မိန်းမလှအမုန်း သွားအကုန်ဆုံး revenge


ရာဟူးသတင်းမှာ ဒီနေ့ဖတ်ရဒဲ့ သတင်းတိုလေးပါ။ အကယ်၍များ သွားနှုတ်ဖို့ရှိဒယ်ဆိုရင် ရည်းစားဟောင်း သွားဆရာဝန်ဆီ မသွားဒါ အကောင်းဆုံး ဖြစ်ပါလိမ့်မည်ဒဲ့။ ပိုလန်လူမျိုး သွားဆရာဝန်မ သူနဲ့ပြတ်စဲသွားတာ ရက်ပိုင်းပဲရှိသေးဒဲ့ ရီးဇားဟောင်းရဲ့ သွားအကုန်လုံးဂို နှုတ်ပစ်လိုက်လို့ ထောင်သုံးနှစ်ကျခံရမည့် စီရင်ချက်နဲ့ ရင်ဆိုင်နေရပါဒယ်။ 👿
ကျမလည်း ဆရာဝန်ကောင်းတဦး ပီသစွာ ကိုယ်ပိုင်ခံစားချက် မပါဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ဂိုမြင်ရလိုက်ချိန်မှာ ‘အဲဒီ့ခွေးမျိုးရဲ့ သွားဒွေအားလုံး နှုတ်ပစ်မယ်ဆိုဒဲ့အတွေး’ ပေါ်ခဲ့ဒယ်လို့ Anna Mackowiak – ၃၄နှစ် က ပြောသည်။ သူတို့ဂျင်း ပြတ်စဲပြီး ရက်ပိုင်းအကြာ Marek Olszewski, ၄၅နှစ်ဟာ ရည်းဇားဟောင်းရဲ့ သွားဆေးခန်းဂို သွားကိုက်တာပြဖို့ ရောက်သွားဂဲ့သည်။ အချစ်ဟောင်းဂလေးဂ သူ့ကိုထုံဆေး အပြင်းစားပေး တံခါးသော့ပိတ်ပြီး သွားများအားလုံးကို တထိုင်ထဲ နှုတ်ပစ်ခဲ့သည်။ 😡
ကျနော် သတိပြန်လည်လာချိန်မှာ သွားတွေမရှိဒေါ့ဘဲ မေးရိုးဂိုလည်း ပတ်တီးစည်းထားလို့ တခုခုဒေါ့ မှားနေပြီဆိုဒါ သိလိုက်တယ်။ ကံဆိုးသူမောင်ရှင် ဆက်ပြောဒါ… ထုံဆေးပေးထားလို့ ပါးစပ်ထဲမှာ ခဏတဖြုတ် ခံစားဂျက်မဲ့နေတယ်၊ ရောဂါပိုးမဝင်အောင် ပတ်တီးစည်းထားတယ်၊ အထူးကုတဦးနဲ့ တွေ့ဖို့လိုအုံးမယ်လို့လည်း ပြောသေးဒယ်။ ကျင့်ဝတ်နဲ့ညီဒဲ့ ဆရာဝန်မလို့ ထင်ထားဂဲ့လို့ သံသယ လုံးဝ မဖြစ်ခဲ့ဘူး။ 😥
ပိုဆိုးဒါ သွားမရှိတော့ဒဲ့ သူ့ရူပကာကြောင့် ရည်းဇားအသစ်ဂလည်း တာတာ့လုပ်သွားပြီ။ သွားအတု တပ်ဖို့ ပိုက်ဆံအမြောက်အမြားလည်း ကုန်အုံးမယ်။ ဆရာဝန်မ Mackowiak ကိုဒေါ့ ဆေးဖက်ဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ စုံစမ်းစစ်ဆေးနေပါဒယ်။ 😎

Dentist pulls out all of her ex-boyfriend’s teeth after split
If you’re planning a trip to the dentist, it might not be the wisest decision to make your appointment with the person with whom you just broke up.
A Polish woman is facing three years in prison after she removed all of her ex-boyfriend’s teeth during dental surgery just days after their breakup.
“I tried to be professional and detach myself from my emotions,” Anna Mackowiak, 34, told the Austrian Times. “But when I saw him lying there I just thought, ‘What a bastard’ and decided to take all his teeth out.”
Marek Olszewski, 45, reportedly showed up at Mackowiak’s dental office complaining of toothache just days after he broke up with her. She then allegedly gave him a “heavy dose” of anesthetic, locked the door and began removing all of his teeth one at a time.
“I knew something was wrong because when I woke up I couldn’t feel any teeth and my jaw was strapped up with bandages,” Olszewski said.
“She told me my mouth was numb and I wouldn’t be able to feel anything for a while and that the bandage was there to protect the gums, but that I would need to see a specialist,” he said.
“I didn’t have any reason to doubt her, I mean I thought she was a professional.”
Adding to his trauma, Olszewski said his new girlfriend has already left him over his now toothless appearance.
“And I’m going to have to pay a fortune on getting indents or something,” he said.
Mackowiak is currently being investigated for medical malpractice.
http://news.yahoo.com/blogs/sideshow/dentist-pulls-her-ex-boyfriend-teeth-split-210829769.html

15 comments

  • windtalker

    May 2, 2012 at 8:32 am

    ဂေဇက်အရှုံး ကြောင်ကုန်းကုန်း
    ပြာသိုလဆိုပုန်း…..

  • ဦးဦးပါလေရာ

    May 2, 2012 at 9:28 am

    ဒါမှ တကယ့် ရယ်မောစရာဟာသပဲ.. 😛
    မနက်စောစော ဖတ်လိုက်ရတာ စိတ်ထဲရွှင်လန်းသွားတယ်။

    ဒါကတော့ သူ(Marek Olszewski)ကိုက ညံ့တာကိုး ….
    ရည်းစားဟောင်းရှိတဲ့အရပ်ဆိုတာ အနားတောင်သီသင့်တာမဟုတ်ဘူး..။
    ဟိုက သွားဆရာဝန်မမို့ သွားပဲနှုတ်လိုက်တာ…
    ခွဲစိတ်ဆရာဝန်မသာဆို အခုလောက်ဆို တော်တော်ယူကြုံးမရ ဖြစ်နေလောက်ပြီ…။

  • Foreign Resident

    May 2, 2012 at 9:37 am

    အင်း ၊ အဲဒီ ဘဲ ကလည်း ပြတ်ပြီးကာစ လေး ကို ၊
    အရင် ရည်းစားဘဝ သံယောဇဉ် နှင့် အားကိုးလို့ ပဲလား ၊
    နောက်ရည်းစား တစ်ယောက် ရှိနေပြီ ဆိုတော့ ခပ်ကျောကျော နှင့်လား ၊
    သွား အကဲစမ်းလိုက်တာ ၊ အခုတော့ ဒုက္ခ ရောက်ပေါ့ ။

    မိန်းမတွေရဲ့ အမုန်းက ( ပညာတတ် ဖြစ်တာတောင်မှ )
    ကြောက်ဖို့ ကောင်းတယ်နော် ။
    သူ့ ဆရာဝန်မ ဆိုတဲ့ ဘဝကြီး တစ်ခုလုံးကို ရင်းရဲတယ်နော် ။

    အင်း ၊ ဒုက္ခ ၊ ဒုက္ခ ၊ အဘ လဲ ဆင်ခြင်မှပါပဲ ။
    တော်ကြာ အိပ်ဆေး တိုက်ပြီး ——–
    အမလေး တွေးတောင် မတွေးရဲပါဘူး ။
    ပန်းသေဆေး ဆိုတာ ကြားဖူး မိသလားလို့ ။
    ဖြေပေးပါအုန်း ၊ ရွာထဲက ဆရာဝန်တွေ ၊ ပညာတတ်တွေ ရဲ့ ။

  • Onyx

    May 2, 2012 at 9:54 am

    ကြောက်စရာ ကြီးပါလား တော်သေးတယ် အနော်တော့ အခုထိ တစ်ယောက်ဆိုတစ်ယောက်ပဲ ထားလို့
    တော်ကြာနေမှ အဘဖေါ ပြောသလို အမလေး ရေးရင်းနဲ့တောင် အသည်းယားတယ်။

    • zarlay

      May 11, 2012 at 12:11 pm

      အဲဒီပြသနာအတွက်ကတော့ မပူရပါဘူး ဘာဖြစ်လို့လဲဆိုတော့ တို့က တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ပိတောက်ခြောက်မှ နောက်တစ်ယောက်လေ

  • kaung kin pyar

    May 2, 2012 at 9:56 am

    ဦးဝင်းဦးရေးတဲ့ မိန်းမလှအမုန်းတော့ ဖတ်ဖူးတယ်…။ ဒီလိုတုံ့ပြန်တာမျိုးတော့ ဟုတ်ဘူး…..။ တစ်ခါတစ်လေ ဒီလိုလေးလုပ်ပေးမှပဲ…။ ဟိုယောကျာင်္းကလဲ သွားအကဲစမ်းတာကိုး….။ သွားအကုန်အနှုတ်ခံတဲ့ထိ ငြိမ်ခံနေတာတော့ အံ့ရောတော်….။

  • kyeemite

    May 2, 2012 at 2:05 pm

    အောင်မငီး..ကြက်သီးတောင်ထတယ်..
    ဟို ဒန်းတစ် ဆိုတဲ့ကားကြည့်ဖူးတယ်
    အဲဒီမှာတော့ဗြောင်းပြန် ယောက်ကျားကသွားဆရာဝန်
    ဖေါက်ပြန်တဲ့ မိန်းမကို နှုတ်ပစ်တာ(သွား)..တော်တော်ရက်စက်ပါ့..
    သတိထားစရာပေါ့ ဆြာကြောင်ကြီးရာ..

  • Tin Tin

    May 2, 2012 at 3:08 pm

    ဖတ်လိုက်ရတာ တော်တော်ရီလိုက်ရတယ်….
    သူ့ခဗျာတော့ သနားစရာနော်.. သူ့အမျိုးသမီးကလည်းတော်တော်စိတ်နာပုံရတယ်..
    ကိုကြောင်ကြီးတို့လည်း သတိထားနော် … ။

  • ငပွကြီး

    May 2, 2012 at 4:31 pm

    တော်သေးတယ်နော်….သွားဆရာဝန်ဖြစ်နေလို့….လိပ်ခေါင်းဖြတ်ပေးတဲ့ ဆရာဝန်ဆိုရင် မတွေးဝံ့စရာဘဲ…
    နီးစပ်ရာအကုန်ဖြတ်ပစ်မှာ….အဟီးးးးးး

  • ba gyi

    May 2, 2012 at 4:52 pm

    မဟာဗျူဟာရော၊နည်းဗျူဟာပါပြောင်မြောက်ပေသော၊သွါးဆရာဝန်မပေတည်း။
    ကတော့ကိုကြောင်ဂျီးလည်းအနှီဘေးမှပြေးလွတ်နိုင်ပါဇေ—-၊
    ရွာသားများလည်း ဟိုသည်မပြတ်၊သွါးတုတပ်ဘေးမှဝေးနိုင်ကြဘာဇေဗျား။
    ကိုကြောင်ဂျီး၏၊သတင်းထူးကါး — လွန်စွာသံဝေဂ ရစရာဖြစ်ပေတော့၏။

  • ဗိုက်ကလေး

    May 4, 2012 at 8:11 pm

    တော်သေးတာပေါ့..
    အဓိကဟာလေး ရန်မရှာသွားတာ

  • TTNU

    May 4, 2012 at 8:52 pm

    ကိုကြီးကြောင်ရေ..
    ရှေးစကားတစ်ခုရှိတယ်လေကွာ။
    မိန်းမရှိခိုးသွားမကျိုး တဲ့။ 😛

  • metallic

    May 5, 2012 at 1:38 am

    ရက်စက်လိုက်တာ
    ကြက်သီးတောင်ထတယ်
    သူတပါးအသားကို နာကျင်အောင်ညှင်းပန်းနှိပ်စက်တာတို့ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းအောင်လုပ်တာတို့ကို ဘာအကြောင်းကြောင့်မှ မလုပ်သင့်ပါဘူး

  • jujuma

    May 11, 2012 at 4:03 pm

    ဟဟ နီနီကိုရဲလို့ ..ဘာတွေဖြစ်တာပါလိမ့် .. 😀 😀 😀

  • မိုးတိမ်

    May 11, 2012 at 6:23 pm

    ဘာဖြစ်လို့များ -ve တွေပြရပါသလဲ။အကုန်လိုက်ပြန် +ve ရတာမောထှာကွာ။

Leave a Reply