အားလုံးတူညီ သူ ့ကိုမျှော်သည်

ဒီနေ ့ မေလ(၂)ရက်နေ ့ သူခွဲခွာလို ့သွားခဲ့တာ (၆)နှစ်ပြည့်ခဲ့ပီ။သူ ့လုပ်ဖော်ကိုင်ဖက် တပည့်သားမြေး

တွေ မျှော်နေပေမယ့် ၂၀၀၆ခုနှစ် မေလ(၂)ရက်နေ ့ကတည်းက သံတွဲဆေးရုံ မှာ နောက်ဆုံးထွက်သက်

ချိန်ထိ သူစကားတခွန်းဘဲပြောခဲ့နိုင်ပါတယ်။“ငါ့အမျိုးတွေ ညီစေ”တဲ့။

ဦးမြင့်သန်း အမှတ်တရ ပွဲ ဓါတ်ပုံတွေကို စတင်ပေးတဲ့ ဖေ့စ်ဘွခ်စာမျက်နှာ

http://www.facebook.com/88GenerationStudents

ကိုကျေးဇူးတင်ရပါမယ်။ပုံ(၂)ပုံဘဲတင်ထားပေမယ့် မေလ(၆)ရက်နေ ့နောက်ပိုင်းမှာ ပိုစုံလင်အောင်တင်

ပေးနိုင်မယ် မျှော်လင့်ပါတယ်။ဒီအခမ်းအနားမှာ ကျနော်မရှိနိုင်ပေမယ့် ကျနော့်ထက်ပို အရေးကြီးသူဖြစ်

တဲ့၊သူ ့လက်ပေါ်မှာ ဆုံးပါးသွားတယ်ပြောနိုင်တဲ့ ဆရာဆီက ဓါတ်ပုံများ ယူ၍အားလုံး မြင်ရ၊တွေ ့ရအောင် ဝေမျှပေးပါမယ်။

ဒါလေးက ဖေ့စ်ဘွခ်မှာ တင်ထားတာလေးပါ။

 

၂၀၀၆ ခုနှစ်၊ မေလ ၂ ရက် ၊ သံတွဲထောင်တွင် ကွယ်လွန်သွားခဲ့သော ဦးမြင့်သန်း အတွက် ကွယ်လွန်ခြင်း ၆နှစ်မြောက် အမှတ်တရကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နဂါးပွက်ကျောင်းတွင် ယနေ့နံနက်က ပြုလုပ်ရာ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးခွန်ထွန်းဦး၊ ဦးဆေးထင်၊ ဦးစိုင်းညွန့်လွင် တို့ တက်ရောက်ခဲ့ကြသည်။ တောင်ကြီးမြို့သို့ ရောက်ရှိ နေကြသော ၈၈မျိုးဆက်ကျောင်းသားများလည်း အခြားသော နိုင်ငံရေး အင်အားစုများနှင့်အတူ ထိုအမှတ်တရပွဲသို့ တက်ရောက် ခဲ့ကြသည်။
ဦးမြင့်သန်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးနှင့်အတူ ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး သံတွဲမြို့ အကျဉ်းထောင်တွင် ကွယ်လွန်သွားခဲ့သူဖြစ်ပါသည်။

တော်ဝင်နှင်းဆီမှာ

3 comments

  • Foreign Resident

    May 3, 2012 at 7:40 am

    ” သူ ့ကိုမျှော်သည် ”
    ဘာကို မျှော်တာလဲဗျ ။
    ခေါင်းစဉ် နှင့် စာကိုယ် လွဲသလားလို့ ။

  • a soe lay

    May 3, 2012 at 10:50 am

    မျှော်သာမျှော်သည် မယုံကြည် ရင်မှာ ဝေဒနာ ပွင့်ခက် အဝါ အနီ
    နဲနဲလေးတော့ လွဲနေတယ် ။

  • ဆရာမရှိတော့ ပေမယ့် တပည့်သားမြေးတွေ အားလုံးက ပြန်မလာနိုင်တဲ့ သူ ့ကို
    လွမ်းလို ့၊တမ်းတလို ့အောင့်မေ့လို ့ပေါ့။ဒါပေမယ့် သူ ့မှာတမ်းတွေ၊သူဖြစ်စေချင်
    တာတွေ ခုမှ နည်းနည်းလွတ်လပ်လာချိန်မှာ အတူတူ အလုပ်လုပ်ချင်လို ့တစ်နည်း၊
    ခေတ်ပျက်ထဲ ရုန်းကန်လှုပ်ရှားရင်း. ထောင်အကျဉ်းချခံ၊သေလွန်သွားလို ့နမျောတသ
    မျှော်နေကြတယ်လို ့ပြောတာပါ ကိုFRကြီးရေ

Leave a Reply