ချစ်ခြင်းရဲ့နောက်ကွယ်မှာ

ချစ်ခြင်းရဲ့နောက်ကွယ်မှာ

…………………………..

ရစ်နှောင်ဖွဲ့အခိုးငွေ့တွေက

ငါ့ကိုများဆက်သွယ်နေသလားမသိ

ဟန်မူယာအသွင်အပြင်တွေရဲ့

လောင်းရိပ်အောက်ကနေထွက်ခါဖို့

ငါ့ကိုငါမဝံ့မရဲဖြစ်နေခဲ့ရပြီ…။

စူရှတဲ့မျက်ဝန်းတစ်စုံက

ချည်နှောင်ခြင်းသံယောဇဉ်အမျှင်စတွေနဲ့

ငါ့နှလုံးသားကိုရစ်နှောင်ဖွဲ့နေခဲ့ပြီပေါ့…။

ဖြစ်နိုင်မယ်ဆိုရင်………….

ရုန်းထွက်ဖို့ခက်ခဲနေတဲ့

ရစ်နှောင်ဖွဲ့သံယောဇဉ်အမျှင်စတွေကို

ငါကိုယ်တိုင်တည်ဆောက်ချင်ပါသေးတယ်

ခုတော့………………..

အနားသက်မညီတဲ့မော်ကွန်းတွေကြောင့်

မတူညီသောလမ်းကြောင်းပေါ်ရဲ့

ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာရပ်ကြရင်း………………..။                                ။

ဇွဲမာန်(အင်းဝ)

2 comments

  • ဇွဲမာန်(အင်းဝ)

    May 1, 2012 at 10:50 pm

    ချစ်ခြင်းရဲ့နောက်ကွယ်မှာ………………….

  • Dote Kha

    May 2, 2012 at 5:40 pm

    အိပ်မက်တွေ ဖြစ်မလာခဲ့ဘူးပေါ့။
    ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ဆိုတော့ မျက်နှာချင်းဆိုင်လား၊ ကျောပေးထားတာလား။
    မျက်နှာချင်းဆိုင်ဆို အချိန်မရွေး ပြေးဖက်နိုင်ပါသေးတယ်။

Leave a Reply