ကမ္ဘာ့ဖလားအုပ်စုအဆင့် အုပ်စု (E)မှ ဂျပန်အသင်းနှင့် ကင်မရွန်းအသင်းတို့ ဇွန်လ ၁၄ရက်နေ့က ဘလွန်းဖောင်တိန်မြို့၊ ဖရီးစတိတ်ကွင်းတွင် ယှဉ်ပြိုင်ကစာသွားခဲ့ရာ ဂျပန်အသင်းက ကင်မရွန်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရကာ အဖိုးတန် အနိုင်သုံးမှတ်ကို ထိုက်တန်စွာ ဆွတ်ခူးသွားနိုင်ခဲ့သည်။

ယင်းပွဲစဉ်တွင် ဂျပန်အသင်းကို ပွဲစကတည်းက ကင်မရွန်းခြေစွမ်းပိုင်းရော ကစားကွက်ပိုင်းပါ အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ဂျပန်အသင်းသည် ကစားကွက်တည်မရဖြစ်ကာ ကင်မရွန်းအသင်း၏ တရစပ်ဖိအားပေးမှုကို ခံစစ်သက်သက်ဖြင့်သာ ကစားနိုင်ခဲ့သည်။ တစ်ချက်တစ်ချက်မှသာ ပြန်လည်ထိုးဖောက်ကစားနိုင်ခဲ့သည်။ ပြန်လည်ထိုးဖောက်တိုက်စစ်ဆင် ကစားတဲ့အခါမှာလည်း ကင်မရွန်းဂိုးသမားနှင့် နောက်တန်းခံစစ်မှူးများမှာ မနည်းကို ဖျက်ထုတ်လိုက်ရသည်။ ပထမပိုင်းပွဲစပြီး ပွဲချိန် ၃၈ မိနစ်တွင်မှ ကင်မရွန်း ကစားသမား အီနို့က ပထမဆုံး ဂိုးသွင်းခွင့် စရခဲ့ပြီး ဂျပန် ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။ နောက်ထပ် တစ်မိနစ် အကြာတွင်ပင် ဂျပန် အသင်းမှ မတ်ဆုအီ ဖြတ်တင်ပေးသည့် ဘောလုံးကို ဟွန်ဒါက ၀င်ပိတ်ရာ ဂိုးထဲ ၀င်သွားခဲ့သဖြင့် ဂျပန်တို့ ဦးဆောင်ဂိုး ရခဲ့သည်။ ဂိုးပေး လိုက်ရသည့် ကင်မရွန်း အသင်းသည် တိုက်စစ်ကို ပိုမို အသားပေး ကစား ခဲ့သော်လည်း အထပ်ထပ်ဆင့်၍ ပိတ်ဆို့သော ဂျပန် ခံစစ်ကို မကျော်နိုင်ဘဲ ပထမပိုင်း ပြီးဆုံး ခဲ့ရသည်။

ဒုတိယပိုင်းတွင် ဂျပန်အသင်း နောက်ကို ပို၍ ဆင်းသွားသဖြင့် ကင်မရွန်းတို့ အခွင့်အရေးများ ပိုမို ရရှိခဲ့သည်။ ၅၄ မိနစ်တွင် ၀ီဘိုက လည်းကောင်း၊ ၅၇ မိနစ်တွင် မိုတင်းက လည်းကောင်း ဂိုးသွင်းရန် ကြိုးစားခဲ့ ကြပြီး ဂိုးပေါက်လွဲချော် ခဲ့ကြသဖြင့် ဂျပန်တို့ သက်သာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း ဂျပန် အသင်းသည် ခံစစ် သက်သက်နီးပါး ကစားသွားခဲ့ပြီး ကင်မရွန်းတို့က ပွဲကို စိုးမို၍ မနားတမ်း တိုက်စစ်ဆင် ခဲ့ပြီး ဂျပန်နောက်တန်း တာဝန်ကျေ ခဲ့သည်ကို တွေ့ရသည်။

၈၆ မိနစ်တွင် ကင်မရွန်း ကစားသမား အမ်ဘီယာ၏ တာဝေးကန်ချက် ဘားထိ ထွက်သွားခဲ့ သဖြင့် နစ်နာခဲ့ရပြန်ပြီး ၂ဂိုးပြတ်အနိုင်ရရှိမယ့် အခွင့်အရေးလက်လွှတ်ဆုံးရှုံးခဲ့ရသည်။  ကင်မရွန်းအသင်းမှာလည်း ချေပဂိုးရရှိနိုင်ရန်အတွက် ဖိအားပေးကစားပေမယ့်လည်း ဂျပန်ဂိုးသမားနှင့် နောက်တန်းခံစစ်မှူးများက အစွမ်းပြကာကွယ်သွားနိုင်ခဲ့သည်။ ထိုပွဲ၏ အနိုင်ရလဒ်ကြောင့် အုပ်စုအတွင်း ဂိုးကွာခြားချက်နှင့် နယ်သာလန်အောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

About khinmintatthu

khinmin tatthu has written 150 post in this Website..