“သူ” ဆိုတဲ့ ဗိုလ်ချုပ်

Patriotic BurmaMay 1, 20121min811

“သူ”

 

သူ ရောက်လာသည်

နတ်မောက်မြေရင်း

မောင်ထိန်လင်းတဲ့။

 

သူ ကြီးမြောက်သည်

ထွန်းပေါက်ပညာ သင်ယူကာဖြင့်

ကျွန်းသာမြညို တက်ကသိုလ်မယ်

မည်ချိုတင့်ဆန်း ကိုအောင်ဆန်းတဲ့။

 

သူ ဆောင်ရွက်သည်

ရဲဖက်လူမော် သုံးကျိပ်ဖော်နှင့်

ရည်မျှော်ဆတွေး လွတ်လပ်ရေးတွက်

စစ်သွေးကြွရွ ဗိုလ်တေဇတဲ့။

 

သူ ကြိုးစားသည်

သူ့အား သူ့မာန် သူ့နိုင်ငံတွက်

ပိုင်ပိုင်ဆွတ်လှမ်း လွတ်လပ်ပန်းကို

အောင်ဆန်းဗိုလ်ချုပ် ယူမည်တဲ့။

 

သူ လက်လှမ်းသည်

ဆွတ်ဖမ်းကိုင်ပြီး ရလုနီးမှာ

ခရီးမတ်တပ် ဇီဝိန်ပြတ်လည်း

ရည်မှတ် မျှော်မှန်း လွတ်လပ်ပန်းကား

ပွင့်လန်းဝေဆာ ခဲ့တကား…။

 

Forgive me is there any wrong spellings. I ‘m not good at Myanmar Typing. By the way, I read this poem in ဒီလှိုင်း journal written by a poet named Thura Zaw. When I read this poem, I feel something in my heart. I don’t know what that is. BoGyoke  is one of my most admired person for me. And I want to share this poem for MG members. Hope that you all will feel something great.

Let’s help our Beautiful country from where and by what we can.

Patriotic Burma

One comment

  • Onyx

    May 1, 2012 at 3:24 pm

    အလွန်လေးစားရတဲ့ ဗိုလ်ချုပ်နဲ့ ပတ်သတ်တဲ့ကဗျာလေးတွေ ရှိသေးရင် ထပ်တင်ပေးပါအုန်း ။

Leave a Reply