ပန်းတနော် ထွစ်ပ် -၂

ムラカミMay 2, 20123min17257
ဆေးရုံမုဒ်ဦး

 

အဆာပြေ

 

ငြုပ်ခင်းနဲ့ မှတ်မှတ်ယယ

 

ခြင်းကွင်းနှင့်အတူ

 

 

လက်ပံနဲ့ ငြုပ်

 

လက်ပံနဲ့ ငြုပ်-၂

 

ရှေ့တည့်တည့်က

 

ညာဘက်က

 

ဘယ်ဘက်က

 

 

final cut

 

 

ဂလု ပုံတွေ ကို အားမရပါဝူးဗျာ…

လူ အယောက်၅ဝလောက် မျက်တောင်မဖတ်ဖို့ ဟိုဘက်သည်ဘက် မလှည့်ဖို့ …

အတော်လေး ခက်ပါကြောင်း ..

၄ပုံလောက် ဆွဲထားတာ …ကာယကံရှင်များ မိမိပုံ ကောင်းတဲ့  အင်းမေ့ချ် ကို

ရွေးဒေါင်းလို့ ရအောင် ဖြစ်ပါကြောင်း….

 

 

ပါဆယ်နယ် ပုံတွေကတော့ …

အာဟိ…. ဘီဘီ နော …..

ဒါဗျဲ.

 

57 comments

  • သူရဇော်

    May 2, 2012 at 12:25 pm

    ကိုဂီရဲ့ ဒုတိယ ထလစ်အတွက်လဲ ထပ်မံအားပေးသွားပါတယ် လက်ပံနဲ့ငြုပ်-၂ ကို နှစ်သက်မိပါကြောင်း ဂလုပုံလေးတွေဒေါင်းယူရင်း ကျေးဇူးတင်ရှိကြောင်း…..
    ခင်မင်လေးစားစွာဖြင့်
    သူရဇော်
    အတုအပဆင်တူရိုးမှားအထူးသတိပြုပါ

    • Shwe Tike Soe

      May 2, 2012 at 12:41 pm

      ဟဲ့မိတူရ နင်နဲ.ငါနဲ. လက်ဆော့ထားတဲ့ ပုံတွေ ပို.ပေးအုံးဟ
      ငါတို.မိသားစုတွေ ထော်ခရုဇာ စီးတဲ့ပုံတွေရောနော်……… 😀

      • သူရဇော်

        May 3, 2012 at 9:14 am

        တိုက်တိုက်ရေ ကိုးနတ်ရှင်ကို အံတုပီး ပို့ပေးမည်ဖြစ်ကြောင်း……………

  • ဆူး

    May 2, 2012 at 12:30 pm

    ပုံအတွက် ကျေးဇူးတင်ပါတယ်။
    ဒါ့ပုံ ဆရာတွေ များတော့ ဘယ်ကို လှည့်ကြည့်ရမယ် မှန်းကို မသိတော့ဘူး။
    အကုန်လုံးက ညီညီညာညာ တစုတည်း ကြည့်နေတာကို မရှိဘူး ဖြစ်နေတယ်နော်။

  • htet way

    May 2, 2012 at 12:31 pm

    အင်းကိုယ့်ဆရာ
    ပုံတွေကတော့ ပြန်ကူးယူရမယ် အမှတ်တရ
    ပါဆယ်နယ်ပုံတွေဆိုတာက…..။

  • နွယ်ပင်

    May 2, 2012 at 12:31 pm

    ဂီဂီရေ ဂလု ပုံတွေကို ကူးယူသွားပါတယ်နော်
    ပါဆယ်နယ် ပုံတွေကို ဈေးပြင်တော့ဘူးလားဟယ် …… 😀
    ခြင်းကွင်းနှင့်အတူပုံလေးကို သဘောကျမိတယ် …………

  • Shwe Tike Soe

    May 2, 2012 at 12:43 pm

    အကုန်ကြိုက်တယ် ကိုဂီရေ ကျေးကျေး ………
    ပါစင်နယ်ပုံတွေအတွက် ဘီယာကြီးက မကောင်းပါဘူးအေ …….. ရက်လေဘယ်လေးဆို မကောင်းဘူးလား ခိခိခိ…….
    တားတား က တားတား ပါဆင်နယ်ပုံတွေအတွက် ချိစ်နှစ်တုံး ပေးမယ်လေ နော်နော် ကိုဂီနော်……. 😀

    • char too lan

      May 2, 2012 at 4:24 pm

      ရက်လေဘယ် ဟုတ်လား???
      မဖြစ်ဘူး မဖြစ်ဘူး .. ဘူး .. ဘူး … ဘူး
      အဲ့ပုလင်းက ကိုတိုက် ထက်အရပ်မြင့်တယ် 😀

  • koaung

    May 2, 2012 at 12:56 pm

    ဂုလယ် ဂုလယ် ပုံတွေက ရှဲ့ရှဲ့

  • Foreign Resident

    May 2, 2012 at 12:57 pm

    ရွာသူတွေထဲမှာ ဘယ်သူအချောဆုံး ဆိုတာ
    အဘ အမုန်းခံပြီး ထုတ်ပြောလိုက်ရမလား ။
    ဟီဟိ ၊ အားလုံး ချောကြပါတယ်ကွယ် ။

  • jujuma

    May 2, 2012 at 1:03 pm

    လှလိုက်တာပုံတွေက …
    ကျေးဇူးဗျာ…ပုံတွေ ကူးယူသွားပါ၏ .. ခွင့်ပြုပါ ….

  • koaung

    May 2, 2012 at 1:11 pm

    အိမ်းပြောရရင်ဒေါ့ ငရုတ်သီးခင်းကအလှဆုံး အဲလေမှားလို့ အားလုံးလှကြပါ၏

  • Foreign Resident

    May 2, 2012 at 1:15 pm

    ဒီတစ်ခေါက် ခရီးစဉ်မှာ ပါတဲ့သူတွေအားလုံးရဲ့ နာမည် ကို တင်လိုက်ပါလား ။
    ဒါမှ ဓါတ်ပုံထဲက ရွာသူားတွေကို ပဟေဋ္ဌိ ဖွက်သလို မှန်းကြည့်လို့ရမယ် ။

    • Thel Nu Aye

      May 2, 2012 at 2:11 pm

      အဘဖောပြောတာထောက်ခံပါ၏။ တောင်းဆိုပါ၏။

    • manawphyulay

      May 2, 2012 at 2:31 pm

      အဘဖောက သိတဲ့သူများနေတာကို ပြောအားရှိတာပေါ့နော်…

      • Foreign Resident

        May 2, 2012 at 2:57 pm

        အခု အခြေအနေမှာတော့ သေချာတာတစ်ခုကတော့ ၊
        မနောလေးက အဘထက် သိတဲ့ ရွာသူား ပိုများသွားပါပြီကွယ် ။

  • Novy

    May 2, 2012 at 1:18 pm

    ခြင်းကွင်းနဲ့ အတူဆိုတဲ့ ပုံလေးရဲ့ တိမ်တွေက လှလိုက်တာအေ
    ဂရုပုံ တွေကူးသွာပါကြောင်း
    တူလေးဆီမှာ တီတီနိုဗွီ ရဲ့ ပါဆင်နယ်ပုံတော့
    မရှိလောက်ပါဘူးနော် 🙂

    • ဆူး

      May 2, 2012 at 4:42 pm

      တီတီ နိုဗွိ ရဲ့ သမီးလေးကို ခြိမ်းခြောက်သလို အဟမ်း.. အလှပုံ အီးတုံး ရိုက်သွားတယ် ဆိုရင် မကြာမီ လာမည်တဲ့.. အခုတောင် media ထဲမှာ တွေ့နေရပြီ လူတော်တော် စုံနေပြီ။

  • Onyx

    May 2, 2012 at 1:28 pm

    ရွာသူားများပုံကို အမှတ်တရ ကူသွားပါကြောင်း။ဓါတ်ပုံတွေကိုတော့ အာလုံးကြိုက်ပါဒလယ်လို့

  • mg mg

    May 2, 2012 at 2:40 pm

    “ညာဘက်က”ပုံမှာ ဘယ်ဘက်အဆုံးက နှစ်ယောက်က
    အစားကြီးလို့ နောက်ကျနေတယ်ထင်ပ။
    ငြုပ်ခင်းလေးပေါ်အိပ် မေးလေးထောက်ပြီး
    “ငြုပ်ခင်းလေးနဲ့အမှတ်တရ”ဆိုပြီး တစ်ယောက်တစ်ပုံစီလောက် ရိုက်ခဲ့ရမှာ(ဟီဟိ)။

  • FattyCat

    May 2, 2012 at 3:26 pm

    ကျွန်တော့်က မျက်မမြင်ကလေးလေးနောက်ကပါ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • kai

    May 2, 2012 at 3:49 pm

    မြန်မာပြည်ရဲ့.. အုပ်စုပုံတွေမှာ ပြုံးနေတာတွေ သိပ်မတွေ့ရတတ်ဖူး..
    အခုတော့..ပြုံးလို့.. ပျော်လို့..
    ဧကန္တ…
    .. ကလိထိုးရယ်ခိုင်းတဲ့သူ ရှိတာသေချာတယ်.. 😆

    ဆိုတော့..
    ပန်တနော်နဲ့..ဦးသန့်.. နည်းနည်းပါးပါးလေး.. အချိပ်အဆက်..အရိပ်အယောင်လေး.. မမြင်ရပါဘူးလား.. ဗျာတို့..။ :mrgreen:

    • ဆူး

      May 2, 2012 at 4:45 pm

      ကလိထိုးမှ ရီမဲ့ သူတွေ ကျနေတာပဲ.. အခု ရီသွားတယ်..
      အလှူ အတွက် ဝမ်းသာ လွန်းလို့ လူစုံ ခရီးထွက်ရတာ ပျော်လွန်းလို့.. ၃နှစ်ကလေးတောင် ပျော်လို့.. မြူးနေတာပဲ..
      လူကြီးတွေလည်း မနေနိုင်ဘူး ရယ်ကြတယ်။
      ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား
      :lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol::lol:

    • Inz@ghi

      May 2, 2012 at 6:43 pm

      ရှိဝူးဗျ…
      ဦးသန့် စာကြည့်တိုက်က
      ဖြတ်သွားရုံ ဖြတ်သွားဖြစ်တာ…
      ဂယ်က ရိုက်ချင်တာတွေ အများကြီးတွေ့ရဲ့ ..
      တွေ့တိုင်း ကားရပ် ဆင်းရိုက် လုပ်နေရင်
      ဒီခရီးက ၂ညအိပ် ၃ရက် ခရီး ဖြစ်သွားမှာ ဗျာ…

      ကလိထိုးစရာ မလိုဘူးသဂျီးရဲ့ ….
      တခါက စိုင်တကောင် ပြောသွားဖူးတယ်….
      funniest photographer i’ve ever met တဲ့ ….

      မောင်ဂီ့တို့ ရုပ်အခံကောင်းပုံများ ပြောပါတယ်….

      😀

      • Foreign Resident

        May 2, 2012 at 7:47 pm

        ” ကလိထိုးစရာ မလိုဘူးသဂျီးရဲ့ ….
        တခါက စိုင်တကောင် ပြောသွားဖူးတယ်….
        funniest photographer i’ve ever met တဲ့ …. ”

        အော် မောင်ဂီ မောင်ဂီ
        ဒါကြောင့်လည်း နံမည် ကြီးပေသကိုး ။
        ကောင်မလေး တစ်ယောက်ကို
        တစ်ချိန်လုံး ရီနေရအောင် လုပ်နိုင်မှတော့
        အဲဒီ စိုင် ကြွေပြီပေါ့ကွယ် ။

        • Inz@ghi

          May 5, 2012 at 4:11 pm

          လုပ်ပြီ …လုပ်ပြီ…
          ဒါမိုးက ကိုယ်တိုင် လုပ်ဖူးမှ သိတာခည ….

          😀

          အာဟိ
          ဒက်ဂလောက်

    • MaMa

      May 3, 2012 at 8:28 pm

      ဦးသန့်နဲ့ ပတ်သက်တဲ့ အရိပ်အယောင်ဆိုလို့ …
      ပန်းတနော်မြို့အဝင် ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်မှာ ဦးသန့်ရုပ်တုနဲ့ စာကြည့်တိုက်တည်ဆောက်ဖို့ လုပ်နေပါတယ်။ ဟိုးးးးးးး အရင် ဦးသန့်နေခဲ့တဲ့ အိမ်ဆိုရင်လည်း နေရာလောက်သာ ပြနိုင်ပါတော့တယ်။ အမှတ်တရ အထိမ်းအမှတ်ဆိုလို့ ဦးသန့်ဇနီး ဒေါ်သိန်းတင်ရဲ့ အုတ်ဂူကိုတော့ ကွယ်လွန်သူရဲ့ ဆန္ဒအရ ပန်းတနော်မှာ သဂြိုလ်ပါတယ်။ တံတားဦးကျောင်းနားမှာ ဇရပ်လေးတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားပြီး ဦးသန့်ရဲ့ သမိုင်းဝင် ဓာတ်ပုံအချို့နဲ့ မိသားစုဓာတ်ပုံလေးတွေတော့ ရှိပါတယ်။
      ဒါပေမယ့် ဇရပ်က သော့ခတ်ထားတာမို့ သော့ကို ကြိုတင်မတောင်းမိတာရယ်၊
      ခရီးရဲ့ အစဖြစ်နေလို့ အချိန်ကို မခန့်မှန်းနိုင်တာမို့ ခရီးစဉ်ကို ချုံ့လိုက်ပြီး လိုက်မပြဖြစ်တာပါ။
      အလှူသွားဖို့ စီစဉ်ကာစတုန်းက ပုဂံနဲ့ ကျိုက်ထီးရိုးလို့ ကြေငြာထားပြီးမှ နောက်ကျမှာစိုးလို့
      ပုဂံနဲ့တူတဲ့ စေတီပုထိုးဟောင်းတွေ အများကြီးရှိတဲ့
      (ဒါ့ပုံဆြာတွေအကြိုက် ဆဲင်းန် တွေ အများကြီးရနိုင်မယ့်) နေရာကို ခရီးဖင့်မှာစိုးလို့ လိုက်မပို့တော့တာ။
      သဂျီးလာရင်တော့ ဆက်ဆက်ရောက်အောင်ပို့ပေးပါ့မယ်။ :mrgreen:

    • ချစ်ရင်ထူးနှစ်

      May 4, 2012 at 12:41 am

      သူကြီးရေ ကျွန်တော် သတိရပါတယ် ကိုဂီ ကိုတောင်ပြောရသေးတယ် .. ကားကမရပ်ဘူးရယ်(သေသေချာချာ) မရပ်တာတောင် ရန်ကုန်ပြန်ရောက်တော့ 7 :00 လောက်ဖြစ်နေပြီဆိုတော့ … Taxi ကို မြန်မြန်လေး မောင်းခိုင်းလိုက်ရတယ် … စာကြည့်တိုက်ဆိုလား အဲဒါတော့တွေ့တယ် ..

  • etone

    May 2, 2012 at 4:11 pm

    ဂလုပုံတွေရိုက်တော့ .. မျက်တောင်ခတ်လျှင် ကိုယ့်ကြောင့် ပုံပျက်မှာစိုးလို့.. မျက်လုံးကြီး မနည်း ပြူထားရတာ … အမှတ်တရပါပဲ .. လှုပ်တောင်မလှုပ်ရဲဘူး … ဒါ့ပုံဆြာတွေက .. … ထောင့်ပေါင်းစုံကရိုက်တော့ … ဟီး ။ 🙂

    ငရုတ်သီးပုံတွေကြည့်ပြီး … မဆီမဆိုင် ငရုတ်နံ့လေး နှာခေါင်းဝရောက်လာသလို ခံစားရတယ်မှတ်တယ် ..နောက်ဖေးမှာ ဆီသတ်ထားတဲ့ အိုးကြီး တူးကပ်သွားတာကြောင့်လေ … 😛

    • ဆူး

      May 2, 2012 at 4:47 pm

      ပုံရိုက်တဲ့ အချိန်မှာ ကင်မရာသမားတွေက ဒေါင့်ပေါင်းစုံ ဖြစ်နေလို့ ဘယ်သူကို လှည့်ရီပြရမယ် မှန်းကို မသိတော့ဘူး။
      ဒါကြောင့် တချို့ပုံတွေက လူတွေ ဟိုလှည့်ဒီလှည့် ဖြစ်နေကြတာ

  • Rose Minn

    May 2, 2012 at 4:18 pm

    1)သူကြီးရေ ကလိထိုးရယ်ခိုင်းတဲ့သူက မရှိဘူးရယ်။ ရွားသားတွေ မြင်နေရတာကိုက ပျော်တာ။ အလှူအတွက်ကိုပျော်တာ ကြောင့်ရယ် စိတ်ထဲ ပျော်မိလို့ပြုံး ကြတာ။ ဦးသန့်ဆီတော့ ကားနဲ့ပဲဖြတ်သွားတယ်ပေါ့လေ။ အချိန်လင့်မှာ စိုးလို့ရယ်။

    2)လက်ပံနဲ့ငြုတ်ကိုတော့ အရမ်းကြိုက်သွားပြီတော့။ ခြင်းကွင်းနဲ့ အတူက လေ ပန်းချီဆွဲထားသလိုပဲ။ အရမ်းလှတယ် ဂီ။

  • Shwe Ei

    May 2, 2012 at 4:19 pm

    အင်း ဂေဇက်မဝင်ဖြစ်တာကြာသွားတော့ အလှူတခုလက်လွှတ်လိုက်ရဘီ။ နောက်တခုအတွက်တော့ အသင့်ပြင်ထားပါတယ်နော။ (သာဓု)၃ ပါဗျာ။

  • Ma Ei

    May 2, 2012 at 4:51 pm

    တိမ်တွေလှလိုက်တာ…
    ဒါပေမဲ့
    ရွာသူ ရွာသားတို့က ပိုလှနေပါတယ်…

  • MaMa

    May 2, 2012 at 7:18 pm

    ဓာတ်ပုံတွေကြည့်မှပဲ တိမ်တွေက လှနေလိုက်တာ။
    ရွာ့ဒါ့ပုံ ဆရာကြီး ဆရာလေးများစွာပါဝင်တာမို့
    ကိုယ့်ကင်မရာအစုတ်လေးနဲ့ ညံ့ဖျင်းတဲ့ ပုံတွေ ရိုက်မနေတော့ပဲ
    ပုံတွေ တက်အလာကို စောင့်မျှော်ရကျိုးနပ်ပါပေတယ်။ 🙂

  • ကိုရင်စည်သူ

    May 2, 2012 at 8:40 pm

    ဒီဂလူကြီးနဲ့တွေ့ရင် ပါစင်နယ်ပုံလေးတွေ တောင်းရမယ်..
    ဒီလောက်အုပ်စုတောင့်ပုံနဲ့ဆို ဂေဇက်ဒီမိုကရက်တစ်ပါတီထောင်ရင်
    တစ်မဲပေးမလားလို့…။ 😀
    ဒါနဲ့ စကားမပစ်..
    ဂျင်းဘောင်းဘီလေးနဲ့ ခြေထောက်ချိတ်ထိုင်နေတာ… ဘယ်သူရဲရို့…
    မဟုတ်မှ လွဲရော… ZzzzZZzz 😆 😆

  • blackchaw

    May 2, 2012 at 9:20 pm

    အားပေးသွားပါတယ် ဂီဂီရေ။
    နောက်ပုံလေးတွေလည်း တင်ပေးပါဦးလို့
    ပွဲတောင်းသွားပါတယ်ဗျာ။
    🙂

  • Inz@ghi

    May 2, 2012 at 9:29 pm

    ကိုယ့်ဆြာတို့ကတော့ ကျုပ် ပိုစ့်ဆို ဒါပဲ ရှာနေကြတော့တာပဲ. …
    (ဆြာတီ ဘာဝင်ပြောဦးမယ်မသိ…. ဟီး…)

    အဲ့ဒါ …မရို့စ် ပုံပါဗျာ…

    😀

  • Gipsy

    May 2, 2012 at 9:49 pm

    ရွာသူားတွေကို ကြည့်နေမြင်နေရတာ တက်တက်ကြွကြွ နဲ့ အားရလိုက်တာ….
    ရွာသူတွေရော ရွာသားတွေရော စုစုဝေးဝေးနဲ့ မြင်ရတော့ မလိုက်နိုင်တဲ့ ကိုယ့်အဖြစ်ကို
    ဝမ်းနည်းမိသဗျာ…။ 🙁

  • ဦးဦးပါလေရာ

    May 2, 2012 at 11:33 pm

    ရွာသားတွေ စုစုဝေးဝေးတွေ့ရတာလဲ ပျော်စရာကောင်းပါတယ်…။
    လင်ပန်းကြီးထဲက အချိုပွဲတွေတွေ့ရတာလဲ တော်တော်စိတ်ဝင်စားဘို့ကောင်းတယ်…။
    ကျုပ်မသိတဲ့ မုန့်တွေချည်းပဲ….။

  • kyeemite

    May 3, 2012 at 8:30 am

    ဂလုပုံ ကူးထားလိုက်တယ်ဗျို့…
    သင့်ခရုပါ ဂီဂီ..

  • kyeemite

    May 3, 2012 at 8:38 am

    ဂလုပုံက ဂီဂီရိုက်တော့
    ဂီဂီ ပါတဲ့ ဂလုပုံလိုနေသေးဒယ်ဂျ…

  • ကြောင်ကြီး

    May 3, 2012 at 9:01 am

    အထူးသတင်းတပ်ဖွဲ့ကိုယ်စား ရဲမူးဂျီးဦးကြောင်မှ ကျေးဇူးတင်ဂျောင်း ပြောပါရစေ..။ နောင်ပွဲများရှိရင်လည်း အဂုလို မပျက်မကွက် တင်ပေးဇေလိုပါဂျောင်း…။ 😎

  • ရွာစားကျော်

    May 3, 2012 at 10:53 am

    ဂရုပုံတွေ ဒေါင်းသွားဘီ အင်ဖားဂီကိုသက်ပြင်းရေ
    ကျေးဇူးပါနော်..

  • marblecommet

    May 3, 2012 at 1:40 pm

    ကိုဂီ
    ငြုပ်နဲ့ လက်ပံမှာ
    အိုက်ဒါ လက်ပံမဟုတ်ဘူးထင်တယ်နော
    နီးနီးလေး တစ်ချက်လောက်မြင်ရရင်ကောင်းမယ်
    ကျုပ်အထင် ကသစ် ပင်များလားလို့

  • MaMa

    May 3, 2012 at 8:02 pm

    မောင်ဂီရေ- အဲဒါ ပေါက်ပင်ဖြစ်လိမ့်မယ်ထင်တယ်။

  • Khin Latt

    May 3, 2012 at 8:28 pm

    အသက်ကြီး တဲ့ လူတွေ များ အစားဘဲ စိတ်ဝင်စားတယ် ဖြစ်နေမလားမသိ။
    ကျုပ်လဲ ဦးဦးပါလေရာ လိုဘဲ စားစရာ ဘန်းကြီး ကို ပိုစိတ်ဝင်စားနေတယ်။
    သဘောကျတာမှ လှမ်းထားတဲ့ငြုပ်သီး တွေတောင် ပါသေး။

    အလကားစတာပါလေ။
    မအိ ပြောတာလေးကို သဘောကျလို့။
    ~~~ တိမ်တွေလှလိုက်တာ… ဒါပေမဲ့ ရွာသူ ရွာသားတို့က ပိုလှနေပါတယ်…~~~
    အဲဒါတကယ်ပါဘဲ။
    လူသားချင်း စာနာ စိတ် ရှိတဲ့ သူတွေ စုထားမှတော့ မလှ ဘဲ ရှိပါ့မလားနော်။ 🙂

  • ချစ်ရင်ထူးနှစ်

    May 4, 2012 at 12:47 am

    ကျွန်တော်ပြောသားပဲ ကိုဂီ ဂရုဖိုတို ဆိုရင် အစ်ကို မပါဘဲ ဖြစ်နေမယ် လို့လေ ..
    ဖားသက်ပြင်းကို ရိုက်ခိုင်းပြီး အစ်ကိုက ဝင်ရပ်နေရမှာ .. အဲဒါမှ အစ်ကို ပါမှာပေါ့ . ..
    မပူပါနဲ့ ကျွန်တော် ရိုက်ထားတာ ရှိပါတယ် .. ပို့ပေးလိုက်ပါ့မယ် ..

  • padonmar

    May 4, 2012 at 12:54 am

    စိန်ပန်းပင်ကြီးထင်ပါတယ်။
    ဒါ့ပုံဆရာတွေ လူမစုံတာထားပါတော့ ။ခြောက်မျက်နှာ ရာအိမ်မှူး မောငိမောငိအံက ဘာလို့ ဘေးထွက်ရပ်နေတာလဲ။

  • water-melon

    May 4, 2012 at 7:53 am

    အဲဒီနေ့က အပျော်ဆုံးနေ့ပါ
    နောက်ထပ်လည်း အတူတူဆုံချင်ပါသေးတယ်ဗျာ
    လေးစားတဲ့ ဖရဲမ

  • AKKO

    May 4, 2012 at 11:46 am

    ဓါတ်ပုံလက်ရာတွေက အရမ်းကောင်းတာပါပဲ ။ တစ်ခါကြည့်မိရုံနဲ့ စိတ်ထဲဆွဲကျန်နေတော့တယ် ။
    အရောင်တွေရော ရိုက်ချက်တွေပါ အရမ်းလန်းပါတယ် ။ လက်မထောင်ခဲ့ပါတယ်ဗျို့

  • ဗိုက်ကလေး

    May 5, 2012 at 5:10 pm

    ငြုပ်သီးက အဝေးကကြည့်ရင် ပန်းခင်းနဲ ့တူသဗျ
    အူးလေးတို ့ရွာသူားတွေ ပြုံးလို ့ပျော်လို ့
    လမ်းကြုံရင် ဘီအီးဖိုး ချီးအုံးမှ 😆

  • ဆူး

    May 6, 2012 at 10:47 am

    စကားမစပ် ရှိသမျှ ကွန်မန်း တွေ အကုန် နီနေတာ ဘာကြောင့်လဲ.. ဘာအတွက်လဲ..
    တခုခုတော့ တခုခုပဲ.. တွေးတတ်တော့ဘူးအေ..

  • pan patauk

    May 6, 2012 at 6:50 pm

    ပျော်စရာကောင်းသော ခရီးတစ်ခုဖြစ်ခဲ့ပါတယ်…….

    • Inz@ghi

      May 6, 2012 at 7:14 pm

      အယ် ..ပန်းပိတောက်လည်း လိုက်ခဲ့တယ်ပေါ့ ဟုတ်စ…
      ခုမှ ကောမန့်၁ခု စရေးတာဆိုတော့ ဘယ်သူလည်း မသိဘူးခည…
      ပြောပြပါလား ဟင်င်င်င်င်

      ခင်တဲ့
      ဂီ

Leave a Reply