ဒုတိယအလှူ ကြည်ဖြူစွာ သာဓုခေါ်ပါ ( သူကြီးကောင်းမှု ဂေဇက်ရွာအလှူ)

htet wayMay 1, 20121min40764

မြန်မာဆိုရိုးလေးရှိပါတယ်။ သူကြီးဘုရားရွာသားကောင်းမှုဆိုတာပါ။ကျွန်တာ်တို့ မန်းဂေဇက်မိသားစု ပန်းတနော်မြို့နယ် အစုကြီးရွာ ကို အလှူသွားရောက် ဖို့ ဆရာမ ဆူးက နိုးဆော်ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ဆူးရဲ့ စိတ်ကူးအလှူဆိုတာကို ကျွန်တော်အဲ့ ဒီရောက်မှ သေချာ ရှင်းလင်းသပေါက်သလို အော် ဒါကြောင့်လည်းဖွားဆူး၊ရွာတော်ရှင်ဆူး
ဖြစ်နေတာလို့ မှတ်ယူ ဂုဏ်ပြု မိပါတယ်။
ကျွန်တော်က ၂၉ရက်နေ့က မြောင်းမြမြို့ပေါ်မှာဆေးကု သွားနေရပါတယ် ။ အလှူကို လိုက်ချင်ပေမယ့် မလိုက်နိုင် သလောက် ရက်ကပ်နေပါပြီ။ဒါကစိတ်ကို တစ္ဆေခြောက်နေတယ်။ ပျက်ကွက်မှာစိုးနေတယ်။ကျွန်တော်မောင်းမြက ညကားစီးတော့ အိမ်မဲကို ည၁၁နာရီ ရောက်ပါတယ်။အိမ်ကိုဝင်ပြီး နံနက်၄နာရီကားစီးရမှာမို့ မနိုးမှာစိုးတဲ့ အတွက်မအိပ်ဖြစ်တော့ပါဘူး ။ဒီလိုနဲ့ ရန်ကုန်သွားဖို့ ပြင်ဆင်ရပေါတော့တယ်။
မေလ(၁)ရက်နေ့ အလှူကိုတော့ လိုက်ဖြစ်ခဲ့ပါတယ်။နံနက်၆နာရီ တိတိမှာ ကားထွက်မယ်ဆိုလို့ အမီ လာရပါတယ်။ဟိုရောက်တော့ တွေ့ချင်တဲ့ ကဗျာဆရာကမ်းဝေးကိုတွေ့
ရတယ်။ ကိုနေချားကိုတွေ့ရတယ်။လူစုံပါတယ်။အင်ဇာဂီကတော့ ကျွန်တော်ကြိုတင်တွေ့ခဲ့ ပြီးပါပြီ။ဒီလိုနဲ့ ကားးစထွက်တယ်။မိတ်ဆွေတွေ စုံတော့ ပျော်ပါတယ်။စိတ်က သိနေပေမယ့်
အဘဖေါကို သတိရမိပါတယ်။ တခါက ဒီလူတွေနဲ့ ဆန်းမားပဲလေ့ မှာ ဆုံခဲ့ကြတာလေ။နောက် ဦးဦးပါလေရာကို သတိရမိတယ်။ သူ့ခမျာမလဲ ဧည့်သည်ရောက်နေတယ်လို့ သိရတယ်။ဒါကြောင့် မလိုက်နိုင်ရှာဘူးလေ။နောက် ကို ဘလက်ချော သူ့မှာလည်း ကျန်းမာရေးကိစ္စ။
ထူးခြားတာက ဒီအလှူပွဲကို မန်းက ကိုပေါက်(ဓါတ်ပုံ)ဖရဲတို့ လာတာ ချီးကျူးမိတယ်။ခမျာတွေ အကုန်အကျများလိမ့်မယ်လေ။နောက် ကျွန်တော်တွေ့ချင်တဲ့ ဆရာအံဇာတုံး
အမတ်မင်း ။ကားနောက်ပိုင်းမှာ ကျွန်တော်တို့ထိုင်ပြီးပျော်ပျော်ပါးါး လိုက်လာကြတယ်။အနားမှာ ဆရာ ကိုနေးချားလည်းရှိတယ်။ရှေ့ခုံမှာတော့ ဆရာရွှေတိုက်စိုး နဲ့ သူ့ရဲ့ ချစ် အုပ်ထိမ်းသူ။ပြီးတော့ ရို့စ်။ အမတ်မင်း၊အရင့်ရောင်။ချစ်ရင်ထူး
ပျော်စရာကောင်းတာက ဖက်တီးကက်ရဲ့ ဟာသတွေနဲ့ အားလုံးဝိုင်းဖွဲ့နေကြတယ်။ ဇာတ်လိုက်တော် ဂီဂီ ကလည်း ဂစ်တာတစ်လက်ကို ပိုင်ပိုင်နိုင်နိုင် တီးလို့ဆိုလို့။သူကလည်း ဂျပန်ကခေတ္တပြန်လာတာပါ။နောက် ဂျပန် အစစ်ကြီးတစ်ယောက်လည်း ဧည့်သည်တော်အနေနဲ့ ပါသေး။သူ့ကိုခေါ်လာတာကတော့ ရွာသူ ပန်ပန်ပါ။နောက်နွယ်ပင်နဲ့ အာဂ
ရိုးသားပွင့်လင်းစွာ လိုက်ပါရင်း ပျော်ရွှင်နေသူကတော့ ရင်ငြိမ်းပန်း။သူကြီးသမီးလို့ ခေါ်ခံရတဲ့ ချာတူးလန်။ရှေ့မှာတော့ စီစဉ်သူဆရာမ ဆူးနဲ့ ဆရာမ (မမ)နောက် စေတနာရှင်
တွေ မနိုဗီ၊ဒေါက်တာပဒုမ္မာ၊ ဒေါက်တာ AKKO နဲ့ Etoneတို့လည်း ပြုံးရွှင်လို့။ဆရာ ကိုပေါက်ကတော့ ကျွန်တော်နားလာထိုင်ရှာပါတယ်။နောက် ဆရာမ ဝေဝေ၊ဆရာမ လေး မနောဖြူလေး။သူရဇော်၊…။အားလုံး ပျော်ရွှင်နေကြတယ်။အပျော်ဆုံးကတော့ ကဗျာဆရာကမ်းဝေးပါပဲ။
ပန်းတနော် တံတားဥင်္ီးဘုန်းတော်ကြီးကျောင်းက မုန့်ဟင်းခါးနဲ့ ဧည့်ခံတယ် ဆရာမ (မမ) ရဲ့စီစဉ်မှုလို့ သိရပါတယ် ကျွန်တော်နဲ့ တစ်ဝိုင်းထဲမှာ ဖက်တီးကက်အင်ဇာဂီ
၊ ရို့စ်၊ ဒေါက်တာ နဲ့ Etone တို့ ထိုင်ပါတယ်။ တော်တော်စားကောင်းပါတယ်။ မုန့်လိုက်ထည့်ပေးတဲ့ အဒေါ်ကြီးကို ကျွန်တော်၅ပွဲစားမယ်လို့ ကြွေးကြော်မိတယ် ။ တကယ်တန်းတော့ ၂ပွဲပဲ စားနိုင်ပါတယ်။ ကိုယ့်ထက်သာတာက ဖက်တီးကက်ပါ။တကယ်ပျေိာ်စရာကောင်းပါတယ်။
ဆိုလိုချင်တာ လမ်းလွဲ နေပါပြီ။ ဒီလိုနဲ့ အစုကြီးရောက်တယ်ပေါ့။ ဒီမှာ အထက်က ကျွန်တော်ပြောတဲ့ ဆူးရဲ့ စိတ်ကူးကို ကျွန်တော်လေးစားတာကိုပြောပါရစေ
ဆေးရုံရှေ့မှာ ဆရာတော်နဲ့ ရွာကလူတွေ လှုက်လှုက်လှဲလှဲ ကြိုကြတယ်။အထဲရောက်တော့ ဗျာ ရွာ ကလူတွေ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝမ်းသာအားရ ကြို ကြတာ
အားလုံးက ဝမ်းသာနေကြတယ်။ ဒီလိုနေရာ ဒီလိုလူတွေ တကယ်လိုအပ်သူတွေ လှူတာ အား..သိပ်ကောင်းတဲ့ စိတ်ကူး။ မွန်မြတ်တဲ့ အလှူပေါ့။
ဧည့်ခံလိုက်တာလည်းစုံနေတာပဲ ငါးရံခြောက်ဖုတ်ဆီဆမ်း၊ မုန့်မျိုးစုံ အသီးအနံတွေ အို တော်တော်စုံအောင်ကျွေးတယ်။ကျွန်တော်က သက်ကြီးရွယ်အိုတွေ ကို အဆောင်ထဲဝင်ပါဆိုတော့ သူတို့ မဝင်ရဲကြဘူး။ စာရေးဆရာတွေ တဲ့ ။ မန္တလေးဂေဇက် လို့ ဆိုင်းဘုတ်က ကားမှာတင်ထားတယ်လေ။သူတို့တွေ ရိုးသားကြတယ်။
ကျေးလက် က ကျေးလက် ပီသတာပဲလေ။သိပ် လေးစားဖို့ကောင်းတဲ့ လူတွေဗျာ။ ထမင်းစားတော့ လည်း လေပန်ကာတွေ ဖွင့် ထားလျှက် က ယပ်တောင်တွေ ကိုယ်စီနဲ့
ယပ်ခတ်ပေးလို့ ။တကယ် ကျေးဇူးရှင်တွေလို စေတနာကို ပြန် တုန့်ပြန်ကြတယ်။ကြည်နူးစရာပါ။
ကျွန်တော်က အိပ်ရေးပျက်ထားသူမို့ ကို ကမ်းဝေးကို သတင်း ရေးဖို့ ညှိနှိုင်းပြီးအပြင်မှာ စာတွေရေးကြတယ်ခဏကြာတော့ အခန်းအနားစတယ်။ ကျွန်တော်က အပြင်မှာ ခဏလှဲပြီးနေရင်း အိပ်ပျော်သွားတယ်။
အိပ်မက်ထဲမှာ သူကြီး က ရင်ဖုံးအကျင်္ ီကိုဝတ်လို့ တောင်ရှည် ပုဆိုးနဲ့ “ဟေ့ကောင်ထက်ဝေး ဒီအလှူက ဂေဇက်မိသားစု အလှူလို့ အမည်ပေးထားတယ်။မင်းတို့တွေ
ခုလိုဆုံကြတာငါ့ ကိုကျေးဇူးတင်ပါ။ ဒီ အလှူက ငါ့ အလှူပဲ မင်းတို့ ရွာသားရွာသူတွေ ခုလို စုစည်းနိုင်တာ ငါ ရဲ့ ဂေဇက်ဆိုတဲ့ ဝက်ဘ်ဆိုက်ကြောင့်ပဲ။ဟိုတခါကလည်း Etoneဆိုတဲ့ ကလေးမလေး က ကိုကျော်သူတို့ နာရေး ကူညီမှုကို လှူဖို့ ဦးဆောင်ဆော်ဩတာ လှူဖြစ်ကြတယ် ဒါလည်း မင်းတို့ ရွာသားရွာသူတွေပဲညီညွတ်ကြလို့
ငါ့ ရဲ့ ကျေးဇူးကို မင်း အဲ့ ဒီတုန်းက မမြင်ခဲ့ဘူးမလား…ဟားဟားဟား..ဟမ်း။”
သူကြီးက ကျွန်တာ်ကို လက်ညိုးငေါက်တောက်ထိုးပြီးရယ်နေလိုက်တာ. ကျွန်တော်ကလည်း စကားပြန်ပြောချင်တယ် ဒါပေမယ့်မရဘူး။ဟေ့ကိုထက်ဝေးဒီမှာလာအိပ်ရတယ်လို့
ကို အရင့်ရောင်က လာပုတ်နိုးလိုက်တော့ မှ လန့်နိုးသွားတယ်။ အော်အိပ်မက်တောင်မက်လိုက်သေးတယ်လို့ တွေးနေတုန်း ကိုဂီက ဆေးလိပ် လာတောင်းတယ်။
ဟိုမှာရေစက်ချနေပြီလို့ လည်းပြောတယ်။အော် အလှူပြီးပြီပေါ့။ သိန်း၅ဝ လှူတယ်လို့ သိရ မြင်ရပါတယ်။
ဒီမှာ ကျွန်တော် စိတ်ထဲတွေးနေတာက ညီညွတ်မှုနဲ့ စေတနာပါ။ ဦးဆောင်တဲ့ ဆရာမဆူး ၊ ဆရာမ (မမ)၊ဆရာကိုနေချား၊ ဒေါက်တာ ပုဒုမ္မာ နောက် ဆရာမဝေဝေနဲ့
ဂေဇက်မိသားစုကို ကျွန်တော် စိတ်ထဲက လေးစားနေမိတယ်။တလမ်းလုံးလိုလေသေးမရှိဘူး။ အားလုံးပြည့်စုံတယ် ။ဝိုင်းဝန်းလှူတန်ထားကြတယ်လေ။
နာမကျန်းသူတွေကိုလှူတာဟာ သိပ်မွန်မြတ်တာပါ။ယပ်တောင် မှာရေးထးတာက ဂေဇက်လိုဂိုနဲ့ ”သီတဂူ သုမေဓါဆေးရုံ ဆေးဝါးဒါန အလှူ အစုကြီးကျေးရွာ ပန်းတနော်မြို့နယ် မန္တလေးဂေဇက် အလှူရှင်များ စုပေါင်းအလှူတော်တဲ့”

ကျွန်တော်ရင်ထဲ ကြည်နူးမှု အပြည့် နဲ့ ပျော်ရွှင်မှု အတိပြီးတဲ့ ရွှေရောင်နေ့လေးတစ်နေ့ပါ။ အပြန်မှာ မိုးတွေရွာနေတယ်။ ဒေါက်တာပဒုမ္မာက လမ်းတစ်ဝက်မှာဆင်းကျန်မယ့် ကျွန်တော်ကို ထီးတစ်လက် ပေးတယ် ။ကျွန်တော်က ထီးမပါဘူးလေ။ ရွာသား အချင်းချင်း စာနာတာပါ။ကျွန်တော် ကားပေါ်က ဝါးခယ်မလမ်းဆုံ မှာဆင်းတယ်။မိုးကတိတ်သွားပါပြီ။ကျွန်တာ် ကရန်ကုန်ထိပြန်လိုက်ချင်တာပါ။သို့သော်..လူနာတွေရှိနေတဲ့ အတွက်……။
အပြန်ခရီးကတော့ လေးပင်နေပါတယ်။အပျော်တွေနဲ့ သူတို့ ကဆက်သွားကြပြီ။ကောင်ကင်က ပြန်ပြီး မှိုုင်းညိုှ့လာပြန်တယ်။ ဟောမိုးတွေရွာပြီ။ကားကလည်းမလာသေး
ကျွန်တော် စိတ်ထဲ အစုကြီးကျေးရွာက လူတွေရဲ့ ပိတိပြုံး တွေ ရိုးသားမှုတွေက နှလုံးသားတဝိုက် မိုးလိုရွာလို့၊ ကွှန်တော်တို့ ဂေဇက် အဖွဲ့ ရဲ့ ညီညွတ်မှုကလည်းတိုးလို့ ခိုင်မာလို့ရှိနေတဲ့ အတွက် ပီတိမိုးတွေလည်းလည်းရွှဲရွှဲစိုလို့ …။သူကြီး ကောင်းမှု ဂေဇက်ရွာ အလှူ ကြည်ဖြူစွာ သာဓုခေါ်ပါ သူကြီးမင်း။
စာကြွင်း။ ။ အလှူ ပါဝင်သူအမည် တစ်ချို့ ကျန်ရစ်နေမှာပါ ကွန့်မန့်မှာ ဖြည့်ပေးစေချင်ပါတယ်။ ဒီအတွက်ကျွန်တော်ကိုခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။

64 comments

  • ဆူး

    May 4, 2012 at 8:59 am

    သဂျီးက လူကြုံ ရှိရက်နဲ့ သတင်းစာ မပို့ ပေးရင် မီးဒုတ်ပဲ.. မီးဒုတ်နော်..
    သပိတ် သပိတ် မှောက်မှောက်မှောက်.. အဟိ

  • AKKO

    May 4, 2012 at 9:31 am

    ဆရာထက်ရေ ပျော်ရွှင်စရာအလှူခရီးတစ်ခုကို အတူသွားခဲ့ရတာ အမှတ်တရပါဗျာ ။
    နောက်ထပ်အလှူများမှာလည်း ဆုံတွေ့ချင်ပါသေးရဲ့ ။

  • htet way

    May 4, 2012 at 10:02 am

    TTNU ဆရာမကြီးခင်ဗျား
    ခုလို ဆောင်းပါးကို ချီးကျူးတာ အတိုင်းမသိ ပီတိ ဖြစ်ရပါတယ်
    အလှူကို စိတ်ဝင်စားမှုနဲ့ အားပေးမှုအပေါ် ကျွန်တော်က
    ကျေးဇူး အထူးတင် လေးစားမိပါတယ် ခင်ဗျား

  • htet way

    May 4, 2012 at 10:06 am

    ဒေါက်တာ padonmar ခင်ဗျား
    ထီးတစ်လက် ပေးတာ ကို လေးစားမိပါတယ်။
    စေတနာကြောင့် ပဲ မိုးတိတ်လိုက်သွားတာလို့ ထင်ပါတယ်
    ဂေဇက် ရွာ သား အချင်းချင်းပေမယ့် မိဘ စိတ်နဲ့ ညှာတာမှုကို တွေးရင်း
    ဂုဏ်ယူမိပါတယ်။သူကြီး က ဂေဇက် မန်ဘာတွေအတွက် ပေးသင့်ပါတယ်
    သူပြောတဲ့ အမေရိကန်စင်တာကတော့ နည်းနည်း အလှမ်းဝေးနေပါတယ်။

  • htet way

    May 4, 2012 at 10:09 am

    ဒေါက်တာ AKKOခင်ဗျား
    တကယ်ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးပါ။
    ကျွန်တော်က ဒီလိုမျိုးကို ဝါသနာကြီးပါတယ်။
    နောက်လည်း ဆုံချင်ပါတယ်။ တကယ့် အမှတ်တရပါဗျာ။
    လေးစားပါတယ် ဒေါက်တာ။

  • htet way

    May 4, 2012 at 10:13 am

    ဆရာ zaw minခင်ဗျား
    စာပေသမားခြင်း သွားရတာ ပျော်စရာပါ။
    နောက်လည်း ညီညွတ်စွာနဲ့ သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
    ဆရာလည်း လိုက်ပါနိုင်အောင် ကြိုးစားပါ။
    ကျွန်တော်တို့ ဆုံကြတာပေါ့။

  • padonmar

    May 6, 2012 at 8:28 pm

    အမေရိကန်စင်တာမှာ ဂေဇက် သတင်းစာကို အမတ်မင်းသွားရှာတာ မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။
    ဘာများလွဲနေလို့လဲတော့ မသိပါ။
    ကျွန်မတော့ အမေရိကန်စင်တာထဲ မရောက်ဖူးပါ။

    သူဂျီးကိုပြောတဲ့ ပထမတစ်ယောက်က မမီနိုင်တာ သိပါတယ်။
    လူကြုံဆိုတာ မတ်လ ၉ရက် LA ကလာမယ့်လူကြုံနဲ့ ထည့်ပေးဖို့ ထပ်မှာတာပြောတာ။
    အဲဒီလူကြုံရောက်လို့မေးကြည့်မှ မပါမှန်းသိတယ်။

    အခုကားပေါ်မှာ ဝိုင်းကြည့်ကြတာ ဒီဇင်ဘာထုတ်ပါ။
    နာရေးသွားလှူတုံးက ပုံပါတာလား မေးကြတော့ မပြပေးနိုင်တာ စိတ်တောင်မကောင်းပါဘူး။

  • htet way

    May 6, 2012 at 8:48 pm

    ကျေးဇူးပါဒေါက်တာ
    ကျွန်တော် ရန်ကုန်ရောက်တော့ ဒေါက်တာနဲ့ ဖုန်းဆက်သွယ် ပါ့မယ်
    ခုလိုသတိတရရှိတဲ့ အတွက်လေးစားပါတယ်

Leave a Reply