ဒုတိယအလှူ ကြည်ဖြူစွာ သာဓုခေါ်ပါ ( သူကြီးကောင်းမှု ဂေဇက်ရွာအလှူ)

htet wayMay 1, 20121min41964

မြန်မာဆိုရိုးလေးရှိပါတယ်။ သူကြီးဘုရားရွာသားကောင်းမှုဆိုတာပါ။ကျွန်တာ်တို့ မန်းဂေဇက်မိသားစု ပန်းတနော်မြို့နယ် အစုကြီးရွာ ကို အလှူသွားရောက် ဖို့ ဆရာမ ဆူးက နိုးဆော်ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ဆူးရဲ့ စိတ်ကူးအလှူဆိုတာကို ကျွန်တော်အဲ့ ဒီရောက်မှ သေချာ ရှင်းလင်းသပေါက်သလို အော် ဒါကြောင့်လည်းဖွားဆူး၊ရွာတော်ရှင်ဆူး
ဖြစ်နေတာလို့ မှတ်ယူ ဂုဏ်ပြု မိပါတယ်။
ကျွန်တော်က ၂၉ရက်နေ့က မြောင်းမြမြို့ပေါ်မှာဆေးကု သွားနေရပါတယ် ။ အလှူကို လိုက်ချင်ပေမယ့် မလိုက်နိုင် သလောက် ရက်ကပ်နေပါပြီ။ဒါကစိတ်ကို တစ္ဆေခြောက်နေတယ်။ ပျက်ကွက်မှာစိုးနေတယ်။ကျွန်တော်မောင်းမြက ညကားစီးတော့ အိမ်မဲကို ည၁၁နာရီ ရောက်ပါတယ်။အိမ်ကိုဝင်ပြီး နံနက်၄နာရီကားစီးရမှာမို့ မနိုးမှာစိုးတဲ့ အတွက်မအိပ်ဖြစ်တော့ပါဘူး ။ဒီလိုနဲ့ ရန်ကုန်သွားဖို့ ပြင်ဆင်ရပေါတော့တယ်။
မေလ(၁)ရက်နေ့ အလှူကိုတော့ လိုက်ဖြစ်ခဲ့ပါတယ်။နံနက်၆နာရီ တိတိမှာ ကားထွက်မယ်ဆိုလို့ အမီ လာရပါတယ်။ဟိုရောက်တော့ တွေ့ချင်တဲ့ ကဗျာဆရာကမ်းဝေးကိုတွေ့
ရတယ်။ ကိုနေချားကိုတွေ့ရတယ်။လူစုံပါတယ်။အင်ဇာဂီကတော့ ကျွန်တော်ကြိုတင်တွေ့ခဲ့ ပြီးပါပြီ။ဒီလိုနဲ့ ကားးစထွက်တယ်။မိတ်ဆွေတွေ စုံတော့ ပျော်ပါတယ်။စိတ်က သိနေပေမယ့်
အဘဖေါကို သတိရမိပါတယ်။ တခါက ဒီလူတွေနဲ့ ဆန်းမားပဲလေ့ မှာ ဆုံခဲ့ကြတာလေ။နောက် ဦးဦးပါလေရာကို သတိရမိတယ်။ သူ့ခမျာမလဲ ဧည့်သည်ရောက်နေတယ်လို့ သိရတယ်။ဒါကြောင့် မလိုက်နိုင်ရှာဘူးလေ။နောက် ကို ဘလက်ချော သူ့မှာလည်း ကျန်းမာရေးကိစ္စ။
ထူးခြားတာက ဒီအလှူပွဲကို မန်းက ကိုပေါက်(ဓါတ်ပုံ)ဖရဲတို့ လာတာ ချီးကျူးမိတယ်။ခမျာတွေ အကုန်အကျများလိမ့်မယ်လေ။နောက် ကျွန်တော်တွေ့ချင်တဲ့ ဆရာအံဇာတုံး
အမတ်မင်း ။ကားနောက်ပိုင်းမှာ ကျွန်တော်တို့ထိုင်ပြီးပျော်ပျော်ပါးါး လိုက်လာကြတယ်။အနားမှာ ဆရာ ကိုနေးချားလည်းရှိတယ်။ရှေ့ခုံမှာတော့ ဆရာရွှေတိုက်စိုး နဲ့ သူ့ရဲ့ ချစ် အုပ်ထိမ်းသူ။ပြီးတော့ ရို့စ်။ အမတ်မင်း၊အရင့်ရောင်။ချစ်ရင်ထူး
ပျော်စရာကောင်းတာက ဖက်တီးကက်ရဲ့ ဟာသတွေနဲ့ အားလုံးဝိုင်းဖွဲ့နေကြတယ်။ ဇာတ်လိုက်တော် ဂီဂီ ကလည်း ဂစ်တာတစ်လက်ကို ပိုင်ပိုင်နိုင်နိုင် တီးလို့ဆိုလို့။သူကလည်း ဂျပန်ကခေတ္တပြန်လာတာပါ။နောက် ဂျပန် အစစ်ကြီးတစ်ယောက်လည်း ဧည့်သည်တော်အနေနဲ့ ပါသေး။သူ့ကိုခေါ်လာတာကတော့ ရွာသူ ပန်ပန်ပါ။နောက်နွယ်ပင်နဲ့ အာဂ
ရိုးသားပွင့်လင်းစွာ လိုက်ပါရင်း ပျော်ရွှင်နေသူကတော့ ရင်ငြိမ်းပန်း။သူကြီးသမီးလို့ ခေါ်ခံရတဲ့ ချာတူးလန်။ရှေ့မှာတော့ စီစဉ်သူဆရာမ ဆူးနဲ့ ဆရာမ (မမ)နောက် စေတနာရှင်
တွေ မနိုဗီ၊ဒေါက်တာပဒုမ္မာ၊ ဒေါက်တာ AKKO နဲ့ Etoneတို့လည်း ပြုံးရွှင်လို့။ဆရာ ကိုပေါက်ကတော့ ကျွန်တော်နားလာထိုင်ရှာပါတယ်။နောက် ဆရာမ ဝေဝေ၊ဆရာမ လေး မနောဖြူလေး။သူရဇော်၊…။အားလုံး ပျော်ရွှင်နေကြတယ်။အပျော်ဆုံးကတော့ ကဗျာဆရာကမ်းဝေးပါပဲ။
ပန်းတနော် တံတားဥင်္ီးဘုန်းတော်ကြီးကျောင်းက မုန့်ဟင်းခါးနဲ့ ဧည့်ခံတယ် ဆရာမ (မမ) ရဲ့စီစဉ်မှုလို့ သိရပါတယ် ကျွန်တော်နဲ့ တစ်ဝိုင်းထဲမှာ ဖက်တီးကက်အင်ဇာဂီ
၊ ရို့စ်၊ ဒေါက်တာ နဲ့ Etone တို့ ထိုင်ပါတယ်။ တော်တော်စားကောင်းပါတယ်။ မုန့်လိုက်ထည့်ပေးတဲ့ အဒေါ်ကြီးကို ကျွန်တော်၅ပွဲစားမယ်လို့ ကြွေးကြော်မိတယ် ။ တကယ်တန်းတော့ ၂ပွဲပဲ စားနိုင်ပါတယ်။ ကိုယ့်ထက်သာတာက ဖက်တီးကက်ပါ။တကယ်ပျေိာ်စရာကောင်းပါတယ်။
ဆိုလိုချင်တာ လမ်းလွဲ နေပါပြီ။ ဒီလိုနဲ့ အစုကြီးရောက်တယ်ပေါ့။ ဒီမှာ အထက်က ကျွန်တော်ပြောတဲ့ ဆူးရဲ့ စိတ်ကူးကို ကျွန်တော်လေးစားတာကိုပြောပါရစေ
ဆေးရုံရှေ့မှာ ဆရာတော်နဲ့ ရွာကလူတွေ လှုက်လှုက်လှဲလှဲ ကြိုကြတယ်။အထဲရောက်တော့ ဗျာ ရွာ ကလူတွေ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝမ်းသာအားရ ကြို ကြတာ
အားလုံးက ဝမ်းသာနေကြတယ်။ ဒီလိုနေရာ ဒီလိုလူတွေ တကယ်လိုအပ်သူတွေ လှူတာ အား..သိပ်ကောင်းတဲ့ စိတ်ကူး။ မွန်မြတ်တဲ့ အလှူပေါ့။
ဧည့်ခံလိုက်တာလည်းစုံနေတာပဲ ငါးရံခြောက်ဖုတ်ဆီဆမ်း၊ မုန့်မျိုးစုံ အသီးအနံတွေ အို တော်တော်စုံအောင်ကျွေးတယ်။ကျွန်တော်က သက်ကြီးရွယ်အိုတွေ ကို အဆောင်ထဲဝင်ပါဆိုတော့ သူတို့ မဝင်ရဲကြဘူး။ စာရေးဆရာတွေ တဲ့ ။ မန္တလေးဂေဇက် လို့ ဆိုင်းဘုတ်က ကားမှာတင်ထားတယ်လေ။သူတို့တွေ ရိုးသားကြတယ်။
ကျေးလက် က ကျေးလက် ပီသတာပဲလေ။သိပ် လေးစားဖို့ကောင်းတဲ့ လူတွေဗျာ။ ထမင်းစားတော့ လည်း လေပန်ကာတွေ ဖွင့် ထားလျှက် က ယပ်တောင်တွေ ကိုယ်စီနဲ့
ယပ်ခတ်ပေးလို့ ။တကယ် ကျေးဇူးရှင်တွေလို စေတနာကို ပြန် တုန့်ပြန်ကြတယ်။ကြည်နူးစရာပါ။
ကျွန်တော်က အိပ်ရေးပျက်ထားသူမို့ ကို ကမ်းဝေးကို သတင်း ရေးဖို့ ညှိနှိုင်းပြီးအပြင်မှာ စာတွေရေးကြတယ်ခဏကြာတော့ အခန်းအနားစတယ်။ ကျွန်တော်က အပြင်မှာ ခဏလှဲပြီးနေရင်း အိပ်ပျော်သွားတယ်။
အိပ်မက်ထဲမှာ သူကြီး က ရင်ဖုံးအကျင်္ ီကိုဝတ်လို့ တောင်ရှည် ပုဆိုးနဲ့ “ဟေ့ကောင်ထက်ဝေး ဒီအလှူက ဂေဇက်မိသားစု အလှူလို့ အမည်ပေးထားတယ်။မင်းတို့တွေ
ခုလိုဆုံကြတာငါ့ ကိုကျေးဇူးတင်ပါ။ ဒီ အလှူက ငါ့ အလှူပဲ မင်းတို့ ရွာသားရွာသူတွေ ခုလို စုစည်းနိုင်တာ ငါ ရဲ့ ဂေဇက်ဆိုတဲ့ ဝက်ဘ်ဆိုက်ကြောင့်ပဲ။ဟိုတခါကလည်း Etoneဆိုတဲ့ ကလေးမလေး က ကိုကျော်သူတို့ နာရေး ကူညီမှုကို လှူဖို့ ဦးဆောင်ဆော်ဩတာ လှူဖြစ်ကြတယ် ဒါလည်း မင်းတို့ ရွာသားရွာသူတွေပဲညီညွတ်ကြလို့
ငါ့ ရဲ့ ကျေးဇူးကို မင်း အဲ့ ဒီတုန်းက မမြင်ခဲ့ဘူးမလား…ဟားဟားဟား..ဟမ်း။”
သူကြီးက ကျွန်တာ်ကို လက်ညိုးငေါက်တောက်ထိုးပြီးရယ်နေလိုက်တာ. ကျွန်တော်ကလည်း စကားပြန်ပြောချင်တယ် ဒါပေမယ့်မရဘူး။ဟေ့ကိုထက်ဝေးဒီမှာလာအိပ်ရတယ်လို့
ကို အရင့်ရောင်က လာပုတ်နိုးလိုက်တော့ မှ လန့်နိုးသွားတယ်။ အော်အိပ်မက်တောင်မက်လိုက်သေးတယ်လို့ တွေးနေတုန်း ကိုဂီက ဆေးလိပ် လာတောင်းတယ်။
ဟိုမှာရေစက်ချနေပြီလို့ လည်းပြောတယ်။အော် အလှူပြီးပြီပေါ့။ သိန်း၅ဝ လှူတယ်လို့ သိရ မြင်ရပါတယ်။
ဒီမှာ ကျွန်တော် စိတ်ထဲတွေးနေတာက ညီညွတ်မှုနဲ့ စေတနာပါ။ ဦးဆောင်တဲ့ ဆရာမဆူး ၊ ဆရာမ (မမ)၊ဆရာကိုနေချား၊ ဒေါက်တာ ပုဒုမ္မာ နောက် ဆရာမဝေဝေနဲ့
ဂေဇက်မိသားစုကို ကျွန်တော် စိတ်ထဲက လေးစားနေမိတယ်။တလမ်းလုံးလိုလေသေးမရှိဘူး။ အားလုံးပြည့်စုံတယ် ။ဝိုင်းဝန်းလှူတန်ထားကြတယ်လေ။
နာမကျန်းသူတွေကိုလှူတာဟာ သိပ်မွန်မြတ်တာပါ။ယပ်တောင် မှာရေးထးတာက ဂေဇက်လိုဂိုနဲ့ ”သီတဂူ သုမေဓါဆေးရုံ ဆေးဝါးဒါန အလှူ အစုကြီးကျေးရွာ ပန်းတနော်မြို့နယ် မန္တလေးဂေဇက် အလှူရှင်များ စုပေါင်းအလှူတော်တဲ့”

ကျွန်တော်ရင်ထဲ ကြည်နူးမှု အပြည့် နဲ့ ပျော်ရွှင်မှု အတိပြီးတဲ့ ရွှေရောင်နေ့လေးတစ်နေ့ပါ။ အပြန်မှာ မိုးတွေရွာနေတယ်။ ဒေါက်တာပဒုမ္မာက လမ်းတစ်ဝက်မှာဆင်းကျန်မယ့် ကျွန်တော်ကို ထီးတစ်လက် ပေးတယ် ။ကျွန်တော်က ထီးမပါဘူးလေ။ ရွာသား အချင်းချင်း စာနာတာပါ။ကျွန်တော် ကားပေါ်က ဝါးခယ်မလမ်းဆုံ မှာဆင်းတယ်။မိုးကတိတ်သွားပါပြီ။ကျွန်တာ် ကရန်ကုန်ထိပြန်လိုက်ချင်တာပါ။သို့သော်..လူနာတွေရှိနေတဲ့ အတွက်……။
အပြန်ခရီးကတော့ လေးပင်နေပါတယ်။အပျော်တွေနဲ့ သူတို့ ကဆက်သွားကြပြီ။ကောင်ကင်က ပြန်ပြီး မှိုုင်းညိုှ့လာပြန်တယ်။ ဟောမိုးတွေရွာပြီ။ကားကလည်းမလာသေး
ကျွန်တော် စိတ်ထဲ အစုကြီးကျေးရွာက လူတွေရဲ့ ပိတိပြုံး တွေ ရိုးသားမှုတွေက နှလုံးသားတဝိုက် မိုးလိုရွာလို့၊ ကွှန်တော်တို့ ဂေဇက် အဖွဲ့ ရဲ့ ညီညွတ်မှုကလည်းတိုးလို့ ခိုင်မာလို့ရှိနေတဲ့ အတွက် ပီတိမိုးတွေလည်းလည်းရွှဲရွှဲစိုလို့ …။သူကြီး ကောင်းမှု ဂေဇက်ရွာ အလှူ ကြည်ဖြူစွာ သာဓုခေါ်ပါ သူကြီးမင်း။
စာကြွင်း။ ။ အလှူ ပါဝင်သူအမည် တစ်ချို့ ကျန်ရစ်နေမှာပါ ကွန့်မန့်မှာ ဖြည့်ပေးစေချင်ပါတယ်။ ဒီအတွက်ကျွန်တော်ကိုခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။

64 comments

  • aye.kk

    May 1, 2012 at 10:15 pm

    ကိုထက်ဝေးရေ..
    အလှူအကြောင်းကိုဖတ်လိုက်ရတာ..
    ရင်ထဲမှာကြည်နှူးပီတိ..
    ဂွမ်းဆီထိအောင်ခံစားရပါတယ်လို ့နော်..။

    • ကိုရင်မောင်

      May 1, 2012 at 10:28 pm

      ကိုထက်ရေ ….
      ရွာသူရွာသားတွေရဲ့ပျော်ရွင်ကြည်နူးနေကြပုံ
      ပေါ်လွင်အောင်ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
      ဖတ်ရတဲ့သူအဖို့ကြည်နူးပီတိဖြစ်မိပါတော့တယ်…….

    • etone

      May 2, 2012 at 9:27 am

      ွှအန်တီအေးရေ ရေစက်ချတဲ့ အချိန်မှာ အန်တီ ပဒုံမ္မာက …မှတ်မှတ်ရရဖုန်းခေါ်ဖို့ ကြိုးစားပေမယ့် … ဖုန်းတွေ တစ်လုံးမှ မမိတာကြောင့် .. ခေါ်မရခဲ့လို့ပါ … ။ လမ်းရောက်မှ ဖုန်းပြန်မိလို့ ခေါ်လိုက်ပေမယ့် … အပြန်လမ်းရောက်နေပြီလေ။

      • aye.kk

        May 3, 2012 at 12:11 pm

        etone,…
        ကျေးဇူးပါနော်…
        အန်တီလည်း စိတ်ထဲမှန်းပြီး ကုသိုလ်အတွက် ပီတိဖြစ်ရပါတယ်..
        သာဓုလည်း(၃)ကြိမ်ခေါ်လိုက်ပါတယ်လို ့ပြောလိုက်ပါရစေနော်..။

  • ဦးဦးပါလေရာ

    May 1, 2012 at 10:30 pm

    အဲဒါပေါ့ ကိုထက်ဝေးရယ်…
    ကျုပ်ကံခေတာ…
    ဧည့်သည်ကိုယ်တော်မြတ်က ၂၉ ရက်နေ့မှာကြွချီတော်မူလာတယ်။
    ၂၉ နဲ့ ၃ဝ မှာ ကျုပ်ကို တောက်တဲ့လိုကပ်နေလို့ ခင်ဗျားနဲ့တောင်မဆုံလိုက်ရဘူး..။
    ဟော ဒီနေ့ ၁ ရက်နေ့ကျတော့ သူများနဲ့ ပါသွားလေရဲ့..။
    ကျုပ်မှာ မနိုးစဖူး အိပ်ယာအစောကြီးနိုးနေပြီး ဟပ်ကော့ကြီးဖြစ်နေတာ…။
    ဒီအချိန်လောက်ဆို သူတို့ လူစုံနေပြီ ၊ ဒီအချိန်လောက်ဆို မနက်စာစားနေလောက်ပြီ၊ ဒီအချိန်လောက်ဆို ဘာဖြစ်နေလောက်ပြီနဲ့ … လူကသာ ကော်ဖီကျကျတခွက်နဲ့ ကွန်ပျူတာရှေ့မှာ- စိတ်က ခင်ဗျားတို့အဖွဲ့ဆီတဝဲဝဲနဲ့..။ အဲဒီအချိန်သာကျုပ်သေရင် ကားပေါ်ကို နေ့ခင်းကြီး တက်လာဖြစ်မယ်ထင်တယ်။ 😀
    စိတ်တိုတိုနဲ့ ပိုစ့်တပုဒ်ရေးပြီးတင်ထားသေးတယ်။ သွားအားပေးလိုက်ပါဦး…။
    မမြင်ဘူးသေးတဲ့ ဂေဇက်မိသားစုဝင်တွေကိုလဲ အရမ်းတွေ့ချင်မိတာ..
    အင်း…. နောက်များမှ ပေါ့လေ။

    ဖရဲမ ရေ..
    နင်ကံဖယ်လို့ ကျုပ်နဲ့ ကပ်လွတ်သွားတာ ဘုရားသခင်ကိုကျေးဇူးတင်..။

    • Shwe Tike Soe

      May 2, 2012 at 10:16 am

      ဦးဦးပါလေရာ ကျွန်တော်ဆီမှာ Video File ရှိတယ် ရွာသူရွာသားတွေမိတ်ဆက်တုန်းက ရိုက်ထားတာ အဲဒါ ကော်နတ်ရှင်ကောင်းရင် ပို.စ်တင်ပေးမယ် သိလား…….

      • etone

        May 2, 2012 at 10:43 am

        ဟဲဟဲ့… ခက်တော့တာပါပဲ … ငါတို့ပေါတာ လူသိကုန်တော့မယ် ….
        ဦးဦးပါလေရာရေ .. ဖရဲမက .. အွန်လိုင်းမှာသာ လက်သွက်တာ .. အပြင်မှာ … အဲ့လောက် စကားမပြောဘူး … (နောက်ကွယ်ကသာပြောတာ ဟိဟိ ) … ။
        ဖြဲမပုံ ရိုက်လာတာ ငြိမ်ငြိမ်ကို မနေဘူး … ။ ဟိုကွယ် ဒီကွယ်နဲ့ ပုံ အကောင်း မရခဲ့ဘူး … ။

        • ဆူး

          May 2, 2012 at 11:45 am

          ဗွီဒီယိုတောင် ပါသေး ဆိုပါလား။
          အမလေး.. ဘာတွေ ရိုက်ထားသေးလဲ

        • သူရဇော်

          May 2, 2012 at 12:33 pm

          တားတားရို့က နဲနဲဘဲ ပေါမိရာပါဂျ………ဘီလီယိုရိုက်ထားတာလေးတွေ လိုချင်မိပါတယ်ခင်ည….. တိုက်ပုမ နင်နဲ့ငါနဲ့ တွေ့မယ်…….ခွိခွိ…..ချယ်လ်စီနံပါတ် လိုချင်သူတစ်ယောက်……ကိုထက်ဝေးရေ အလှူအတွက် တဖွဲ့တနွဲ့ တပိုင်တနိုင်ရေးထားတဲ့ အတွက် အားရပါးရအားပေးသွားပါတယ်လို့……ကျွန်တော်တို့နဲ့ တရင်းတနှီးစကားပြောလက်ခံ ပေးတဲ့အတွက်လဲ ဝမ်းသာမိပါကြောင်းပြောကြားရင်း
          ခင်မင်လေးစားစွာဖြင့်
          သူရဇော်
          (အတုအပဆင်တူရိုးမှားအထူးသတိပြု)

        • Thit Sar Lin

          May 2, 2012 at 1:52 pm

          ဖရဲမက ရှက်တတ်တယ်လေ…..သူ့ပုံကိုနည်းမျိုးစုံ ကွယ်လိုက်ကတည်းကသိပြီးသား.
          ဖရဲမ ညည်းက ရှက်နေတယ်လား..မရှက်ပါနဲ့အေ..ညည်းပုံလေးတွေလှပါတယ်အေ့.
          ကျုပ်ကတွေ့ပြီးသား..ဟီးဟီး

      • ရွာစားကျော်

        May 3, 2012 at 10:48 am

        ပို့စ်တင်လို့ မရလဲ boaungdinplp@gmail.com ကျနော့်မေးလ် ကို ပို့ပေးပါအုံးဗျ.
        ခုကော်နက်ရှင်က ကွန်မင့်လေးပေးတာတောင် ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်.. :'(

  • Swal Taw Ywet

    May 1, 2012 at 10:43 pm

    Dear brother, Ko Htet Way,
    အလှူအကြောင်းကိုဖတ်လိုက်ရတာ..
    ရင်ထဲမှာကြည်နှူးပီတိ..and
    ရွာသူရွာသားတွေရဲ့ပျော်ရွင်ကြည်နူးနေကြပုံ
    ပေါ်လွင်အောင်ရေးသားပေးတဲ့အတွက်
    Many many thank you.
    I miss this chance because I could not arrive back in time.
    One Thump Up for you brother.

    With respect,
    Swal Taw Ywet.

  • surmi

    May 1, 2012 at 11:39 pm

    သာဓုအရင်ခေါ်ပါ.မယ် …။
    သာဓု …သာဓု ….သာဓု…။
    အမှန်အတိုင်းပြောရရင် ဒီအလှု လိုက်ခွင်.မကြုံခဲ.ရတာ တော်တော်လွမ်းရပါတယ် ။
    ကိုယ်.ကံဘဲပေါ. ။ တနေကုန်နေမထိထိုင်မသာနဲ. ကျွန်တော.စိတ်က
    အဲဒီကိုဘဲရောက်နေတာ …..။ ကိုထက်ဝေးရေးပြတော. ပိုလွမ်းမိတယ် …။
    မနက်ဖန်လည်း ဒီထက်လွမ်းစရာတွေ ဖတ်ရဦးမယ်ထင်တယ် …..။

  • Thel Nu Aye

    May 2, 2012 at 12:21 am

    သာဓုသာဓုသာဓုပါရှင်။ မလိုက်ဖြစ်ပေမဲ့လိုက်ရသလိုမျိုးပေါ်လွင်အောင်ရေးပေးလို့ကျေးဇူးပါ။ ရွာသူားတွေရဲ့ ညီညွတ်မှု့ကိုလေးစားပါတယ်။

  • kai

    May 2, 2012 at 3:31 am

    သာဓု..သာဓု..
    တလုံးချန်ထား..
    မှားတဲ့သူ ထုဖို့.. :mrgreen:
    သာဓုနဲ့ပါ..
    မနာပါဘူး..။

    ဟော..
    မိုးတွေရွာလာပြန်ပြီ..
    ပေါက္ခရဝသမဖြစ်..
    .. ပြီးတာပေါ့.
    …နော..။

  • Khin Latt

    May 2, 2012 at 3:34 am

    သာဓု …သာဓု ….သာဓု…။ ပါ ဆရာထက်ရေ။

    စာရေးကောင်း လိုက်ကြပုံများ အလှူခရီး ကို တကယ်လိုက်ခဲ့ရသလိုပါဘဲလား။
    ကြည့်ရတာ ရွာသူကြီးမင်း လဲ စိတ်က နေ အလှူ ကို ရောက်နေတယ် ထင်ပါ့။
    ဒါထက် သူ့တောင်ရှည်က ဘာ ရောင်လဲ ဟင်။
    အချိတ်ဆင် လေးလား။ ခိုင်ညီမ ရဲ့ ချိတ် ကို အလစ်သုတ်ပြီး လာတာများလားလို့ပါ။ 😉 jk

    ကျွန်မ လဲ ကိုယ်တိုင် နွဲလိုက်ချင်ပေမဲ့ ကပ်ပြီးလွဲ သွားတာ။
    နောက် တစ်ကြိမ်ပေါ့။
    လမ်းတစ်ဝက်မှာ မဆင်းချင်ဘဲဆင်းနေခဲ့ရတဲ့ ဆရာထက် ရဲ့ ခံစားမှု ကို ကိုယ်ချင်းစာမိပါရဲ့။
    ဘာဘဲဖြစ်ဖြစ် “ပြိုင်တူတွန်း လျှင် ရွေ့နိုင်ကြောင်း” သက်သေပါ။
    အားလုံး အတွက် ဂုဏ်ယူပီတိ ဖြစ်မိပါတယ်။

  • MaMa

    May 2, 2012 at 7:58 am

    အစုကြီးကျေးရွာ သီတဂူသုမေဓာအလှူကို စာစောင်တွေမှာ ထည့်ပေးဖို့ ချက်ခြင်းသတင်းရေးနေတဲ့ ဆရာထက်နဲ့ ကမ်းကြီးတို့ နှစ်ယောက်ရဲ့ အလှူအပေါ်ထားရှိတဲ့ စိတ်စေတနာကလည်း တကယ့်ထိပ်တန်းပါပဲ။

  • ကြောင်ကြီး

    May 2, 2012 at 8:50 am

    အသက်မေးဒေါ့
    ခက်သလေး
    ပတ်ပြေးဒဲ့
    ထက်ဝေး…။ 😎

  • Foreign Resident

    May 2, 2012 at 8:58 am

    ဒီ ခရီးစဉ်လေးကို ကိုယ်တိုင် မလိုက်နိုင်တဲ့အတွက် ၊
    အထူး ဝမ်းနည်းမိပါတယ် ။

    ကုသိုလ် ကောင်းမှု များ အတွက် ၊
    သာဓု ၊ သာဓု ၊ သာဓု ပါ နော် ။

  • mg mg

    May 2, 2012 at 9:00 am

    “မန္တလေးဂေဇက်”လို့ ဆိုင်းဘုတ်တင်ထားတဲ့ကားကြီး မြင်ယောင်ကြည့်မိတယ်၊
    ဦးပေါက် ဓာတ်ပုံရှိလျင်တင်ပေးပါဦး၊ ကိုယ်တိုင်မလိုက်ရပေမယ့် အပျော်ကူးချင်လို့၊
    စကားမစပ် “မန္တလေးဂေဇက်”လို့ ဆိုင်းဘုတ်တင်ကြော်ငြာပေးထားတာ
    သူကြီးဆီက ကြော်ငြာခထပ်ရှင်းခိုင်းရမယ်ထင်တယ်။

  • Ma Ei

    May 2, 2012 at 9:14 am

    သူကြီး ကောင်းမှု ဂေဇက်ရွာ အလှူ ကြည်ဖြူစွာ သာဓုခေါ်ပါ…
    သူကြီးမင်းတင်မက တစ်ရွာလုံး သာဓုခေါ်ကြမှာပါ…
    Post တွေစောင့်ဖတ်လိုက်ဦးမယ်…

  • FattyCat

    May 2, 2012 at 9:20 am

    ပန်းတနော် မုန့်ဟင်းခါးကို သုံးပန်ကန်တိတိစားခဲ့ကြောင်း…
    ဗိုက်လဲဆာ…မောလဲမောနဲ့ စားဖူးသမျှ မုန့်ဟင်းခါးထဲမှာ စားအကောင်းဆုံးမုန့်ဟင်းခါးပါဆရာထက်ရေ…
    နောက်တစ်ခေါက်လဲတွေ့ကြဦးစို့နော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • Shwe Tike Soe

      May 2, 2012 at 10:19 am

      ဟုတ်ပါတယ် မုန်းဟင်းခါးစားပြီး ပြန်ထတော့ မထနိုင်လို. သူ.ကို ကျွန်တော်နဲ. ကိုတူရ က ကုတ်နဲ.ကော် မှ ထ ခဲ့ရကြောင်းပါ…….. 😀

      • ဦးဦးပါလေရာ

        May 2, 2012 at 10:48 am

        နင်တို့က အလိုက်မသိလိုက်တာနော်…
        သူက ထပ်ထည့်ပေးဦးမလားဆိုပြီး ပေကပ်စောင့်နေတာဖြစ်မှာ… 😀 😀

  • Khaing Khaing

    May 2, 2012 at 9:49 am

    ဆရာထက်ရေ ….. အလှူနေ့မှာ ဆရာထက်ကိုယ်တိုင်လိုက်ပါသွားခဲ့တာအခုမှ သိလိုက်ရတယ် အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ် အခုလို အလှူကြီးကို အောင်မြင်ခန်းနားစွာကျင်းပနိုင်ခဲ့လို့လဲ ဝမ်းသာပိတိဖြစ်မိရ ပါတယ် ……

  • Novy

    May 2, 2012 at 9:57 am

    ဆရာထက်ရေ.
    နောင်အလှူတော်တွေမှာလဲ ရွာသူားတွေးစုပေါင်းပြီး
    သာဓုခေါ်ကျအုံးမယ်နော်

  • ပျော်စရာကောင်းပါ၏။
    ထပ်ဆင့်ဆိုရသော်ကြည်နူးပါ၏။
    ပုံတွေအများကြီးလက်ဆော့ထားပါ၏။
    လမ်းခရီးမှအလှအပပုံများတင်ပေးပါမည်။
    သို့သော် ဒီတစ်ခေါက် ကိုပေါက်က ကောက်သင်းကောက်ပါမည်.
    အများတင်ပြီးမှ တင်ပေးပါမည်.
    ကိုကိုပါ ဒီတစ်ခါ တစ်လမ်းလုံးစကားတွေအများကြီးပြောရပြီမှတ်တာဗျာ။
    နောက်တစ်ခါ လာပြန်ချည်သေး……………………..

  • etone

    May 2, 2012 at 10:33 am

    မုန့်ဟင်းခါးကို အကြော်စုံနဲ့ ကျွေးခဲ့တာ ပြန်မြင်ယောင်မိရင်း .. စားချင်လာပြီ ရှလွှတ် .. ရှလွှတ် … ဟိ 😛

  • htet way

    May 2, 2012 at 10:40 am

    သူကြီးမင်းခင်ဗျား
    ဂေဇက် စာစောင်တစ်စာင်အလှူသွားရင် ဆူးပြလို့ တွေ့ပြီး အားရပါးရဖတ်ကြည့်မိပါသေးတယ်
    စာစောင် ကိုလိုချင်လို့ အဆက်အသွယ်ရှိသူတွေကို မှာရပါတယ်
    ကျွန်တော်တို့က ကိုယ့်ဆီက စာစောင်တွေ မဂ္ဂဇင်းတွေမှာ စာတွေရေး စာမှုပါရေး
    လည်ပင်းကိုးတောင်ရှည်မယောင် စောင့်ရတော့ ကျင့်သားရနေပါပြီ။
    စာစောင့်ကို ကိုယ်ပိုင်လိုချင်လို့ စောင့်ပါအုံးမယ်။
    နောက်တစ်ခုကတော့ မေတ္တာမိုး စေတနာမိုး စာနာမှုမိုးဆိုတာကို ထပ်မံပြောချင်ပါတယ်
    အလှူနဲ့ ပတ်သက်တာကိုပြောတာပါ။
    သူကြီးမင်း လည်း တခါလောက် ကိုယ့်လူတွေနဲ့ အလှူမလုပ်ချင်ပေဘူးလား။
    ( ကျုပ်က တောင်မရောက်မြောက်မရောက် ဗုံမဟုတ်ပတ်မဟုတ်စာတွေဂေဇက်မှာရေးတော့
    သူကြီး စာစောင်မှာ ပါမှာတော့ မဟုတ်ဘူး သူများရေးတာပဲ ဖတ်ရမယ်)
    တစ်ယောက်က အဲ့ဒီနေ့က ပြောတယ် ဆရာထက် သူကြီး ဆိုတာ ခင်ဗျား မမြင်ချင်ဘူးလားတဲ့
    ဟာ မြင်ချင်တာပေါ့ ဆိုတော့ ကျုပ်လည်းမြင်ချင်တယ်တဲ့ ။ ကျုပ်ကမြင်လိုက်ရတယ် ( အိပ်မက်ထဲမှာ)
    သူကြီး ပျော်ရွှင် ကျန်းမာလို့ ကြီးပွားပါစေဗျား။

  • နွယ်ပင်

    May 2, 2012 at 10:42 am

    ရွာအလှူကတော့ တကယ့်ကို ကြည်နူးစရာပါပဲ ဆရာထက်ရေ
    ဒါနဲ့မုန့်ဟင်းခါးထဲ ပုဇွန်ပါးသားဆိုလား ထည့်စားရတာကတော့ ရွာဓလေ့ထင်တယ်နော်
    ပြောရင်းတောင် တစ်ပွဲလောက် ထပ်စားချင်လာသလိုလိုပဲ 🙂

    • သူရဇော်

      May 2, 2012 at 12:37 pm

      နွယ်ပင်ရေ ဂကိုခေါ်ပီး အဲဒီကျောင်းထပ်သွားပါလား…… ဒီနေ့မှီဦးမယ်ထင်တယ်
      ပန်ကန်ဆေးဖို့ကိုနော် ခွိခွိခွိ

  • htet way

    May 2, 2012 at 10:50 am

    မခိုင်ခိုင် ခင်ဗျား
    မြေနီကုန်းရောက်တော့ ကိုကမ်းဝေးကို ခင်ဗျားလိုက်ဖြစ် မဖြစ် မေးမိပါသေးတယ် နောက်မနောဖြူလေးကိုမေးပါတယ်။
    မနောဖြူလေးကတော့ သူ့ကိုယ်ကြီး အနိုင်နိုင် သယ်လို့ လိုက်လာပါတယ်။ ပိန်ဆေးတောင် ဖေါ်ပေးပါလုပ်လို့ တောင်းပန်ထားရတယ်။
    ဆရာဂီ နူးဘာဂိုဏ်းချုပ် ဂျပန်ကြီးကိုမေးတော့ မလိုက်ဖြစ်ဘူးဆိုတာ သိရပါတယ်။
    အလှူကတော့ ထိရောက်တဲ့ အလှူပါ ရွာသားတွေကလည်း ရိုသားပျူငှာဖေါ်ရွေကြပါပေတယ်။
    ကျုပ်က အဲ့ဒီလို ကိစ္စတွေ ဝါသနာကြီးတယ်။လူသားအကျိုးပြုတို့ ၊ ထူထောင်ရေးတို့
    နောက် ဝါသနာတစ်ခုက ပြောရင် ခင်ဗျားရီမယ် ဇာတ်ပွဲဗျ။ရွာ ဘုရားပွဲကို ကျုပ်က ဦးဆောင်ပြီး ဇာတ်ကတာဗျား။ ဒါရိုက်တာလုပ်တာ။ ကိုကမ်းကြီးတို့ ဇာတ်သီချင်းဆိုတာတော့ ပျင်းတာပေါ့
    ရုပ်နဲ့ မလိုက်လို့ စိတ်လျှော့ထားတာ မင်းသားကတောင်ရသေး။
    အေးဗျာ….ရွာ စုပေါင်းအလှူကို အားလုံး စိတ်ဝင်စားကြတာ ဂုဏ်ယူပါတယ်။နောက်လည်း
    ဒီလိုမျိုး ဖြစ်စေချင်သေးတယ်။တတ်နိုင်သူတွေ ဦးဆောင်ကြအုံးပေါ့

    • Khaing Khaing

      May 2, 2012 at 2:07 pm

      ဆရာထက် အခါအားလျှော်ရင်တော့ ဆရာထက်နဲ့ဆုံချင်ပါသေးတယ် ……… ရွာသူရွာသားတွေ နဲ့ဆုံတွေ့ရတာ မိတ်သစ်ဆွေသစ်တွေတိုးတာပေ့ါနော် ……. ညီမအကြောင်းကို သတိတရနဲ့ မေးခဲ့တဲ့ ဆရာထက်ကိုလည်းကျေးဇူးတင်ပါတယ် ……. လူတစ်ဦးတစ်ယောက်ရဲ့စိတ်ထဲမှာ လူတစ်ဦးတစ်ယောက်ရှိဖို့ဆိုတာမလွယ်ပါဘူး ……… ဆရာထက်ရဲ့စိတ်ထဲမှာ ညီမရှိနေတဲ့အတွက်လည်း ညီမကိုယ်ညီမ ဝမ်းသာကြည်နူးမိပါတယ် …….. မမနောကို ပိန်ဆေး ပေးမယ်ဆို ညီမကို “၀” ဆေးဖော်ပေးရမယ်နော် ဆရာထက် ………..

  • blackchaw

    May 2, 2012 at 10:52 am

    ဂဇက်ရွာအလှူပွဲရဲ့ ပျော်ရွှင်မှုတွေကို
    ဝေမျှခံစားသွားပါတယ် ဆရာထက်ရေ။
    သတိရပေးတာကျေးဇူးတင်ပါတယ်ဗျာ။

  • htet way

    May 2, 2012 at 10:58 am

    နွယ်ပင် ညီမလေးရေ
    မုန့်ဟင်းခါးကောင်းပါတယ်။ ဂျပန်ကြီး ( ပန်ပန်ခေါ်လာတဲ့ ဂျပန်)စားတာကို သဘောကျမိတယ်။
    အဲ့ဒီ မြင်ကွင်းလေးကို ကြည့်ပြီး ကိုထက်ဝေးက ခုနှစ်နှစ် အလွန်စီးရီးထဲက လွမ်းရတဲ့
    ညတွေလွန်ပါစေသီချင်းလေးကို ရုပ်ရှင် လို ပြန်မြင်လာတယ်။
    ချစ်စနိုးဦး က ဂျပန်ဂိုက် လုပ်တာလေ။( ညီမလေးပန်ပန်ကို စတာနော်)
    နွယ်ပင်ဂေဇက်မှာ စာရေးပါအုံး။ မအားလည်း ကြိုးစားပါလို့။ညီလေး အာဂကိုလည်း ခင်ပါတယ်
    ခင်မင်မှုဖြင့်
    ထက်ဝေး

    • etone

      May 2, 2012 at 1:28 pm

      အဲ့ဒီ ဂျပန်နဲ့ ကိုဖက် ၊ ဆရာထက်တို့ တစ်ဝိုင်းတည်းထိုင်မိတာ … ရယ်ရလွန်းလို့ …. တစ်ပွဲတောင် ကုန်အောင် မနည်းစားရတယ် … ။ အဲ့ဒီဆရာထက်က ဂျပန်ကို … နံနံပင်ထည့်စား ၊ မုန့်ဖတ် ၊ ဒါက အကြော် ၊ ငါးဖယ် စသဖြင့်လက်ညှိုးထိုးပြီးပြောနေတာ … ပန်ပန်ကလည်း …. အလျှင်မှီအောင် ဘာသာပြန် ၊ ဂျပန်ကလည်း … ငုံ ့စားမယ် လုပ်လိုက် …. ခေါင်းငြိမ့်လိုက်နဲ့ ….. ဟာမိုနီကို ဖြစ်နေတာပါပဲ .. .။ ကိုကြောင်ဖက်က … ညကတည်းက ဗိုက်ဆာလာတဲ့ အရှိန်နဲ့ အတိုးချစားပြီး စားနေတာ.. အားတောင် မရ ၊ ဗိုက်တောင် မဝသေးဘူး .. ကိုသူရဇော်နဲ့ ရွှေတိုက်က အတင်းဆွဲသွာတာ .. သူ့ခမျာ …. ရက်ကန် ရက်ကန်နဲ့ .. ဟေး ဟေး မျက်စိထဲကို မထွက်ဘူး … ။ 😆

      • ရွာစားကျော်

        May 3, 2012 at 10:46 am

        ပန်းတနော် မုန့်ဟင်းခါးစားတုန်းက ထူးခြားတာတခုပေါ့
        ပုဇွန်တွေကို ထောင်းထားပြီး ပန်းကန်လိုက်ချထားပေးတာပဲ..
        မုန့်ဟင်းခါး ငါးဖယ်နဲ့စားတာပဲ ကြားဖူးတာ ပုဇွန်နဲ့စားတာ ခုမှ သိတော့တယ်

  • htet way

    May 2, 2012 at 11:02 am

    Swal Taw Ywet
    အင်းဗျာ ခင်ဗျား စာတွေ ဖတ်ပြီး လူကိုလည်းတွေ့ဖူးချင်တာပါ
    ပြောရရင် ကျွန်တော်က စာပေသမားဆို ညီအကို အရင်းလို ခင်ပါတယ်။ နောက်ကြုံကြတာပေါ့။

  • Tin Tin

    May 2, 2012 at 11:09 am

    ဆရာထက်ရေ…
    ရွာအလှူကို ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ပါတယ်. သာဓု . သာဓု. သာဓု ပါနော်
    ရွာသားတွေအားလုံးရဲ့ စည်းလုံးညီညွတ်စွာနဲ့ပျော်ရွှင်ကြည်နူးခဲ့ကြတာတွေကို
    ပေါ်လွင်အောင် ရေးပြပေးထားလို့ ကျေးဇူးတင်ပါတယ်နော်…

  • htet way

    May 2, 2012 at 11:11 am

    ကို ကမ်းဝေးရေ သတင်း ကိုတော့ မန္တလေးအလင်းနဲ့ ဧရာဝတီ စာစောင်တွေကို
    ပို့ပေးလိုက်ပါနော်။ မအားတဲ့ ကြားက လမ်း၄ဝကို သွားပေးပါလို့။သင့်ရာဂျာနယ်လလည်း ထပ်ထည့်ဗျာ။
    MaMa says: (Edit)

    အစုကြီးကျေးရွာ သီတဂူသုမေဓာအလှူကို စာစောင်တွေမှာ ထည့်ပေးဖို့ ချက်ခြင်းသတင်းရေးနေတဲ့ ဆရာထက်နဲ့ ကမ်းကြီးတို့ နှစ်ယောက်ရဲ့ အလှူအပေါ်ထားရှိတဲ့ စိတ်စေတနာကလည်း တကယ့်ထိပ်တန်းပါပဲ။
    တကယ်ပြောရရင် ကျွန်တော်က ၃ဝရက်နေ့ထဲက ဂျာနယ် တစ်စောင်ကိုပြောထားတာပါ
    ဆရာကမ်းဝေး စီစဉ်ပါလိမ့်မယ်။ကျေးဇူးတင်ပါတယ် ဆရာမ(မမ)ခင်ဗျား။လမ်းခရီးကျွမ်းကျင်မှုကို လည်း ဂုဏ်ယူပါတယ်။ ကျွန်တော်ဆို အဲ့ဒီ နယ်ကပါ အစုကြီးကို မသိဘူး။ ညံ့ပုံများပြောပါတယ်။

  • htet way

    May 2, 2012 at 11:18 am

    (ဆရာမ)တင်တင် ခင်ဗျား
    ခုလို ဝင်ရောက်ဆွေးနွေးတာ ကျေးဇူးပါ
    အရေးအသားကတော့ သိပ်မကောင်းလှပေဘူး
    ပြန်ရောက်တော့ နားပြီး နက်ဆိုင်သွား ကော်နက်ရှင် ကောင်းတုန်းလုလုပ်ရတာလေ။
    ညီညွတ်မှုအားကို အားရတာပါ
    စေတနာနဲ့ စာနာစိတ်တွေရဲ့ အလှတရားပါ နောက် ဂေဇက် မိသားစု ရဲ့ စည်လုံးမှုကိုပြတာပဲ
    ဆရာမလည်း ပျော်ရွှင် ငြိမ်းချမ်းကျန်းမာ ပါစေလို့ မေတ္တာပို့ပါတယ်။

  • htet way

    May 2, 2012 at 11:24 am

    ကျွန်တော်က ဦးဦးပါလေရာ နဲ့ ကိုဘလက်ချောကိုတောင်ဖုန်းခေါ်ပါသေးတယ် အစုကြီး မှာက
    ဆက်သွယ်မှု ဧရိယာပြင်ပတဲ့။
    တကယ်ပြောရရင် အစားကောင်းလေးစားရရင် မိတ်ဆွေကောင်းတွေကို သတိရတယ် ဆိုတဲ့
    ဆိုရိုးလိုပါပဲ။
    ကားပေါ်မှာ အဘဆီကဖုန်းလာတယ်လို့ပြောသံကြားတယ်။ကိုဂီပြောတာ တွေ့တယ်။
    တကယ်ကို ခင်ဗျားတို့ ပါရင် အားပိုရှိတာပေါ့။ ခုက အခက်အခဲတွေနဲ့ ကိုယ်စီ ဆိုတော့
    ကျွန်တော်လည်း စိတ်လျှော့ လိုက်ရပါတယ်။

  • htet way

    May 2, 2012 at 11:33 am

    Ma Ei ကို မောင် မောင်ဆရာမ နိုဗီ
    ပို့စ်ကို စိတ်ဝင်တစားဖတ်ကြ လလို့ ကျေးဇူးပါ
    ဂေဇက်ရွာသားတွေက သူကြီးဆီ ကြော်ငြာခ တောင်းရမယ်သို့သော် သူကလည်း ဘာမှ မရတော့
    ပေးမယ် မထင်ဘူး။ စာမှုခတောင် အနိုင်နိုင်ရယ်ဗျာ။ စိတ်လျှော့လိုက်ပါ ကိုမောင်မောင်ခင်ဗျာ။
    ဆရာမ နိုဗီ လည်း နောက် အလှူ မှာ ထပ်ကျွေးနိုင်အောင် စဉ်းစားထားပါနော်။
    ကောက်ညင်းပေါင်းရော ငါးခြောက် ရော ၊နောက် ကင်ချီလား.. ဖန်ပုလင်းလေးနဲ့ လိုက်ထည့်ပေးတာ
    ကျေးဇူးပါဗျား။

  • ဆူး

    May 2, 2012 at 11:52 am

    ပန်းတနော် မုန့်ဟင်းခါး ကို အမှတ်ရနေအာင် မမ က ကြိုစီစဉ်ပြီး တိတ်တိတ်လေး နေတာ.. ဆူး တောင် စားလိုက်မှ အပြောမဟုတ် လက်တွေ့ဆိုတာ သိတော့တယ်။ ကောင်းမှ ကောင်းဗျို့..

  • htet way

    May 2, 2012 at 12:11 pm

    ဟုတ်ပ ဆရာမရေ
    ကျွန်တော် ကားဆရာကို ထမင်းစားဖို့ သွားခေါ်တာ
    မုန့်ဟင်းခါးကို တအားစားမိလို့ နောက်မှ ပဲ စားနိုင်တော့မယ်တဲ့ ကျွန်တော်ပြုံးမိပါတယ်
    ကျွန်တော်လည်း တအားစားခဲ့တာကိုး။
    တကယ်စားတာက ဖက်တီးကက်ပဲ ဆရာမဆူးရေ။
    နောက် ဂျပန် ကြီး(ပန်ပန်ခေါ်တဲ့ ဂျပန်)လည်း ကြိုက်လို့ တကယ် စားတာကိုတွေ့ရတယ်
    အလှူရှင် ကျန်းမာချမ်းသာပါစေဗျား

  • char too lan

    May 2, 2012 at 12:35 pm

    နာ… မား ဒါ ချိ ရင်… တေါင်း ဘန် ပါ ဒယ်………….. 🙁 :'(

  • ရောင်ခြည်ခ

    May 2, 2012 at 12:35 pm

    ဒုတိယအလှူအတွက် ကြည်ဖြူစွာသာဓုခေါ်ပါတယ်၊ အလှူမြင်ကွင်းကို ပုံပေါ်အောင် စာနဲ့ရေးပြီး မျှဝေပေးလို့ ကျေးဇူးပါနော်…

  • htet way

    May 2, 2012 at 12:50 pm

    ဟေ့ ညီမလေးချာတူးလန်
    ဘာတွေ မှားနေပြန်ပြီလည်း။
    ရောင်ခြည်ခ
    ဖတ်ရှု့အားပေ းပါဝင် တာကို ကျေးဇူးပါ ဗျား

  • kyaw moe moe

    May 3, 2012 at 9:37 am

    ဆရာထက် အလှူသွားတာကျွန်တော်တို့ကို လက်မတို့ ဘူး
    အိမ်မဲမှာ ဂေဇက် မန်ဘာတွေ ၄ယောက်ရှိတယ်

  • Gipsy

    May 3, 2012 at 11:32 am

    မလိုက်ပါနိုင်တဲ့ ကျုပ်ကလဲ ကြည်ဖြူစွာ ဖြင့် သာဓု သာဓု သာဓု ခေါ်ပါ၏ ။
    လိုက်ပါနိုင်သူများရဲ့ ဝမ်းသာကြည်နူးအရိပ်များကိုလဲ မြင်နေရပါသဖြင့်
    အဝေးမှ လှမ်း၍ ပီတိ ဖြစ်မိပါ၏ ။

  • htet way

    May 3, 2012 at 6:13 pm

    kyaw moe
    ညီလေး အကို က မသိလိုက်လို့ပါ
    ဒို့တွေ တစ်ရက်တွေ့ကြတာပေါ့ ဂေဇက် ညီကို များဆိုြပြီး ကဗျာရွတ်ပွဲလေး လုပ်ချင်တယ်
    အကို့ ရဲ့ စာနယ်ဇင်းတွေလည်းခေါ်မှာပေါ့။

  • htet way

    May 3, 2012 at 6:14 pm

    ဆရာဂျစ်ပစီရေ
    သာဓုခေါ်တာ ကောင်း ပါတယ်
    လိုက်ပါနိုင်ရင် ပိုကောင်းတာပေါ့
    ခင်ဗျားကို ဆုံ ချင်တယ်။

  • TTNU

    May 3, 2012 at 7:20 pm

    ကိုထက်ဝေရေ…
    တီချာပုံတွေကြည့်ပြီး စိတ်ထဲမှာ သိပ်အားမရသေးဘူး။လူတွေအမည်ကလည်း
    မှန်းလို့မရ။ ဥပမာ မိတူရလို့ ဟိုခလေးတစ်ယောက်ကရေးပြန်တော့လည်း မသိ။
    စိတ်ထဲ တစ်မျိုး။ ငါလည်းပါချင်လိုက်တာလိုလို ။ပန်းတနော်မုန့်ဟင်းခါးလေး
    စားချင်တာလိုလို။ ရှုခင်းပုံတွေ၊ လှူကြပုံတွေ ကြည့်ပြီး အားကျနေတာလိုလို။

    အခု ဆရာရေးတာဖတ်လိုက်တော့မှ မုန်းဟင်းခါးစားပြီး လက်ဖက်ရည်
    သောက်လိုက်ရသလိုပါပဲရှင်။

    ကျေးဇူးတင်တယ်ဆရာ။ 🙂
    TTNU

  • zaw min

    May 3, 2012 at 9:36 pm

    သာဓု၊သာဓု၊သာဓုပါဗျာ…အခုလို စာပေချစ်သောညီအကိုမောင်နှမများနဲ့ တစ်လှေထဲစီး၊တစ်ခရီးထဲ အတူသွားချင်ပါရဲ့ဗျာ…အကြောင်းများတိုက်ဆိုင်ခဲ့ရင်ဖြင့် ယခုလိုပွဲမျိုးကြုံချင်ပါရဲ့ဗျာ…
    ကျနော်အလုပ်အားတာနဲ့ ဂေဇက်မှာပဲအချိန်ကုန်တာများပါတယ်…နောက်ထပ်အလှူများကိုလည်း ယခုလိုညီညီညွတ်ညွတ်နဲ့ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းပါးလိုက်ပါရစေဗျာ…

  • padonmar

    May 4, 2012 at 12:38 am

    ဆရာထက် ရေ
    ခရီးရောက်မဆိုက်ရေးထားတဲ့ ဆရာထက်စာဖတ်ရတာ အလှူခရီးထပ်သွားလိုက်ရသလိုပါပဲ.
    ရတနာပုံသတင်းစာကို ဖတ်ချင်ကြမယ်မှန်းသိလို့ သူကြီးကို လူကြုံထပ်ထည့်ပေးပါမှာတာ မပို့ပေးဘူးလေ။
    သပိတ်မှောက်ရအောင်။မီးဒုတ်မီးဒုတ် ပါဗျို့။

    • kai

      May 4, 2012 at 9:36 am

      အဲဒီတုံးက.. ထွက်ရက်နဲ့.. ကိုက်နေပြီးဘယ်လိုမှ အချိန်မမှီလို့.. ဆရာမမရဲ့လူကြုံက မသယ်ပေးနိုင်တေ့ာဘူး..

      အဲဒါနဲ့.. အမေရိကန်စင်တာပို့ပေးလိုက်တာ…
      မထူးဘူးဆိုပြီး.. အဲဒီရောက်နေတဲ့.. ယူအက်စ်အစိုးရအရာရှိပါရှင်းပြပြီး.. သတင်းစာကိုလက်ခံထားပို့ပြောလိုက်တာ..
      စိတ်ဝင်စားသူတွေ.. အကုန်ဖတ်ရတာပေါ့..
      ဖတ်ချင်ရင်.. အမေရိကန်စင်တာသွားပေတော့… 🙂
      (ဒီလလည်း ထပ်ပို့ထားပါတယ်..။ လတိုင်းပို့ပေးမလို့.. )

Leave a Reply