ကမ္ဘာ့ဖလားသတင်းတိုများ

wailynnooJune 14, 20101min1092

အင်္ဂလန်နောက်တန်း အခက်တွေ့

အင်္ဂလန် လက်ရွေးစင်အသင်းသည် အသင်းခေါင်းဆောင် ရီယိုဖာဒီနန် ဒဏ်ရာရသွားသဖြင့် အဓိက ခံစစ်မှူးအဖြစ် ထည့်သွင်းကစားနေသည့် လက်ဒ်လေကင်းပါ ပေါင်ခြံဒဏ်ရာ ထပ်မံရရှိသွားသောကြောင့် နောက်တန်းအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်လာရကြောင်း သိရှိရသည်။

ဂါနာ

ဆာဘီးယားအား နောက်ဆုံးမိနစ် ပင်နယ်တီဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်အတွင်း အာဖရိက ပရိသတ်များအားလုံး မိမိတို့ကို အားပေးခဲ့သည်ဟု အနိုင်ဂိုးရှင် ဂါနာကစားသမား အဆာမိုဂျန်က ပြောကြားလိုက်သည်။ အဆိုပါ အဖွင့်ပွဲ အနိုင်ရလဒ်ကြောင့် ဂါနာသည် ယခုနှစ် ကမာ္ဘ့ဖလားတွင် ပထမဆုံး နိုင်ပွဲရသည့် အာဖရိကအသင်း ဖြစ်လာသလို အုပ်စုမှ တက်ခွင့်ရရေးအတွက်လည်း အလားအလာ ကောင်းသွားပြီဖြစ်သည်။

ဂျာမနီ

ဩစတြေးလျအား အနိုင်ရရှိလိုက်ခြင်းသည် အသင်းအတွက် ယုံကြည်မှုကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ကြောင်း ဂျာမနီတိုက်စစ်မှူး လူးကက်စ်ပိုဒေါ့စကီးက ကြွေးကြော်လိုက်သည်။ ပိုဒေါ့စကီးသည် ဂျာမနီ၏ ပွဲဦးထွက် (၄-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ယခုပွဲ အနိုင်ရလဒ်ကြောင့် ဂျာမနီသည် ကမာ္ဘ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းတွင် လက်ရှိသွင်းဂိုး အများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။

အင်္ဂလန်ပရိသတ်အား ဂိုးသမားရောဘတ်ဂရင်းတောင်းပန်

ကမာ္ဘ့ဖလား အဖွင့်ပွဲစဉ်တွင် ၎င်း၏အမှားကြောင့် အမေရိကန်အား ချေပဂိုး ပေးလိုက်ရခြင်းအတွက် အင်္ဂလန်ပရိသတ် အားလုံးကို အနူးအညွတ် တောင်းပန်ကြောင်း ဂိုးသမား ရောဘတ်ဂရင်းက ပြောကြားခဲ့သည်။ ထိုဂိုးကြောင့် အင်္ဂလန်သည် အမေရိကန်နှင့် တစ်ဂိုးစီ သရေကျပြီး အဖွင့်ပွဲတွင် အနိုင်ရရန် အခွင့်အရေးအား လက်လွှတ်လိုက်ရသည်။ ယခုအခါ ဂရင်းသည် ဦးစားပေး ဂိုးသမားနေရာကို ဒေးဗစ်ဂျိမ်းစ်အား လွှဲပေးရဖွယ် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အယ်လ်ဂျီးရီးယားဂိုးသမားအား အသင်းဖော်များအက အားပေး

ဆလိုဗေးနီးယားအား အရှုံးပေးလိုက်ရသည့် ပွဲစဉ်တွင် မဖြစ်သင့်သောအမှား ကျူးလွန်ခဲ့သော်လည်း ဂိုးသမား ဖေဇူချော်ချိုင်းအား အယ်လ်ဂျီးရီးယား အသင်းဖော်အားလုံးက ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ကြသည်။ ချော်ချိုင်းသည် ဆလိုဗေးနီးယား ကစားသမား ရောဘတ်ကိုရန်၏ သွင်းဂိုးကို ကာကွယ်နိုင်သည့် အနေအထား ရှိနေသော်လည်း ဂိုးဝင်သွားပြီးနောက် အယ်လ်ဂျီးရီးယားမှာ တစ်ဂိုးထဲဖြင့် ရှုံးနိမ့်သွားသည်။

Source : planet.com.mm

2 comments

  • Phyo Myint Kyaw

    June 14, 2010 at 10:10 am

    ရေပန်းစားနေတဲ့ အာဂျင်တီးနားတို့ အင်္ဂလန်တို့ကြတော့ အဖွင့်ပွဲမှာ ဂိုးမပြတ်ကြဘူး…
    သိပ်မထင်ရတဲ့ ဂျာမနီက လာကောင်းပြနေတယ်…..
    ဘရာဇီးနဲ့ စပိန်ရော ဘယ်လိုလာဦးမလဲ မသိဘူး…

  • khinmintatthu

    June 14, 2010 at 5:24 pm

    အာဂျင်တီးနားက မက်ဆီလည်းမတတ်နိုင်ဘူး…အဲဒီခြေနဲ့ဆိုရင် ဖလားမပြောနဲ့ အုပ်စုကမထွက်ရရင်တောင် ကံကောင်း….

Leave a Reply