သီတဂူ သုမေဓာ အလှူရှင် များ စာရင်းရှင်းတမ်း

ဆူးMay 2, 20121min38382

သီတဂူ သုမေဓာ ဆေးဝါး ဒါန အလှူရှင်များ စာရင်း
၁ ဦးအောင်ကျော်ငြိမ်း + ဒေါ်စပ်စုမြတ် 820,000
၂ ကိုအောင် (ထိုင်ဝမ်) 200,000
၃ ကိုမိုး နှင့် မိသားစု (အင်္ဂလန်) 200,000
၄ ဂျပန် အဖွဲ့ 108,000
၅ မမ 100,000
၆ nature 100,000
၇ ဒေါ်မွှေးမွှေး (ပန်ထူးသာ သင်္ကန်းတိုက်) 100,000
၈ ကိုစည်သူ (အင်္ဂလန်) 100,000
၉ ယမ်ယမ် ခေါက်ဆွဲ 100,000
၁၀ ဘီယွန်း နှင့် ညို 100,000
၁၁ Hui Chu (USA) 100,000
၁၂ Great luck Company 100,000
၁၃ akswe (အင်္ဂလန်) 100,000
၁၄ ထွေးထွေးစံ (ဂျပန်) 100,000
၁၅ သမီးလေး မေဝတီထွန်း 100,000
၁၆ အဘဖော 100,000
၁၇ ဖားသက်ပြင်း 81,000
၁၈ wei wei 60,000
၁၉ ဆူး 50,000
၂၀ တညင်သား (ကိုရီးယား) 50,000
၂၁ ဒေါ်ခင်ကြိုင် (သန်လျင်) 50,000
၂၂ ဦးဦးပါလေရာ 50,000
၂၃ Gipsy 50,000
၂၄ ရွာသား 50,000
၂၅ အန်ကယ်လေး 50,000
၂၆ ကိုကို 50,000
၂၇ မင်းဇော် 50,000
၂၈ ပဒုမ္မာ 50,000
၂၉ ကိုဇော်မင်း (မလေးရှား) 50,000
၃၀ အောင်မိုး (မန်း) 50,000
၃၁ အောင်ဆုထူးပိုင် (ပင်ရင်း) 50,000
၃၂ ဦးနေဝင်း + ဒေါ်သီရိအောင် 50,000
၃၃ ကိုရဲစည် 50,000
၃၄ လှိုင်ဇာဖြိုး 50,000
၃၅ ရွာစားကျော် 50,000
၃၆ ဦးဦးကျော် (ထိုင်ဝမ်) 40,000
၃၇ big cat 40,000
၃၈ ကိုဇော်လင်းထွေး + မယုယုမော် 30,000
၃၉ မောင်ပေ 30,000
၄၀ အန်ကယ်ကြီး 30,000
၄၁ မအိ 30,000
၄၂ ရွာသား 30,000
၄၃ Etone & AKKO 30,000
၄၄ တိုးမြင့်ဇော် 30,000
၄၅ မသဲနုအေး 30,000
၄၆ ကျော်သိန်းမြင့် ၂၃ 30,000
၄၇ aye.kk (တာချီလိတ်) 30,000
၄၈ မိုးစက် 30,000
၄၉ Novy 30,000
၅၀ ဦးကျော်ညွန့် + ဒေါ်ယဉ်ယဉ်မြင့် 30,000
၅၁ ကိုရင်မောင် 30,000
၅၂ အမတ်မင်း 30,000
၅၃ Pooh 30,000
၅၄ ကြီးမိုက် 30,000
၅၅ ဦးစိန်သော့ 30,000
၅၆ fatty cat 20,000
၅၇ fatty 20,000
၅၈ Big Chef (ကူဝိတ်) 20,000
၅၉ ရှမ်းပြည်တောင်ပိုင်းသား 20,000
၆၀ ကိုကြည်အောင် (ကိုရီးယား) 20,000
၆၁ ကိုလုံးလုံး (ကိုရီးယား) 20,000
၆၂ ရဲမင်းလွင် (ကိုရီးယား) 20,000
၆၃ လာဘ်ပွင့် ရတနာရွှေဆိုင် 20,000
၆၄ NoZoMi 20,000
၆၅ အိကေခိုင် 20,000
၆၆ ငပွကြီး 20,000
၆၇ ပန်ထူးသာ သင်္ကန်းတိုက် ဝန်ထမ်းများ 20,000
၆၈ ကျော်မွန်ခန့် 20,000
၆၉ ရွှေတိုက်စိုး 20,000
၇၀ မန ္တလာသူ 20,000
၇၁ ရောင်ခြည်ခ 20,000
၇၂ ရွှေမင်းသား 20,000
၇၃ အညာတမာ 20,000
၇၄ ကိုပေါက် (မန်း) 16,000
၇၅ မိနှင်းလေး 15,000
၇၆ ကိုရင်အောင် 15,000
၇၇ ဒေါ်နှင်းယုဝင်း 15,000
၇၈ ချစ်ရင်ထူး 10,000
၇၉ စွယ်တော်ရွက် 10,000
၈၀ အံစာတုံး 10,000
၈၁ မှီ 10,000
၈၂ ဘကြီး နှင့် နိုင်ကိုနိုင် 10,000
၈၃ ခင်နွယ်ဝင်း 10,000
၈၄ ဖြူဝါဇော်ဝင်း 10,000
၈၅ ဂျူဂျူမ 10,000
၈၆ ဘလက်ချော 10,000
၈၇ အာဂ + နွယ်ပင် 10,000
၈၈ စုံစုံ 10,000
၈၉ မငြိမ်းငြိမ်းအေး 10,000
၉၀ မောင်သန်းထွဋ်ဦး 10,000
၉၁ ကိုမင်းသူဆွေ(ကူဝိတ်) + မစောစန္ဒာထွေး   10,000
၉၂ ဒေါ်နိုင်နိုင်သိန်း 10,000
၉၃ တင်တင် 10,000
၉၄ ကိုမြင့်ဌေး + မမြင့်မာကြည် 10,000
၉၅ ခိုင်ခိုင် 10,000
၉၆ ရိုစ်မင်း 10,000
၉၇ ဦးဝင်းသိန်း + ဒေါ်လှလှဝင်း (ပန်းလှိုင်အိမ်ယာ)10,000
၉၈ မောင်ကင်း 10,000
၉၉ ပန်ပန် 10,000
၁၀၀ ရွှာစားကျော် 10,000
၁၀၁ water melon 10,000
၁၀၂ မအေးစန္ဒာ 10,000
၁၀၃ မနောဖြူလေး 10,000
၁၀၄ ယဉ်ငြိမ်းနွေ 10,000
၁၀၅ ကမ်းကြီး 10,000
၁၀၆ စာဖတ်သူ 10,000
၁၀၇ lay pai 10,000
၁၀၈ ချာတူးလန် 10,000
၁၀၉ ထွန်းဝင်းလတ် 10,000
၁၁၀ ဒေါ်သန်းသန်းနု 10,000
၁၁၁ ကိုပေါက် 10,000
၁၁၂ ထက်ဝေး 10,000
၁၁၃ ဦးအောင်ကိုဦး 9000
၁၁၄ Cyber mission Group 5,500
၁၁၅ အေးခင်မြတ် 5,000
၁၁၆ သူရဇော် 5,000
၁၁၇ မနန်းနန်းထွေး 5,000
၁၁၈ တက်လမ်း အင်တာနက်ဆိုင် 5,000
၁၁၉ ယုမွန် 3,000
၁၂၀ ကြည်ကြည်ရှိန် 3,000
၁၂၁ ဦးဗထူးအောင် 3,000
၁၂၂ ကိုအောင်ပု 2,500
၁၂၃ မို့မို့ 2,000

စုစုပေါင်း ကျပ် သိန်း ၅ဝ တိတိ ဖြစ်ပါသည်။
ကျပ် သိန်း ၅ဝ တိတိ ကို မြတောင် ဆရာတော် အား ၁.၅.၂၀၁၂ တွင် သီတဂူသုမေဓာ ဆေးရုံကြီး၏ ဆေးဝါးဒါန အလှူတော် အဖြစ် လှူဒါန်းပြီး ဖြစ်ပါသည်။

အထွေထွေ ဘက်စုံသုံး စရိတ် အလှူရှင် များ
တညင်သား 100,000
သူဇာအောင် 50,000
ပဒုမ္မာ 50,000
kyaw thein myint 23 20,000
ko aung 200,000
Sithu 26,000
akswe 1,275
ma yu 7,500

အလှူအတွက် အသုံးစရိတ်
ယပ်စာရိုက် 18,500
ဂုဏ်ပြုလွှာ 6,000
ကားငှားခ 230,000
ဆပ်ပြာ 21,900
ကော်ဖီကွေကာ 27,350
အအေး 25,800
စနိုးတာဝါ 6,000
စာအုပ် 45,000
သင်္ကန်း 50,000

အလှူ အတွက် အခြား လှူရှင်များမှာ..
ကိုမင်းဇော် သောက်ရေသန့် လှူဒါန်းပါသည်။
မနိုဗွိ ကောက်ညှင်းပေါင်း လှူဒါန်းပါသည်။

မမ မှ မနက်စာ မုန့်ဟင်းခါးနှင့် အပြန်ညနေစာများ တည့်ခင်း ဧည့်ခံပါသည်။

အလှူဖြစ်မြောက်အောင် အဖက်ဖက် မှ ပူးပေါင်း ပါဝင်ကြသော သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

82 comments

  • marblecommet

    May 2, 2012 at 10:54 am

    အောင်မြင်စွာ ပြီးဆုံးသွားတဲ့ အလှူအတွက်
    သာဓု…..သာဓု….သာဓု ပါဗျာ…..

  • ဦးဦးပါလေရာ

    May 2, 2012 at 10:55 am

    သာဓု သာဓု သာဓု ပါ ဆူးရေ..။

    အလှူရှင်အရေအတွက်ကိုလဲ အားရပါတယ်။
    အလှူငွေပမာဏကိုလဲ အားရပါတယ်။
    ဆူး နဲ့ မမ တို့ရဲ့ ဦးဆောင်စီမံနိုင်မှု့နဲ့ စ လယ် ဆုံး အဆင်ပြေအောင်ဆောင်ရွက်နိုင်မှု့ကိုလဲ အားရပါတယ်။
    ရွာသားတွေရဲ့ ညီညွတ်မှု့ကိုလဲ အားရပါတယ်။

    အစစအရာရာအတွက် အားရဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ…။

  • weiwei

    May 2, 2012 at 11:08 am

    အလှူက အားရစရာကောင်းပါတယ် …
    ကျွန်မကလဲ လိုက်ပါတဲ့သူတွေကို ကုသိုလ်ပြုချင်လို့ စဉ်းစားခဲ့တာ နောက်ဆုံးတော့ ဓမ္မဒါနလုပ်တာအကောင်းဆုံးလို့ ယူဆပြီး ဒေါက်တာနန္ဒမာလာဘိဝံသရေးတဲ့ မဟာဒါနဆိုတဲ့ စာအုပ်သေးသေးလေးကို ဝေပေးခဲ့ပါတယ် …
    နောက်ထပ်တွေ့ဆုံပွဲတွေရှိရင်လဲ ဓမ္မစာအုပ်လေးတွေ လှူဖို့ စိတ်ဝင်စားပါတယ် …
    (အန်တီ ပဒုမ္မာကို အားကျလို့ အတုခိုးလိုက်တာ ..)

    • Thit Sar Lin

      May 2, 2012 at 11:35 am

      မဝေရေ..ကောင်းတဲ့ ဟာတွေအားကျအတုယူတာဝမ်းသာပါတယ်ဗျို့…
      မမဆူးရေ…အရမ်းကိုအားရစရာကောင်းလှပါတယ်..
      မမဆူးရေ အလှူငွေတွေအများကြီးရတဲ့ အတွက်ဝမ်းသာပီတိဖြစ်မိပါတယ်..
      ဘာပဲဖြစ်ဖြစ်..မမဆူးဦးဆောင်လိုက်တဲ့ အလှူလေးအောင်မြင်သွားလို့..
      ချီးကျူးပါတယ်…..နောက်လည်းရွာထဲမှာ နိဗ္ဗာန်ဆော်တွေများလာရင်.ကောင်းမှာပါပဲ
      စာတွေလည်းရေးကြ ဖတ်ကြ ကုသိုလ်တွေလည်းလုပ်ကြပေါ့……

  • Thel Nu Aye

    May 2, 2012 at 11:12 am

    အောင်မြင်မှု့အတွက်ချီးကျူးပါတယ်ဆူး။ မောရကြိုးနပ်ပါတယ်။ နောင်လဲဒီထက်မကလှုနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  • htet way

    May 2, 2012 at 11:44 am

    အားတက်သရောကြိုးစားခဲ့တဲ့ ကိုကြီးဆူးကို အထူးလေးစားကျေးဇူးတင်ပါကြောင်း။
    ခုလို အလှူပွဲတွေ ဖြစ်မြောက် အောင်မြင် ညီညွတ်မှုကို ဂုဏ်ယူခဲ့ပါတယ်။

  • ကိုရင်မောင်

    May 2, 2012 at 11:47 am

    ဝမ်းသာပိတိဖြစ်ရပါတယ်..
    ခုလို မန်းလေးဇက်ရွာသူရွာသားများဦးဆောင်ပြီး
    လှူခဲ့တဲ့အလှူတော်ကြီးအောင်မြင်ခဲ့တဲ့အတွက်
    သာဓုခေါ်ပါတယ်..ဦးစီးဦးဆောင်ခဲ့တဲ့ ဆူး မမ ဝေဝေ
    တို့ကိုကျေးဇူးတင်ပါတယ်
    အစစ အရာရာပန့်ပိုးကူညီခဲ့ကြတဲ့ရွာသူရွာသားတွေကိုလဲဂုဏ်ယူမိပါတယ်
    ရွာသူရွာသားအချေားအလှတွေကိုကြည့်ချင်လှပါပြီ
    ဓါတ်ပုံဆရာတို့ရေ လုပ်ကြပါအုံး….

  • Ma Ei

    May 2, 2012 at 12:00 pm

    ဆူး နဲ့ မမ တို့ရေ…
    အလှူကြီးကို ဦးဆောင် အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုပါရစေ…
    နောက်အလှူများလဲ ဆက်လက်လှူဒါန်းချင်ပါသေးတယ်…
    လှူခွင့်ရအောင်ဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးပါနော်…

  • သူရဇော်

    May 2, 2012 at 12:08 pm

    ကျွန်တော်တို့ အလှူလေးအောင်မြင်စွာပြီးဆုံးသွားတဲ့အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ရပါကြောင်း….. ကြိုးစားပမ်းစား အားရပါးရ ခေါင်းဆောင်လုပ်ကိုင်ခဲ့တဲ့ မဆူးအတွက်လဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း… အလှူတွင် လိုက်ပါခဲ့ကြတဲ့ ရပ်ဝေးရပ်နီး ဂေဇက်သူငယ်ချင်းများအတွက်၎င်း…….. မလိုက်ဖြစ်ကြတဲ့ သူငယ်ချင်းများအတွက် နောင် လိုက်ပါနိုင်အောင် ကြိုးစားကြပါလို့၎င်း……. သာဓုအနုမောဓနာခေါ်ဆိုပြီး အားလုံး အားလုံး အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ အကျယ်ကြီးဝေလိုက်ပါကြောင်း…….
    နောင်ပရဟိတလုပ်ငန်းများကိုလဲ ဆက်လက်လုပ်ကိုင်နိုင်ကြပါစေလို့ ဆုအကြီးကြီးတောင်းရင်း .။……..
    ခင်မင်လေးစားစွာဖြင့်
    သူရဇော်
    ဆင်တူရိုးမှားအတုအပအထူးသတိပြုပါ

  • ဆူး

    May 2, 2012 at 12:19 pm

    ဒီအလှူကို ဆူး တို့ မှန်းတာ ၃ဝ လောက်ပဲ မှန်းခဲ့တာပါ။ တကယ်တမ်း အလှူ စာရင်းချုပ်တော့ ၅ဝ ပြည့်ဖို့ နည်းနည်းပဲ လိုတော့တာမို့ ၅ဝ ဖြည့်ပြီး လှူလိုက်နိုင်ခဲ့ပါတယ်။
    တကယ်လည်း လုပ်ရတဲ့ အကျိုး နပ်ပါတယ်။
    ပီတိလည်း ဖြစ်ပါတယ်။
    အပြန်မှာ မိုးဖွဲဖွဲလေး ဖုန်သိပ်အောင် ရွာပေးလို့ ရွာ အထွက်လမ်းမှာ အဆင်ပြေခဲ့ပါတယ်။
    မနက်တပိုင်းလုံး ကား အနောက်တန်း အလယ်လူတွေ သီချင်းသံစုံ နဲ့ ဖျော်ဖြေ ပေးနေကြတာ မောနေတဲ့ အချိန် မှာ အပူဒဏ်လျော့သွားတော့ ရွာအပြန် အထွက် မြို့ပေါ်လမ်းလောက်မှာ ပြန်ပြီး ခေါင်းထောင်လာကြပြိး သံစုံဟစ်ကျွေးနေကြတာလည်း တမျိုး ပျော်စရာ ကောင်းလှပါတယ်။
    ရွှေတိုက်စိုးကတော့ သူ့ ရဲ့ မင်္ဂလာပွဲကို ကားလျှောက်လမ်းမှာ လက်ချင်းတွဲပြီး ကျင်းပမယ် ဆိုပြီး ကျုံးဝါးခဲ့တာ အလယ်လူတွေ နေရာ မဖယ်ပေးလို့ ထင်တယ် မကျင်းပလိုက်ရဘူး။
    နောက်တခါ ရွှေတိုက်စိုး ပွဲ ဖြစ်မယ် ထင်တယ်။ အဟိ။

    • Shwe Tike Soe

      May 2, 2012 at 3:39 pm

      ကျွန်တော့်မင်္ဂလာပွဲ စီစဉ်ကြီးကြပ်ရေးအား အပျိုကြီး မဆူးအား လွှဲထားလိုက်ပါတော့မယ်ခင်ဗျာ….
      ဟီးဟီးဟီး…………

      • ချစ်ရင်ထူးနှစ်

        May 3, 2012 at 3:06 am

        မိတိုက် တို့ကတော့ ပြောချင်တော့ပါဘူးနော် …
        ကဲ နေလိုက်တာများ
        ညည်းအိပ်နေတဲ့ပုံ ပို့ပေးမယ် E-mail လိပ်စာပေး ဟဲ့
        နာက
        chityinhtoo374@gmail.com

  • ရောင်ခြည်ခ

    May 2, 2012 at 12:31 pm

    ဦးဆောင်သူနဲ့ အားပေးလို့ကူညီသူ
    ညီညွှတ်စွာ လက်တွဲ
    ပါဝင်ကာ မဆင်နွှဲရပေမယ့်
    ရွာသူားတွေ ပျော်ရွှင်မှု့
    မျှဝေလို့ခံစားရင်း ..
    ပန်းတနော်၊ မှန်မျှော်ကာ
    သာဓုကို အကြိမ်ကြိမ်ခေါ်မိလို့
    အစုကြီးရွာဆေးရုံအလှူပွဲ …

  • Shwe Tike Soe

    May 2, 2012 at 12:31 pm

    ဟုတ်ပဗျာ… ရွာသားတွေလဲ စုံတွေရ အလှူဒါန လဲ ကုသိုလ်ရ အရမ်းကိုကောင်းတယ်ဗျာ…
    အဘက်ဘက်မှ ကူညီလှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလဲ အထူးကို ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်ပါတယ်ခင်ဗျာ…
    နောက်ထပ်နောက်ထပ်တွေလဲ ကျွန်တော်တို. မန်းလေးဂေဇတ်ရွာသူရွာသားတွေ ဆက်လက်စုပေါင်းကြိုးစားလုပ်ဆောင်သွားကြ မယ်ဗျာ နော်…….. 😀

  • Foreign Resident

    May 2, 2012 at 12:44 pm

    ဦး ပါလေရာ နှင့် တသဘောထဲ မို့လို့ ၊
    သူ့မန့်ကိုပဲ ကူးတင်လိုက်ပါတယ် ။

    ၁ ။ အလှူရှင်အရေအတွက်ကိုလဲ အားရပါတယ်။
    ၂ ။ အလှူငွေပမာဏကိုလဲ အားရပါတယ်။
    ၃ ။ ဆူး နဲ့ မမ တို့ရဲ့ ဦးဆောင် စီမံနိုင်မှု ကိုလဲ အားရပါတယ်။
    ၄ ။ ရွာသားတွေရဲ့ ညီညွတ်မှု ကိုလဲ အားရပါတယ်။

    အစစအရာရာအတွက် အားရဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ…။

  • Rose Minn

    May 2, 2012 at 12:51 pm

    လမ်းမှာ အရမ်းပျော်ဖို့ကောင်းခဲ့တယ်။ စုံစုံလင်လင်တွေ ရလို့ပျော်မိတယ်။ ရွာသားတွေ က သီချင်း အဆိုကောင်းလို့ နောက်မှာ ထိုင်းရင်း သီချင်းသံ တွေနဲ့မျောနေခဲ့တာ။ ရှေ့က သူငယ်ချင်းတွေကိုလဲ လိုက် ်မိတ်မဆက်လိုက်ရဘူး။ နောင်တရမိတယ်။ ပြန်ခါနီး ကား ပေါ်က ဆင်းကာမှ သတိရမိတာ။ ဟီးဟီး အဲလောက်တောင် အဲလောက်တောင်။

    • etone

      May 2, 2012 at 2:48 pm

      အစ်မဆူးကတော့ နောက်ပြီ … အုပ်ထိန်းသူကြီးနားမှာ နေပြီး…ထိုင်နေပြီးတော့ ၊ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို ဝင်ထိုင်ကြတာပါနော် .. သူနေရာချပေးတာလည်း ဟုတ်လဲဟုတ်ပဲနဲ့ … ။ မယောင်မလည်နဲ့လေ …. ထိုင်လိုက်တာ … ဟိုဖြဲမတို့ အုပ်စုထဲရောက်သွားလို့ … ကိုယ်ပါ ကဲတဲ့အထဲ ပါသွားသလိုပါပဲ … ။

      သူတို့လည်း ကဲတာတော့မဟုတ်ဘူး .. ကြိတ်ရယ်ကြရုံလေးပါ … ။
      ဘုန်းကြီးရေစက်ချတဲ့အခါ … သုံးကြိမ်ဆီ လိုက်ဆိုတဲ့ (အားလုံး အားလုံး အားလုံး ဆိုတဲ့ အသံ)အသံဆာဆာ မိန်းမကြီးရဲ့ အသံက … ရယ်ချင်စိတ်ကို နှိုးဆွပေးလိုက်သလိုပါပဲ … ။
      ရယ်စရာတော့မဟုတ်ပေမယ့် … ရယ်မိခဲ့တယ် …. အဲ့ဒါ ကဲတာ မဟုတ်ပါဘူးဆို …… ဇွတ် … 😆

      • ဆူး

        May 2, 2012 at 4:34 pm

        ဆူး ရဲ့ အုပ်ထိန်းသူ မဟုတ်ပါဘူး။ ဆူး အုပ်ထိန်းထားသူပါ။ အဟိ.. (မမြင်ပါစေနဲ့)

    • Shwe Tike Soe

      May 2, 2012 at 4:00 pm

      ဟင်တူရ နဲ. လူစုခွဲနေရာချပေးမယ်.. ဟုတ်လား တူရမချာ နူနာစွဲကပ်နေရှာတာပါအေ တနားပါတယ် မလုပ်ပါနဲ. မဆူးရယ်…….. ခိခိခိ
      သူမှာ အသားကလဲမဲ… လူရာကလဲမဝင်ရှာတော့…
      မဆူးရယ် အဖြူအမဲ မခွဲပါနဲ.ဂျာ……….. ခိခိခိ 😀

      • သူရဇော်

        May 2, 2012 at 4:05 pm

        အွန် ကျုပ်တော့ နူနာစွဲလိုက်……….အသားမဲလိုက်………… လူရာမဝင်လိုက်…………. ကျုပ်တော့ မိုက်ကယ်ဂျပ်ဆင်သီချင်း Black & White ကို မြန်မာပြုထားတဲ့ လေးလေးဝါးရဲ့ အဖြူနဲ့အမဲ သီးချင်းလေးဆိုရင်း တစ်ကွက်ဘလိတ်ဒန့် ဆွဲသွားပါတယ်ခင်ည…………
        ဖြူချင်ဖြူလဲ မဲလဲမဲပေါ့ တို့ငြိမ်းချမ်းစွာ ကွဲလွဲမယ်………… အူးဟူ…………….

        • Shwe Tike Soe

          May 2, 2012 at 4:30 pm

          ဟော အူလဲ အူတတ်တယ်တော့… အဲဒါကြောင့်ခွဲထားရတာပါအေ….. ခိခိ

  • Khaing Khaing

    May 2, 2012 at 12:51 pm

    သီတဂူ သုမေဓာ ဆေးဝါးအလှူကို သိန်း (၅၀) အထိလှူဒါန်းနိုင်လို့အားရဝမ်းသာမိပါတယ် …. သင်္ကြန်နှစ်ဆန်း (၁) ရက်နေ့က (၂၄) သိန်းသာရှိသေးပြီး အခုအလှူပြီးဆုံးချိန်မှာ သိန်း (၅၀) အထိ လှူဒါန်းနိုင်ခဲ့တာ တစ်ကယ့်ကို ဝမ်းသာမိပါတယ် ……. ဒါ့ပုံလေးတွေကိုလည်း ဆက်လက်မျှော်နေမိပါဂျောင်း …. ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ

  • Novy

    May 2, 2012 at 1:09 pm

    ဆူးတို့ မမတို ဦးဆောင်မှူ့နဲ့
    အားရကျေနပ်ဖွယ် ကောင်းတဲ့ အလှူ ကြီးတစ်ခုကို
    ပါဝင် ဆင်နွဲခဲ့ရတဲ့ အတွက် အရမ်းကို ကျေဇူးတင်ပါတယ်ရှင်

  • FattyCat

    May 2, 2012 at 1:13 pm

    ဒီအလှူစာရင်းလေးထဲမှာ ကိုယ့်နာမည်လေးပါလိုက်ရတာကိုပဲ ဝမ်းသာမဆုံးဖြစ်ရပါတယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဆူး

      May 2, 2012 at 1:39 pm

      နာမည်က အစောကြီးကတည်းက ပါနေတာပါဟယ်..
      ဆရာတော် ကို လှူတဲ့ အလှူ နာမည် စာရွက်မှာတော့ အားလုံး လူနာမည် အရင်းတွေ သိတဲ့ လူတွေ မှန်သမျှ နာမည် အရင်းတွေ ရေးပေးလိုက်တယ်။
      ဆရာတော် အလှူရှင်တွေကို မေတ္တာပို့ရင် တည့်တည့် မရောက်မှာ စိုးလို့.. ဟိဟိ။

    • ချစ်ရင်ထူးနှစ်

      May 3, 2012 at 2:59 am

      လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း အ ……………………………………….
      ကိုကြောင်ဝ ဝ တုတ်တုတ် အတွက်

  • နွယ်ပင်

    May 2, 2012 at 1:36 pm

    အလှူသွားခဲ့တဲ့ လမ်းတစ်လျှောက်မှာ ပျော်စရာတကယ်ကိုကောင်းခဲ့ပါတယ် ရွာသူားတွေကိုလည်း တစ်ခါမှ ဒီလောက်များများမဆုံဖူးခဲ့ဘူး
    ဒီအလှူကြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တာ တကယ့်ကို ဝမ်းသာစရာပါပဲ ………….

    • ဆူး

      May 2, 2012 at 1:41 pm

      တကယ့် ရွာသူရွာသား အစစ်တွေလည်း မြင်ခဲ့တယ်နော်.. ကလေးတွေ ပလုံစီလို့ ဝမ်းသာ နေကြတယ်။ သူတို့ ထမင်းဟင်းတွေကလည်း လက်ရာ သိပ်ကောင်းပဲ.. ငံတာက လွဲရင်ပေါ့။ စေတနာကလည်း သိပ်ကောင်းတယ်။ တခြား လူတွေတော့ ဘယ်လို နေမလဲမသိဘူး။ ဟိဟိ..

      • ချစ်ရင်ထူးနှစ်

        May 3, 2012 at 2:57 am

        ကျွန်တော် အစ်ဒေါ် ဆူး ကို တစ်ကယ်ကျေးဇူးတင်ပါတယ် လေးလည်းလေးစားပါတယ် ..
        ကျွန်တော်တို့ ရွာသူ/သားတွေ အပြင်မှာတွေ့ခွင့်ရတော့ ခင်မင်ရင်းနှီးမှု ပိုရပါတယ် ..
        နောက်ပြီးတော့ ခုလို အစီအစဉ်ကြီး တစ်ခုလုံးကို ခေါင်းရှုပ်ခံပြီး ဆွဲနိုင်တာကို လေးစားပါတယ် .. ရေစက်ချ တရားနာ ဖို့ မိုက်ကိုင်ပြီးခဲ နေတဲ့ အကျီင်္အနီရောင်နဲ့ ဆူး ရဲ့ပုံ ပို့ပေးလိုက်မယ်နော်
        ခင်တဲ့
        ချစ်ရင်ထူး

        • ဆူး

          May 3, 2012 at 12:58 pm

          miss.winne@gmail.com
          ကို ပို့လိုက်ပါနော်။
          တခြား ဆူး ပုံတွေ ရှိတဲ့ သူတွေလည်း ပို့ပေးပါအုန်း။

    • ချစ်ရင်ထူးနှစ်

      May 3, 2012 at 3:02 am

      နွယ်ပင်တို့ ပုံကိုု သေသေချာချာ မရိုက်လိုက်ရဘူး ကိုဂီ ဆီမှာတော့ ရှိတယ် လေးပေါက်ဆီမှာလည်းရှိတယ် နောက်ကြုံမှ ပဲ ထပ်ရိုက်တော့မယ်နော်
      ညီ တဲ့ အတွဲပဲ …
      စိတ်မချလို့ ထင်ပါရဲ့ ကားနောက်ကို လှည့်ကြည့်နေရတာ
      ဟုတ်လောက်ပါဘူးလေ ချမ်းလို့ ထင်ပါ့ .. 🙂

  • ba gyi

    May 2, 2012 at 2:09 pm

    ဦးစီးဦးဆောင်မှုပြုနိုင်ကြသူတွေရှိကြသလို
    ဝန်းဝိုင်းလို့အားဖြည့်ကြသူတွေပေါသော အနှီ ဂဇက်ကြီး၏၊ရှေ့ခရီးအနာဂတ်၊ အထပ်ထပ်တိုးတက်လို့စည်ဝေစေ။
    ညီညီညာအဆွေရင်းအချာ၊ မသွေမယွင်းမခွါမြဲကြသမို့—
    အလှူရေစက်ကယ်တဲ့လက်နှင့်မခွါ ၊
    အခါခါပါရမီပြည့်စုံကြွယ်၊ကောင်းမှု အစဉ်မကွါမြဲစေလို့၊
    နတ်စည်ဆော်ကော်ရော်လို့ ဖူးစေသား — တို့ဂဇက်မှ လူတွေကလေ–ဟေ့ ဘုရားကျိုက်တဲ့လူးသား။
    ( အလှူကြီးအထမြောက်ခဲ့လို့ မမ၊မဆူး နှင့် ရွာသားများ သာဓု သာဓု သာဓု ပါဗျား။ )

  • jujuma

    May 2, 2012 at 2:19 pm

    အန်တီမမ စီစဉ်ပေးတဲ့ မနက်စာ မုန့်ဟင်းခါး ကိုတော့ အလှူနဲ့အတူ ဘယ်တော့မှမမေ့ပါဘူး …

    • ဆူး

      May 2, 2012 at 2:42 pm

      တူတူပါပဲ.. တကယ်လည်း စည်ကားတဲ့ အလှူဖြစ်ခဲ့ပါတယ်။ လေးလေး ရဲ့ အကူအညီတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။
      ကိုပေါက် မန်း ရဲ့ စိတ်ဓါတ် ခွန်အား နဲ့ လုပ်အားတွေ ကို မမေ့မလျော့ မှတ်တမ်းတင်ထားပါတယ်။

    • ချစ်ရင်ထူးနှစ်

      May 3, 2012 at 2:51 am

      လေးပေါက် ကတော့ လုပ်ပြီ ..
      ဆေးရုံအတွက် အကြံဉာဏ်ပေးပါဆိုမှ ဆုတောင်းပေးလိုက်တယ်လေ ..

      • ဆူး

        May 3, 2012 at 1:00 pm

        လေးပေါက်ကြီး တကယ်တော်ပါတယ်။ ဆူး ကို ပြောခိုင်းရင်တောင် ဆူး လက်တမ်း ပြောနိုင်မှာ မဟုတ်ဘူး။ အတွေ့အကြုံနဲ့ သဘာက ကွာသေးတယ်ဆိုတာ အဲဒါ လက်တွေ့ပဲ.. အဲဒီ တုန်းက စိတ်ထဲက ကြိတ်ပြီး ချီးကျူးလိုက်တာ အခု တကယ် လက်တွေ့ ထုတ်ပြောလိုက်တာ.. လေးပေါက် တကယ်တော်တယ်။ ဆူး ကတော့ ဒီလို ပြောရမယ်မှန်း သိရင် အိမ်က ကြိုရေးလာပါတယ်လို့ တွေးနေမိတာ အမှန်ပဲ။

  • snow white

    May 2, 2012 at 2:25 pm

    စနိုးတကယ်ကိုမသိလိုက်လို့မလှူလိုက်ရတာပါ တကယ်လှူချင်ပါတယ် တကယ်ကိုမသိလိုက်လို့ပါ

  • Diamond Key

    May 2, 2012 at 2:29 pm

    သာဓု…..သာဓု….သာဓု ပါဗျာ…..။ ဒီလိုအလှူမျိုးတွေ နောက်ထပ်နောက်ထပ် အများကြီး လှူနိုင်ကြပါစေ။ 😀

  • Khaing Khaing

    May 2, 2012 at 4:14 pm

    အော် ဒေါ်ရိုး တူရ မအိတုံ မယ်တိုက် ညည်းတို့က ပြောတော့ နာမအားလို့ မလိုက်ခဲ့တာကို ပျင်းသလေးဘာလေးနဲ့ အခုတော့ ကဲချင်တိုင်းကဲနေတယ်ပေ့ါ ……… အွန်း ချဉ်ပါတယ်အေ သူများအလှူကို သွားပြီးတော့ ကဲနေသေးတယ် …….. နာ့မှာတော့ အိမ်မှာ ကလေးတဖက်နဲ့ အဟင့် အဟင့် ….. မိတိုက် ညည်း ကမဲပေါက်တယ်ဆို နာ့ကိုမုန့်ဝယ်ကျွေးရမယ် …….

  • char too lan

    May 2, 2012 at 4:52 pm

    ပြောရရင်တော့ အားလုံးကောင်းတယ် 😀

    • ချစ်ရင်ထူးနှစ်

      May 3, 2012 at 2:53 am

      အားလုံးကောင်းမနေနဲ့ အစ်မ အိပ်နေတဲ့ပုံလေးကို အမိအရ ရိုက်ယူထားတယ်
      လိုချင်ရင်ပြောနော်
      chityinhtoo374@gmail.com

      • char too lan

        May 4, 2012 at 12:31 pm

        ထူးထူးရယ်…. မရပ်ဆက်ဘာနဲ့
        နာဂုချက်ချင်း ဆက်သွယ်လိုက်မယ်
        လာစမ်း …. တီ တီ တီ ၁ ၉ ၉ ကပါလား !#^%$&* ?

  • Uncle Lay

    May 2, 2012 at 6:33 pm

    သာဓု—သာဓု—သာဓု–ပါ..။
    ရွာသူ/သားအားလုံး ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်စေဖို့ ဆုတောင်းပေးပါဧ။်…။နောက်ထပ်နောက်ထပ် အစီအစဉ်တွေလည်း စောင့်မျှော်နေပါဧ။်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2012 at 6:59 pm

    ကြည်နူးလိုက်ဒါ
    လောလောဆယ်တော့ အကြွေး နှစ်ထောင့်ငါးရာကျပ် ရှိသွားဘီဆိုဒေါ့
    ကျုပ် သိပ်ခေတ်မှီသွားဘီ 😀 😀 😀
    …………………………………………….
    မြတ်စွာဘုရားရှင်တော်မြတ်ကတော့
    ဒါနပြုလိုက်သော ( အလောဘသမား ) သည် မစင်တွင်းထဲကျသည်နှင့်တူသည်
    ( အလောဘော ဒါနဟေတု ) လို့ဆိုသဗျ
    ဆိုလိုတာက မစင်တွင်းထဲကျသူဟာ မစင်မှာရွှံရှာဆက်ဆုပ်စွာ ထိုမစင်မှ ခွာလိုစိတ်အလျှင်း
    စိတ်အားထက်သန်ဖြစ်ခြင်းသဘောကဲ့သို့
    အနှီး လောဘကင်းစွာ ဒါနပြုသူဟာ ဥစ္စာအစု၌ ရွှံရှာဆက်ဆုတ်စိတ်တို့ဖြစ်ခြင်းမှသည်
    လောဘကင်းခြင်းမှသည် တဏှာကင်းစင်ခြင်းထိအကျိုးကျေးဇူးရှိနိုင်တဲ့သဘောလေးပါ
    ဒါကတော့ ကြားဘူးနားဝလေး ရမ်းဟောလိုက်တာပါ 😀
    ဉဏ်ရှိသူ သုံးဆောင်နိုင်စေသတည်း။

    • Khin Latt

      May 2, 2012 at 8:22 pm

      ဦးရီး အဘပု
      အကြွေး မဟုတ်ပါဘူး။ 😉
      သူကြီး က ဦးရီးပု ရဲ့ ပွိုင့်ထဲ က ၂၅၀ဝ ဖြတ်လိုက်မယ် ဆို ရင် ဦးရီးပု ရဲ့ သမာအာဇီဝ လုပ်အား စစ်စစ် က နေ လှူ တဲ့ အလှူ ဖြစ် ပါတယ်။
      သဘောတူလား။ 😀

      • ဆူး

        May 3, 2012 at 1:01 pm

        ထောက်ခံပါတယ် ဗျို့.. သဂျီးရေ ပေါ်လက်စီအရ မကိုက်ညီသော်လည်း ဘဂျီးပု ပွိုင့် ကို အရီးလတ် ထံသို့ လွဲ ပြောင်းပေးရန် ထောက်ခံလက်မှတ် ရေးထိုးပေးသွားပါသည်။
        တခြားလူတွေလည်း ဘဂျီးပု အတွက် ထောက်ခံစာ လာရေးပေးကြပါဗျို့။

        • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

          May 3, 2012 at 3:11 pm

          ပုဂ်ဂိုရေးအရလည်းမထောက်ခံပါဘူး
          စည်းမျဉ်းအရလည်းမထောက်ခံပါဘူးခင်ဗျ
          သူ့လမ်းသူရွေးပါစေခင်ဗျ
          သူများပိုက်ဆံချီးပြီးမဆပ်တဲ့လူ နောင်ဘဝသူများအိမ်မှာနွားဖြစ်မှာပါ
          ( ကြည့်လည်းလုပ်ပေါ့ ဟိုဘဝကသူ့ပိုက်ဆံချီးဘူးလို့ဒီဘဝပြန်ချီးပါတယ်
          ဆိုပြီးလုပ်ခြင်လုပ်မှာ ငခြောက်က )
          ဒီလိုလူမျိုး ရွာထဲမှာရှိတာတောင်
          ခက်လှပါပြီ

        • Khin Latt

          May 3, 2012 at 6:03 pm

          အလှူပြီး လဲ ဇာတ်လမ်းက မပြီး တဲ့ ဇာတ် ဖစ် နေပြီ။ အဟိ။
          သူကြီးရေ
          အဘပု ရဲ့ ပွိုင့် ၂၅၀ဝ ကို နှုတ်လိုက်ရုံပါဘဲ။ ပြောင်းပေးစရာ မလိုပါဘူး။
          ဒါမှ သူ့လုပ်အား အလှူ ဖြစ်မှာ။
          အဲဒီ ၂၅၀ဝ က ဂေဇက် ဘတ်ဂျက် ထဲ ဝင်ပေါ့။
          သူ မနက်အစောကြီး ထပြီး နိဗ္ဗါန်ဆော် လုပ်ခဲ့တဲ့ ကုသိုလ် ကို လဲ ကျွန်မတို့ပါ ရလိုက်တာမို့ ဝင်းဝင်း ပါဘဲ။
          ကိုကြက်ဖင် လဲ သူ နဲ့ အတူတူ မနက်စောစော ထပြီး ရွာထဲဝင် ခဲ့တာမို့ ကုသိုလ်ကတူ နေမှာပါ။

          စည်းမျဉ်းကိုလဲ မဖောက် ပါဘူး။
          တစ်ခါတစ်ခါ ပွိုင့် တွေ ကို နှုတ်ပစ် လေ့ရှိတာဘဲ မဟုတ်လား။
          မဟုတ်လား။

          ဆူးလေးရေ – အထူးကျေးဇူးနော်။

        • ဆူး

          May 4, 2012 at 3:57 pm

          ဘဂျီးပု က ၂၅၀ဝ အလှူပါတယ်။ အလှူကို အရီးလတ်က စိုက်ပေးတယ်။ အရီးလတ်က သဂျီးကို စိုက်ပေးတဲ့ ၂၅၀ဝ ကို ပြန်လှူလိုက်တယ်။ သဂျီးကတော့ အလှူ အထမြောက်အောင် ၂၅၀ဝ ဖြတ်ယူဖြစ်အောင် ယူလိုက်ပါနော်။

  • mandalarthu

    May 2, 2012 at 8:46 pm

    ဆူးေ၇
    မနေ ့ကအောင်မြင်စွာပြီးဆုံးသွားတဲ ့ ဂေဇက်ရွာသူ ရွာသားများစုပေါင်း
    ဆေးအလှူအတွက် ကြည်နူးဝမ်းမြောက် ဂုဏ်ယူစွာနဲ ့သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်.။
    ဆူး ကိုလည်း ဒီလို အလှူဖြစ်မြောက်အောင် ကိုယ်တိုင် ပါဝင်နိုးဆော်ပြီး ကမကထလုပ်ကာ
    ဆောင်ရွက်နိုင်ခဲ ့လို ့အရမ်းချီးကျူးမိပါတယ်…..။ပန်းတနော်သူ မမကလည်း သိပ်တော်တယ်နော် ..။
    အမကတော ့ကိုယ်တိုက် လိုက်ချင်ပေမယ် ့မလိုက်ဖြစ်နိုင်ခဲ ့ပေမယ် ့ဒီလို စုပေါင်းလှူဖြစ်ခဲ ့လု ိ့ အရမ်းဝမ်းသာမိပါတယ်။
    အိတုန် တု ိ့ဆူးတို ့လို တက်ကြွတဲ ့လူငယ်တွေ ရဲ ့ ဦးဆောင်လုပ်ကိုင်နိုင်မှုကို
    အထူးလေးစားပါကြောင်း ……..။
    နောက်နောင်လည်း ဆက်လက်ပြီး အခု လို စုပေါင်းအလှူတွေ ဖြစ်မြောက်အောင် ထပ်မံ
    ဆောင်ရွက် နိုင် ပါစေလို ့ဆန္ဒပြု မျှော်လင် ့မိပါတယ်..။

  • Gipsy

    May 2, 2012 at 9:14 pm

    သာဓု သာဓု သာဓု ပါ ဗျား …
    အဝေးကနေပြီး ပီတိဖြစ်နေရပါတယ်….။
    အလှုူ ကြီး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူများ အားလုံး
    ကျန်းမာ ချမ်းသာ နဲ့ လိုရာဆန္ဒများ တလုံးတဝ တည်း ပြည့်ဝပါစေဗျား….။

  • ရွှေ မင်း သား

    May 2, 2012 at 10:07 pm

    သာဓု သာဓု သာဓု ပါဗျား။
    တကယ်ကို လိုက်ချင်တာပါ။ လိုက်နိုင်အောင်လဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်………
    မလိုက်ဖြစ်ခဲ့ဘူး……

    • ဆူး

      May 4, 2012 at 4:00 pm

      ဆူး က ရွှေမင်းသားရဲ့ ကင်မရာ အစွမ်းကို ကြည့်ချင်လို့ အလှူကို လိုက်စေချင်နေမိတာပါ။
      လူပုံဆို မရိုက်တတ်ပဲ ရှုခင်းပုံပဲ ရိုက်တတ်တယ် ဆိုလို့.. ကင်မရာ ရှေ့ဝင်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်မလားလို့ တွေးထားတာ ကင်မရာရှေ့မှာ ရှုပ်မှာ စိုးလို့ မလိုက်လာတာနဲ့ တူတယ်။ 😉

  • pooch

    May 2, 2012 at 11:06 pm

    သာဓုခေါ်သွားပါတယ် ဆူးရေ တကယ်ကို ပီတိဖြစ်ရပါတယ်။ 🙂

  • ရွာစားကျော်

    May 3, 2012 at 12:34 am

    အားလုံး.. အားလုံး.. အားလုံး.. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လေား့

    သာဓု.. သာဓု.. သာဓု..

    ခုပဲ ချောချောမောမောနဲ့ အိမ်ပြန်ရောက်ပါတယ်.. နောက်ရက်မှ ကွန်မင့်သေချာပေး ပို့စ်တွေလည်းရေးတင်ပါမယ်..

    • ရွာစားကျော်

      May 3, 2012 at 12:35 am

      ကြားကြားသမျှ လည်း သုံးခါဆိုတာ .. ကျန်သွားလို့

      • Khin Latt

        May 3, 2012 at 2:26 am

        ရွာစားကျော် ရေ
        မိသားစု ချောမောစွာ အိမ်ပြန်ရောက် သွားပြီ မို့ ဝမ်းသာပါတယ်။
        သားလေး တော့ ပင်ပန်း ရှာမယ် ထင်ရဲ့။
        ဒါပေမဲ့ သူပျော်ခဲ့တယ် မဟုတ်လား။
        အလွဲလေးများ အတွက် ဆက်ရန် ရှိ/မရှိ သိချင် နေပါ၏။

        ပြုပြုသမျှ ကုသိုလ်များ အတွက် ဝမ်းမြောက်ဝမ်းသာ သာဓု အနူမောဒနာ ၃ကြိမ် တိတိ ခေါ်လိုက်ပါတယ်။
        သာဓု ၊ သာဓု ၊ သာဓု ပါရှင်။ (မျိုးကြီး လေသံဖြင့်) 🙂

        • ရွာစားကျော်

          May 3, 2012 at 11:31 pm

          စီစဉ်တဲ့သူတွေ က သေချာ စေတနာထားတဲ့အတွက် အလွဲရယ်လို့ကို မရှိတာပါ
          အလှူမှာ အားလုံး ပျော်ခဲ့ အဆင်ပြေခဲ့ကြပါတယ်…
          ပေါ့ပေါ့ပါးပါး အလွဲလေးတွေတော့ရှိတာပေါ့ တင်ကြည့်ပါမယ်.. ရေးနေတယ်နော် အရီး..

        • ဆူး

          May 4, 2012 at 4:02 pm

          မျိုးကြီး လေသံ နဲ့ အမျိုးသမီး ကို အသံသာ ကြားတယ် တချက် လှည့်ကြည့်လိုက်ချိန်မှာ လူကို မတွေ့တော့ ဘယ်သူလဲ ဆိုတာ သေချာတော့ မသိလိုက်ရဘူး။
          အဲဒီ လို အမျှဝေနည်းကလည်း တော်တော် ထူးခြားတဲ့ ရွာထဲမှာ ပြောရလောက်အောင် မှတ်တမ်းတော့ ဝင်သွားပါတယ်။

  • MaMa

    May 3, 2012 at 6:11 am

    အမှန်အတိုင်းပြောရမယ်ဆိုရင်…..
    စုပေါင်းအလှူမို့ အလှူငွေ ဘယ်လောက်ရမယ်ဆိုတာကို ကြိုတင် မခန့်မှန်းနိုင်လို့….
    အလှူသွားဖို့ ကြိုတင်စီစဉ်တဲ့အခါမှာ အလှူခံများဘက်က ဝန်မလေးစေရအောင် နေ့လည်စာကို တံတားဦးကျောင်းမှာပဲ ကိုယ့်စရိတ်နဲ့ကိုယ် ကျွေးဖို့ စီစဉ်ထားတာပါ။
    ဆရာတော်များကို အလှူလာမယ့် ကိစ္စလျှောက်ထားရာမှာလည်း လူများမယ့်အကြောင်း၊
    တစ်ယောက်နည်းနည်းနဲ့ စုပေါင်းလှူဒါန်းကြတာ ဖြစ်တဲ့အကြောင်းလောက်သာ လျှောက်ထားပြီး လှူဒါန်းမယ့် ငွေပမာဏနဲ့ အစားအသောက်ကိစ္စကို မပြောခဲ့ပါဘူး။
    ကြောင်ကြီးပြောသလို အလှူငွေ သိန်း ၅၀၊ ရွာခံတွေရဲ့ ဧည့်ခံကျွေးမွေးစရိတ်က ၅၁ သိန်း ဆိုသလို ဖြစ်နေမှာစိုးလို့ အလှူသွားဖို့ ရက်နီးကပ်လာမှ တံတားဦးကျောင်းဆရာတော်ကို (ကိုယ့်ကျောင်းနဲ့ကိုယ်ဆိုတော့ ပြောလို့ရတော့) နံနက်စာ မုန့်ဟင်းခါး နဲ့ နေ့လည်စာ ထမင်းဟင်း လူ ၅၀-၆ဝ စာလောက် ချက်ဖို့ လျှောက်ထားပါတယ်။
    တံတားဦးကျောင်းနဲ့ မြတောင်ကျောင်းဆရာတော်များဟာလည်း နှစ်ကျောင်းတစ်ကျောင်းလို ချစ်ခင်နေကြသူများမို့ မြတောင်ကျောင်းတိုက်အုပ်ဆရာတော် ဦးကုမာရ က နေ့လည်စာကို အစုကြီးမှာ ကျွေးမယ်။ ဘယ်အချိန်ရောက်မလဲ လို့ ဖုံးဆက်လာပါတယ်။
    တပည့်တော်တို့က လူများတယ်။ လူ ၅ဝ လောက် ရှိတယ်လို့ ပြောတဲ့အခါ လူ ၁၀ဝ ဖြစ်ဖြစ် ကိစ္စမရှိဘူး လာသာလာခဲ့လို့ ပြောပါတယ်။
    ရွာအလှူနဲ့ ပတ်သက်ပြီး ဆူးရေးထားတဲ့ ပိုစ့်ကို A4 တစ်ရွက်စာ ချုံ့ရေးပေးထားတဲ့ စာကိုလည်း ဆရာတော်များ သိရှိနိုင်စေရန် ပို့ပေးထားတာကို ဆရာတော်များက ကော်ပီကူးပြီး ရွာထဲမှာ လိုက်ဝေထားတဲ့အတွက် ဒေသခံတွေက မမ ဆူး ကိုပေါက်ဆိုတဲ့ နာမည်တွေကို အလွတ်ရနေတာလည်း ကြည်နူးစရာပါပဲ။
    ဆရာတော်များနဲ့ ဒေသခံတွေဟာ လာဘ်လာဘကို မျှော်ကိုးပြီး အလှူကို စီးပွားရေးလုပ်သလို
    အများကြီးလှူရင် ကောင်းကောင်းဧည့်ခံကျွေးမွေးမယ်၊ အလှူနည်းရင်တော့ ……ဆိုတဲ့ စိတ်ထားတွေမပါပဲ ရိုးရိုးဖြောင့်ဖြောင့် ဖော်ဖော်ရွေရွေ ခင်ခင်မင်မင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံကြလို့ အထူးပဲ ဝမ်းမြောက်မိပါတယ်။

    • ဆူး

      May 3, 2012 at 1:05 pm

      ဒေသခံ ရွာသားတွေရဲ့ စေတနာကတော့ တကယ်ကို အံမခန်းပါပဲ။
      သူတို့က မြို့က လာတဲ့ လူတွေ အလှူရှင်တွေကို ကောင်းမွန်စွာ ဧည့်ခံချင်တယ် ဆိုတဲ့ စိတ်ပဲ ရှိတယ်။ တကယ်ကို အဖြူရောင် အစစ်လေးတွေပါ။
      အရောင်မရှိလို့ သိပ်ကို ပီတိ ဖြစ်မိတယ်။

  • kyeemite

    May 3, 2012 at 9:28 am

    ဂုဏ်ယူပါတယ် ရွာသူားများ…
    ကောင်းလေစွ..ကောင်းလေစွ..ကောင်းလေစွ..

  • mocho

    May 3, 2012 at 9:33 am

    ရွာသူားတွေရဲ့ သဒ္ဒာတရားကတော့ မထင်ထားလောက်အောင် ပါပဲလား။ ဦးဆောင် တဲ့ သူတွေ ကိုလည်း တကယ် ချီးကျူး ပါတယ်။

  • ahnyartamar

    May 3, 2012 at 10:09 am

    နောက်ထပ်မတူတဲ့အလှူတခုအတွက်လှူဖို့စောင့်နေပါတယ်။

  • Gipsy

    May 3, 2012 at 11:40 am

    နောက်ထပ် အလှုူ ရှိမယ်ဆိုရင် လဲ လက်တို့ ကြပါဦးနော်….
    နောက်တခါဆိုရင်တော့ ရှိရှိသမျှ အလုပ်တွေကိုဖျက်ပြီး လိုက်တော့မှာ..

  • AKKO

    May 3, 2012 at 1:38 pm

    အစကောင်းတော့ အနှောင်းသေချာဆိုသလိုပါပဲ။ ဂေဇက်ရဲ ့စုပေါင်း ပထမအလှူတုန်းကလည်းအောင်မြင်တယ်။ ဒုတိယအလှူလည်း အောင်မြင်ခဲ ့ပြီနော်။ တတိယအလှူကိုတော့ သဂျီးမင်း ဦးဆောင်ပါလို ့လေးနက်စွာ ရီကွက်စ်လုပ်ပါတယ်။တခြားရွာသူားတွေလည်း လုပ်ကြပါ။ဦးဆောင်ကြပါ။အားလုံးကလည်း ဝိုင်းကူညီကြမှာပါ။ နောက်ထပ်အလှူကို လည်း ရွာသူားတွေက ဆက်လှူချင်နေကြတာ မျက်မြင်ပဲနော်။ ပထမတစ်ကြိမ်လှူတော့ ၁ကြိမ်ကုသိုလ်ရ၊ ခု ဒုတိယအကြိမ်လှူတော့လည်း ဒုတိယအကြိမ်ကုသိုလ်တွေရခဲ ့ကြပြီးပါပြီ။ တတိယ၊စတုတ္ထ၊ပဉ္စမစတဲ ့အကြိမ်ကြိမ်လှူတော့ အကြိမ်ကြိမ်ကုသိုလ်ရမှာပဲလေ။ အရဟတ္တမဂ်တစ်ခါရပြီးရင် နိဗ္ဗန်ရောက်ပါပြီ။တစ်သက်မှာ ၁ကြိမ်ပဲလှူရမယ်လို ့မမှတ်စေချင်ဘူးနော်။ ရွာသူားတွေက ၁ကြိမ်တည်း နဲ ့တောင် အလှူကိစ္စမှာတော့ မတင်းတိမ်နိုင်ကြပါဘူး။ နောက်ပိုင်းလည်းအလှူတွေက ဆက်တိုက် လှူဖြစ်ကြမယ်လို ့ ယုံကြည်ပါတယ်။အလှူကတော့ တစ်ကြိမ်လှူပြီးရင် နောက်ထပ်လှူချင်ကြမှာပဲ။အထူးသဖြင့် တို ့ရွာသူားတွေပေါ့။ တင်စားပြောမယ်ဆိုရင် ဂေဇက်ကအိမ်ကြီးအိမ်ကောင်း၁လုံးပါ။ ရွာသူားတွေက အဲဒီအိမ်ကောင်းကြီးထဲမှာနေကြတဲ ့မိသားစုဝင်တွေပေါ့။ ဘယ်မိသားစုဝင်ပဲ အလှူလုပ်လုပ် အိမ်ကောင်းကြီးထဲက ကိုယ့်မိသားစုအားလုံးပါဝင်ပြီး ကုသိုလ်ယူကြမှာပဲလေ။အဖေအမေကလုပ်လည်းသားသမီးတွေပါတာပဲ။သားသမီးတွေလုပ်လည်း အဖေအမေက ပါတာပဲလေ၊၊ဘယ်သူပဲလုပ်လုပ် ကိုယ့်မိသားစုဝင်တွေက ပါဝင်ဆက်လုပ်ကြမှာပါပဲလေ။နောက်မြေးမြစ်တီတွတ်စတဲ ့မိသားစုဝင်တွေအားလုံးလုပ်ကြမှာပဲလေ။ဂေ ဇက်မိသားစုတွေရဲ ့နောက်အကြိမ်ပေါင်းများစွာသောစုပေါင်းအလှူတွေ မကြာခင်မှာ မြင်တွေ ့ကြရဦးမှာပါ။မိသားစုဝင်တွေအားလုံး(မိသားစုအကုန်၊တစ်ယောက်မကျန်) အလှူပွဲတိုင်းမှာပါဝင်နိုင်ကြပါစေလို ့ဆုတောင်းရင်း မေတ္တာပို ့သလိုက်ပါတယ်။

    • ဆူး

      May 4, 2012 at 4:04 pm

      တယောက်နဲ့ တယောက် မြင်ဖူးကြတာ မဟုတ် ရင်းနှီးကြတာ မဟုတ် စာလေးတွေနဲ့ စိတ်ချင်းဆက်သွယ်ပြီး ရေးသားနေကြရတာကို ယုံယုံကြည်ကြည် နဲ့ လှူဒါန်းကြလို့ ပထမ ဒုတိယ ဖြစ်လာခဲ့ပြီ ဆိုတော့ နောက် အကြိမ်ကြိမ် ကိုလည်း နောက်ထပ် နောက်ထပ် ဦးဆောင်သူတွေ နဲ့ အလှူကြီးတွေ အလှူကြီးတွေ ဖြစ်လာပါစေလို့ အမြဲ မျှော်လင့်ပါတယ်။

  • သူရဇော်

    May 3, 2012 at 1:57 pm

    ကိုအေကေကေအိုရဲ့ စိတ်ဓါတ်လေးကို ချီးကျူးဂုဏ်ပြုပါတယ်ဗျာ……ရွာသူ/သားအားလုံးကလဲ နောက်ထပ်အလှူတွေထပ်လုပ်နေကြဦးမှာပါ….. ကိုအေကေကေအိုရဲ့ ဆန္ဒနဲ့ထပ်တူ သူကြီးအပါအဝင် ရွာသူ/သား အားလုံး ဆင်နွှဲပါဝင်နိုင်ကြပါစေလို့ဆုမွန်ကောင်းထပ်လောင်း ပေါင်းထည့်ပါတယ်ဗျာ……

    • သူရဇော်

      May 3, 2012 at 2:38 pm

      အာဗျာ နီချင်သလိုသာ နီကြတော့ဗျာ………….. ကောင်းတာပြောလဲနီတာပဲ ချဉ်ပါတယ်အေ

      • ဆူး

        May 3, 2012 at 2:54 pm

        ဆူး တော့ အနီ တွေ့ရင် စိမ်းပေးလိုက်တာပဲ.. ဘာလို့ နီလဲ စိမ်းလဲ ကို မသိတော့ပါဘူး။

  • aye.kk

    May 3, 2012 at 2:46 pm

    ဆူး..
    ထပ်တူထပ်မျှ..
    သာဓု..သာဓု..သာဓုခေါ်ဆိုပါတယ်နော်။

Leave a Reply