စနစ်မပြောင်း ခေတ်ဟောင်းက လူ(ပန်းတနော်တရားရုံးသို့ ဒုတိယအကြိမ်အိတ်ဖွင့်ပေးစာ)

Mr. humanMay 2, 20121min1053

အရင် ဆုံး ပထမ အိတ်ဖွင့်ပေးစာကို တင်ပြပါရစေ။

ကျိုက်လတ်မြို့နယ် ရဲစခန်းမှ အရေးကြီးကုန်ပစ္စည်ျနှင့် ဆောင်ရွက်မှုများဆိုင်ရာ ဥပဒေပုဒ်မ – ၈ (၁)ဖြင့် ကျွဲများကို တရားမဝင် သယ်ဆောင်ခြင်း အတွက် မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ

မြို့နယ် တရားရုံးမှ  ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကို ဥပဒျေနှင့် အညီ အမိန့်ချမှတ်ခဲ့သည်။(ဧရာဝတီဂျာနယ် အတွဲ၁အမှတ်၂၄)

ယခုအခါ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ကျွဲနွားများတရားမဝင် သယ်ဆောင်ခြင်း ဥပဒေပုဒ်မ _ ၈(၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သော  ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာအဓီက တရားခံ ကို

 အာမခံပေး ၍ လွတ်ထားပါသည်။အမှုကြန့်ကြာနေသည့် အတွက် ပြည်သူများမှ အဆိုပါအမှုအားထိရောက်စွာ အရေးယူပေးနိုင်ရန် ဆန္ဒရှိနေပါကြောင်း ကြားသိရပါသည်။

ကျောင်းကုန်းမှ ပန်းတနော်ကိုဖြတ်ကာ သားကောင် သတ်ပြီး အသားကားများ ညည့်နက်ပိုင်းတွင် ဖြတ်သန်း သွားလာ လျှက် ရှိနေပါသေးသည်။

ပန်းတနော်မြို့နယ် တရားသူကြီးမှ အမှုအား မှန်ကန်နစွာ ဆုံးဖြတ်ချက်ချနိုင်ရေးနှင့် အမြန်ဆုံး အရေးယူနိုင်ရေးကို ပြည်သူများက မျှော်လင့်လျှက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

ဒီလို သတင်းပါပြီးမှ တရားသူကြီးက ပုဒ်မ ၈(၁) ကို အပြစ်လျှော့စေတဲ့ ပုဒ်မ၈(၃) ကိုပြောင်းလိုက်ပါတယ်။ ဒါကြောင့် ယနေ့နံနက် ၁ဝနာရီခွဲမှာတရားခံရှိရာ အိမ်မဲမြို့သို့ ဆိုင်ကယ်နဲ့ သွားကြည့်ခဲ့ပါတယ်။အဓိက တရားခံ အမည်က ဆန်းဝင်းပါ အိမ်မဲ ချောင်းဝပိုင်း ၈လမ်းမှာနေပါတယ်။ သူ့အကြောင်းလေ့လာကြည့်ရာအောက်ပါအတိုင်း သိရှိရပါသည်။

(၁)။  တရားခံ ဆန်းဝင်းသည်  ယခင်က ဝိပဿနာ တရားစခန်းနှင့်မဝေးရာတွင် သားသတ်သောကြောင့် ပြဿနာဖြစ်ခြင်း။

(၂) နောက်တခါ နာမည်ကြီးတကောဆရာတော်တည်သောစေတီအနီးတွင် ညစဉ် နွား အကောင်ရေ ညတွင်၁၅ကောင်ခန့်သတ်၍ ရပ်ကွက်နှင့် စကားများခြင်း

တိုင်ကြားခြင်းခံရပါသည်။ သိုသော် ဘာမှ မဖြစ်ပါ။

(၃)ချောင်းဝပိုင်းတွင် ၎င်းသားသတ်ရုံသို့ သွားသော လမ်း၌ အုတ်ခင်းပေးပြီးရပ်ကွက်ကတိုင်၍ အုတ်များကို ပြန် ခွာယူခြင်း။

(၄) ရဲ သတင်းပေးလုပ်ပြီး နွားသမားများကို ဖမ်းဆီး၍ငွေ မတန်တဆတောင်းခြင်း

(၅)၎င်းတိုင်ခံရသော လူမှ ခုနွားခိုးမောင်းကိုပြန်တိုင်ရာမှ ပန်းတနော်တွင် အမှုဖြစ်ခြင်း

(၆)ယခုအမှုစဖြစ်ရာ ထွက်ပြေးနေပြီး သိန်း၂၀ဝခန့် အကုန်ခံပြီးမှ အဖမ်းခံခြင်း။၎င်းကအာဏာပိုင်ကို နည်းမျိုးစုံဖြင့် ချည်းကပ်ပေါင်းသင်းထားသည်။

တရားခံ ဆန်းဝင်းနဲ့ရင်းနှီးသူကို လက်ဖက်ရည်တိုက်ပြီး စူးစမ်းကြည့်ရာ

ပုဒ်မပြောင်းရန် ဥပဒေအရာရှိနဲ့ တရားသူကြီးကို မချိမဆန့်ငွေပေးထားကြောင်းနဲ့ ဒဏ်ငွေ နဲ့ ရအောင်ပြောထားကြောင်း စိတ်ပူစရာမရှိကြောင်းပြောပြပါသည်။

ဧရာဝတီ သတင်းဂျာနယ်၌သတင်းထောက် သောင်းညွန့် (ဖျာပုံ)ကဖျာပုံ၌ တရားမဝင် ကျွဲနွားများဖြတ်ကျော် သယ်ယူမှုကိုရေးထားတာဖတ်ရသည်။ရဲက အမှုဖွင့် တရားစွဲတင်သည်။

ခု ပန်းတနော်က တရားရုံးမှာဆန်းဝင်းကို ပြစ်ဒဏ်လျှော့ ပေးလိုက်ပြန်သည်။

ဒီလို အမှုမျိုး ဒီလို လူမျိုးကို အရေးယူသင့်သည်။ တရားခံက ငွေပေးကြောင်း သူလွတ်မည်ဖြစ်ကြောင်းလိုက်ပြောနေသည်မှာ တရားရုံးကို မထီမဲ့ပြင် လုပ်သော ပုဒ်မနဲ့ ညှိသည်။သူတို့ကိုပေးထားလျျှင်ပြောချင်ရာပြောလား။

ဟုတ်မဟုတ်စောင့်ကြည့်ရမည်။ ဒဏ်ငွေ နဲ့ လွတ်ရင် တရားခံပြောတာဟုတ်ပြီပေါ့။ ဒါကို တိုင်းတရားလွှတ်တော် ဖတ်ကြည့်စေချင်သည်။ လွှတ်တော်အမတ်တွေ သိစေချင်သည်။

နိုင်ငံတော် က ဝန်ကြီးချုပ်တွေ သိစေချင်သည် ဖြစ်နိုင်လျှင် သမ္မတ သိစေချင်ပါသည်။

တရားခံကတော့ ထုံးစံအတိုင်း ဟိုတိုင် ဒီတောတွေလုပ်နေသည်။ရှုပ်နေသည်။ဒီသတင်းက ကွင်းဆင်းပြီးလေ့လာထားတာမို့ မှန်ကန်တိကျသည်။ပန်းတနော်မြို့နယ် တရားသူကြီး၏ဖြောင့်မတ်မှုကို

လိုချင်ပါသည်။ကြားချင်ပါသည် ။

 

 

3 comments

  • htet way

    May 3, 2012 at 9:26 am

    ပန်းတနော်က တရားသူကြီးက အင်တာနက် မသုံးဘူးထင်ပါတယ်ကွယ်
    ဒီလူကတော့ သိတာပေါ့ သို့သော် စကားမပြောဖူးပါ
    ကျုပ်က သားသတ်သမားတွေနဲ့ အဆက် အစပ်မလုပ်ပါဘူး
    အင်း ဥပဒေအတိုင်း လုပ်ကြ ကိုင်ကြ စနစ်သစ်လေးနဲ့ နေကြရင် ကောင်းမယ်
    ခုလည်း မြို့ပေါ်မှာတလွှားလွှားနဲ့ တွေ့ မိပါရဲ့ ။

  • ကြောင်ကြီး

    May 3, 2012 at 9:47 am

    သွားမလုပ်နဲ့နော် ပန်းတနော်မတယားသူဂျီးဂ ရွာသူအန်တီမမရဲ့ အမျိုး…။

  • Mr. human

    May 4, 2012 at 11:43 am

    မဖြစ်နိုင်ပါဘူး
    ဒီလို လူမျိုးနဲ့ စာရေးဆရာမနဲ့ ဆွေမျိုးမတော်နိုင် ဘူး
    ဒီလူက ……ဒီအမှုမှာ ဘာလုပ်မလဲ စောင့်ကြည့်ရမယ်
    အခုတော့ တရားခံ ပြောတာ ဟုတ်မလိုုပဲ။
    စောင့်ကြည့် အဖွဲ့ မီဒီယာတွေ ၈ရက်နေ့ ပန်းတနော် လာမယ် လို့ သတင်းရတယ်
    အိမ်မဲကို ၉ရက်နေ့ ဝင်မယ်။
    တရားရုံးသတင်းထောက်တွေ လို့ပြောတယ် ကောင်းတာက
    တရားရုံးဝင်တမ်း တွေပါ ဒီ အထဲပါတယ်။
    စာရေးတွေ က အချင်းချင်း မကျေနပ်လို့ သတင်းပေးနေတာ
    အိမ်မဲမှာလည်း တရားရုံး က လူတစ်ယောက်က အမာခံ သတင်းပေးပဲ။
    ဒီလူတွေ အတွင်းရေးက အစ သိတယ်။ဝါးခယ်မ မြောင်းမြ ဘာ အတွင်းလူက သတင်းပေးနေတာပါ
    မကောင်းဘူးလား

Leave a Reply