အစုကြီးအလှူတော် အတူနွဲပျော်

NovyMay 2, 20122min16818

အလှူအကြောင်းကိုတော့ အရှေ့က ရွာသူားများရေးသွားတဲ့အတိုင်းပါပဲ

ခရီးစဉ်စလယ်ဆုံး ဘာမှကို ပြောစရာမရှိအောင် အစဉ်ပြေချောမွေ့လွန်းပါတယ်

ဖေါ်ရွေရိုးသားကျတဲ့ ဒေသခံတွေတဲ့ ဧည့်ဝတ်ကျေပြွန်မှူ့တွေကို ရင်ထဲမှာ မှတ်တမ်းတင်မိပါတယ်

ကဲ အခု ဓါတ်ပုံလေးတွေတင်တော့မယ်နော်

မပါမဖြစ်ဆေးရုံရဲ့မုဒ်ဦး

ဆေးခန်းလေးတွေကိုဒီလိုရိုက်လိုက်တယ်

ဝါးတွေရဲ့ ထောက်ကန်မှု

ဆေးရုံအတွက် အုတ်ဖိုလေးရဲ့ အင်အား

သဘာဝရဲ့ရင်သွေးငယ် 1

သဘာဝရဲ့ရင်သွေးငယ် 2

ကျိုက်ထီးရိုးဘုရားအဝင်လမ်း 1

ကျိုက်ထီးရိုးဘုရားမုဒ်ဦး

ကျိုက်ထီးရိုးဘုရားအဝင်လမ်း 2

 

ကျိုက်ထီးရိုးဘုရား

အရံစေတီခြံရံတယ် သက်ပါယ်လှပါ့ ကျိုက်ထီးရိုးအလှ

 

18 comments

  • Novy

    May 2, 2012 at 10:03 pm

    ကွန်နက်ရှင်မကောင်းလို့
    ပုံတွေတင်ဖို့ အတွက်လေးခါလောက် ကြိုးစားပြီးတင်လိုက်ရပါတယ်
    အခုမှပဲ ရသွားတော့တယ်
    ခဲမလောက် MG အဆိုတော်ပုံတွေနဲ့ ရှောင်လင်လူထွက်ပုံတွေတော့ နောက်နေ့မှ တင်တော့မယ်

  • Mလုလင်

    May 2, 2012 at 10:42 pm

    ရှောင်လင်လူထွက် တဲ့ … ဘယ်သူတွေပါလိမ့် …..

  • ရွာစားကျော်

    May 3, 2012 at 12:12 am

    ခုပဲ ချောချောမောမောနဲ့ အိမ်ပြန်ရောက်ပါတယ်.. နောက်ရက်မှ ကွန်မင့်သေချာပေး ပို့စ်တွေလည်းရေးတင်ပါမယ်..
    ဒါကြီးကို ဖက်ထားရရင်ကို ကျေနပ်နေတာ ဆိုပြီး ကင်မလားအိတ်ပုတ်ပုတ်ပြတာ ဒူတုံးဗျ

  • pooch

    May 3, 2012 at 12:39 am

    မနို ကောက်ညှင်းပေါင်းလေး လုပ်စားဖြစ်ရင် မန်းလေးကို ပါဆယ်လေးပို့ပေးပါနော် :mrgreen:

  • Khin Latt

    May 3, 2012 at 2:52 am

    မနိုရေ
    ရိုက်ချက်တွေ ကတော့ ရှယ်ဘဲ။
    ဝါးတွေ ရဲ့ ထောက်ကန် မှု နဲ့ သဘာဝရဲ့ရင်သွေးငယ် တွေ ကို အတော်လေး နှစ်ခြိုက်မိတယ်။
    “ဆေးရုံအတွက် အုတ်ဖိုလေးရဲ့ အင်အား” ဆိုတော့ အုတ်တွေကို ကိုယ့်ဟာကိုယ်ဖုတ်ပြီး ဆောက်ခဲ့တာလား။
    “ကျိုက်ထီးရိုးဘုရားမုဒ်ဦး” မှာတော့ အစ်မပဒုမ္မာ တစ်ယောက် ထီးတစ်လက်၊ ကင်မလာ တစ်ဖက် နဲ့ အလုပ်များနေတာပါလား။
    ထန်းပင်လေးတွေ နဲ့ ဘုရားအဝင်လမ်း က ကြည်ညိုစရာလေး ပါဘဲ။
    ကိုးနက်ရှင်မကောင်းတာကို အံတုပြီး တင်ပေးနေကြ လို့ တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
    အဝေးက နေ လှမ်းကြည့်ပြီး ကိုယ်ပါဝင်နွဲရသလို ဖြစ်ရလို့ပါ။ 🙂

  • water-melon

    May 3, 2012 at 6:58 am

    အမလေး ခဲမလောက် MG အဆိုတော်ပုံတွေတဲ့
    ဟီး ကဲနေတဲ့ပုံလေးတွေထွက်လာတော့မယ်
    ဟီဟီ 😀

  • FattyCat

    May 3, 2012 at 7:10 am

    အစ်မပိုစ့်ကိုမဖတ်ခင် ဖွတော့မယ်လို့တော့ထင်သား
    ဖတ်လိုက်တော့ဖွမထားဘူးဆိုပြီး စိတ်သက်သာသွားတယ်
    အောက်ကျမှ နောက်နေ့ဆက်ဖွဖို့စရံရိုက်သွားတာကိုး

    ခင်တဲ့
    ကြောင်ဝတုတ်

  • ကြောင်ကြီး

    May 3, 2012 at 8:34 am

    ချစ်ဒယ်ပြောပီး နောက်ဆုတ်သွားဒဲ့ နိုဗွီ့ဂို ဦးကြောင်မုန်းဒယ်..။ 😡 မှန်ဒယ်ထင်ရင် နောက်မဆုတ်ကြေး…ဆို.. 🙄

  • windtalker

    May 3, 2012 at 9:08 am

    သတင်းမွှေးနေတဲ့ မနို ကောက်ညှင်းပေါင်း ကို စားချင်လိုက်တာ။ ဒါနဲ့ ကိုကြောင်ဗြကီး ကို ဘယ်ုန်းက ပြောလိုက်တာ တစ်ကယ်ကြီးလား

  • char too lan

    May 3, 2012 at 12:16 pm

    သဘာဝရဲ့ရင်သွေးငယ်တွေထဲမှာ ဟိုရင်သွေးငယ်က တော်တော်ထွားတာပဲ သူ့အမေစီးပွားရေးကောင်းတယ် ထင်တယ် လက်ထဲမှာလဲ ပြောင်းကြီးကိုင်လို့ …. 🙂

  • Novy

    May 3, 2012 at 1:09 pm

    Mလုလင်@
    ရှောင်လင်လူတွက်ဂိုင်းထဲမှာ လုလင်က ရှောင်လင်သားပေါက်လေးပေါ့ 🙂

    ရွာစားကျော်@
    မိသားစုအိမ်ကို ချောချောမောမော ပြန်ရောက်ပြီးဆိုတော့
    အေးအေးဆေးဆေးနားရပြီးပေါ့ လက်ရာလေးတွေမျော်နေမယ်

    water-melon@
    ဖရဲမ ညည်းကဲတုံးကကဲပြီး အခုမှတော့ ကြောက်မနေပါနဲ့အေ

    FattyCat@
    ရှင်မပေါ့မပါ့ကြီးနဲ့ အလှူကို လိုက်လာတဲ့ အကြောင်း မဖွပါဘူးအေ

  • Novy

    May 3, 2012 at 1:26 pm

    ကြောင်ကြီး @
    ဦးကြောင်ရယ် အပျော်ကြံမိတယ်ဆိုရင်တော့ခွင့်လွတ်ပါ

    ကပေ@
    တစ်ကယ်ကြီးတော့ မပြောမိပါဘူးကပေရယ်
    ကြောင်အသက်က 10လောက်ပဲဆိုတော့ သူစိတ်ချမ်းသာသလို ပြောပါစေ
    ခွေးလွှတ်ထားပါတယ်

    pooch@
    ကောက်ညှင်းပေါင်းစာချင်ရင်တော့ ကလေကြီးနောက်မှာ ဝင်တန်းစီလိုက်နော် 🙂

    အရီးလတ်@
    ဓါတ်ပုံတွေကို သလောကျတယ်ပြောလိုကျေးဇူးပါ
    “ဆေးရုံအတွက် အုတ်ဖိုလေးရဲ့ အင်အား” ဆိုတော့ အုတ်တွေကို ကိုယ့်ဟာကိုယ်ဖုတ်ပြီး ဆောက်ခဲ့တာလား။ (ဟုတ်ကဲ့ပါ အရီးလတ်ရေ )
    အစ်မပဒုမ္မာ တစ်ယောက် ထီးတစ်လက်၊ ပြောင်း တစ်ဖက် နဲ့ အလုပ်များနေတာကို
    မှတ်တမ်းထဲပါသွားပါတယ်

    char too lan@
    ပြောင်းကြီးကိုင်ထားတဲ့ ကလေးက
    သဘာဝရဲ့ ရင်သွေးကြီးပါ
    မနိုကောက်ညှင်းပေါင်းဝေနေတာကို သူပါတန်းစီစောင့်နေတာပေါ့

  • ဆူး

    May 3, 2012 at 1:38 pm

    ကိုလုလင်က သားသမီးတွေ တော်တော် များတာပဲ.. ဟိဟိ..

  • ဆူး

    May 3, 2012 at 1:44 pm

    တူမလေးနဲ့ လာမယ် ပြောတဲ့ မနို….
    ကလေးကတော့ အမေ အမေ နဲ့ ခေါ်ပြီး သမီး အမေ ပါ ဆိုပြီး ငြင်းတော့တာပဲ..
    အပျိုကြီး မနို ကလေး တယောက် အမေ ကိစ္စ ဘယ်လို ရှင်းမလဲ။ အဟိ.. ဖွ တာ ဖွ တာ..

    • Novy

      May 4, 2012 at 2:02 pm

      ကဲ အခုတော့ လူတွေသိကုန်ပြီ
      ဘယ်လိုလုပ်ရမလဲ
      အထုပ်နဲ့ အထည်နဲ့ ဟီးးးး

  • etone

    May 3, 2012 at 2:11 pm

    မနိုရေ … ကောက်ညှင်းပေါင်းနဲ ့ဆီထမင်း တစ်ယောက်စီ မတူအောင် ယူထားပြီး …ကောက်ညှင်းပေါင်းအရင်းစား ဆီထမင်းလေး နောက်မှ စားမယ်ဆိုပြီး မှန်မှာ ချိတ်ထားတာ … အချိတော့ဝူး … အခုမှ ကြုံလို့ ပြန်ပြောမိတာ အဟိ … 😛

    ပြောရလျှင် ကောက်ညှင်းရှောင်ထားတာကြာနေပါပြီ .. ကောက်ညှင်းစားတာနဲ့ အစာအိမ်က အရမ်းကို ထိုးအောင့်လွန်းလို့ .. ဒါပေမယ့် ..အဲ့နေ့ကတော့ မနိုလုပ်ထားတဲ့ကောက်ညှင်းပေါင်း အိအိလေးမို့ …. သွားရည်တမျှားမျှားကျပြီး … ဖြစ်ချင်ရာဖြစ်ဟယ် တီးတော့မယ်ဆိုပြီး ဆွဲလိုက်တာ …စေတနာတန်ခိုးနဲ့ဘာမှ မဖြစ်တဲ့အပြင် … နောက်တစ်ထုပ်ထပ်စားမယ်ဆိုတော့ … အထုတ်ပျောက်သွားတယ် …… ငှီး 😥

    ကင်မ်ချီလေးကလည်း ကောင်းပါတယ် …ပုလင်းနဲ့ကို .. အပင်ပန်းခံလုပ်သယ်လာတာပါပဲ ။ ဒါနဲ့ မနိုရေ ..ဖျာတွေ အများကြီးဝယ်ပြီး …ညီမလေးကို လက်ဆွဲပြန်ရမှာဆိုတော့ … အပြန် အိမ်ဦးနတ်ကို လာစောင့်ခိုင်းထားလား ..။ 🙂

    • Novy

      May 4, 2012 at 2:11 pm

      ကောင်းညှင်းပေါင်းလေကောင်တယ်ပြောလို့ ကျေးဇူးပါ
      နောက်အလှူတွေကျရင်လဲပေါင်းကျွေးပါအုံးမယ်နော်

      အိမ်ဦးမူလီကြီးက စလုံးရောက်နေတယ် (သများလွမ်းနေပါတယ်ဆို )
      ဖျာတွေပိုက်ပြီး ကက နောက်လိုက်ရတာပေါ့အေ

  • koaung

    May 3, 2012 at 7:24 pm

    ပုံတွေကြည့်ပြီးကောက်ညင်းပေါင်းပါစားချင်စိတ်ဖြစ်မိသွားပါကြောင်း

Leave a Reply