတာဟာ

တိုင်းပြည်အတွက်ရော ၊ ဂုဏ်သိက္ခာလည်းရှိတဲ့ အလုပ်မို့

အဲဒီအချိန် အခါက နိုင်ငံ့သားကောင်း တွေက

ရွေးလုပ်ခဲ့ကြတာပါ ဆိုတာလေးပါ )

 

ထားပါတော့ ၊ အဲဒီ စစ်သား လူကောင်းများမှာလည်း ၊

အခုအခါမှာ ရောယောင်ပြီး ဝါးလုံး ချီးသုတ် အရမ်းခံနေရတာပါပဲ ။

ဘယ်လိုမှ မတတ်နိုင် ။ ဘယ်လိုမှ ရှောင်လွဲလို့ မရနိုင်တဲ့ အခြေအနေတွေပါ ။

( ဒီနေရာမှာ ကျနော် တရားတယ် မတရားဘူး ၊ မှန်တယ် မမှန်ဘူး ကို မပြောဘူးနော် )

 

( ၁၅ )

ကဲ ၊ အခုလောက်ဆိုရင် ၊ အဘ ထောက်ပြချင်တဲ့ ၊

( က )  ဘာကြောင့် မုန်းတာလဲ ဆိုတာနှင့် ၊

( ခ )   မမုန်းစေချင်ရင် ဘယ်လိုလုပ်ရမယ် ဆိုတာကို ၊

နဲနဲလေးလောက်တော့ ၊ သဘောပေါက်လောက်ပါပြီ ။

 

( က ) အစွန်းရောက်နေတဲ့ အပြုအမူတွေကြောင့် မုန်းတာပါ ။

ဥပမာ ( ၁ ) ။  ။ ဘင်လာဒင် ။

ဥပမာ ( ၂ ) ။  ။ မွတ်ဆလင် ဘာသာဝင်တွေ ဘာသာပြောင်းရင်

သေဒါဏ်ပေးဖို့ ပြောထားတဲ့

Apostasy in Islam (Arabic: ارتداد ‎) ဥပဒေ တွေ ။

 

Mohammed said:

” Whoever changes his religion, kill him “,

narrated by Al-Bukhari

 

တမာန်တော် မိုဟာမက် said

” ဘယ်သူမဆို ( မွတ်ဆလင် ဘာသာကနေ ) ဘာသာပြောင်းရင် ၊ သတ်စေ “

ဘာသာပြန်သူ Ṣaḥīḥ al-Bukhārī ( ဆွန်နီ မွတ်ဆလင် ခေါင်းဆောင် )

 

( Ref ; http://en.wikipedia.org/wiki/Apostasy_in_Islam )

( Ref ; http://www.telegraph.co.uk/news/worldnews/middleeast/iran/3179465/Hanged-for-being-a-Christian-in-Iran.html )

 

စကားမစပ် ၊ အဘ ဟာ သင်္ဘောနှင့် ကမ္ဘာ အနှံ့ ရောက်နေတဲ့အတွက် ။

အစွန်းရောက်နေတဲ့ အပြုအမူ တွေ နှင့် ပါတ်သက်ပြီး ၊

ကိုယ်တွေ့ အတွေ့အကြုံတွေ အများကြီး ( အများကြီး ) ရှိပါတယ် ။

သိပ် နစ်နစ်နာနာတွေ မဖြစ်စေချင် ၊

အပြစ်ရှာသလို မဖြစ်စေချင်တဲ့ အတွက် ၊

အရမ်း ဒဲ့ဒိုးဆန်တဲ့ ဥပမာ ကို မပေးပဲ ရိုးရှင်းတဲ့

ဘင်လာဒင် ဆိုတဲ့ ဥပမာ ကိုသာ ပေးလိုက်တာပါ ။

 

( ခ ) မမုန်းစေချင်ရင် တော့

 

( ၁ ) အဲဒီ အစွန်းရောက်တဲ့ အပြုအမှုတွေကို

ကိုယ်တိုင်က လျော့ချဖို့ ဦးဆောင် တိုက်တွန်းပြီး

( ၂ ) အစွန်းရောက်တဲ့ အပြုအမှုတွေ ပြုမူခံရသူတွေကိုလည်း

တောင်းပန် / စာနာသနားကြောင်း ပြပြီး ။

( ၃ ) အဲဒီ အစွန်းရောက်တဲ့ အပြုအမှုတွေကို ပြုလုပ်သူတွေရဲ့

လုပ်ရပ်ကို လူသိထင်ရှား ရှုံ့ချကြောင်း ပြောဆိုပေးရပါမယ် ။

 

( တကယ်ကို ရင်ထဲကပါပြီးမှ လုပ်ရမှာနော် ၊

လူနည်းစု ဖြစ်နေတုန်းလေးမို့ ယောင်ပြတော့ မလုပ်ပါနှင့် )

 

အင်းးး ။ စာလည်း သိပ်ရှည်သွားပြီကွယ် ။

အဘ ဟာ အခြေခံအားဖြင့် ၊ ဘာသာရေး ၊ လူမျိုးရေး ခွဲခြားလိုစိတ် မရှိပါဘူး ။

စာရေးသူ နာနာ ( သံတွဲ ) က

” ဘာကြောင့် မုန်းနေကြသလဲ ” ဆိုပြီး အမေး ရှိလာလို့သာ ၊

ဒါမျိုးလေးတွေကြောင့် လို့ ထင်ပါတယ်လို့ ၊

ပေါ့ပေါ့ပါးပါးလေး ထင်မြင်ချက်ပေးမိတာပါ ။

 

အဘ အမြင်လေးများ မှားရင် လိုရင် ၊ ထောက်ပြ ကြပါအုန်း ။

 

အဘ အနေနှင့်

ထူးခြားတယ်လို့ ထင်မိတဲ့ Comment လေးတွေကို ၊

Hight Light  ပြန် / ထပ် လုပ်ပေး ပါရစေကွယ် ။

 

သားငယ် says:

မွတ်ဆလင် ကို မြန်မာနိုင်ငံက လူတွေတင်မုန်းတာ မဟုတ်ပါဘူး

ကမ္ဘာ ပေါ်က မွတ်ဆလင် မဟုတ်တဲ့ သူတိုင်း

အနည်းနဲ့ အများ မုန်းကြပါတယ် ။

 

မိန်းမတွေ အများကြိးယူပြီး မျိုးပွားမှု တွေလုပ်ပြီး အင်အားကြီးဖို့ မလိုဘူး

တကယ်လို့ ဖန်ဆင်းရှင် တနိခိုးရှင်ကြီး ရှိမယ်ဆို၇င်

သူ့ ကိစ္စကို သူလုပ်လိမ့်မယ် ။

 

မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ says:

ကျနော့်ကို ဝိုင်းတွယ်နေတဲ့သူတွေကို အပြစ်မမြင်ပါ။

ဘာလို့ လဲဆိုတာ ခင်များတို့ ဥာဏ်က အဲလောက်ဘဲ မှီတယ်လို့ မြင်မိပါတယ်။

 

ကိုရင်မောင် says:

ဒီဘာသာက တခြားဘာသာနဲ့မတူဘူး ။ သွေးနှော ပြီး ဘာသာကျယ်ပြန့်အောင်

လုပ်တာက အဓိကဖြစ်လို့ ၊ ကျန်တဲ့ဘာသာတွေကရွံကြောက်ကြီးဖြစ်နေရတာပါ

 

Mr. human says:

မိမိတို့ သင်ကြားပေးတဲ့ တိုင်းပြည်ရဲ့ ဆရာတွေ ရဲ့ သဘောထားနဲ့

သူတို့ ၀တ်ဆင်မှုတွေကို ဘာသာရဲ့ အဆုံးအမလို့ မှားယွင်းစွာ ခံယူမိတဲ့ လူတွေကြောင့် ။

 

မိုက်ကယ်ဂျော်နီအောင်ပု says:

ငါးခုန်းမဒဂေါင်ကြောင့် တစ်လှေလုံး ပုတ်တာလား ၊

တစ်လှေလုံးကြောင့် ငါးခုန်းမ ဒဂေါင်ပုတ်တာလား ဆိုတာလေး သတိချပ်ပါဦး ။

 

နာနာ (သံတွဲ) says:

ကွန်မန့် ပေးသူတွေထဲမှာ တော်တော် အတဲ့ သူတွေ၊ သေးသိမ် ညံ့ဖျင်းသူ တွေကို

မြင်ရ ၊ တွေ့ ရတော့ ရယ်စရာပါလား။ မန္တလေး ဂေဇက် သိက္ခာ ကျလိုက်တာ ။

ဪ ကိုယ့်မျက်ချေး ကိုယ်ဘယ်မြင်နိုင်ပါ့မလဲ။ သနားလိုက်တာနော် ။

 

နာနာ (သံတွဲ) says:

အမှန်မှာက မူဆလင် တစ်ယောက်ဟာ ဘာသာခြားနဲ့ကို ယူခွင့်ကို မရှိတာပါ။

 

ဦးဦး ပါလေရာ says:

မြန်မာ မွတ်ဆလင်တွေ အမုန်းမခံချင်ရင်

လူပါးဝတဲ့ မွတ်ဆလင်တွေ / ယုတ်မာတဲ့မွတ်ဆလင်တွေကို

သူတို့ကိုယ်တိုင် ဆန့်ကျင်ပါ။ ဆန့်ကျင်ကြောင်းပြသပါ။

မြန်မာပြည်သူအားလုံး နဲ့ အတူရပ်တည်ပါ။

အခု ပြည်တွင်းနေ မြန်မာတရုတ်တွေက

စိမ့်ဝင်လာတဲ့ ကိုးကန့်တရုတ်တွေ ၊ ပြည်ကြီးတရုတ်တွေကို ၊

ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး

မြန်မာတိုင်းရင်းသားအားလုံး နဲ့အတူ

တသားတည်းရပ်တည်သလို နေကြည့်ပါ။

 

အလကားနေရင်း မွတ်ဆလင်ချင်း တူတိုင်း

ဝင်ကာမယ် ၊ ၀င်ပါမယ်ဆိုရင်တော့

မြန်မာတွေက ဆက်လက်မုန်းတီးနေဦးမှာဖြစ်ပါတယ်။

 

တခုသတိပေးပါမယ် ။

မွတ်ဆလင်တွေ မကောင်းတာ ဘာမှမလုပ်ဘူးလို့တော့ ၊

မြန်မာပြည်ထဲ လာမပြောပါနဲ့နော….

ခံထားရတာတွေ များ…. များ…. များ….လွန်းလှပါပြီ ။

 

ပေစိ says:

မွတ်စလင်တွေက အားသိပ်စမ်းတတ်တယ်

သူတို့နိုင်မယ်ဆိုရင် အားများရင် တွယ်မယ် အပိုင်စီးမယ်

သူတို့အားနည်းတယ်ဆိုရင် ပြန်ပြီးလျှိုသွားပြီး ဆင်ကြံကြံတတ်တယ်

အခုလည်း တို့ရွာကို သိမ်းဖို့များ လာပြီး အားစမ်းနေတာလားမသိဘူး ။

 

အဘ ဒီ Post မှာ ရေးထားတာလေးတွေ ၊

သိပ်ပျော့လို့ ၊ အားမရမယ့် ရွာသူား များ ရှိခဲ့ရင်လည်း ၊

အရမ်း အထိမခံဆုံးဖြစ်တဲ့ ၊ ဘာသာရေး ကိစ္စ ဖြစ်နေတဲ့အတွက်ပါကွယ် ။

 

တော်သေးပြီ ။

 

မြို့မေတ္တာ ခံယူမယ့် ။

 

အဘ Foreign Resident ။

Foreign Resident

About Foreign Resident

Foreign Resident has written 202 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။