ပိုက်ဆံမရပဲ ပြဿနာတက်နိုင်ရင် မလုပ်တော့ဘူး ( မလုပ်မရှုပ် )

လင်းဝေJune 15, 20101min572

ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်း လမ်းဆုံအနီး ပတ်ဝန်းကျင်တွင် နိုင်ငံခြားသူ လူမည်း အမျိုးသမီး နှစ်ဦးသည် မြန်မာ အမျိုးသမီး အချို့ အပေါ် အကြောင်း ပြချက် ခိုင်လုံခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် ရိုက်နှက်ကြောင်း သတင်း ရရှိသည် ။ ဖြစ်စဉ်မှာ လူမည်း အမျိုးသမီး နှစ်ဦးသည် ဇွန်လ (၇) ရက်နေ့ လှည်းတန်းဈေး နှင့် ကွမ်းခြံဈေး အနီးတဝိုက်တွင် ဈေးရောင်း ချလျက် ရှိသော အမျိုးသမီး အချို့အား အကြောင်းမဲ့ ရိုက်နှက် သောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများက ဖမ်းဆီးကာ ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပို့ဆောင် ခဲ့ရကြောင်း မျက်မြင်သက်သေ အချို့က ဆိုသည်။

၁၂ နာရီ ဝန်ကျင်က လှည်းတန်း ဈေးရုံ အနောက် ဘက်ခြမ်း ပေ ၅ဝ လမ်းပေါ်က ပျံကျဈေးမှာ ဆပ်ပြာ ရောင်းတဲ့ အမျိုးသမီး တစ်ဦး အိပ်နေတာကို လူမည်း အမျိုးသမီး ၂ ဦး ရောက်လာပြီး အကြောင်းမဲ့ ဝင်ရိုက် ပါတယ်။ အရိုက်ခံ ရတဲ့ အမျိုးသမီးက တုတ်စွဲပြီး ပြန်ရိုက်မယ် လုပ်တော့ ပြန်ထွက်သွားတယ် ၊ လှည်းတန်းဈေး ဘေးလမ်း ကနေ ထွက်ပြီး လမ်းမှာ တွေ့တဲ့ အမျိုးသမီး တစ်ဦးကို ထပ်ရိုက် ပါတယ် ၊ မကျေနပ်တဲ့ သူတွေ လိုက်တော့ လှည်းတန်း ဂုံးကျော် တံတား ကို ဖြတ်ပြီး ကွမ်းခြံဈေး လက်ကို သွားတယ်။

ကွမ်းခြံဈေး ရောက်တော့ ဈေးရောင်း နေတဲ့ အသား မည်းမည်း အမျိုးသမီး ၂ ဦးကို “Black to Black” လို့ပြောပြီး ထပ်မံ ရိုက်နှက် ပါတယ် ၊ မကျေနပ်လို့ ကျွန်တော်တို့က ကမာရွက် ရဲစခန်းကို သွားတိုင် ပါတယ် ။ ရဲစခန်းက ခရိုင်မှူး ရောက်နေ တယ် ပြောတယ် ၊ သုံးခါလောက် ပြန်ခေါ်မှ တပ်ကြပ် တစ်ဦး နဲ့ ဒုတပ်ကြပ် တစ်ဦး လိုက်လာတယ် ။ ကွမ်းခြံ ဈေးထဲ လိုက်ရှာတော့ မတွေ့တော့ဘူး ၊ ဒါနဲ့ ရဲနှစ်ဦး ပြန်သွားတယ် ၊ ကျွန်တော် တို့လည်း ပြန်လာတော့ ABC ဆေးခန်းမှာ သူတို့ နှစ်ဦး ထိုင်နေတာ တွေ့တယ် ၊ သူတိုရှိတဲ့ နေရာ လှည်းတန်း ဈေးက လူတွေ သိသွားတော့ လိုက်လာပြီး ဆေးခန်းကို ဝိုင်းထား လိုက်တယ် ။ အဲဒီ အချိန်မှာ ရဲကား တစ်စီး ရောက်လာပြီး သူတို့ကို ခေါ်သွားတယ်၊ အရိုက်ခံ ရတဲ့ အမျိုးသမီး ၄ ဦး အပါအဝင် ကျွန်တော်တို့ လိုက်သွားတယ် ၊ စခန်း ရောက်တော့ သူတို့က သော့ ထောင်ပြပြီး မြို့နယ်မှူးကို ဘယ်လောက် ပေးရမလဲ ပြောတယ် ၊ မြို့နယ်မှူးက မစော်ကားနဲ့ တာဝန်အရ လုပ်တာ လို့ပြောတယ် ၊ အပြင်က ကြည့်နေတဲ့ ကျွန်တော်တို့ကို မဖွယ် မရာ အပြုအမူ လုပ်ပြတယ် ၊ ည ၈ နာရီလောက် ကျတော့ စခန်းက ပြန်လွှတ် ပေးတယ်၊ အခုလည်း ပြန်ထွက်လာပြီး လှည်းတန်းဈေးကို ပြန်ရောက် လာတယ်။ သံပရာသီးေ ရာင်းတဲ့ အမျိုးသမီး တစ်ဦးကို လူမည်း အမျိုးသမီး က ရိုက်မယ် လုပ်လို့ ဈေးသည်လေးရဲ့ အစ်မက မြင်ပြီး ကပ်ကျေးနဲ့ ထိုးမယ်လို့ ပြတော့မှ ပြန်ထွက် သွားတယ်တဲ့ ဟု လှည်းတန်းဈေး အနီးနေထိုင်သူ မျက်မြင် သက်သေ တစ်ဦးက အခိုင်အမာ ပြောကြားသည်။

အဆိုပါ လူမည်း အမျိုးသမီး ၂ ဦးသည် လှည်းတန်း ခုံးတံတား နှင့် အရိုးကု ဆေးရုံကြားရှိ ယာယီ ဆင်မလိုက်ဈေး တွင်လည်း အလားတူ မြန်မာအမျိုးသမီး တစ်ဦးကို ရိုက်နှက်ရန် ကြိုးစား ခဲ့သဖြင့် အနီး ပတ်ဝန်းကျင်ရှိ အများ ပြည်သူများ ကိုလည်း မြန်မာ့ လူမှု နယ်ပယ် နှင့် မအပ်စပ်သည့် ရိုင်းပြ လှသော မဖွယ်မရာ အပြု အမူ များကို လုပ်ပြခ ဲ့ကြောင်း ၊ အဆိုပါ လူမည်း အမျိုးသမီး ၂ ဦးသည် နိုင်ဂျီးရီးယား လူမျိုးများ ဖြစ်ကြောင်း ၎င်းတို့ ၂ ဦးသည် ရန်ကုန် – အင်းစိန် လမ်းမ စံရိပ်ငြိမ် မှတ်တိုင် အနီး လူမှုဖူလုံရေး ဆေးခန်း နှင့် မျက်နှာချင်း ဆိုင်ရှိ ဘီယာဆိုင်၏ အပေါ်ထပ် ၅ လွှာတွင် ယခုအခါ လွတ်လပ်စွာ နေထိုင်သွား လာလျက်ရှိနေကြောင်း သိရသည်။ ယင်းလူမည်း အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် သွားသည် ဟုဆိုသည့် ကမာရွတ်ရဲစခန်းသို့ မေးမြန်းရာ လူဝန်မှုကြီးကြပ်ရေး နှင့် သာသက်ဆိုင်ကြောင်း ဖြေကြား ခဲ့သည်။

တကယ်တော့ ဒီကိစ္စမှာ လူတွေကို ရိုက်နှက်တာက ရဲ နဲ့ဆိုင်ပါတယ်။ ဘယ်လို နေထိုင်ခွင့်နဲ့ နေသလဲဆိုတာသာ လဝက နဲ့ဆိုင်တာပါ။ ဒါပေမယ့် ရဲတွေကနားမလည်ပဲ နိုင်ငံခြားသားဆိုရင် လုပ်မှားကိုင်မှာဖြစ်ပြီး ပြဿနာတက်မှာ ကြောက်တာရယ်၊ ပိုက်ဆံရမှာ မဟုတ်မှန်းလည်း( အများကြီးတော့ ရမှာ မဟုတ်ဘူးလေ ) သိတော့ အဲဒါ လဝက ကိစ္စပဲဆိုပြီး လွှတ်ပေးလိုက်တယ်။ တကယ်ဆိုရင် လည်း လဝက ကို အကြောင်းကြားပြီးလွှဲလိုက်ပါလား။ မြန်မာတွေက အာဖရိက လိုနေရာက ကပ္ပလီမတွေ ကပ္ပလီအထီးတွေ ကတောင် အထင်သေးတာ အနိုင်ကျင့်ရဲတာတော့ အမျိုးသားရေး အရ တော်တော် မှားနေပြီထင်ပါတယ်။ ကြည့်ဦးလေ ဝန်ထမ်းတွေ အကျင့်ပျက်နေပုံများတော့ ကပ္ပလီမကတောင် ဘယ်လောက်ပေးရမလဲ လုပ်သွားတာ…… ကောင်းသေးတော့တယ်….. ။

2 comments

  • snow

    June 15, 2010 at 3:25 am

    အင်းဥပဒေကဘာလဲတော့မသိဘူး
    တွေ ့လိုက်ပါတယ် အဲနေ ့ကလူတွေစုစုစုနဲ့ဖြစ်နေတာ
    ဥပဒေ သားရေကွင်း ပဲ မြန်မာက
    ကိုယ်မှန်တယ်ထင်ရင်မလုပ်ရဲကြဘူးဖြစ်နေပြီ
    ဟူးးးးးးးးးးးး စိတ်ပျက်စရာပဲ

  • etone

    June 15, 2010 at 7:07 am

    ဒီ ကောင်မနှစ်ကောင်က ရိုက်တာခံရလောက်အောင် မြန်မာမတွေလက်မပါဘူးလား ။ စိတ်ကုန်တယ် ကိုယ့်နိုင်ငံမှာ သူများက လာလုပ်တာကို ခံနေကြတယ် ဝိုင်းသမလိုက်ပါလား ။ ဒါမှမြန်မာလူမျိုးတွေအကြောင်းသိမှာ ။ ကြည့်ဦး ဒီလည်းလာသေးတယ် ကိုယ့်လူမျိုးလည်း စော်ကားသေးတယ် ။

Leave a Reply