http://www.mychildhealth.net/wp-content/uploads/2009/03/baby-name.jpg

မိတ်ဆွေတို. ကြားဖူးကြလားမသိဘူး ။ ပြင်သစ် လူဝီဘုရင်
(နံပါတ်မမှတ်မှိတော့ပါ။)တစ်ပါး

ဥာဏ်သွားပုံပါ ။

တစ်ပြိုင်နက် တစ်နေ.တည်းမွေးတဲ့ ကလေး(၃၀) ကို

နန်းတော်ကို ခေါ်ယူလိုက်တယ် ။ လိုလေသေးမရှိ
ပြုစုစောင့်ရှောက်တယ် ။ ရှယ်ပေါ့ဗျာ ။ အထူးသမားတော်တွေ ၊ အထူးနို.ထိန်းနာနီတွေ
နဲ့ အထူးကြပ်မတ် ဂရုစိုက်ထားတယ်။
သူလိုချင်တာက… မိဘအသိုင်းအ၀ိုင်းနဲ့ မဟုတ်ရင် သူတို.အချင်းချင်း ဘာသာစကား

အသစ်တစ်ခုပြောလာလိမ့်မယ် ။ ဘယ်လို
ဘာသာစကား ဖြစ်မလဲ ပေါ့…နော် ။

စိတ်ဝင်စားစရာကောင်းတယ် ကိုယ့် လူတို.ရေ …။ သူ
အထူးတားမြစ်ထားတာက ကလေးတွေ နဲ့ထိတွေ.နေရတဲ့
ဆရာဝန်တွေ၊ နို.ထိန်းတွေ ၊ နာနီတွေ နဲ့နာ့စ် တွေကို စကားမပြောရ၊ ရယ်မပြရ ၊

ပြုံးမပြရ ၊ မမြူရ ၊ ပါးလေးနားလေးတောင် မကိုင်ရ၊
မပွတ်သပ်ရ …… မလိုက်နာရင် ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်မယ်ပေါ့ ……။

ဘာ ဘာသာစကားသစ် စပြောလာမယ် ထင်လဲ ကိုယ့်လူ …။
ကြေကွဲစရာပါပဲ …။ ဘာစကားမှ ပြောမသွားကြပါဘူး ။

စကားပြောမဲ့အရွယ် မရောက်ခင် အဲဒီ ကလေးတွေ အားလုံး တုံးလုံးလေး
သေဆုံးသွားကြရှာတယ် …။
*
အချော့အမြူ အရယ် အပြုံးဆိုတဲ့ ကလေးလေးတွေရဲ့ အဓိက အာဟာရ
….နွေးထွေးတဲ့ မေတ္တာဓါတ်ကို ငတ်လို.လေ..။

About lu ta lone

lu ta lone has written 261 post in this Website..