ရွာ့အလှူမြင်ကွင်း တစွန်းတစ

Ma MaMay 2, 20121min54046

ဒီနေ့မနက် ၃း၃ဝ ကတည်းက နိုးနေတယ်။
(နိဗ္ဗာန်ဆော် ဘကြီးပု ရွာထဲကနေ နှိုးဆော်လို့ ထင်တယ်။) 😀

အလှူအတွက် ယူသွားဖို့ လှူဖွယ်ပစ္စည်းတွေ၊
လမ်းမှာ စားဖို့သုံးဖို့ ပစ္စည်းတွေ စုထားလို့
ကားသမားကို မနက် ၅း၃ဝ အိမ်မှာလာခေါ်ဖို့ မှာထားပါတယ်။

စုရပ် ၁ (မြေနီကုန်း ဒဂုံစင်တာ ၂) ကနေ ၆းဝဝ နာရီ စထွက်နိုင်ဖို့ ကြိုခေါ်ထားကာမှ
ကားက ဘီးလဲနေလို့ဆိုပြီး အချိန်မီ ရောက်မလာပါဘူး။

လူအများနဲ့ သွားတဲ့ခရီးလည်း ဖြစ်ပြန်၊
အသွားအပြန်အတွက် အချိန်ကို မှန်းဆပြီး တွက်ထားတာလည်းဖြစ်လု့ိ
အချိန်နောက်ကျမှာကို စိုးရိမ်မိပါတယ်။

အဲဒါကြောင့် ကားကို အိမ်ကစောင့်ပြီး ပစ္စည်းတင်မယ့် အစီအစဉ်ကို ဖျက်ပြီး
အချိန်ကုန်သက်သာအောင် စုရပ် ၁ ကိုပဲ ကားကို တိုက်ရိုက်လာခိုင်းလိုက်ပြီး
ပစ္စည်းတွေကို သယ်သွားပြီး စောင့်ရပါတယ်။

စုရပ် ၁ မှာ လိုက်ပါကြမယ့် ရွာသူားတွေအားလုံး ရောက်နေကြပါပြီ။
ဝီရိယရှိတာ အချိန်ကိုလေးစားတာ ချီးကျူးစရာပါ။

မကြာခင်ပဲ ကားရောက်လာလို့ ဝိုင်းဝန်းလုပ်အားပေးစနစ်နဲ့ ပစ္စည်းတွေ တင်ကြရပါတယ်။

စုရပ်တိုင်းမှာ လိုက်ပါကြမယ့် ရွာသူားတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေအားလုံး
အဆင်သင့်ရောက်နေကြလို့ ခရီးတွင်ခဲ့ရပါတယ်။

မန်းလေးကနေ တကူးတက လိုက်ပါလာကြတဲ့ ကိုပေါက် မဒမ်ပေါက်နဲ့ ဖရဲသီးတို့ကိုလည်းကောင်း၊

နေပြည်တော်ကနေ အထူးစီစဉ်ပြီး လိုက်ပါလာကြတဲ့ ရွာစားကျော်နဲ့ မိသားစုကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ကားစောင့်နေစဉ်မှာပဲ စွယ်တော်ရွက်ဆီက ဖုံးဝင်လာပြီး ရွာသူားအားလုံးကို နှုတ်ဆက်တဲ့အကြောင်း ရွာစားကျော်ကတဆင့် စကားပါးလာပါတယ်။

ခရီးစဉ်ရဲ့ ပထမဦးဆုံး အစီအစဉ်ကတော့ နံနက်စာ အဖြစ် မနိုဗွီရဲ့ ကောက်ညှင်းပေါင်း ကျွေးမွေးခြင်းပဲဖြစ်ပါတယ်။

ကောက်ညှင်းပေါင်းနဲ့ စားဖို့ ငါးရံ့ခြောက်ဖုတ်ယူသွားပေမယ့် အားပေးမယ့်သူမရှိပဲ
အများကြီး ကျန်နေလို့ အပင်ပန်းခံရကျိုး မနပ်ပါဘူး။

သဂျီးဆီက အချိန်မီရောက်လာတဲ့ လက်ဆောင်တွေကို
ပျော်ရွှင်ဖွယ်ရာ ကံစမ်းမဲဖောက်တဲ့ အစီအစဉ်မှာ
ဆမ်ဆောင်းဖုံးဟန်းဆက်ကို နေချားနဲ့
မန်မိုရီစတစ်လေးကိုတော့ ရွှေတိုက်စိုးတို့ နှစ်ဦးက ကံထူးသွားပါတယ်။

အခုအလှူခရီးမှာ လိုက်ပါလာကြတဲ့ ရွာသူားတွေတစ်ဦးချင်း ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့ အစီအစဉ်လေးကလည်း ကြည်နူးပျော်ရွှင်စရာ အမှတ်တရလေး တစ်ခုပါ။

ကားမှာပါလာတဲ့ Disc Player က လမ်းမကောင်း၊ ကားက ခုန်လို့
ကာရာအိုကေနဲ့ သီချင်းဆိုလို့ မရပေမယ့် …..
အသံကောင်း ရုပ်ချော ရွာသူားများရဲ့ ပင်ကိုယ်အသံနဲ့တင် ကားတစ်စီးလုံး မိုက်မလိုပဲ အဆင်ပြေပါတယ်။ :mrgreen:

ဘယ်သူယူလာမှန်းမသိတဲ့ ဂစ်တာတောင် ကြိုးတောင် ပြတ်ရတဲ့ အဖြစ်ပါ။

ပန်းတနော်ကို မနက် ၈း၃ဝ လောက်မှာ ရောက်ပြီး
တံတားဦးကျောင်းတိုက်မှာ နံနက်စာ ပန်းတနော် မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်ကို သုံးဆောင်ကြပါတယ်။

ပန်းတနော်မြို့ရဲ့ ထူးခြားတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ တောင်ကုန်းလေးပုံစံဖြစ်ပြီး လှေကားနဲ့ တက်လို့ရတဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကိုလည်း ရောက်ခဲ့ကြပါသေးတယ်။

အဲဒီနောက် အစုကြီးကျေးရွာကို ဆက်လက် ချီတက်ကြပါတယ်။

ရွာသူားတွေ စုပေါင်းသွားကြမယ့် အလှူမှာ ကားစီစဉ်တဲ့အခါ
ကျေးလက်လမ်းမို့ ကားအရမ်းကြီးရင် သွားလို့မရမှာ စိုးတာရယ်၊
ကား၂စီးခွဲသွားရင်လည်း စုစုစည်းစည်း မရှိလို့ ပျော်စရာမကောင်းမှာကိုလည်းစိုးရိမ်တာအပြင်
လူ ၃၀-၄ဝ လောက်ပဲ လိုက်နိုင်မယ် ထင်တာတွေကြောင့် ….
လူ ၅ဝ စီး ကားကိုပဲ ငှားလိုက်ပါတယ်။

မထင်မှတ်လောက်အောင် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် လိုက်ပါအားပေးကြတဲ့အတွက် ကျေးဇူးလည်းတင် ဝမ်းလည်းသာမိပါတယ်။

ထိုင်ခုံနေရာ မလုံလောက်ပေမယ့် ပင်ပန်းတယ်လို့ သဘောမထားပဲ မတ်တပ်ရပ်စီးပြီး လိုက်ပါခဲ့ကြသူတွေကိုလည်း အားနာပါတယ်။ တောင်းလည်း တောင်းပန်ပါတယ်။

အစုကြီးကို သွားနေတဲ့ လမ်းမှာ အလှူလာဖို့ အလုပ်နဲ့တိုက်ဆိုင်နေလို့ မလာနိုင်တဲ့
ငပွကြီက အခုမှ အလုပ်ပြီးသွားလို့ ပုသိမ်ကလာရင် ၂ နာရီ ကျော်လောက်ကြာမှာမို့
မမှီနိုင်လောက်တော့ဘူးဆိုပြီး ဖုံးဆက်လာပါတယ်။

ဦးဖောဆီကလည်း ဖုံးဝင်လာပြီး အလှူငွေ ၁ သိန်း ထည့်ဝင်လှူဒါန်းမယ့်အကြောင်း ပြောလာပါတယ်။

လိုင်းမကောင်းလို့ ဖုံးကျသွားတာမို့ ကားပေါ်ပါလာတဲ့ ရွာသူားတွေနဲ့ စကားပြောဖို့
ဦးဖောက ၂ခါ ၃ခါ ကြိုးစားဆက်သွယ် ရတာပါ။

မြတောင်ဆရာတော်၊ တံတားဦးဆရာတော်၊ မြတောင် တိုက်အုပ်ဆရာတော်များနဲ့
ဒေသခံ ရွာသူရွာသားတွေဟာ ဆေးရုံရှေ့ကနေ
လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ဆီးကြိုနေကြပါတယ်။

ကားပေါ်မှာ ပါလာတဲ့ လှူဖွယ်ပစ္စည်းတွေကို (တစ်ဦးချင်း ယူလာတာတွေလည်း ရှိပါတယ်။) အလှူပွဲလုပ်မယ့် ဧည့်ခန်းဆောင်မှာ စုပေါင်းထားပြီး
ဒေသခံ ရွာသူရွာသားတွေက ဧည့်ခံကျွေးမွေးတဲ့ တောသွားရည်စာတွေကိုစားပြီး ခဏ နားကြရပါတယ်။

ကိုယ့်ရွာ ကိုယ့်ဒေသ ကောင်းကျိုးအတွက် လာရောက်လှူဒါန်းကြတဲ့ အလှူရှင်တွေကို မနက်စာ ထမင်းဟင်းတွေနဲ့ အလှည့်ကျတဲ့ရွာက တာဝန်ယူပြီး ချက်ပြုတ်ကျွေးမွေး ဧည့်ခံကြပါတယ်။

လူမှုရေး ပရဟိတ လုပ်ငန်းတွေမှာ မူစလင်ဘာသာ၊ ခရစ်ယာန်ဘာသာများရဲ့ လုပ်ဆောင်နေကြတာတွေကို အားကျအတုယူပြီး ဗုဒ္ဓဘာသာဝင်တွေလည်း လုပ်သင့်တယ်ဆိုတဲ့
သီတဂူဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒကို လိုက်နာပြီး….

မြတောင်ဆရာတော်များက လူမျိုးဘာသာမရွေး အကျိုးပြုမယ့် ဆေးရုံဖွင့်လှစ်ဖို့
မတည်ငွေ မရှိပဲ မူးစု ပဲစုနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။

အခုလို လူမျိုးဘာသာမရွေး ကျန်းမာရေးအတွက် အားကိုးအားထားပြုရမယ့်
ပရဟိတလုပ်ငန်းဖြစ်တဲ့ သီတဂူသုမေဓာ ဆေးရုံအတွက် အားတက်သရော လာရောက်လှူဒါန်းကြတဲ့ မန္တလေးဂေဇက်အလှူရှင်များကို ကျေးဇူးတင်ကြောင်းပြောကြားပြီး အလှူရှင်ဂုဏ်ပြုလွှာကို ပေးအပ်ခဲ့ပါတယ်။

အလှူငွေအားလုံးစုပေါင်းလိုက်တဲ့အခါ သိန်း ၅ဝ ရပြီး အစွန်းထွက် အနည်းငယ်ပိုနေတာကိုတော့ အလှူလက်ခံ မှတ်တမ်းမှာ မရေးတော့ပဲ ဆရာတော်ကို သီးသန့်လှူဒါန်းခဲ့ပါတယ်။

(အလှူငွေစာရင်း ရှင်းတမ်းကို ဆူးက သီးသန့် တင်ပေးဦးမှာ ဖြစ်ပါတယ်။)

နှစ်ယောက်တည်း တကုပ်ကုပ်နဲ့ ဘာအလုပ်ရှုပ်နေပါလိမ့်လို့ ကြည့်မိတော့ ဆရာထက်နဲ့ ကမ်းကြီးတို့က စာစောင်မှာထည့်ဖို့ အလှူသတင်းရေးတာ ဖြစ်နေပါတယ်။

အစုကြီး သီတဂူသုမေဓာဆေးရုံက အပြန်လမ်းမှာ မိုးဖွဲဖွဲလေးရွာလို့ အပူမပြင်းပဲ အေးချမ်းသွားရတာကလည်း အမှတ်တရပါပဲ။

ပန်းတနော်မြို့ထဲဝင်ပြီး ဒေသထွက် ပန်းတနော်ဖျာတွေ အမှတ်တရ ဝင်ဝယ်ကြပါသေးတယ်။

အလှူမတိုင်ခင်ကတည်းက အလှူရက်မှာ ဖုံးဆက်ဖို့ ပြောထားတဲ့ မအေး (aye.kk) ကိုလည်း ဖုံးလိုင်းအခက်အခဲကြောင့် အပြန်လမ်းကျမှပဲ စကားပြောခွင့်ရခဲ့ပါတော့တယ်။

ရန်ကုန်လှိုင်သာယာကို ညနေ ၅း၁၅ လောက်မှာ ရောက်ပြီး Once More စားသောက်ဆိုင်မှာ ညစာအဖြစ် ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်နဲ့ အအေးများကို မေလ (၃) ရက်နေ့မှာ ကျရောက်မယ့် အမေ့မွေးနေ့ကို ရည်မှန်းပြီး ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

စားသောက်နေကြတုန်း ဘာလိုသေးသလဲ လိုက်ကြည့်ပြီး
အအေးလိုသေးသလားမေးတော့ မလိုတော့ဘူးလို့ ဝိုင်းဖြေကြတဲ့
နယ်စည်းမခြားအဖွဲ့သားများကို သူတို့လိုတာက တမျိုးလို့ ပြောပြီး မသိချင်ဟန်ဆောင်ခဲ့ပါတယ်။ 😀

ညနေ ၆ နာရီလောက်မှာ စားသောက်ဆိုင်က ထွက်ပြီး လာလမ်းအတိုင်း မောင်းနှင်လို့ နေရပ်အသီးသီးကို ပြန်လာခဲ့ကြပါတော့တယ်။

ပျော်ရွှင်ကြည်နူးဖွယ်ရာ ရွာအလှူရဲ့ ပုံရိပ်များကိုတော့ ရွာ့ဒါ့ပုံဆြာကြီး ဆြာလေးများဆီက မျှော်လင့်နေပါတယ်။

ဒီအလှူကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ ပြီးမြောက်အာင်မြင်အောင် ……..

လူအား (ကိုယ်တိုင်လိုက်ပါကြသူများ၊ ဝိုင်းဝန်းကူညီကြသူများ)

ငွေအား (အလှူငွေထည့်ဝင်လှူဒါန်းကြသူများ)

စိတ်အား (အလှူအတွက် အားတက်သရော အချိန်တဲ့ တပြေးညီ သတင်းပေးကြသူများ၊ နှိုးဆော်ကြသူများ)

တို့ဖြင့် အားပေးကူညီကြသူအပေါင်းတို့ကို ……
ကျေးးးးးးးးးးး ဇူးးးးးးးးးးး အထူးတင်ရှိပါကြောင်းးးးးးးးး
🙂 🙂 🙂 🙂 🙂

(အလှူမြင်ကွင်း တစွန်းတစကို ဓာတ်ပုံတင်နိုင်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မရတာနဲ့ လက်လျှော့လိုက်ရပါတယ်။)

46 comments

  • ကိုရင်မောင်

    May 2, 2012 at 8:11 am

    ကားပေါ်မှာဂစ်တာကြိုးတောင်ပြတ်ရတယ်လို့ဟေဟေ့
    ကိုလူဆိုးတို့အဖွဲ့ တော်တော်ပျော်ဘို့ကောင်းလိုက်မဲ့ဖြစ်ခြင်း
    မနာလိုတောင်ဖစ်လာပြီ…
    ခုလိုပျော်ပျော်ရွင်ရွင်ခင်ခင်မင်မင်အလှူတော်ခရီးကိုဖတ်ရတိုင်း
    ကြည်နူးမိပါတယ်..
    ကျေးဇူးတင်ပါတယ်..မမရေ။။

    • MaMa

      May 3, 2012 at 8:33 pm

      မလိုက်နိုင်တဲ့သူတွေ မပြောနဲ့ ကားရှေ့ပိုင်းက လိုက်ရတာတောင် မနာလို ဖြစ်စရာကောင်းလောက်အောင်ပါပဲ ကိုရင်မောင်ရယ်။ 🙁

  • marblecommet

    May 2, 2012 at 8:29 am

    အန်တီမမရေ့
    ပို့(စ်)တစ်ခု တက်လာတိုင်း
    ဒ့ါပုံလေးများမြင်ရမလားလို့
    မျှော်မိတာ အမောဗျာ
    ဒါပေမဲ့
    ပို့(စ်)အဖြစ် ဖတ်ရတော့လည်း
    နည်းလားဗျာ….ခရီးစဉ်အကြောင်း
    ပြန်တွေးရင်း ကြည်နူးမိပါတယ်

  • weiwei

    May 2, 2012 at 8:42 am

    တစ်လခွဲလောက်အချိန်ယူပြင်ဆင်ထားခဲ့တဲ့ အလှူတစ်ခု အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့အတွက် အရမ်းဝမ်းသာကျေနပ်နေမိတယ် …
    နောက်အကြိမ်တွေအတွက်လဲ အခုလို တကယ်လိုအပ်တဲ့နေရာနဲ့ တကယ်ဦးဆောင်နိုင်မယ့်သူများရှိခဲ့ရင် ပါဝင်ချင်ပါသေးတယ် …

  • ကြောင်ကြီး

    May 2, 2012 at 8:47 am

    ပန်းတနော်
    မန်းပျော်ဒဲ့အလှူ
    စွမ်းသနော်ကွဲ့ဇမ္ဗူ
    လှမ်းတော်လှဲ့တမူ
    နမ်းခေါ်မယ့်သူ..။ 😉

    • Gipsy

      May 3, 2012 at 11:48 am

      ပန်းတနော်
      လှမ်းခေါ်လိုက်ပေမဲ့
      ဟောဒီ ကျနော်
      ငမိုက်သားဟာဖြင့်
      ရေစက်မပါ
      အဖြစ်ရယ်ကြောင့်
      အမယ်လေး နော်
      တရသည် ဖြစ်ခြင်း….။

  • Foreign Resident

    May 2, 2012 at 8:51 am

    ” ဦးဖောဆီကလည်း ဖုံးဝင်လာပြီး အလှူငွေ ၁ သိန်း
    ထည့်ဝင်လှူဒါန်းမယ့်အကြောင်း ပြောလာပါတယ်။
    လိုင်းမကောင်းလို့ ဖုံးကျသွားတာမို့ ကားပေါ်ပါလာတဲ့ ရွာသူားတွေနဲ့ စကားပြောဖို့
    ဦးဖောက ၂ခါ ၃ခါ ကြိုးစားဆက်သွယ် ရတာပါ ”

    မမ ရဲ့ အမှန်က အလှူနေ့ ကိုယ်တိုင် လိုက်နိုင်မလားလို့ ၊
    ကိုယ်တိုင်ပဲ အလှူငွေ ပေးမလို့ ( Surprise ပေါ့ ) ၊
    အဘ က ကြိတ်ပြီး ကြံစည်နေတာကွဲ့ ။

    ဒါပေမယ့် ၊ အကြောင်းကြောင်း သော အကြောင်းကြောင်း တွေကြောင့် ၊
    အချိန်မှီ မြန်မာပြည်ပြန် မရောက်နိုင်တဲ့ အတွက် ၊
    နောက်ဆုံး မိနစ်မှ အလှူငွေ စာရင်းမှာ ထည့်ဝင်လိုက်ရတာကို ၊
    ခွင့်လွှတ်ပေးပါကွယ် ။

    အလှူငွေကို မေ လလည်မှာ လာပေးပါ့မယ် ။

    သာဓု ၊ သာဓု ၊ သာဓု နော် ။

  • ရောင်ခြည်ခ

    May 2, 2012 at 8:53 am

    အလှူအကြောင်းဖတ်ရတော့ ပီတိဖြစ်မိပါတယ်၊ နောက်လည်း အခုလို စုပေါင်းအလှူလေးတွေ များများ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ကုသိုလ်အတွက် သာဓု၊ သာဓု၊ သာဓုခေါ်ပါတယ်နော်…

  • Ma Ei

    May 2, 2012 at 8:59 am

    မမ ရေ…
    ရွာအလှူ ခရီးစဉ်ကို စာဖတ်ရတာနဲ့တင် ပျော်ရွှင်ကြည်နူးမိပါတယ်…
    အမေရဲ့မွေးနေ့အလှူအတွက်လဲ ကျန်းမာပါစေကြောင်းဆုတောင်းပေးပါတယ်…
    အလှူဖြစ်မြောက်အောင် ဦးစီးဆောင်ရွက်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်…
    နောက်အလှူများကိုလဲ လှူခွင့်ရချင်ပါသေးတယ်…

  • Novy

    May 2, 2012 at 8:59 am

    မမ တို့ ဆူးတို့ ရဲ့ အစီအစဉ် ကောင်းတွေကြောင့်
    လိုလေသေးမရှိ အစဉ်ပြေချောမွေစွာနဲ့
    အလှူတစ်ခု အောင်မြင်စွာပြီးမြောက် သွားပါကြောင်း
    မလိုက်ပါနိုင်သူများလဲ သာဓုခေါ်နိုင်ပါစေလို့

  • Shwe Tike Soe

    May 2, 2012 at 9:00 am

    အန်တီမမ အဲဒါ တားတား ဂစ်တာပါ… ရုပ်ချော အသံကောင်းရွာသားလေးတွေတဲ့ ခိခိခိ အန်တီမမ အမှန်တွေလျှောက်မပြောနဲ.လေ….
    ဂစ်တာကြိုး အပို နှစ်ကြိုးပါလာပေမယ့် လဲမလောက်ဖြစ်သွားပြီး ပန်းတနော်ရောက်မှာ ကိုနေးချားက လိုသလောက် ဂစ်တာကြိုးကို မြို.ခံ အကူအညီနဲ. ခက်ခက်ခဲခဲသွားဝယ်လာပေးတဲ့အတွက် ကျွန်တော်တို. ဆက်ဟဲ လို.ရတာပေါ့ ကိုနေချားကို ကျေးဇူးတင်ပါတယ်ဗျာ…
    အခုလို. အလှူကို ပျော်ပျော်ပါးပါး ပြည့်ပြည့်စုံစုံ အပူချိန်များတဲ့အထဲက ပျော်ပျော်ရွှင်ရွှင် ချွေးတလုံးလုံးနဲ. ပါဝင်ဆင်နွှဲရတာ အရမ်းကို ပီတိဖြစ်မိပါတယ်…. ညနေပိုင်းကြတော့လဲ မိုးလေး အုံအုံလေးနဲ. အေးအေးချမ်းချမ်းပြန်လာခဲ့ရတာ ပါပဲ…

    ကဲ ရွာသူ၊ရွာသားတို.ရေ နောက်အလှူအတွက် ပြင်ဆင်ကြအုံးစို.လားဗျို……………………………. 😀

  • FattyCat

    May 2, 2012 at 9:12 am

    ခရီးလမ်းတစ်ခုလုံး အဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးသူ
    သမုဒ္ဓရာဝမ်းတစ်ထွာစီပါကြသောသူများကို ပြည့်တင်းနေအောင်ဖန်တီးပေးသူ…
    အလှူအတွက် အပင်ပန်းခံကြိုးစားဆောင်ရွက်သူများနဲ့ လူအားငွေအားဖြည့်တင်းသူများအားလုံးကို
    နောက်တစ်ခါတွက် ငွေအား၊ လူအားပါဝင်ဖို့ကြိုးစားနေပါတယ်လို့….

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    May 2, 2012 at 9:13 am

    မမရေ-
    အခုထိတက်သမျှ ပိုစ့်တွေကွန်မင့်တွေဖတ်ရတာနဲ့တင် ရင်ထဲမှာ ပျော်လာပါတယ်။
    မမတို့ရဲ့ ဦးဆောင်နိုင်မှု့နဲ့ စေ့စပ်သေချာမှု့တွေကို လေးလေးစားစားချီးကျူးပါတယ်။
    ကိုယ်ထင်ထားတာထက်ပိုတဲ့ အလှူခရီးစဉ်ပါပဲလို့ မှတ်ချက်ပြုလိုက်ပါတယ်ဗျာ…။

  • Onyx

    May 2, 2012 at 9:21 am

    နောက်အလှူမှာ အနော်လဲ လိုက်ချင်တယ် …..
    အခုတော့ အခရီးစဉ်ကို ကိုယ်တိုင် မလိုက်ရပေမဲ့
    အရမ်းကို ဝမ်းမြောက်ပီတိ ဖြစ်ပြီး (သာဓု)၃ ကြိမ်ခေါ် သွားပါတယ် ခင်ဗျာ။

  • Tin Tin

    May 2, 2012 at 9:34 am

    မမရေ…
    အလှူခရီးစဉ်တလျှောက်ကို အသေးစိတ်လေးပြောပြပေးထားတာ ကိုယ်တိုင်လိုက်ပါသလိုပဲ
    ပျော်ရွှင်ကြည်နူးရပါတယ်.. အလှူကြီးတခုပြီးမြောက်အောင်မြင်ဘို့အတွက် အစစအရာရာ
    စီစဉ်ဆောင်ရွက်ကြရတဲ့ မမ နှင့်တကွ အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ်…
    နောက်ထပ်အလှူအတွက်လည်း ပါဝင်နိုင်အောင်ကြိုးစားနေပါတယ်လို့……

  • kyeemite

    May 2, 2012 at 9:45 am

    အလှူခရီးသွားသတင်းလေးဖတ်ပြီးကြည်နူးမိပါတယ်…
    မလိုက်နိုင်ခဲ့ပေမဲ့ စိတ်နဲ့မှန်းပြီးလိုက်ခဲ့ပါတယ်…
    ရွာသူ ရွာသားများအားလုံးစုပေါင်းအလှူတော်ကြီးအတွက်
    သာဓုခေါ်ပါတယ်..သာဓု ၊ သာဓု ၊ သာဓု နော် ။
    အားလုံးကိုခင်တဲ့..
    ကြီးမိုက်။

  • Thel Nu Aye

    May 2, 2012 at 10:04 am

    ဒီလိုအလှုကြီးအောင်မြင်မှု့အတွက်ဂုဏ်ယူပါတယ်။အင်မတန်တာဝန်ကြီးပြီးအတိုက်အခိုက်တွေကြားက
    အောင်မြင်မှု့ကို သက်သေပြနိုင်ခဲ့ တဲ့အတွက် ချီးကျူးပါတယ်။ နောင်အကြိမ်တွေမှာလဲဒီ့ထက်မကလှုနိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

  • Khaing Khaing

    May 2, 2012 at 10:22 am

    မမရေ …… မုန့်ဟင်းခါးက အတော်ကောင်းတယ်လို့ သတင်းကြားပါတယ် ……. ကိုကမ်းကြီးပြောသလို ဒ့ါပုံလေးတွေလည်းမျှော်လင့်မိနေပါတယ် အခုလို အလှူကို အောင်မြင်စွာ လုပ်ပေးနိုင်ခဲ့လို့လဲ အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ် ……… အမေကတစ်ခုပြောဖူးပါတယ် “အလှူတစ်ခုကိုလုပ်ရင် ကိုယ်တိုင်မလှူနိုင်ပေမယ့် သူများလှူအောင် တိုက်တွန်းပေးရင်လည်း ကုသိုလ်ရပါတယ်တဲ့” အခုဆို မမတို့က ကိုယ်တိုင်လည်းလှူနိုင်သလို အများလှူနိုင်အောင် ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ကုသိုလ်တွေ ရခဲ့ပါတယ် …….. ရွာသူရွာသားတွေအားလုံးကလဲ ပျော်ရွှင်ကြည်နူးသံကို ကြားနေရပါတယ် …. ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ

    • Mလုလင်

      May 2, 2012 at 10:28 am

      မုန့်ဟင်းခါး ကတော့ရှယ်ပဲဗျို ့ …. မုန့်ဟင်းခါး နှစ်ပွဲ စားလိုက်တာ .. ထမင်းတောင် … မစားနိုင်ဘူးရယ်။ … 🙂

      • နွယ်ပင်

        May 2, 2012 at 10:54 am

        ဟုတ်လား ဒါဆို ထမင်းစားတော့ စားပွဲဝိုင်းမှာထိုင်နေတာ
        ကိုလုလင်ကြီး မဟုတ်ဘူးပေါ့ နွယ်ပင် အမြင်မှားတာနေမှာ …… 😛

        • Mလုလင်

          May 2, 2012 at 11:10 am

          ထိုင်တော့ ထိုင်တာ ပေါ့လေ …. ဟဲဟဲ ..

  • blackchaw

    May 2, 2012 at 10:46 am

    ပျော်စရာကောင်းတဲ့ အလှူပွဲတစ်ခုဖြစ်ခဲ့ပါတယ်လို့
    ကိုယ်တိုင်ကိုယ်ကျ လိုက်ပါသွားသူတချို့ထံမှ ပြန်ကြားရပါတယ် မမရေ။
    မုဒိတာလည်း ပွားမိပါတယ်။
    သာဓုသာဓုသာဓု ပါဗျာ။
    ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းသွားပါတယ်။
    ခင်တဲ့
    ဘလက်ချော။

  • char too lan

    May 2, 2012 at 10:54 am

    အဲ့နှစ်ခုက နီးသွားတော့ ထမင်းမစားနိုင်တော့ အမှန်ပဲ နှစ်ခုစလုံးကလဲ ရှယ်ပဲ 😀
    အဆင်ပြေချောမွေ ့အောင် ထိန်းသိမ်းစီစဉ်ဆောင်ရွက်ပေးသူ အားလုံး အားလုံး အားလုံး ကိုကျေးဇူးအများကြီးတင်ပါတယ် …. ။

    • ဆူး

      May 2, 2012 at 11:09 am

      ချာတူး နေကြစေ့တွေ အပိုင်စီးဖို့ ကြံတာ လု မိသွားလို့ ပြန်ထားခဲ့တယ်။

    • သူရဇော်

      May 2, 2012 at 12:17 pm

      ချာတူးလန် မုန့်ဟင်းခါး ဘယ်နှစ်ပွဲစားတယ်ဆိုတာ Record ရှိတယ်နော်…… ထမင်းလဲ ထပ်စားတာပါပဲ အချိုပွဲလေးကလဲ ပူတင်းလေးက ကောင်း ကောင်း ကောင်းနဲ့ခွိခွိ…….. ဟီးဟီး
      ချာတူးရေ ဒါ့ပုံလေးမျှော်နေမိပါတယ်………
      ခင်မင်စွာဖြင့်
      သူရဇော်
      အတူအပဆင်တူးရိုးမှားအထူးသတိပြု

  • ဆူး

    May 2, 2012 at 11:05 am

    ပန်းတနော် မုန့်ဟင်းခါးကတော့ ပုဇွန်ဆီ ကလေးတွေ ထည့်စားရတာပါပဲ.. တော်တော် အရသာ ရှိတယ်။
    ပန်းတနော် မုန့်ဟင်းခါး လုံးဝ မမေ့တော့ဘူး။
    အလှူအကြောင်း ရေးထားတာ ဖတ်ရတော့ အလှူနေ့ကို ပြန်ရောက်သွားသလိုပဲ..
    ဖတ်ရတာ အရမ်းကို ဝမ်းသာ ပီတိ ဖြစ်မိတယ်။
    အလှူမှာ ပါဝင်ကြတဲ့ သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

  • minn zaw

    May 2, 2012 at 11:15 am

    အရမ်းကို ပျော်စရာကောင်းမှာပဲနော်။ အလှူကို ဦးဆောင်ပေးတဲ့

    မမ ဆူး နဲ့ တတပ်တအား ပါဝင်ကြသူအားလုံးရဲ့ ညီးညွတ်မှု စည်းလုံးမှု ရဲ့ အောင်ပွဲ ပါပဲ။

    စိတ်ဓါတ်ကောင်းကောင်း နဲ့ဦးဆောင် ခဲ့တဲ့ မမ နဲ့ ဆူးကိုလဲ အရမ်းလေးစားပါတယ်။

    ကိုယ်တိုင်မလိုက်နိုင်ပေမယ့် စိတ်ကတော့ အလှူဆီမှာပဲ ရောက်နေတာပါ။

    လိုက်ဖြစ်အောင်မကြိုးစားနိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် လဲ စိတ်တို မိတယ်ဗျာ။

    မနေ့ က မမတို့ ဖုန်းဆက်တော့ ရွာသူားတွေကို နှုတ်ဆက်ဖို့ ကျန်သွားပါတယ်။

    ရွာသူား အားလုံး မင်္ဂလာပါဗျာ။ ကျွန်တော် မင်းဇော် ပါ။

    နောက်တခါအလှူ ဖြစ်တဲ့အခါ ကျွန်တော်လိုက်ဖြစ်အောင်ကြိုးစားပါ့မယ်။

    ရွာသူားများရဲ့ အလှူအောင်မြင်မှု ကို ဝမ်းမြှောက်စွာ သာဓု သာဓု သာဓု ခေါ်ပါတယ်။

    နောက်တခါ အလှူ တစ်ခုလုပ်ဖို့ ကြိုဆိုလျှက်။၊။။

    • jujuma

      May 2, 2012 at 11:56 am

      မနက်စာမုန့်ဟင်းခါး ဒါနနဲ့ ..အပြန်ခရီးမှာ ဝမ်းရေးအတွက် မပူပင်ရအောင် စနစ်တကျ စီစဉ်လှူဒါန်းပေးတဲ့
      အလှူရှင် အန်တီ မမ နဲ့ ဆူး ၊ အမ ဝေဝေ ၊ လေးပေါက် အပါအဝင် လိုက်ပါသူရွာသူရွာသားများ အားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ် …
      နောက်နောင် အလှူများရှိခဲ့ရင်လည်း ယခုကဲ့သို့ ပျော်ရွှင် စည်းရုံးစွာဖြင့် လှူဒါန်းခွင့် ရချင်ပါတယ် ။

      အားလုံး အားလုံး အားလုံး ကလည်း အမှန်တကယ် ဝမ်းသာပီတိဖြစ်ပီး သာဓုခေါ် နိုင်ကြပါစေ ….
      ပန်းတနော် အလှူူ ရေစက်ချ နည်းကလေးအတိုင်းပေါ့ …
      အားလုံး အားလုံး အားလုံး …
      ကြားကြသမျှ ကြားကြသမျှ ကြားကြသမျှ ….
      အမျှ အမျှ အမျှ ယူတော်မူကြပါကုန် …………..

      ( အစုကြီးကျေးရွာ မှ (မျိုးကြီးလေသံဖြင့်) အမျှပေးတဲ့ အဒေါ်ကြီးကို တတိရတယ်ဂျာ ) 😛

    • ဆူး

      May 2, 2012 at 12:07 pm

      ကိုမင်းဇော်ရဲ့ ရေ အလှူကြောင့် မနက်ပိုင်း နေထွက်ချိန် ရာသီဥတု အပူဒဏ်ကို အံတုပြီး ပျော်နိုင်ခဲ့ကြပါတယ်။
      ရေတွေလည်း လုံလောက်ပါတယ်။
      အရမ်းလည်း အဆင်ပြေခဲ့ပါတယ်။

  • htet way

    May 2, 2012 at 12:01 pm

    တကယ်တော့ ကျွန်တော်တို့က လိုက်ပါရုံပါ
    စီစဉ်သူတွေ က တော့ စိတ်မော လူမောဆိုတာ တွေးကြည့်မိပါတယ်။ဆရာမ (မမ)
    ရဲ့ ကြိုးစားမှု ဆူးရဲ့ ကြိုးစားမှုကို လေးစားပါတယ်။
    ခုလို အောင်မြင်မှုဟာ နည်းတဲ့ အောင်မြင်မှုမျိုးမဟုတ်ဘဲကြီးမားတဲ့ အင်အားတစ်ခုပါ
    ကျွန်တော်ကအစုကြီး ရွာသားတွေရဲ့ ရိုးသားမှု ဖေါ်ရွေမှု ကို မှတ်တမ်းတင်သလို ဂေဇက် ရွာသူတွေ
    ရွာသားတွေရဲ့ စည်လုံးညီညွတ်မှုကို လည်း မှတ်တမ်းတင် ဝမ်းမြောက်မိပါကြောင်း။
    ဆရာမ ကျန်းမာပျော်ရွှင် ငြိမ်းချမ်းပါစေ လို့မေတ္တာပို့ပါတယ်။
    ( ဂစ်တာကြိုးပြတ်တာပါသိတဲ့ မမရဲ့ စေ့စပ်မှု၊နောက် ကျွန်တော်နဲ့ ကမ်းကြီး အပြင်မှာ ထိုင်နေတာကို
    ဘာအခက်ခဲရှိသလဲ လို့ လာမေးတဲ့ မမရဲ့ အဖွဲ့ သားတွေအပေါ် ဂရုစိုက်မှုကို မလေးစားဘဲ မနေနိုင်ခဲ့ပါဘူး)

  • nozomi

    May 2, 2012 at 12:46 pm

    နှစ်ယောက်ထက်ပိုပြီး အများနဲ့လုပ်ရတဲ့ ကိစ္စတွေမှာ
    ဦးဆောင်ရတာ စည်းရုံးရတာ ညှိနှိုင်းရတာ အကောင်အထည်ဖော်ရတာ တွေမှာ
    အခက်အခဲ အနဲနဲ့ အများတော့ ရှိပါတယ်
    အခုလို လူ ငွေ အများကြီး နဲ့ ကိစ္စတစ်ခုကို အောင်မြင်အောင် လုပ်ဘို့ဆိုတာတော့ ပိုလို့တောင် ခက်မှာ သေချာပါတယ်
    ခက်တာတွေ ကို လွယ်သွားအောင် စေတနာအပြည့်နဲ့ ဦးစီး ဦးဆောင်ပြုကြသူတွေရော ဦးဆောင်သူတွေနောက် ကျရာတာဝန်ကျေပွန်အောင် ထမ်းရွက်ကြသူတွေကိုရော မန်းလေးဂဇက်ဆိုတာ ဒီလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်တွေ့လုပ်ပြနိုင်တာမို့ ရွာသူ ရွာသား အားလုံးရဲ့ကို်ယ်စား ဝမ်းသာဂုဏ်ယူမိပါတယ် ကျေးဇူးတင်ကြောင်းလဲ ပြောချင်ပါတယ်

    နောက်ထပ် နောက်ထပ် အလှူများစွာကို ပျော်ပျော်ပါးပါး ဆင်နွဲနိုင်ကြပါစေလို့လဲ ဆန္ဒပြုပါတယ်

  • koaung

    May 2, 2012 at 1:29 pm

    ဒီလိုစုစုစည်းစည်းနဲ့ ကောင်းမှူပြူရတာကလဲ အတိုင်းမရှိပီတိဖြစ်ရပါတယ်ဗျာ

  • Phaung Phaung

    May 2, 2012 at 2:44 pm

    သိရတဲ့အတွက်ဝမ်းသာပါတယ်။ပျော်စရာလည်းကောင်းပါတယ်။ သာဓုလည်းခေါ်ပါတယ်။
    ဒါ့ပုံလေးတွေတွေ့ရရင်ပိုကောင်းမယ်။ဒါမှ ရွာသူ/သားတွေကိုမြင်ဖူးသွားတာပေါ့……..ဟိ။

  • ပျော်ရွှင်ခြင်း ကြည်နှုးခြင်း နောက်တစ်ကြိမ်ယခုလိုကြုံဘို့ခက်ခဲခြင်း
    လို့ မှတ်ယူမိပါ၏

  • မဟာရာဇာ အံစာတုံး

    May 2, 2012 at 8:21 pm

    အဲဒါ မမ လို့ ပြောမှပဲ အန်တီ မမကို သိတော့တယ် … 😀
    အလှူမှာ ကိုယ်တိုင်ပါဝင်နိုင်ခဲ့တဲ့ အတွက်
    ဝမ်းသာ ပီတိ ဖြစ်မိပါတယ် …
    အလှူကို လိုအပ်ချက် မရှိရအောင် ဦးစီးဦးဆောင် စီစဉ်ပေးတဲ့ အန်တီမမနဲ့ အန်တီဆူးတို့ကို ကျေးဇူးတင်မိပါကြောင်း …

  • Khin Latt

    May 2, 2012 at 8:29 pm

    မမ ရေ
    ရေးတတ်လိုက်တာ။
    တကဲ့ ကို မြင်ကွင်းကျယ် ရုပ်ရှင် ကြည့်ရသလိုပါဘဲ။
    အကြော်စုံ နဲ့ ပန်းတနော် မုန့်ဟင်းခါး ကို ဘူသူ မှတ်တမ်း တင်လာ မလဲ စောင့်နေရတာ။
    အခုထိ အမြင် ရ တေးဘူး။ အဟင့် အဟင့် 😀

    ဆူးရော၊ မမရော တစ်ခြား ဝိုင်းဝန်းကူညီ သူများရော ကို တကယ်ဘဲ လေးစားစွာ ကျေးဇူးတင်ပါတယ်။
    ဒီပုံတွေ ပြပြီး အဲဒီမှာ လှူလို သူများ ရှိက ထပ် လှူနိုင်ရလေအောင် လက်ဆင့် ကမ်း ပေးပါ့မယ်။ 🙂

    • ရွာစားကျော်

      May 3, 2012 at 12:46 am

      ကျနော် မစားခင် မုန့်ဟင်းခါးဝိုင်းရော၊ နေ့ခင်းစာ ထမင်းဝိုင်းကိုရော မှတ်တမ်းတင်ထားပါတယ်
      နောက်ရက်မှာ အကိုးနက်ရှင် အခြေအနေအရ တင်ပေးပါမယ်..

  • mandalarthu

    May 2, 2012 at 9:56 pm

    မမေ၇
    ပျော်စရာကောင်းတဲ ့အလှူလေးကို သရုပ်ပေါ်အောင် ရေးဖွဲ ့ထားလို ့သိပ်ိကို ကျေးဇူးတင်ပါတယ်။
    လိုက်ခွင့် မရလိုက်ကြတဲ ့လူတွေ အဖို ့ ရှယ်ပေးလို ့ကျေးဇူးပါနော်။

  • ပေစိ

    May 2, 2012 at 10:11 pm

    အားကျလိုက်တာ တို့ကျ သင်္ကြန်ကတည်းက ရွာလုံခြုံရေးကျနေတာ

  • တညင်သား

    May 2, 2012 at 11:45 pm

    ဒီမှာ.. တင်းတယ် .. တင်းတယ် တင်းတယ် ဟေ့…….. လူမသိ သူမသိ တညင်သားတယောက်ထဲ ကြိတ်ခါ …..
    (ဘာမှမဟုတ်ပါဘူး သီချင်းဆိုကြည့်တာပါ)…:)
    ရွာသားတွေကတော့ ဂုဏ်ယူစရာပါ နောက်တခါ အတွက်တောင် စဉ်စားနေပြီ..

  • pooch

    May 3, 2012 at 12:03 am

    မမရေ အထမြောက်အောင်မြင်သွားတဲ့အတွက် ဝမ်းသာတယ်။ ကိုယ်တိုင်မလိုက်နိုင်ပေမဲ့ ဒီလိုမျိုးကြားရတဲ့အတွက် ပီတိဖြစ်ရတယ်။
    သာဓုခေါ်သွားပါတယ်မမရေ ။ 😀

  • sunny123

    May 3, 2012 at 11:29 am

    လေးလေးစားစားနဲ.သာဓုခေါ်သွားပါတယ်…

  • surmi

    May 4, 2012 at 12:45 am

    မေလ(၁)ရက်နေ.ဆိုကတည်းက ကျန်ခဲ.ပြီလို.သိခဲ.ပါတယ် ။
    ကြည်နူးစရာကောင်းလှတဲ.မြင်ကွင်းကိုပုံဖေါ်ကြည်.ရင်း ၊ မလိုက်နိုင်ခဲ.တာကို နှမျောမိပါတယ် ။
    ရွာထဲမှာ အမြဲမရှိတတ်လို. နောက်တခါ အလှုလုပ်ဖြစ်ရင်လဲ တနည်းနည်းနဲ. အကြောင်းကြားပေးပါနော…။
    ဘာဘဲဖြစ်ဖြစ် ကိုယ်တွေ.ချင်နေတဲ. ရွာသူရွာသားတွေကို ဓတ်ပုံထဲမှာတွေ.လိုက်ရလို. ကျေနပ်မိပေမဲ.
    မဆုံဆည်းဖြစ်ခဲ.လို. စိတ်မကောင်းပါဘူး ။

  • MaMa

    May 4, 2012 at 8:25 am

    ဆိုးဝါးလှတဲ့ ကော်နက်ရှင်ကြောင့် ပိုစ့်ကို မနည်းကြိုးစားပြီး တင်ရတယ်။
    ဓာတ်ပုံပါမသွားဘူး။ 🙁

    ကွန်မန့်တွေ ဝင်လာရင် မနည်းကြိုးစားပြီး ဖတ်ရတယ်။
    ပြန်လှန်စာကို မရေးနိုင်ခဲ့ဘူး။ 🙁

    ဒီအလှူမှာ လူကိုယ်တိုင် လိုက်ပါနိုင်ကြသူတွေရော၊
    လူကိုယ်တိုင်မလိုက်နိုင်လို့ စိတ်နဲ့ လိုက်ပါကြသူတွေ စသည်ဖြင့်…
    လူအား စိတ်အား ငွေအားဖြင့် ဝိုင်းဝန်းကြသူအားလုံးတို့ကို ကျေးှဇူးအထူးးးးးးးးးး တင်ပါတယ်။

    ဂေဇက်ရွာသူား အားလုံးတို့ရဲ့ပေါင်းစည်းညီညာမှုကို သက်သေထူလိုက်နိုင်လို့ ဝမ်းသာအားရမိပါတယ်။

    စုပေါင်းညီညာ အောင်ကြောင်းဖြာ ခဲ့ရပါတယ်။
    🙂 🙂 🙂 🙂 🙂

  • MaMa

    May 4, 2012 at 8:27 am

    ဆိုးဝါးလှတဲ့ ကော်နက်ရှင်ကြောင့် ပိုစ့်ကို မနည်းကြိုးစားပြီး တင်ရတယ်။
    ဓာတ်ပုံပါမသွားဘူး။ 🙁

    ကွန်မန့်တွေ ဝင်လာရင် မနည်းကြိုးစားပြီး ဖတ်ရတယ်။
    တစ်ဦးချင်းရဲ့ ကွန်မန့်တွေကို ပြန်လှန်စာ မရေးနိုင်ခဲ့ဘူး။ 🙁

    ဒီအလှူမှာ လူကိုယ်တိုင် လိုက်ပါနိုင်ကြသူတွေရော၊
    လူကိုယ်တိုင်မလိုက်နိုင်လို့ စိတ်နဲ့ လိုက်ပါကြသူတွေ စသည်ဖြင့်…
    လူအား စိတ်အား ငွေအားဖြင့် ဝိုင်းဝန်းကြသူအားလုံးတို့ကို ကျေးှဇူးအထူးးးးးးးးးး တင်ပါတယ်။ 🙂

    ဂေဇက်ရွာသူား အားလုံးတို့ရဲ့ပေါင်းစည်းညီညာမှုကို သက်သေထူလိုက်နိုင်လို့ ဝမ်းသာအားရမိပါတယ်။

    စုပေါင်းညီညာ အောင်ကြောင်းဖြာ ခဲ့ရပါတယ်။
    🙂 🙂 🙂 🙂 🙂

Leave a Reply