မရယ်ကြေး…

lu ta loneJune 15, 20101min1367
http://bloggedyou.files.wordpress.com/2007/10/laugh_ha_ha.jpg

1****ကျွန်တော်တို ့တိုက်အောက်မှာ စာစီစာရိုက်နဲ ့မိတ္တူဆိုင် တစ်ဆိုင်ရှိတယ်..
တစ်နေ ့ .. အဲ့ဆိုင်မှာ .အသုဘ ဖိတ်စာတစ်စောင် လာရိုက်ပါရော။ ”
ကျေးဇူးရှင်ဖခင်ကြီး ဦး…. ” ဆိုပြီးတော့ .. ။ အဲ့မှာ စာစီစာရို်က်
အကိုကြီးက ..ရိုက်တာပေါ့ .. ရိုက်တာတော ့ဟုတ်ပါပြီ..ဘယ်လိုရိုက်သလဲဆိုေ

တာ့
. ကျေးဇူးရှင်ဖခင်ကြီး ဆိုတဲ့နေရာမှာ..ခခွေး
တစ်လုံး ကျန်ခဲ့ပါလေ ရော .. အဲ့ဒါကို ကျန်ခဲ့လို ့ကျန်ခဲ့မှန်းလည်း မသိ ..
ဖိတ်စာတွေရိုက် .. မိတ္တူတွေဆွဲ .မိတ္တူဆွဲလို ့ အစောင် ၂၀ဝ ၃၀၀
လောက်ထွက်လာမှ . ဖိတ်စာကိုဖတ်လည်း ဖတ်ကြည့် ရော …” ကျေးဇူးရှင်ဖင်ကြီး …ဦး…. ” ဆိုပြီးဖြစ်နေရောဗျာ…
အဲ့ဒါဖိတ်စာလာရိုက်တဲ့သူတွေကို မနည်းတောင်းပန်ပြီး အသစ်ပြန်ရိုက်ပေးလိုက်ရပါလေရော….
တကယ့်ကို အမှတ်တမဲ့ ..လွဲတဲ့အလွဲလေးတစ်ခုပါ.. ခခွေးလေးတစ်လုံးကျန်ခဲ့ရုံနဲ ့ .. အဟီးးးးးးးး
ဒါနဲ ့အဲ့ဒီစာရိုက်တဲ့အကိုကြီးနာမည်တောင် ကျေးဇူးရှင်ဖင်ကြီး ဆိုပြီးတွင်သွားတာ ..အခုထိပါပဲလားဗျာ..

2****နောက်တစ်ခု ဖြစ်ပျက်ပုံကတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ ့အင်တာနက်ဆိုင်မှာပါ … ။
ကောင်မလေး ချောချောလေး တစ်ယောက် …. ဆိုင်ထဲကို ဝင်လာတယ်. ။ စက်သုံးမလို
့ပါ တဲ့ ။ အော်.. သုံးပေါ့ ဆိုပြီးလိုက်ပြ ။ ကောင်မလေး ကချောတော့ …
သူငယ်ချင်းတွေအကုန်လုံးက အဲ့နားမှာပဲ ရစ်သီ ရစ်သီ လုပ်နေကြရော ..ဘာမှတော့
သွားမပြောကြဘူးးး ။ သူ ့ပုံစံလေးနဲ ့ဆိုတော့ အင်တာနက်လည်း
ကောင်းကောင်းမွန်မွန် သုံးတတ်မယ်ပေ့ါ.. ဟဲ ဟဲ .. အဲ့ဒါနဲ ့.. သူက Mozilla

ဖွင့်လိုက်တယ် ..အရင်ဆုံး google တက်လာတာပေါ့ (home page) ထားထားတာကို ။
ပြီးတော့ google ရဲ ့search box မှာ သူ ့နာမည် ရိုက်ထည့်လိုက်တာတွေ ့တယ်
(ခိုးကြည့်တာမဟုတ်ဘူးနော်.. အမှတ်တမဲ ့တွေ ့တာ ..ဟီးး ဟီးး ) ပြီးတော့လည်း

သူက ဆယ်မိနစ် ဆယ့်ငါးမိနစ် ဘာမှ မလုပ်ပဲနဲ ့Monitor ကြီးကို
ထိုင်ကြည့်နေတယ် ။ မိနှစ် နှစ်ဆယ်လောက်နေမှ … အကို တစ်ချက်လောက်ဆိုပြီး
ခေါ်တယ် .. ဘာမေးတယ်မှတ်သလဲ .. ?? သမီး gmail pwd ကို ဘယ်နာမှား ရိုက်ရမှာလဲ ဟင်
တဲ့ .. အော်…. သေစမ်းပဲ .. မှန်းချက်နဲ ့နှမ်းထွက် မကိုက်တာ … ဟိဟိ…

3****အဒေါ်ကြီး တစ်ယောက်
…… ရောက်လာတယ် ..ဆိုင်ထဲကို …. သူ ့ယောကျင်္ားရဲ ့gtalk ကို
ဖွင့်ချင်လို ့ပါတဲ့ ..အင်းး ပေ့ါ ဆိုပြီး လုပ်ပေးလိုက်တယ်..။ Username နဲ
့Pwd သိလားဆိုတော့ .သိတယ်တဲ့ … အဲ့ဒါနဲ ့ gtalk ကိုဖွင့် Username ကို

အရင်ရိုက်ထည့်ပေးလိုက်တယ် ။ Pwd ပြောလည်း ဆိုရော .. အလုံးလေး 8 လုံးတဲ့
… အော်..အင်းဆိုပြီးး o(အို) လေး ရှစ်လုံး ရိုက်ထည့်ပေးလိုက်တယ် ။
ဒါပေမဲ့ မှားနေတယ် ဆိုတော့ 0 ( သုည) ရှစ်လုံး ထပ်ရိုက်ပေးလိုက်တယ်။
အဲ့ဒါလည်း မှားနေသေးတယ် ဆိုတော့ … သူ က ဘာထပ်ပြောတယ်မှတ်လဲ .. .မောင်လေး
မောင်လေးတဲ့ နောက်တစ်နေရာမှာဆို ကြယ်လေး ရှစ်ပွင့်ပေါ်တယ်တဲ့

ဆိုပြီးပြောတော့မှ .. ဟိုက် သေပါလေရောပဲ ဗျာ……. သူ ပြောတာ က Pwd
မှမဟုတ်တာ ကို .. သူဘေးက ထိုင်ကြည့်ပြီး ရီထားတဲ့ Pwd အလုံးအရေအတွက်ကို
ပြောတာပဲ ဆိုပြီးး ကိုယ့်နဖူးကိုယ်ရိုက်မိပါတယ်။ ပြီးတော့မှပဲ သူ ့ကို
နားလည်အောင် ပြန်ရှင်းပြရတော့တယ်…. ဟူးးး မလွယ်ဘူးပဲ ….

4****ီမှာ နာဂစ် ဖြစ် အပြီလေးဗျာ ..နာဂစ်အပြီး
ကွန်နက်ရှင် ပြန်ရခါစ ၊ အင်တာနက်ဆိုင်တွေ ပြန်ဖွင့်ကာစမှာ
လူနှစ်ယောက်လောက် ရောက်လာတယ် ။ အကို Pfingo ရလားတဲ့ ။ အော်.. ဟုတ်ကဲ့ ရပါတယ်ပေါ့ ။ ဘယ်ကို
ခေါ်မှာလဲ ခင်ဗျာ လို ့မေးလိုက်တော့ ….. လပွတ္တာ ကိုတဲ့ဗျာ… ကဲ
…ဘာသွားပြောရမလဲ

7 comments

  • လင်းဝေကျော်

    June 15, 2010 at 3:44 am

    မရယ်ကြေးဆိုလို့ ထိန်းထားလိုက်သေးတယ် မရယ်မိအောင်
    နောက်ဆုံး Pfingo နဲ့တွေ့မှ ပဲ လပွတ္တာသားတွေကို ရယ်မိတော့တယ်။
    ကိုယ်တွေ့ကြုံ ဟာသအသစ်ကလေးတွေအတွက် ကျေးဇူးပါ။

  • lu ta lone

    June 15, 2010 at 4:11 am

    ကျေးဇူးပါ.. လင်းဝေကျော်…
    အကိုတို့ရဲ့ လက်ခုပ်သံက ကျွန်တော့ အတွက် အမောပြေပါ…
    နောက်လည်း အားပေးပါဦး…

  • etone

    June 15, 2010 at 8:14 am

    ရယ်ရတယ် လူတလုံးကတော့ အမြဲတမ်းကြံကြံဖန်ဖန်ပါလား ။

  • ptt

    June 16, 2010 at 5:47 am

    မရယ်ဘဲ နေလို.မရဘူး
    ပါးစပ်ကို မနည်းပိတ်ထား ရတယ်
    စိတ်ညစ်တာတေဿဿဿဿွ ပျောက်သွားပြီ..
    Thank ပါ

  • blackprince72

    September 22, 2010 at 8:09 pm

    မရယ်နိုင် ဘူး ။ကောင် မ လေး ကျွန်တော် ကို တကယ် မချစ် ဘူး ထင် နေလို. ။ဟာသအသစ်ကလေးတွေအတွက် ကျေးဇူးပါ။

  • pan pan

    September 30, 2010 at 4:50 am

    နောက်ဆုံးပိတ် Pfingo ကတော့ အရယ်ရဆုံးပါပဲ။ ရယ်စရာလား ငိုစရာလား။ ဘာပြောရမှန်းတောင်မသိတော့ဘူး။

  • ဆူး

    September 30, 2010 at 7:15 am

    မရယ်နဲ့ ဆိုလို့.. ခိုးရယ်လိုက်သည်။ ဟီးဟီး.. ဟားဟား..

Leave a Reply