2000 Group ( B- 16 ) သဝဏ်လွှာ (၄၂) by May Aye Oo

Swal Taw YwetMay 2, 20121min640

သဝဏ်လွှာ (၄၂) by May Aye Oo on Wednesday, May 2, 2012 at 4:40am ·

 

 တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင်

ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။

သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့

သူတို့အတွက် စိတ်မကောင်းပါဘူး။

(ဆရာကြီး ဦးဘခင်)

 

ယဉ်ကျေးလိမ္မာသင်တန်း ၄၆/၂၀၁၂

အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း

၅ – ရ မေလ ၂၀၁၂

အနောက်ကြို့ကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။

တစ်ကယ်တော့ ကျမက ၅-ရ မေလ မှာ ဖားအံကို သွားဖို့ စီစဉ်ထားတာပါ..။ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက ဖုန်းလာတော့..၊ ဆရာလေးမှာ ကလေးတွေ က ၄၀ဝ ကျော်နေလို့မို့ စားရေးသောက်ရေးတောင် တော်တော် အခက်တွေ့နေတယ်.. ဆိုတာကြောင့်.. အော်.. ဆရာလေးမှာ အ ခက်အခဲတွေ့နေပြီ..၊ မိဘမဲ့ ကလေး ၄၀ဝ ကျော် အတွက် နေ့တစ်ဓူဝ စားဝတ်နေရေးတော်တော် ခက်နေရှာပြီ.. လို့ .. ။ ကဲ.. ဖားအံ ခရီးစဉ် ခဏရွေ့ပြီး နောက်တစ်ပတ် မှာ မေမြို့တက်ကြမယ်.. လို့ ယာယီ plan ချထားလိုက်ပါတယ်..။

ဟော .. ပြီးတော့ ဧပြီ ၃ဝ ရက်နေ့ မနက်ကျတော့ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းကျေးရွာ က မူလွန်ကျောင်း၊ ကျောင်းအုပ် ဆရာမကြီး က ဖုန်းဆက်လာပါတယ်..။ ကျမ က အနောက်ကြို့ကုန်းအတွက် သင်တန်းရက်ကို မေလ ၅-၆-ရ (သို့မဟုတ်) ၁၂-၁၃-၁၄ လို့ပြောထားခဲ့တာပါ..။ အခုတော့ ကျမက ဖားအံ နဲ့ မေမြို့ သွားစရာပေါ်လာလို့မို့ အနောက်ကြို့ကုန်းကို ၁၂-၁၃-၁၄ မှာ လုပ်ပေးမယ်  စိတ်ကူးထားတာပါ..။ ဒါပေမဲ့ ကျမပေးမဲ့ ၁၂-၁၃-၁၄ ရက်တွေက သူတို့ အတွက် အဆင်မပြေပါဘူးတဲ့..။ ဆရာ၊ ဆရာမတွေ CCA တက်ရမယ့်ရက်နဲ့ တိုက်နေလို့ပါတဲ့..။ ဆရာမလေးတွေကဘဲ သင်တန်းရက်မှာ ဝေယျာဝစ္စလုပ်ကြမှာမို့ သူတို့ အားမယ့်ရက်မှာ လာပေးဖို့ လှမ်းပြောတာပါ..။

အနောက်ကြို့ကုန်းရွာ က သင်တန်းကို လုပ်ချင်တာက မူလွန်ကျောင်းက ကျောင်းအုပ် ဆရာမကြီးက လုပ်ချင်တာပါ..။ တစ်ကယ် တော့ အဲဒီဆရာမကြီး က ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး..။ ဒါပေမဲ့ ကျမတို့ သင်တန်းတက်ပြီးရင် ကလေးတွေက ပို ပြီး လိမ္မာ သွားတယ်၊ တော်သွားတယ်လို့ တွေ့ရတဲ့အတွက် ကျမကို သူ့ကျောင်းက ကလေးတွေ ကို သင်တန်းလုပ်ပေးဖို့ မေတ္တာရပ်ခံ၊ တောင်းဆိုလာ တာပါ..။ ကျမကလဲ ကိုယ့်သင်တန်းကို ဘာသာခြားကတောင်မှ တန်ဘိုးထားတဲ့ အတွက် မအားတဲ့ရက် ကြပ်ထဲကနေ ဖြစ်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ တာပါ..။

 သင်တန်းသားကလေးတွေက ၁၀ဝ စွန်းစွန်းလောက်ဘဲ ရှိမှာပါ.. တဲ့..။ 

ကလေး ၁၂ဝ အတွက် ..

နေ့လယ်စာ ၁ရက် ၅၀၀၀ဝကျပ် × ၃ ရက် = ၁၅၀၀၀ဝ ကျပ်

ဗလာစာအုပ် ၁ ဒါဇင် ၁၈၀ဝ × ၅ဝ = ၉၀၀၀ဝ ကျပ်

Pocket Dictionary ၁၂၀ဝ × ၁၀ဝ = ၁၂၀၀၀ဝ ကျပ်

အခမဲ့ဆေးခန်း ဆေးဝယ်ရန် = ၂၅၀၀၀ဝ ကျပ် (လယ်ဘဲ့မှာ လူနာ ၅၀ဝ လောက် ကုသပေးခဲ့ရပြီး ဆေးတွေက လက်ကျန် မရှိသလောက် ကုန်သွားလို့ပါ..)

ကွန်ပါဘူး ၁၂၀ဝ × ၂ဝ = ၂၄၀၀ဝ ကျပ်

Color Pens ၁၂၀ဝ × ၂ဝ = ၂၄၀၀ဝ ကျပ်

ဘောပင် ၂၀ဝ × ၁၂ဝ = ၂၄၀၀ဝ ကျပ်

Flexiable Rulers ၃၅ဝ × ၂ဝ = ၇၀၀ဝ ကျပ်

Lollipop ၁ဗူး ၄၀၀ဝ × ၃ဗူး = ၁၂၀၀ဝ ကျပ်

Good Morning ပေါင်မုန့် ၂၀ဝ ×၁၁၅ = ၂၃၀၀ဝ ကျပ်

 

အမျိုး၊ ဘာသာ၊ သာသနာ အကျိုး အတွက် ..ကျမတို့ ဝိုင်းဝန်းလိုက်ကြပါစို့လား.. ရှင်..။

 

ပညာရေး.. ကူညီလိုသူများ..

အာဟာရ လှူချင်သူများ ..

ကျန်းမာရေး.. အလှူပေးချင်သူများ..

ဗုဒ္ဓသာသနာပြုချင်ကြသူ မိတ်ဆွေများ…

မြန်မာ နှစ်ဦးမှာ ဒါန ပြုချင်သူများ ..

 

ခရီးစဉ်ကတော့

၄- မေ -၂၀၁၂         ည ၈ နာရီ ကားဖြင့် ပြည် သို့

၅- မေ -၂၀၁၂         မနက် ၂ နာရီ ပြည်ရောက်၊ ပြည်မှ ပေါက်ခေါင်း အနောက်ကြို့ကုန်းသို့     ထွေလာဂျီဖြင့်၊      မနက် ၅ နာရီ အနောက်ကြို့ကုန်းရောက်

မနက် ရ နာရီ သင်တန်း စ၊ ဆေးခန်း စ၊

၆-ရ – မေ -၂၀၁၂       သင်တန်းရက်၊ + အခမဲ့ ဆေးခန်း

၇- မေ -၂၀၁၂         ည ၈ နာရီ ကားဖြင့် ဝက်ထီးကန်မှ ရန်ကုန် သို့

၈- မေ -၂၀၁၂         မနက် ၅ နာရီ အဝေးပြေးဝင်းရောက်

 

စိတ်ဝင်စားကြသူ ..  လှူချင်ကြသူ..  ကူချင်ကြသူ .. အလှူရှင်များ  2000.donation.group@gmail.com   သို့ ဆက်သွယ်ပါရှင်..။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

 

Dear Readers and MG villagers,

Please try to support our MG villager Daw May Aye Oo and 2000 group.

They need your supports as much as you can.

 

Let’s try our best for our mother land.

With respect,

Swal Taw Ywet.