ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်သို့တက်ရောက်မည့်အပေါ် မိုးသီးဇွန်၏အမြင်…။

အခုပဲ…နေ့သစ်မှာဖတ်လိုက်ရလို့…ရွာသူရွာသားများလည်းဖတ်ကြည့်စေချင်တဲ့ဆန္ဒကြောင့်ဖေါ်ပြပေးလိုက်ပါတယ်။

လင့်...့http://www.naytthit.net/?p=26697…

အောက်တွင်ဖေါ်ပြထားသော ကွန်မန့်လေးတွေပါဖတ်ကြည့်စေချင်ပါတယ်။ပြီးတော့မှ ဝိုင်းပြီးပွါးကြတာပေါ့ဗျာ…။

ဂေဇက်မှ ဆြာ့၊ဆြာ၊ဆြာကြီးများလည်း ဝင်ရောက်ဆွေးနွေးလို့ရအောင် နေရာလေးပြပေးတာပါ။

ကဲ…ရွာသားတို့ရေ…ဒိုူ့လူလေးများ ဆိုသလေး….

လွှတ်တော်ထဲကို ဝင်ရင်…လူပျက်တွေတွဲလို့..(အဲမဟုတ်ပါဘူး) အမတ်တွေနဲ့တွဲလို..

အနဲအုပ်က တစ်ရာနှစ်ရာ မဗေဒါတစ်ပင်ထဲ ပန်းပန်လျှက်ပါပဲ…

 

7 comments

  • kai

    May 2, 2012 at 3:51 am

    ကိုုမိုုးသီးဇွန်ဘလော့ဂ်က ကူးတင်ပေးလိုက်ပါတယ်.။

    ကိုုမိုုးသီး နဲ ့ အင်တာဗျူး

    နေ ့သစ် – ဒေါ်စုု က ကျမ်းကျိန် မယ်။ ပါလီမန် တက်မယ်ဆိုုတဲ့ဆုုံးဖြတ်ချက်အပေါ် ကိုုမိုုးသီးရဲ ့သဘောထားက ။

    မိုုးသီး – ကောင်းပါတယ်။ ခုုလိုုဆုုံးဖြတ်လိုုက်တာ။ တ ကယ်က ပါတီမှတ်ပုုံတင်ကတည်းက၊
    ရွေးကောက်ပွဲဝင်လိုုက်ကတည်းက ၂၀၀၈ ကိုု လက်ခံ ရတဲ့သဘောဖြစ်နေတယ်။ ဒီချုပ် ရွေးကောက်ပွဲဝင်မယ်။ မဝင်ဘူး အခြေအတင်ကာလ တုုံးက ရွေးကောက်ပွဲဝင်ရင်
    ဖြစ်လာနိင်တဲ့ ကောင်းကွက်၊ ဆိုုးကွက်တွေကိုု အကြံပြုခဲ့ဘူးပါတယ်။ ဒီထဲမှာ ကျမ်းကျိန်ရနိင်တယ်ဆိုုတဲ့အချက်ကိုု ကျနော်ရေး ပေးလိုုက်ပါတယ်။
    ( ဒီချုပ်ခေါင်းဆောင်တွေ ရဲထုုံးစံအတိုုင်း ဖတ်ကြမယ်တော့မထင်ဘူး။)
    ထားပါတော့ ။

    အခုု လက်တွေ ့ဆန်တဲ့ နိင်ငံရေးကိုုသူလုုပ်ခဒေါ်စုုလုုပ်ခွင့်ရတာပေါ့။ဒါကြောင့် ဒေါ်စုုကိုု ပါလီမန်သွားတက်စေချင်တာပါ။ သူဟာ ရွေးကောက်ခံအမတ်တယောက်ဖြစ်လာပြီ။

    အရင်ကလိုု Icon နိင်ငံရေးကနေ လက်တွေ နိင်ငံရေး ( Real Politics) ကိုု လုုပ်ဆောင်ရပြီပေ့ါဗျာ။ အပြော နဲ့အလုုပ် တွေက မှတ်တမ်းတွေနဲ့ ဖြစ်လာပြီပေါ့။
    လက်တွေ ရလဒ်တွေ ထွက်အောင်လုုပ်တဲ့ ကိစ တွေဖြစ်လာပြီ။ နောက်တခုုက

    သူကိုု ဝေဖန်တာတွေ၊ ကန် ့ကွက်တာတွေ ပြောင်လုုပ်လာမဲ ့သူတွေကိုု သူရင်ဆိုုင်ရမယ်။ ဒါကိုု သည်းခံတတ်ဖိုု ့။ စိတ်မဆိုုးဖိုု ့လိုုမယ်။ စကားမပြောတာ။ ပြန်ပြီး မဆက်သွယ်တာတွေလုုပ်လိုု ့မရတော့ဘူး။ သဘောထားအမြင်မတူတဲ့သူတွေကိုု စည်းရုုံးရတော့မယ်။

    နေ ့သစ် – ဒေါ်စုု ပါလီမန်ထဲ ကိုုရောက်လာပြီဆိုုတော့ သူက ကြံ့ဖွတ်အမတ်တွေ ကိုု စည်းရုုံးပြီး အခြေခံဥပဒေကုို ပြင်လာနိင်မယ် လိုု ့ယူဆလား။

    မိုုးသီး – ပြောရခက်တယ်။ အခြေခံအားဖြင့် လူတွေဟာ ကိုုယ်ရပ်တည်နေတဲ့ ပါတီအဖွဲ ့အစည်း
    အသင်းအပင်းတွေကိုု Loyalty ရှိကြတယ်။ ကျနော်တုို ့ငယ်ငယ်က ထုုတ်စီးတိုုးတန်း ကစားကြလိုု ့လူခွဲ လုိုက်ရင် တော့ ကိုုယ်ဖက်က အဖွဲ ့ပေါ်မှာ သစာ ရှိကြတာအနစ်နာခံကြတာရှိတယ်။ ဇီဝဗေဒပညာရှင် ပါမောက ရစ်ချပ် ဒန် ခင် ရဲ ့ Selfish Gene ဆိုုတဲ ့စာအုုပ်မှာ လူတွေ ဟာ ကိုုယ်အုုပ်စုု၊ ပါတီ၊ လူမျိုးအပေါ်မှာ အသက်ပါစွန် ့လွတ် ပြီး ကာကွယ်လေ့ရှိကြတဲ့ ဒီဗီဇ ရှိနေတယ် လိုု ့ဆိုုတယ်။

    အမေရိကန် နဲ ့ရစ်ပတ်ဘလစ်ကန် ပါတီမှာ ဒီလိုု ဟိုုဖက်ဒီဖက် ခြံခုုန်သွားတာ၊ တဖက်ပါတီရဲ ့အဆိုုတွေကိုု တဖက်ပါတီက ထောက်ခံတာ တွေဟာ တွေ ့ရခဲလှပါတယ်။

    ရှိတော့ရှိကြပါတယ်။ ဒါကြောင့် ဒေါ်စုုပါလီမန် ထဲမှာ ပြောလိုုက်လိုု ့ ကြံဖွတ်အမတ်တွေက လိုုက်လုုပ်မယ်။ ထောက်ခံလာကြမယ်ဆိုုတာ ကျနော်တော့သိပ်မမြင်သေးဘူးလိုု ့မြင်တယ်။

    ဘာဖြစ်လုို ့လဲဆိုုတော့ သူပြောထားတဲ့ တရားဥပဒေစိုုးမိုုးရေး၊ ငြိမ်းချမ်းရေး နဲ ့အခြေခံဥပဒေပြင်ဆင်ရေး တွေဆိုုတာ ကြံ့ဖွတ်အမတ်တွေ ရဲ ့အကျိုးတူ စီးပွား ကိုု တိုုက်ရိုုက်
    ခြိမ်းခြောက်နေတဲ့ အရာတွေဖြစ်နေတယ်။

    နေ ့သစ် – ဒေါ်စုု နဲ့အရွေးခံအမတ်တွေကိုု ဘာလုုပ်စေချင်လဲ လိုု ့တခွန်း တည်း ပြောဗျာ။

    မိုုးသီး – ရေ လာအောင်၊ မီး ပုုံမှန်ရအောင်၊ ကျမာရေး စောင့်ရှောက်မှုတွေရအောင်၊ တယ်လီဖုုန်းတွေဈေးကျအောင်လုုပ် စေချင်တယ်။ ကြိုးပန်းစေချင်တယ်။ အလွယ်ဆုုံး ဟာတွေက နေ စတင် လှုပ်ရှားဖိုု ့ကျနော်တိုုက်တွန်းခြင်တယ်။ ဒီအာဂျင်ဒါတွေက ကြံ့ဖွတ်တွေပါ စိတ်လှုပ်ရှားလာပါလိ့မယ်။

    နေ ့သစ်- အစိုုးရဖက်ကရော ဘယ်လိုု ့ခြေလှမ်းတွေပြင်လာနိင်မလဲ။

    မိုုးသီး – အစိုုးရဖက်ကတော့ ဒေါ်စုုရဲ ့ပါဝါ ကြီးထွားမလာအောင် ခြုံ ပြစ် ( Minimize ) လုုပ်မှာပဲ။
    ဒါကလဲလွယ်ပါတယ်။ စီးပွားရေး မှာပြုပြင်ပြောင်းလဲလာမယ်ဗျာ။ အခြေခံလုိုအပ်ချက်တွေကိုု
    အောက်ခြေလဘ်စားမှုတွေကိုုနှိမ်နင်းမယ်။ တစုုံတရာပွင့်လင်းလွတ်လပ်မှုတွေပေးလာတာနဲ ့
    အစိုုးရက လူထုု ထောက်ခံမှု တဖြေးဖြေးတက်လာနိင်တယ်။ တိုုင်းရင်းသားတွေနဲ ့ အပြစ်ရပ်မယ်။ ၂၀၁၅ အတွက် ပြင်ဆင်ပြီးသား
    ဖြစ်လာမယ်။ ထောက်ခံမှုတွေရလာနိင်တယ်။

    ဒေါ်စုု နဲ့ ၈၈ တွေကိုု အရင် က ဖမ်းတယ် နိပ်ကွက်တယ်။ ဒီတော့သူရဲ ကောင်းတွေဖြစ် လာ တယ်။ အခုုဟာ မဖမ်းတော့ ဘူးဆိုုတာ့ သူရဲ ကောင်း ဖြစ်ဖိုု ့က ကိုုယ်ဖါသာကိုုယ်ဆက်လုုပ်ကြရမယ်။ လုုပ်ကိုင်နိုုင်စွမ်း Capacity က အရေးကြီးလာကြမယ်။
    စီမံခန် ့ခွဲမှု ( Management ) တွေ က စကားပြောလာမယ်။

    နေ ့သစ် – ဆိုုလိုုတာ က

    မိုုးသီး – ဆိုုလိုုတာက ပိုု ပြီး အလုုပ်လုုပ်၊ အရေအသွေး ကိုု ပိုု ပြီး မြှင့်တင်၊ ပိုု ပြီး မဟာမိတ်တွေနဲ ့ပိုု ပြီး ပူးပေါင်းဆောင်ရွက်။
    ပွင့်ပွင့်လင်းလင်းပြောရရင် ဦးသိန်းစိန် က ပိုု ပြီး နာမည်ရနေတယ်။ ပိုု ပြီး အလုုပ်လုုပ်နေတာ
    နားထောင်တာ၊ ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်။ သူတိုု ့ထဲမှာ ပြုပြင်မှုတွေလုုပ်နေကြတယ်။

    ဒီချုပ်နဲ ့ ပတ်သက်လိုု ့လူတွေက ဝေဖန်မှုတွေတဖြေးဖြေး နက်ရှိုင်းလာနေတယ်။ ဦးကျော်ဆန်း လိုုခံစားချက်ဖြစ်သွားတဲ့ လူတွေရှိနေတယ်။ လူသစ်လူဟောင်း ခံစားချက်တွေ ဖြစ်လာနေတယ်။

    အနား ပြာတွေက များ ပြီး အရေအသွေးက ကျဆင်းနေတယ်။ ဒါတွေက အစ ပြင်ရမယ်။

  • ကြောင်ကြီး

    May 2, 2012 at 9:28 am

    ပြောမနေနဲ့ဒေါ့ ပြောမနေနဲ့ဒေါ့… ပြောလို့မှ ရဘဲဟာ.. ပြောလည်း သူလုပ်ချင်ဒါ လုပ်တာပဲ..။ ဂယ်ဒေါ့လည်း မြန်မာ့နိုင်ငံရေးဂို အင်းလျားလမ်းခြံအမှတ် ၅၄ နဲ့ စစ်ရုံးချုပ်တို့က ဖန်တီးနေဒါ ကြာလှပေါ့..။ 🙄 ကျုပ်တို့အတွက်တော့ ဝေဖန်စရာ တယောက်ပိုလာဒယ်လို့ ဝမ်းမြောက်ဝမ်းသာ ယူဆပါဒယ်…။ မတန်မရာလို့ ဆဲဂျင်ဆဲ… နင်ဂျာသိုင်းသမားအတွက် မှောင်ရိပ်ခို တိုက်ခိုက်ရတာ သဘာဝမို့ စက်ကွင်းထဲရောက်လားဒဲ့ ဘယ်သားကောင်မှ မညှာဘူး.. ဖဲ့ရမှာဘဲ…။ 😎

  • sunday mgmg

    May 2, 2012 at 12:07 pm

    ဆဲလိုက်တော့။ဖဲ့လိုက်တော့ဟေ့ကြောင်ကြီး

  • Khin Kha

    May 2, 2012 at 1:43 pm

    အမေကြမ်းကျွံမှာစိုးပါရဲ့———-
    နဝတလက်ထက်က လူထုကခါးသီးမှု့တွေကလွှတ်ချင်တယ်။
    ဒါကြောင့်ထိပ်တိုက်ရင်ဆိုင်ရဲသူတွေကို သူရဲကောင်းသတ်မှတ်ပြီး၊
    ထောက်ခံခဲ့ကြတယ်။ အဲဒီမှာလူထုခေါင်းဆောင်တွေရခဲ့တယ်။
    အခုုစစ်ယူနီဖောင်းချွတ် လွှတ်တော်ခေါင်းပေါင်းတွေနဲ့ လှည့်ကွက်ဆင်အပျော့ဆွဲလုပ်လာပြီး၊
    ပြုပြင်ပြောင်းချင်ပါတယ်ဆိုကြတယ်။အမှန်စိတ်ရင်းပြောင်းသွားကြတာလား၊ ဟန်ဆောင်ပြုံးလား၊
    မသေချာမရေရာတဲ့အချိန်နဲ့အခြေအနေရောက်နေတယ်။
    ဒီအချိန်မှာ ထိပ်တိုက်ရင်ဆိုင်မှု့ပြုရင် ပြုသူအပြစ်ဖြစ်သွားပြီး သူတို့အကွက်ထဲရောက်နိုင်တာမို့
    အမေစုအနေနဲ့ ကိုယ်အင်အားကို လွှတ်တော်ထဲမှာတိုးပွားအောင်လုပ်ရမယ့်လို့ထင်တယ်။
    အိမ်တစ်ခုရဲ့အတွင်းပိုင်းကို ပိုကောင်းအောင်ပြုပြင်ချင်ရင် အိမ်ထဲအရင်ဝင်ကြည့်ပါဆိုတဲ့ စကားရပ်အတိုင်း လွှတ်တော်ထဲအရင်ဝင်ကြည့်၊လွှတ်တော်တက်ရင် မြင်ရပါလိမ့်မယ် ဘာတွေပြင်ရင်ကောင်းမလဲဆိုတာကို။
    အမေ
    သတိတခုတော့ပေးလိုက်ချင်တယ် အိမ်ကအမြင်သာလှပြီးအတွင်းဆွေးနေရင် ကြမ်းကျွံမှာစိုးပါရဲ့။

  • ba gyi

    May 2, 2012 at 2:34 pm

    မိုးသီး၏၊ရင့်ကျက်သောအတွေးအမြင်များအဖြစ် လေးစားလိုက်ရပါသည်။
    စေတနာပါသည်ဟုမြင်ပါသည်၊
    လက်တွေ့ဆန်ပါသည်။

  • zaw min

    May 2, 2012 at 11:29 pm

    လွှတ်တော်ထဲဝင်ရင် ကောင်းကွက်၊ဆိုးကွက်တွေကို ကျနော်ရေးပေးဘူးပါတယ်၊အဲဒီအထဲမှာ ကျမ်းကျိမ်ရနိုင်တယ်လို့ပါပါတယ်၊(ဒီချုပ်ခေါင်းဆောင်တွေရဲ့ ထုံးစံအတိုင်ဖတ်မယ်လို့မထင်ပါဘူး)(ထားပါတော့)။
    မိုးသီးလည်း သူငယ်နာမစင်သေးဘူးထင်တယ်။

  • wim taro

    May 3, 2012 at 6:19 pm

    ဖွားစု လည်း မကောင်းဘူး ! မိုးသီး လည်းအာပလာ၊ အဲဒီကောင် ပါ လွှတ်တော်တက်ချင်နေတာသိသာတယ်။ းP

Leave a Reply