ဆိတ်လစေ့ fighting ball

အန်အယ်လ်ဒီပါတီ လွှတ်တော်တက်တော့မယ်ဆိုပဲ..။ ပြည်သူ့မျက်နှာထောက်လို့ဒဲ့.. လွှတ်တော်တွင်းဂ အတိုက်အခံ အမတ်တချို့ဂလည်း တောင်းပန်တာလည်းပါသဒဲ့..။ ကြံ့ဖွတ်အမတ်တွေဂတော့ သောက်ဂရု စိုက်ပုံတောင် မရဘူး။ လေးဖက်ထောက်ဝင်ဂျပေါ့ကွာ.. ပြီးတော့အရှက်ပြေပြောအုံး.. ငါတို့ဒူးဂေါင်းမာ မမာ စမ်းကြည့်ဒါလို့..။ ကျမ်းကျိန်ဒဲ့အခါလည်း မျက်နှာကို ပြုံးပြုံးလေးထားပြ.. တီဗွီမှာ တဦးချင်းမျက်နှာတွေကို အနီးကပ်ရိုက်ပြမှာ..။ အယင်ဂတော့ စစ်အစိုးရဂို စကားအမျိုးမျိုး ပြောင်းလဲပြောလို့ ဆိတ်လစေ့လို့ခေါ်ဂဲ့ဒါ အခု ဝဋ်ပြန်လည်ပြီထင်၏။

အားလုံးသူ့စိတ်ကြိုက် လုပ်နေပြီပဲဟာ ပါတီအမည်ဂို ဘွားဒေါ်ပါတီလို့သာ ပြောင်းလိုက်ပါတော့။ အန်အယ်လ်ဒီဆိုဒါ သမိုင်းမှာ ကျန်ဂဲ့ဘာပြီ။ တကယ် ရှိယောရှိဂဲ့ယဲ့လားတောင် မသေချာဘူး။ ဒေါ်စုမှာ လူထုထောက်ခံမှု ဆက်ရှိနေမှာဖြစ်လို့ ဘေးလူများ ဝေဖန်ယုံဂလွဲ ဘာမှမတတ်နိုင်ပါ။ ဖြေတွေးရရင်ဒေါ့ အမေရိကန်နဲ့ အီးယူအဖွဲ့ဂနေ ဘာဂတိပြုချက်တွေ ရထားလဲ.. ရှိထားပါဇေလို့ ဆုတောင်းပါဒယ်။ တင်လက်စနဲ့ မထူးဘူး.. တိုက်ပွဲခေါ်သံခေါင်းလောင်း fighting ring လို့ဆက်မြောက်ပေးဘာရဇေ … မထင် မထင် (ခေါင်းလောင်းမြည်သံ) 😆

20 comments

  • မဟာ ထမိန်ကြီးဝါဒ

    May 1, 2012 at 10:46 am

    ဦးကြောင်ကြီးက တခါတလေကြရင် ဘုန်းကျော်နဲ.နင်လားငါလားဘဲ…

  • ဦးဦးပါလေရာ

    May 1, 2012 at 11:24 am

    အင်း…. ကိုကြောင်ရဲ့…
    ဒီဟာက တမင်ကစားကွက်လိုပဲ ထင်ရတယ်……
    စာသားပြင်ပြင် မပြင်ပြင် NLD လွှတ်တော် တက်ကိုတက်မယ်ဆိုတာ
    အစောကြီးကတည်းက သိနေ ပြောနေကြတာပဲ…။

    တကယ်တော့ ဒါက ကြံ့ထဲမှာ/ကို အားစမ်းတာလို့တောင် သုံးသပ်မိတယ်..။
    2015 ကို set plan အတိုင်းသွားချင်ရင် အခုလို စောစောကတည်းက သူ့လူကိုယ့်လူ ခွဲကြည့်ရမယ်လေ။ အခု တော်တော် ခွဲလိုက်နိုင်ပုံရပါတယ်။

  • windtalker

    May 1, 2012 at 1:18 pm

    ကိုဘေနွားကင် ကုန်လို ့ဆိတ်လစေ့ @ ဖိုက်တင်းဘော ကို စားတော့မယ် ဆိုရင် ဂေါ်ရင်ဂျီ မဆလာ များများ သုံး ဖို ့မမေ့ပါနဲ ့။
    ပုံ စားတော်ကဲကြီးဦးပေ

  • kokothandar

    May 1, 2012 at 2:08 pm

    ကြောင်ပုဇွန်စား ကျွှတ်ကျွှတ်ဝါးကဲ့သို့ သင့်ကို ကျွှတ်ကျွှတ်ဝါးစားပစ်မည်။ ကြွေးကျော်သံကိုက စိတ်မချမ်းသာ
    စရာပါဘဲ။ ဘာကိုဆိုလိုချင်တာလဲမသိ။ N.L.D ကိုလား ကျတ် ဖွတ်ကိုလား ဘာရေးတာလဲမသိပါ။
    အပေါစား တောအရက်သောက် ပြီး ရွာဝင် ကထဲက ဆဲတတ်တဲ့ အရက်သမားဖြစ်နေမလားမသိ??????
    ဒီလိုရူးပေါပေါလူမျိုးတွေ ရှိလို့လဲ ကမ္ဘာကြီး ဟာပျော်စရာသဘောဆောင်နေပါရဲ့လေ။

    • Khin Latt

      May 1, 2012 at 2:43 pm

      အထင်မလွဲ ကြပါနဲ့။ အဲဒီ ကကြောင်ကြီး က ဘော်လီဘော ချန်ပီယံ မို့ ရိုက်ချက် ကောင်းအောင် အတို့ အထောင် လုပ်ရတာပါ။ 😀

  • kokothandar

    May 1, 2012 at 2:19 pm

    ကိုကြောင် ဆိုတဲ့နာမည်နဲ့လိုက်ပါပေရဲ့။မဟာထမိန် မင့်လိုပါဘဲလေ။ ဟို အရူးတစ်ယောက်နဲ့ တူသတဲ့။

  • Onyx

    May 1, 2012 at 2:38 pm

    အူးလေးကလဲ အဲဒါက နိုင်ငံရေး ကစားတာလေဂျာ ။အူးလေး ဒီတစ်ခါတော့ ပိန်းသွားပြန်ပါပေါ့လား။
    စစ်တုရင် ကစားတက်လားအူးလေး အဓိက ကဘာလဲ နိုင်ဖို့လေ လိုအပ်သလို ဗျူဟာသုံးရမှာပေါ့ အူးလေးရ

  • Khin Latt

    May 1, 2012 at 2:41 pm

    ကကြောင်ကြီး

    ရှူဒေါင့် မျိုးစုံ က ကြည့်နိုင်တာမို့ ကကြောင့် ကို ငါ့နဲ့ စိတ်မတူ ငါ့ရန်သူ ပုံစံဖြင့် မဝေဖန် လိုပါ။

    သို့သော် နိုင်ငံရေး ဆိုတာ တက်သာ ဆုတ်သာ၊ ရှဉ့်လဲစွဲ သာ ပျားလဲစွဲသာ လုပ်နိုင်မှ “ဝင်းဝင်း” က “လှလှပပ က” နိုင်မှာဖြစ်ပါဂျောင်း။
    တစ်စုံတစ်ခု ထဲကိုသာ အရိုးစွဲ လို့ ဖက်ထားတတ်တာ ထက် အချိန်အခါလိုက် ပြီး ပြောင်းနိုင်တာ မှ ပညာရှိ သူဟု ထင်မိပါဂျောင်း။

    ဒူးခေါင်း ကိစ္စကတော့ ဒူးထောက်တာ ပုံစံ နှစ်မျိုး ဖြင့် မြင်နိုင်ပါဂျောင်း။
    (၁) အညံ့ခံ လို့ ဒူးထောက်တာ။
    (၂) အပြေးစပြိုင် ဖို့ အတွက် ဒူးထောက်တာ။
    အခု ကိစ္စ သည် အပြေးပြိုင် ရန် အတွက် စတင် နေရာယူ လိုက်တဲ့ ပုံစံ ဟု မြင်နိုင်ပါ ဂျောင်း။

    ကကြောင် ကို ကြင်နာစွာ ဖြင့် ပညာ ဆက်ပေးရန်ရှိသော်လည်း ရုံးချိန် မှာ အချိန်ခိုး နေရ၍ ပြန်လာမည်ဖြစ်ပါ ဂျောင်း
    အစ ပျိုးလိုက်ပါသည်။ 😆

  • kai

    May 1, 2012 at 3:05 pm

    ဒီဇတ်လမ်းစဖေါ်ကထဲက.. အသိသာကြီးကို..
    … လိုက်နင်းကြသူတွေ.. ရှိနေတာကိုအံ့ဩနေတာ..
    အခုတော့.. ဗန်းစကားပြောနည်းနဲ့ပြောလို့ရပါပြီ..။
    “စိတ်ဓါတ်သိရတာပေါ့..” လို့..

    ပြောရရင်.. ၂၀၁၅လည်း မလွယ်သေးပါဘူး..
    မလွယ်ရေးချ… မလွယ်သေး..

    ၂၀၂ဝလောက်မှ..
    ဒါတောင် ဒေါ်အောင်ဆန်းစုကြည် မသေမှ…။

    အနိစ္စ…။ 😕

    • ဦးခိုင်ရေ. မပြောကောင်းဗျ။ အမေစုတော့ မသေစေချင်သေးဘူး။
      တိုင်းပြည်မှာ အလုပ်တွေ လုပ်နိုင်ဖို ့အများကြီးမျှော့်လင့်မိပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2012 at 4:27 pm

    ဖြစ်ပုံကိုလည်းရှု့ဂျဘာအရပ်ဂဒို့
    အသက်ဘဲ ခုနစ်ဆယ်ဖက်ရောက်ပြီ
    လုပ်နည်းလုပ်ထုံးတွေနဲ့ သူ့ခမျာ အာခံတော့ ဘယ်ခွေးတစ်ဂေါင်ကြောင်အမြီးမှ
    သူ့ဖက်ကအသေခံမယ့်သူကမရှိ
    အချုပ်ထဲဝင်တာဘဲသူ့တွက်အဖတ်တင်လေတော့
    ခင်ဗျားတို့ပြောပုံဆို
    အဖွားကြီးက လွှတ်တော်ဒဂါးဘောက်ဝဂနေ လွှတ်တော်ထဲကကောင်ဒွေကို
    ထမိန်လှန်ပြီး ဒဗျန်းဗျန်းရိုက်ပြရမလိုဖြစ်နေဘီ 👿 👿 👿

  • memeseku

    May 1, 2012 at 5:38 pm

    (မည်သူ.ကိုမှမရည်ရွယ်ပါဂျောင်း )
    သူမကတော့သူမအသက်အရွယ်မှာ အားလုံးထက်အနစ်နာခံပြီး…. ခဲရာခဲဆစ်… ရသလောက်ယူပေးနိုင်ခဲ.ပါဂျောင်း…. ကိုယ်တွေက (ကျနော်အပါအဝင် )ကို်ယ့်အသက်အရွယ်မှာဘယ်လောက် စောက်သုံးကျလဲ(စဉ်း စာ း ကြ ဇေ လို ပါ ဂျောင်း )
    အဘော ဖ လေသံဖြစ်ဘတ်ရန်….. ထိရောင်သည့်ဘက်မှအမှန်တကယ်အားပေးကူညီပါက
    ယခုလိုအော်နေချင်းထက်ပိုပြီး ခရီးပေါက်မည်ထင်ဂျောင်း….
    ပြေးပြီ… ဆဲခံလိုက်ဦးမှ …

  • everlife

    May 1, 2012 at 8:38 pm

    အခြေအနေနဲ့အချိန်ကာလတစ်ခုအထိစောင့်ကြည့်ပြီးမှ ကောင်းတယ်။ဆိုးတယ်ဆိုတာခွဲခြားပြောသင့်တယ်လို့ထင်ပါတယ်။
    တစ်ခုရှိတာက ဘာအလုပ်မှမလုပ်တဲ့လူဟာအမှားမရှိသလိုအပြောခံရဖို့လည်းမရှိပါဘူး။အလုပ်လုပ်တဲ့လူကတော့အမှားရှိ
    လာနိုင်သလို အပြောခံရဖို့လည်းများလာတတ်ပါတယ်။

  • surmi

    May 1, 2012 at 11:55 pm

    ကိုကိုကြောင်
    ဘယ်ချောင်ကထအော်သတုံး ။
    ဗျူဟာတွေ တဖက်လှည်.သုံးကာ
    ရှေးထုံးကိုလည်းမပယ်ချင်
    တိုးမည်.ဆင်တစ်လှမ်းဆုတ်တာကွဲ.
    ကိုကြောင်ရယ် …….ဘယ်.တွက်ကြောင်.မုန်း ။ ။

  • ကောင်းမြတ်သူ

    May 2, 2012 at 11:58 am

    ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကတော့ အမှားအမှန်ကို ခွဲပြီးတွေးတတ်လာတယ်တော့ထင်တယ်။ အမှားလို့ထင်ရင် ဘယ်ပါတီအပေါ်မဆို ဝေဖန်ရဲတဲ့ ပြည်သူတွေပိုများလာတာ မြင်လိုက်ရတယ်ပေါ့။ နိုင်ငံတိုးတက် ပြောင်းလဲမှုအတွက် တကယ်အားရစရာ မှတ်တမ်းတင်လောက်တဲ့နှစ်တစ်နှစ်ပါပဲဗျာ….

  • char too lan

    May 2, 2012 at 4:08 pm

    အစိုးရအဖွဲ့ဝင်လူကြီး တစ်ယောက်ပြောတာကြားလိုက်မိတယ် …
    ရွေးကောက်ပွဲဝင်ပြိုင်ပီဆိုကတည်းက နိုင်ရင်လွှတ်တော်တက်ရမယ်ဆိုတာ နားမလည်ဘူးလား
    ဘာအခုမှ ကြောင်-ပူ လာလုပ်နေလဲမသိဘူး .. ကျနော်သာဆို အဲ့ဒီမိန်းမရိုက်သတ်ပစ်တယ်တဲ့

    ကျနော်ထင်တာ ဦးကြောင်ခေါင်းစဉ်က ဟိုတစ်ယောက်ကိုများပြောလိုက်းဒါလားလို့…. :mrgreen

  • winkyawaung

    May 2, 2012 at 6:03 pm

    ဘာတွေဖြစ်အုံးမလဲ..? ကျွန်တော်တို့ကတော့ မှန်တဲ့ဘက် အများဘက်ကနေပြီ စောင့်ကြည့်နေပါမည်။

  • paukpauk

    May 2, 2012 at 10:54 pm

    ကြောင်စုတ်က ဒေါ်စုကို စော်ကားရဲလိုက်တာ … 🙁

  • water-melon

    May 3, 2012 at 7:35 am

    ဥကြောင် ဖိုက်တင်ဘောတော့မရှိဘူး
    အဲကြောင့်ပြောတာပေါ့ ဥကြောင်က တစ်ချက်တစ်ချက် ထထ ဖောက်တာ
    အင်း မလွယ် ရွာသာကြီးမှာ ဘိုကင်ယူထားရမယ်…..

Leave a Reply