မေပိတောက်………………..နဲ့ရွှေရန်ကုန်

1 မေလ (2)ရက်နေ့ရန်ကုန်မှာပထမဆုုံးပွင့်တဲ့ပိတောက်
2 ပိတောက်ခူးနေတဲ့ ပိတောက်ချစ်သူူ
3 တပင်လုံးပိတောက်တွေခဲ့နေတာပါဘဲ
4 ပင်ထက်က ပိတောက်ပန်းပွင့်
5 လမ်းဘေးက ဝေနေတဲ့ပိတောက်ပန်း
6 အပင်ပေါ်မှာ ဝါထိန်နေအောင်ပွင့်တာဗျာ
7 ပိတောက်ူခးသူ အမှတ်နှစ်

7 ပိတောက်ခူးသူ အမှတ်နှစ်
9 ပိတောက်ချစ်သူ နှစ်
10 ပိတောက်ချစ်သူ သုံးဦး

           “မေပိတောက်….နဲ့ ရွှေရန်ကုန်”

 

ဒီနေ့မနက် လမ်းလျောက်ထွက်တော့ ပိတောက်ပန်းရနံ့တွေရနေပါတယ်။

လှမ်းကြည့်လို်က်တော့ ကုန်းကျော်အဆင်းမှာ ပိတောက်တစ်ပင်။

ဓါတ်ပုံရိုက်မယ်ကြည့်တော့ နေနဲ့ပြောင်းပြန်။

ရိုက်ပြန်ရင်လဲ ခပ်မဲမဲဘဲထွက်မှာဆိုတော့လက်မဆော့။

ဆက်သွားရင်း ကုန်းကျော်အနောက်ဘက်အောက်ခြေမှာ ပိတောက်ပင်တွေအများကြီးတွေ့ပါတယ်.။

မွှေးလိုက်တာလဲလွန်ပါရော။

လှမ်းကြည့်တော့ ပိတောက်ချစ်သူတွေက ပိတောက်ခူးနေပါတယ်။

အဲဒါနဲ့ လှမ်းလက်ဆော့။

စွယ်တော်ဘုရားကအပြန်မှာတော့ ပိတောက်ပန်းကိုယ်စီနဲ့ပိတောက်ချစ်သူတွေ တွေ့တော့

ခွင့်တောင်းပြီးဓါတ်ပုံရိုက်.

ဒါရန်ကုန်မှာပထမဆုံးပိတောက်ပွင့်ဆိုဘဲ။

ဒီနေ့အလုပ်ကိစ္စနဲ့သွားရာလမ်းတစ်လျောက် ပိတောက်ပွင့်တွေဝေလို့။

ကားပေါ်ကဆိုတာ လက်ဆော့လို့မရ။

ကဲ လှမှလှ လို့ဘဲဆိုချင်ပါတယ်။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့

(2-5-2012)

16 comments

  • manawphyulay

    May 2, 2012 at 3:11 pm

    လေးပေါက်ရေ… ခူးပြီး ရောင်းရအောင်လေ… တစ်ပင်လုံး ကုန်အောင် ခူးလိုက်နော်…

  • အရင့်ရောင်

    May 2, 2012 at 3:34 pm

    အဲဒါ ဘာမှမဟုတ်ဘူး
    မနော က လေးပေါက်ကို ပန်းတောက် အကိုင်းမခိုင်မှန်းသိသိနဲ့ဟြေတာ
    ဆင်ခန္ဓာ ဝက်ကိုယ်လုံးဆိုပီးတော့် ဟီးးးးးးးး
    ကျွန်တော် ဟြေတာ ပိုသွားလားမသိပါဘူးနော်
    ခစ်ခစ်ခစ်

  • Ma Ei

    May 2, 2012 at 3:45 pm

    ကိုပေါက်ရေ…
    ရန်ကုန်မှာ ဒီနေ့ ပွင့်တဲ့ပိတောက်က ဒုတိယအကြိမ်ပါ…
    ရုံးအလာ လမ်းမှာ ပိတောက်ပင်တိုင်း ပွင့်နေကြတာ…
    ကားပေါ်ကဘဲ အလှကြည့်ခဲ့ရတယ်…
    ကိုပေါက်တွေ့ရင်ဓါတ်ပုံဆင်းရိုက်မှာလို့ တွေးမိသေးတယ်…
    ခုတော့ ရုံးခန်းထဲက ပိတောက်ပန်းတစ်ခိုင်ကို
    စာဖွဲ့လို့တင်နေတာ ခုထိကိုမရဘူးဖြစ်နေတယ်…

  • Dote Kha

    May 2, 2012 at 3:58 pm

    ရန်ကုန်မှာ ပိတောက်တွေ ပွင့်နေပြီပဲ။
    ပိတောက်ချစ်သူ သုံးဦးကို သဘောကျမိတယ်။
    ပုံကို ပြောတာပါ။

  • Rose Minn

    May 2, 2012 at 4:27 pm

    ခူးနေတဲ့ ပိတောက်ချစ်သူ တစ်ကို ကြိုက်တယ်။ မမှိ တမှီနဲ့ ပုံလေး ကချစ်စရာလေး။ လေးလေး။ ဒီနေ့ရော ပိတောက်ပန်း လက်ဆောင်မပေးဘူးလားလေးလေး။ လေးလေးဆီက လိုချင်တာနော်။
    မနက်ကတော့ ရုံးမှာ ပန်းလက်ဆောင်လာပေးတော့ ပန်ထားမိတယ် မွှေးလို့ မွှေးလို့။

  • ဆူး

    May 2, 2012 at 5:54 pm

    တုံးပေါ် တက်ခူးနေတဲ့ ကလေးမလေး ၂ယောက် စတိုင်မိုက်တယ်။

  • ကိုအရင့်ရောင်
    (ဆင်ခန္ဓာ ဝက်ကိုယ်လုံးဆိုပီးတော့် ဟီးးးးးးးး
    ကျွန်တော် ဟြေတာ ပိုသွားလားမသိပါဘူးနော်
    ခစ်ခစ်ခစ်)
    အတည်ပြောရရင် ရွာထဲမှာရော အပြင်လောက မှာပါ ကျနော့်ကို ဒီလိုပြောသူ ပြောရက်သူ
    မရှိပါ.။
    အပြင်လောကမှာရော ဝက်ဆိုက်ထဲက လောက မှာပါ ကိုပေါက်ကိုလေးစားသူများပါတယ်၊
    သိအောင်ပြောရရင် ဝက်ဆိုက်အပြင်လောက က ဂျာနယ်လောကမှာလဲ
    ကိုပေါက်(မန္တလေး)ဆိုသော နာမယ်ကိုလေးစားစွာဆက်ဆံကြပါတယ်။

    စကားလုံးအမြင့်သုံးရရင် ကျနော့်ကို ဒီလို ခပ်နောက်နောက်ပြောဘို့ဝန်လေးကြပါတယ်။
    ကျနော်ကလည်း ရွာထဲရှိသူအားလုံးနဲ့ခင်မင်အောင်နေပါတယ်။
    လိုက်လျောစွာနေပါတယ်။
    တစ်ဦးနဲ့တစ်ဦးကြားမှာ အပြန်အလှန်လေးစားမူ့နဲ့နေကြပါတယ်။
    ခင်ဗျားခေါ်နေတဲ့ မစ်စတာကျွီးလက် ဆိုတာကို ပြောင်းပြန်လှန်ခေါ်ရင် အင်မတန်ဆိုးဝါးသော သဘောကိုဆောင်ပါတယ်.
    ကျွန်တော်ရွာသူရွာသားတွေကို နာမည်ပြောင်ပေးတတ်ပါတယ်။.
    ဒါပေမယ့်လှပသော ချစ်စရာကောင်းသော နာမယ်ကိုသာပေးလေ့ရှိပါတယ်။.
    အဲတော့ ခင်ဗျားခေါ်နေတဲ့ မစ္စတာ ကျွီးလက်လို့ ခေါ်တာကို ညစ်ညမ်းသောအသွင်ဆောင်တဲ့အတွက်
    လုံးဝမနှစ်သက်ပါ။
    မနေ့က လူချင်းတွေ့တုံးက ဒီကိစ္စမပြောတာက အားလုံးရဲ့အပျော်တွေ ပျက်စီးသွားမှာစိုးလို့မပြောခဲ့တာပါ။
    ဒီလို ကျွန်နော်မနှစ်သက်တာကို စတဲ့နောက်တဲ့ကိစ္စကို ကိုပေါက်ဘယ်လိုတုန့်ပြန်တတ်သလဲဆိုတာသိချင်ရင်
    “စာသမားကိုပေါက်နဲ့ အရက်သမားကိုပေါက်” ပို့စ်လေးဘယ်လိုဖြစ်လာတယ်ဆိုတာ ရွာထဲကရှေ့မှီနောက်မှီတွေကို မေးကြည့်လိုက်ပါအုံး.
    ကိုပေါက် ခင်တတ်ပါတယ်………..
    လိုက်လျောစွာနေတတ်ပါတယ်
    သို့သော် ဘယ်နေရာမဆို အတိုင်းအတာ တစ်ခုနဲ့ကန့်သတ်ထားပါတယ်.
    အားလုံးကိုလေးစားစွာနေတတ်ပါတယ်။
    သို့ ဘာလုပ်လုပ် ငုံ့ခံတတ်သောလူစားထဲမှာ မပါပါ။
    အခုလည်း စိတ်မဆိုးပါ ။
    ဆင်ခြင်တတ်အောင်ပြောပြတာပါ.။
    အခုလိုပြောပေးတာ နောင်တစ်ချိန်မှာ စကားပြောလာရမှာစိုးလို့ မလွန်ခင်ပြောတာပါ။.

  • MaMa

    May 2, 2012 at 6:47 pm

    ပိတောက်တွေက ဓာတ်ပုံရိုက်ခံချင်လို့ ကိုပေါက်လာတုန်း အချိန်မီ ပွင့်ပေးတာဖြစ်မယ်။ 🙂

  • blackchaw

    May 2, 2012 at 9:14 pm

    မန္တလေးသားရိုက်တဲ့
    ရန်ကုန်ပိတောက်တွေကို
    ပိတောက်ပန်းကြိုက်တဲ့
    ရန်ကုန်သားအတုက
    ဝင်ရောက်ခံစားသွားပါတယ် ကိုပေါက်ရေ။
    🙂

  • ဦးဦးပါလေရာ

    May 2, 2012 at 11:39 pm

    ပိတောက်တွေက ပွင့်ပြီဆို ဆုပ်ဆုပ်ခဲခဲနဲ့ သိပ်ချစ်စရာကောင်းတာ ကိုပေါက်ရဲ့…။
    ပုံ ၆ လေးကိုကြည့်ပြီး ငယ်ငယ်က ပိတောက်ပန်းတွေ တက်ခူးတာ သတိရမိတယ်…။
    ခူးချင်လို့သာခူးတာ ပြီးတော့ ဘာလုပ်ရမှန်းမသိဘူး…
    လက်ထဲဝအောင်ကိုင်ထားပြီး နီးတဲ့အဒေါ်ကြီးတွေကို ထိုးပေးခဲ့ရတော့တာပဲ….။

  • pooch

    May 3, 2012 at 12:15 am

    မန်းလေးမှာလည်း ပွင့်တယ်လေးပေါက်ရေ ဝေနေတာပဲ။ မွှေးနေတာပဲ။ အိမ်မှာတောင် စားပွဲပေါ်တောင် အမေက ဖန်ခွက်လေးနဲ့ တင်ထားတယ် ဒီနေ့။ တနေကုန်မွှေးနေတာ။

    • ကြောင်ကြီး

      May 3, 2012 at 10:08 am

      နမ်းပစ်လိုက်ဇမ်းပါ ပုရှ်လေးရယ်.. ဦးကြောင်ကြီးဂို… ရှလွတ် ရှလွတ် 😳

  • ရောင်ခြည်ခ

    May 3, 2012 at 9:05 am

    လေးပေါက်ရေ.. ပိတောက်ပင်ပေါ်မှာ အဆုတ်လိုက်ပွင့်နေတာ လှတယ်ဗျာ၊ အဖိုးစိုက်ခဲ့တဲ့ ပိတောက်ပင် မခုတ်ခင်ကဆို တစ်ပင်လုံးပွင့်တာ၊ ပိတောက်ပွင့်ချိန်ဆို လေတိုက်တိုင် ပိတောက်နံ့လေးသင်းနေတာ၊ သတိရမိတယ်.. 🙂

Leave a Reply