မီးမလာ အညာတစ်ခု

OnyxMay 2, 20121min997

မီးမလာ အညာတစ်ခု”

♫♪မီးစက်သံတညံညံပေးတဲ့နေရာလေးတွေ

♫♪ပြေးကာကြည့်ရင်သတိရနေတယ်ကိုဇော်မင်းရေ

♫♪တို့များမှောင်နဲ့မည်းမှာခြင်တွေကိုက်ပါလို့ရယ်♫♪ယပ်တောင်ပိုက်ကာ

♫♪အိုက်စပ်နေရတာတွေလေ♫♪မေ့နိုင်ပါမလားမင်းရဲ့ပိုတဲ့မဂ္ဂါဝပ်မီးတွေ

♫♪အညာကြီးအညာလေးတွင်တွင်ပေး♫♪တို့ဘဝအခြေကကြိမ်းကာမောင်းကာ

♫♪ခြောက်ကာလှန့်ကာအညာတွေပေး♫♪ဆရာသမားရဲ့လှိမ့်လုံးလေးတွေ

♫♪နွေများရောက်ခဲ့ပါရင်လေ♫♪မီးများပြတ်လို့တို့တတွေဒုက္ခရောက်နေ

♫♪မင်းသိပါလေစလေ♫♪
♫♪တို့နိုင်ငံ လွတ်တော်တွင်းက ကိုဇော်မင်းရေ.

♫♪မင်းကတော့ မီးရမှာပါလေ..♫♪
♫♪တောကြားတောင်ကြား နယ်အများ..
တို့များအတွက် မီးကို ဖြတ်လို့လေ..
ခွဲတမ်းနဲ့ နေ နေရပါသလေ..♫♪

မှတ်ချက်။       ။သိပြီးသားဖြစ်ရင်လဲ ဖြစ်မှာပါ အနော့်ရဲ့ တစ်ယောက်သော သူစီကနေရတာပါ

သူ့ကို ခွင့်တောင်းပြီးတော့ MG မှာ တင်မယ်လို့ပြောပြီး ယူထားတာတော့ တော်တော်လေးကြာနေပါပြီ ။ အခုမှ မီးတွေက ခဏခဏလာနေတော့ (ခဏခဏပျက်လို့ ခဏခဏ လာတာပါ) မှ တင်လိုက်ရတာ ဖြစ်ပါကြောင်း…..

7 comments

  • may flowers

    May 2, 2012 at 10:31 am

    အရမ်းကောင်းတဲ့ သီချင်းလေးပါလား…အားပေးသွားတယ်နော်။

  • Onyx

    May 2, 2012 at 10:38 am

    ကျေးဇူးပါ မေရေ အားပေးသွားတဲ့ အတွက်ကို

  • kaung kin pyar

    May 2, 2012 at 10:50 am

    မီးပျက်တာတော့ ပြောမနေပါနဲ့တော့…။ သင်္ကြန်ပြီးကတည်းက ပျက်လိုက်တဲ့မီးတွေ….။ မီးတွေပျက်တော့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ဈေးတက်ကရော…။ သူတို့တွေတက်တော့Transpotation စရိတ်တွေ တက်ကရော။ အဲ့ဒါတွေတက်တော့ ကုန်ဈေးနှုန်းတွေက လိုက်တက်…။ ကုန်ဈေးနှုန်းတွေ တက်တော့………….အင်း……….။

  • Thel Nu Aye

    May 2, 2012 at 11:11 am

    ဒို့ဆီမှာတော့မီးမပျက်ပေမဲ့မီးအားမပြည့်ပါ။ ဘာမှသုံးလို့မရလို့ ပေးကားပေး၏ မရဖြစ်နေပါတယ်။

  • Khin Kha

    May 2, 2012 at 2:51 pm

    လျှပ်စစ်မီးကတော့ ၂၄နာရီလာတာမဟုတ်ဘူး၊၂ရက်၄နာရီလာတာပါ။
    နဂိုကလျှပ်စစ်မီးပျက်တဲ့အချိန်ကများရတဲ့အထဲ ထရန်စမော်ပျက်လို့ဆိုပြီး၊
    မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ရတနာပုံမြို့သစ်၊(စ)ရပ်ကွက်ထဲမှာ ပြည်ကြီးတံခွန်EPC က
    လျှပ်စစ်မီးမပေးနိုင်တာ၊ပေးတဲ့အချိန်အနည်းလေးမှာလဲမီးအားမပြည့်တာ လနဲ့ချီနေပြီ။
    ထရန်စမော်မာလည်းပြင်နေတယ် မကြာမှီကောင်းမယ်တာပြောတယ် လျှပ်စစ်မီးမှန်တာစောင့်ရင်း
    ရပ်ကွက်ထဲ ဗိုက်ကြီးတဲ့သူတွေတောင်ကလေးတွေမွေးပြီးသွားပါရောလား၊
    ဘယ်လောက်ကြာနေလဲတွေးတာကြည့်ပေရော့ကွယ်။

  • ဦးဦးပါလေရာ

    May 2, 2012 at 2:56 pm

    ကောင်းလိုက်တဲ့သီချင်း
    သူ့ကို ငုတ်တုတ်ထိုင်ခိုင်းပြီး လက်ကိုင်အော်လံကြီးနဲ့ကို ဆိုပြချင်လိုက်ပါဘိ…။ 😀 😀 😀

  • Onyx

    May 2, 2012 at 4:57 pm

    ဝင်ရောက်ဖတ်သွားတဲ့သူတိုင်းကိုကျေးဇူးပါ ။ဦးဦးပါလေရာရေ အသံကိုတုံး အမြင့်ဆုံးမှာ ထားပြီးတော့သာ ဟစ်ပစ်လိုက် ။

Leave a Reply