ဖတ် ကြည့် ကြ စေ လို ပါ တယ်…….

သိသမျှ ပြောပြချင် သည်က ကျွန်တော့် ရဲ. ပင်ကိုယ်ဝါသနာ မဟုတ်ပါ။ …..                     သို့သော်လည်း ထပ်ဆင့်မျှဝေပြီး ကိုယ်သိထားသည့် ဖတ်ထားသည့် ဗဟုသုတ လေးများအား အန်တီအေး post ဖတ်ပြီးနောက် သိသမျှ ပြောပြချင်စိတ် ပေါ်လာလို့ share လိုက်ရပါတယ်…

Member အသစ်မို့လို့ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ပေးစေလိုပါတယ်…….

ဆင်ခြင်ဖွယ် တရား(၅)ပါး

 

  1. ငါ့မှာ အိုခြင်းသဘော ရှိတယ်၊ အိုခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။
  2. ငါ့မှာ နာခြင်းသဘော ရှိတယ်၊ နာခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။
  3. ငါ့မှာ သေခြင်းသဘော ရှိတယ်၊ သေခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။
  4. ငါချစ်မြတ်နိုးတဲ့ အရာတွေနဲ့ ရှင်ကွဲသော်လည်း ကွဲရမယ်၊ သေကွဲသော်လည်း ကွဲရမယ်။
  5. ငါ့မှာ ကံသာလျှင် မိမိဥစ်စာရှိတယ၊် ငါဟာ ကံရဲ့အမွေခံဖြစ်တယ်၊ ငါ့မှာ ကံသာလျှင် အကြောင်းရှိတယ်၊ ငါ့မှာ ကံသာလျှင် ဆွေမျိုးရှိတယ်၊ ငါ့မှာ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိတယ်၊ ကောင်းတာဖြစ်ဖြစ်       မကောင်းတာဖြစ်ဖြစ် ငါလုပ်မိတဲ့ ကံတွေအားလုံးကို ငါ အမွေခံရမယ်……….။

 

{သည်စာလေးကို ဖတ်ဖူးသည်ဖြစ်စေ၊ မဖတ်ဖူးသည်ဖြစ်စေ အခုဖတ်ပြီးတော့ ညအိပ်ရာဝင်ခါနီးတိုင်း

ဆင်ခြင်ပေးမယ်ဆိုရင် ဘဝတစ်လျှောက် အကျိုးထူးခံစားရနိုင်ကြောင်း တင်ပြရင်း နားပါဦးမယ်……။}

ဖိုးပြုံးချို 8)

 

 

11 comments

  • Dr. ဖိုးပြုံးချို

    May 2, 2012 at 11:09 pm

    ခေါင်းစဉ်မှာ (၂) ထည့်ဖို့ မေ့သွားတယ်ဗျာ၊sorry၊ပြောဖို့ ကျန်နေတာလေးရှိတယ်၊ကျွန်တော်က အခုမှ university student ဘဲရှိသေးတယ်၊ဒါကြောင့် ကျွန်တော့်ကို ဖိုးပြုံးချို လို့ဘဲ ခေါ်စေချင်ပါတယ်ဗျာ…….။
    Comment များ ပေးရင် thank u ပါဗျိုျ့…….။

  • aye.kk

    May 3, 2012 at 12:35 am

    ဒေါက်တာ,..
    လေးစားလျှက်ပါ..
    တန်ဘိုးရှိတဲ့အနှစ်သာရတွေပြည့်နေတဲ့စာတွေကို..
    ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါဘဲဖြစ်လို ့နေပါစေ..
    အဖန်ဖန်အလီလီဖတ်ရလည်းဖတ်လို ့..
    ဘယ်သောအခါမှာမှမဝနိုင်ပါဘူး..
    တစ်ကြိမ်ဖတ်ရလည်းတစ်ကြိမ်အသိတရားရင်မှာဝင်ရောက်ရပါတယ်..
    သူတော်ကောင်းတို ့ရဲ ့ဆိုဆုံးမစကားတွေ..
    သဲလုံးအမျှများပါစေအကြိမ်ကြိမ်နာကြားရချင်ပါတယ်..
    အမြဲရေးဘို ့တောင်းဆိုပါတယ်..
    အမြဲဘဲဖတ်ချင်နေမိပါတယ်..
    ဒေါက်တာကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ..။။

  • Khin Latt

    May 3, 2012 at 4:22 am

    ဝင်ဖတ်ပြီး အမှန်တကယ် မှတ်သား သွားပါတယ် ဖိုးပြုံးချို ရေ။ 🙂

    ၁ ကနေ ၄ အထိကတော့ ဘယ်သူမှ ငြင်းလို့ မရတဲ့ တရားပါ။
    အမြဲ ဆင်ခြင် နေသင့်ပါတယ်။
    ၅ ကိုတော့ ကံ ဆိုတာ အလုပ် ဆိုပြီး လက်ခံသူလဲရှိ၊ မခံသူလဲ ရှိပေါ့။
    ဘာဘဲဖြစ်ဖြစ် အားလုံး ၃ မှာ အဆုံးသတ် ရမှာပါဘဲ။

  • ကြောင်ကြီး

    May 3, 2012 at 10:19 am

    အဘိဏှသုတ် ဖြစ်ပါ၏…။ နောက်ဆုံးအချက်က သိပ်မြင့်ပါဒယ်။ ညဏ်တိမ်တိမ်ဂလေးနဲ့ မျက်တောင်မွှေးတဆုံး တွေးဒတ်ကျလို့ ကံစီမံရာဆိုဒါ လက်မခံနိုင်ဂျဒါဘာ..။

  • ကိုရင်စည်သူ

    May 3, 2012 at 10:27 am

    ကမ္မ ကံ ကံ၏ အကျိုးကို ယုံကြည်ပါတယ်ဗျာ…
    လက္ခဏာရေး သုံးပါးကို ရူ့မြင့်တဲ့ သတိပေးစာပေလို့ မြင်မိတယ်ဗျာ…
    ဘယ် ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကမှ ကံကို ပြောင်းလဲပစ်လို့ မရပါဘူးနော့ 🙄

  • cobra

    May 3, 2012 at 1:47 pm

    ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမယ်။
    မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရမယ်။
    အဲဒါကိုလက်မခံနိုင်သေးတဲ့လူတွေရှိသေးတယ်။

  • အရင့်ရောင်

    May 3, 2012 at 2:06 pm

    ဥစ်စာ = ဘယ်လိုဖတ်ရမှာလဲဟင်
    ပေစာလား
    စဉ့်ကွင်း စာလား
    ခွိခွိ

  • Tin Tin

    May 3, 2012 at 2:56 pm

    ကိုဖိုးပြုံးချိုရေ…
    ပထမတခေါက်ကတော့ ပေါ့ပေါ့ပါးပါးဘဲဖတ်လိုက်ပါတယ်။ ဖတ်ဖူး၊ တွေ့ဖူးနေတဲ့စာအနေနဲ့ပါ..
    ဒုတိယတခေါက်ကိုတော့ သေသေချာချာပြန်ဖတ်လိုက်ပါတယ်…
    နောက်ဆုံးတခေါက်ကျတော့ စိတ်ထဲကနေပါ ဆင်ခြင်ပြီးဖတ်ဖြစ်လိုက်ပါတယ်ရှင်…
    ကျေးဇူးပါနော်.. နောက်ထပ် post များကိုလည်းစောင့်မျှော်နေပါမယ်…။

  • Dr. ဖိုးပြုံးချို

    May 3, 2012 at 11:10 pm

    အဘိဏှသုတ် ဆိုတာ ဖော်ပြပေးလို့ ကျေးဇူးပါဗျာ…တကယ်တော့ ဖတ်ဖူးတာလေး ပြန်shareတာပါ..
    ဘယ်က ကောက်နုတ်ထားတယ် ဆိုတာ မသိပါဘူး…..commentများ အတွက် ကျေးဇူးပါ…:P

  • ဆူး

    May 4, 2012 at 11:23 am

    ဖတ်သွားပါတယ် အဖိုးပြုံးချို ရှင့် 😉

  • သားငယ်

    May 9, 2012 at 2:04 pm

    ကံ အတိတ် ကပြုလုပ်ခဲ ့သော ကံ(အလုပ်)သို ့မဟုတ် ယခု လက်ရှိပြုလုပ်ဆဲ ကံ .နှစ်ခုတို ့တွင် ..ကြီးစွာ အားထုတ်သော ကံ က ဦးစွာ အကျိုးပေးမယ်…ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် မကောင်းတာလုပ်ရင် မကောင်းကျိုး ပေးမယ်…

Leave a Reply