သောက်သုံးရန်မသင့်သော ရေ(၅)မျိုး…

lu ta loneJune 15, 20101min1113

http://www.orientalwatchsite.com/wp-content/uploads/2009/09/splash-4.jpg

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

3 comments

  • winkyawaung

    October 9, 2010 at 9:59 am

    ကျေးဇူးတင်လိုက်တာ ကိုလူတလုံးရယ်.။ ကျွန်တော်တို့က တောထဲတောင်ထဲမှာ တစ်နေကုန်တည်ထားတဲ့ ရေနွေးတွေကိုု လဘက်ခြောက်ခတ်ပြီး သောက်နေကြတာကိုး။ ယခုတော့ တော်ပါသေးရဲ့..။

  • MYO MYINT AUNG

    October 9, 2010 at 10:41 am

    ကိုလူတလုံးက သောက်သုံးရန်မသင့်သောရေအကြောင်းပြောလို့……ကျွန်တော်ကလည်းသောက်သုံးရန်မသင့်သော အရက် 3 မျိုးအကြောင်းပြောပြမယ်…..

    1. ရေများစွာရောထားသောအရက်
    2. ခွက်ပုံးဆိုင်မှရောင်းသောအရက်
    3. ဆိုင်တွင်သူများသောက်ပြီးသား ခွက်ဖင်ကပ်မှကျန်နေသောအရက်

    စသည်တို့ဖြစ်ကြပါသည်။ …………………… ဟီး……..

  • ဆူး

    October 9, 2010 at 11:27 am

    ပြောလို့သာ ပြောတာ.. ဒီပိုစ့်ကို ဖတ်ပြီးနောက်မှာတော့.. ဆူးအိမ်မှာ ရေနွေးဓါတ်ဗူးထဲက ရေနွေး အချိန်တိုင်း အပူချိန်ပြည့်တဲ့ ရေနွေးဓါတ်ဘူးတော့ မသုံးဖြစ်တော့ဘူး။ ကျောက်ကပ်မကောင်းမှာ ဆိုးလို့.. အရင်ကတော့ ရေနွေးဓါတ်ဗူး လျော့သွားရင် ပြန်ဖြည့်လိုက်.. တခါမှတော့ မကုန်ဘူး… ပြန်ဖြည့်ပြီး သုံးနေတာ.. အခုတော့ အမြင်မှန်ရလို့ ရေနွေးအိုးကို ရှေးရိုးနည်းအတိုင်း မီးနဲ့ တည်ပြီး ဆူရင် ရေနွေးကြမ်းသောက်.. ကော်ဖီဖျော်သက်လုပ်နေပါသည်။

Leave a Reply