ပျော်ကြသည်။ (မှတ်ချက် …. ?)

Mလုလင္May 2, 20121min34148

အလှူပိုစ့်ကတော်တော် များသွားပြီ ဆိုတော့ ရွာထဲကအကြောင်းလေး .. ပိုစ့်တင်မလား စိတ်ကူးရင်း နဲ့ ….. အခု အလှူနဲ့ ပတ်သက်ပြီး မှတ်ချက် လေးတွေ စုထားရင်ကောင်းမလားလို့ တွေးမိပါတယ်။

ဆေးရုံ ရောက်တော့ လူတွေ ဟိုစုစု ဒီစုစု နဲ့ နေတုန်း .. ကျွန်တော် Mလုလင် ရယ်၊ ဦးပေါက် မန်းလေး ရယ်၊ အင်ဇာဂီ ရယ် ရွာထဲ ပတ်ဖြစ်ခဲ့တယ်။ တစ်ရွာလုံး နီးပါး ငရုတ် တွေနေပူလှန်းထားတာ တွေ့ရတယ်။ ငရုတ်နံ့ တသင်းသင်း .. နေက လဲ ပူ၊ ခေါင်းပေါ်တည့်တည့် ပဲ … ကိုယ့်ဇောနဲ့ ကိုယ်မို့ .. ပူနိုင်ဘူးရယ်။

ဧရာဝတီ တိုင်းဆိုပေမယ့် ချောင်းလေး၊ မြောင်းလေး မတွေ့ခဲ့ပဲ … အဝီစိ တွင်းပဲ သုံးတယ်။ အဲ့က ရေပဲ သောက် ပါတယ်တဲ့။ ရေထိန်းတံခါး လွှတ်မှ မြင်ရမယ် ထင်မိပါတယ်။ ရွာထဲမယ် .ဓာတ်ကြိုး၊ ဓာတ်တိုင် မတွေ့ခဲ့လို့ ကြည့်ရတာ မီးမ..မရ သေးဘူးလို့ ထင်ရတာပါပဲ။ (သုံးလို့ မကုန်ရင် ဒီဘက် တွေလဲ ပေးလိုက်ကြပါဦးနော့) ဆိုင်ကယ်၊ စက်ဘီး တဝီဝီ နဲ့မို့ .. စီးပွားရေး အဆင်ပြေကြပုံ ရတယ်။ ပူပြင်း တာကို ဘယ်လို မှ မခံနိုင်တော့တဲ့ အဆုံး … ဆေးရုံကို ပြန်ခဲ့ကြတယ်။

ဦးပေါက် ကတော့ တရားနာ ဖို့ ဆိုပြီး သွားပြီ။ ရွာခံ တစ်ရောက်ခေါ်ပြီး ရွာ ထဲက ဘုန်းကြီး ကျောင်း ကိုရောက်အောင် သွားဖြစ်တယ်၊ အင်ဇာဂီ နဲ့ ချစ်ရင်ထူး ၂ ရဲ့ အစ်ကို ပါလာတယ်။ ရွာဦးကျောင်း နဲ့ တူရဲ့ … ဘုန်းကြီးကျောင်းမှာ ကလေးတွေကို စာခေါ်သင်ပေးနေတယ်။ လူလတ်ပိုင်း အရွယ် ဦးပဇင်း တစ်ပါးက အတန်း ၂ တန်းကို တစ်ပါး ထဲ သင်နေပါတယ်။ စာရေးခုံ တောင် မရှိပါဘူး ..ဒီအတိုင်း ကြမ်းပြင် (အင်္ဂတေ) ပေါ်ချရေးနေကြတာပါပဲ …။

ခရီးကအပြန် သိခဲ့ရတာ ကတော့ …….. ????

ခရီးက အပြန် ကိုယ်တွေးမိတဲ့၊ ကိုယ်ဖြစ်ချင်တဲ့ .. တနည်း ကောက်ချက် ချ ချင်တဲ့ မှတ်ချက် လေးတွေကို comment အဖြစ် ရေးပေးနိုင်ကြပါ့မလား လို့ ……. ? ။

အစုကြီး ရွာက ကလေးငယ်တွေ၊ (သူတို့....... ပျော်ကြသည်။)
ဦးပေါက် နဲ့ ကန်တော်ကြီး မှာ ရိုက်ခဲ့သည်။
လေးစားစွာဖြင့်
Mလုလင်

48 comments

  • Mလုလင်

    May 2, 2012 at 11:10 pm

    ကျွန်တော့ တစ်ယောက်ထည်း ရဲ့အမြင်ကတော့ မြို့ပြနဲ့ ကျေးလက် တန်းတူ ဖွိ့ဖြိုးဖို့ … နဲနဲ အလှမ်းဝေး နေသလားလို့ပါ။ …

    • ချစ်ရင်ထူးနှစ်

      May 3, 2012 at 3:18 am

      ကို လုလင်ရေ … ကျွန်တော့ကိုသင်ပြ ပေးတာတွေ အတွက်ကျေးဇူးပါနော် ..
      ခေါက်ဆွဲကြော် စားနေရင်းနဲ့ ကင်မရာ ကို ဆီ ပေမှာ စိုးလို့ ပြောလိုက်တုန်းက တစ်ကယ့်ကို ရင်ထဲမှာ တစ်မျိုးပဲ အရင်တုန်းကလည်း တစ်ယောက်ယောက်က အဲဒီလို ပြောဖူး သလိုပဲ ..
      မိတူရ တို့ အတွဲ ကြာဇံ ကြော် ခွံ့ နေတာကို ရိုက်ချင်ဇော နဲ့ မို့ အစ်ကို ..

      • Mလုလင်

        May 3, 2012 at 9:17 am

        ဘာစိတ်နဲ့ မှမဟုတ်ပါဘူးကွာ .. ငါ့မှာ အဲ့ဒီ့ အတွေ့အကြုံ ရှိထားလို့ပါ။ Lens ကို ဆီပေ သွားတုန်းကပေါ့ .. ဘာလုပ်မရမှန်း မသိဘူး ကိုယ့်လူ။ မင်းရဲ့ Lens ဆိုလဲ ဈေးက မသေးဘူး ကိုး ..။

        • Mလုလင်

          May 3, 2012 at 8:23 pm

          တစ်ယောက်ယောက် ကအဲလို ပြောဖူးသလိုပဲ .. တိန် … ငယ်ချစ်ဟောင်း နဲ့ နှစ်ပေါင်းများစွာ .. များလား .. ဘုရား .. ဘုရား …

  • ဦးဦးပါလေရာ

    May 2, 2012 at 11:25 pm

    Mလုလင် ရေ-
    ကျေးလက်နဲ့ မြို့ပြ တန်းတူဖွံ့ဖြိုးဘို့မပြောနဲ့
    နဲနဲ နီးစပ်ဘို့တောင် တော်တော် အလှမ်းဝေးနေပါသေးတယ်။
    ကျုပ်တို့နိုင်ငံမှာ ဖြည့်ဆည်းစရာတွေ တောင်ပုံရာပုံ ကျန်သေးတာ….။

    • Mလုလင်

      May 4, 2012 at 4:56 pm

      အဲလို တွေးမိရင် ညည အိပ်ပျက် ဖို့ များတယ် ဦးဦးပါလေရာရေ ….

  • htoosan

    May 2, 2012 at 11:35 pm

    မြို့ထဲနဲ့ မြို့ပြင်တောင် နီးစပ်ဖို့ အတော်လုပ်ရဦးမှာ။ ခလေး ဘဝဘဲကောင်းပါတယ်။ ချစ်စရာ မရှက်တစ်ရှက် အပြုံးများနဲ့ ။

    • Mလုလင်

      May 4, 2012 at 4:57 pm

      ရန်ကုန် မြို ့ထဲ နဲ့ ရွှေပြည်သာ ဘက် တို့လောက်ဆို ဘာနီးစပ် နိုင်မလဲ … မိုးရွာရင် ရေလျှံတာနဲ့ မီးပျက် တတ်တာ မျိုး . ဖြစ်နိုင်မလား …

  • pooch

    May 3, 2012 at 12:19 am

    လုလင်ရေ ကျမ လည်း အဲ့လို ခံစားမှုမျိုးရှိတယ်။ မနှစ်က ရွှေကျင်မီးမျောပွဲက ပြန်လာပြီးကတည်းကပေါ့။
    ကလေးတွေက အပြစ်ကင်းလိုက်တာ။

  • ချစ်ရင်ထူးနှစ်

    May 3, 2012 at 3:12 am

    အဲဒီ အချိန်ပေါ့ ဘုန်းကြီးက တရားဟောတော့မယ် .. ဓမ္မရုံထဲ ကင်မလာ မန်း တစ်ယောက်မှ မရှိလို့ ဘယ်ကိုလိုက်ခေါ်ရမှန်းမသိ .. လက်ထဲ ကင်မရာ ရောက်လာတော့လည်း မရိုက်တတ် နဲ့
    ကိုဂီ ကတော့ ( ချယ်ရီ ) ပန်းလေးတွေကို လွမ်းနေလေရဲ့ . . . .

  • Khin Latt

    May 3, 2012 at 3:28 am

    မောင်လုလင်ရေ
    အရီးက အဲဒီခရီး ကို စိတ်နဲ့ လိုက်ခဲ့တာမို့ အရီးလဲ မှတ်ချက်ပေးပါရစေ။ (ပေးချင်လွန်းလို့ ပါ )

    အမှန်တော့ မြို့ပြ နဲ့ ကျေးလက် ကွာခြားတာက အရီးတို့ နိုင်ငံမှာ အရင်ထက်တောင် ပိုဆိုးလာတယ် လို့ ခန့်မှန်းရတယ်။
    တစ်ချို့ က ပြောတယ်။ မြန်မာနိုင်ငံ ဆင်းရဲ တယ် သာဆိုတယ်။ စားသောက်ဆိုင်တွေမှာ လဲ လူတွေ အပြည့်၊ ရှော့ပင်းမော တွေ မှာလဲ ဝယ်နေကြတာ ကြိတ်ကြိတ်တိုးတဲ့။
    အဲလို ပြောတဲ့ လူတွေမှာ ရန်ကုန်အပြင်ကိုတောင် ထွက်ဘူးမယ် မထင်ဘူး။
    မြို့ကြီး ၂မြို့၊ ၃မြို့ လောက်ကလွဲရင် ကျန်ဒေသတွေ ဟာ နွမ်းပါးတာထက် ပိုပိုပြီး နွမ်းပါးလာတာ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံး ဆုတ်ယုတ် နေတာ ကို မသိချင်ရောင်ဆောင် နေကြတာလား။
    တကယ်ဘဲ ကိုယ့်ပြည်ထဲ ကို အတွင်းကျကျ စိတ်ဝင်တစား မလေ့လာကြတာလား။
    အဲဒါနဲ့တောင် လေတွေက မလျှော့ချင်ကြဘူး။
    ကိုယ် နဲ့ ကိုယ့်မိသားစု အတွက်ဘဲ လုပ်စားနေကြ သူတွေ လက်ထဲမှာ ဒါဟာ အဆန်းလို့တော့ မပြောချင်တော့ပါဘူး။ 👿

    အရီးမှတ်ချက်ကြောင့် “ပျော်ကြသည်” လေးပျက်သွားရင် စောဒီးနော်။

    • Mလုလင်

      May 3, 2012 at 9:35 am

      မပျက် ပါဘူးအရီး ရယ် … ရပ်တည်ဖို့ ခက်ခဲတဲ့ အချိန်မှာတောင် မရရ အောင် ရပ်တည် နိုင်တဲ့ အနေအထား ရှိကြပါတယ်။ ရပ်တည် ဖို့တော့ လုပ်နိုင်ကြပေမယ့် တိုးတက် သထက် တိုးတက် ဖို့သာ နဲနဲ အခက်အခဲ ရှိနေပုံ ရပါတယ်။ အများသိ မယ့် media မှာတော့ တရားဝင် ဘယ်တော့ လေလျှော့မှာ မဟုတ်ဘူး အရီးရေ ….။

  • Khin Latt

    May 3, 2012 at 3:38 am

    စိတ်ကြွ သွားတာ နဲ့ ဓာတ်ပုံလေးအကြောင်း ပြောဖို့ကျန်ခဲ့တယ်။
    ဓာတ်ပုံထဲ က ကလေးလေးတွေ က သန့်သန့်ပြန့်ပြန့် နဲ့ ချစ်စရာလေးတွေ။
    “ဖြူစင်တဲ့ ခလေးတို့ ဘဝ မှာပျော်ပါးဖို့ရာလွယ်ပါတယ်” ပေါ့။
    မင်းရဲ့ ရိုက်ချက် စတိုင် ကတော့ သိသာပါပေတယ်။ 🙂

    • Mလုလင်

      May 4, 2012 at 5:00 pm

      “မင်းရဲ့ ရိုက်ချက် စတိုင် ကတော့ သိသာပါပေတယ်” အရီးရေ … ဝမ်းသာစရာ သတင်း လေး ရှိတယ်ဗျို ့ …

  • Foreign Resident

    May 3, 2012 at 5:37 am

    ဓါတ်ပုံ တစ်ပုံထဲပဲ မြင်ရတာမို့လို့ ၊
    မြို့ပြ နဲ့ ကျေးလက် ကွာခြားတာကို ပြောဖို့ ခက်နေပါတယ် ။
    လောလောဆယ် မြင်ရတဲ့ ဓါတ်ပုံကိုပဲ ပြောမယ်ဆိုရင် ။

    ၁ ။ ကလေးတွေ အသားသိပ်မမည်းပါ ။ နေပူဒါဏ် သိပ်မခံရလို့ဖြစ်မယ် ။
    ဆံပင်တွေလည်း မည်းနက်နေတာတွေ့ရတယ် ။
    တနည်း ၊ မိသားစု စားဝတ်နေရေးအတွက် နေပူစပ်ခါး ရုန်းကန်နေရတဲ့ ပုံ မပေါ်ပါ ။

    ၂ ။ သနပ်ခါး ကိုယ်စီ နှင့် သန့်ပြန့်နေပုံ ရတယ် ။
    လက် / လက်သည်း မှာလည်း ချေး မတွေ့ရတော့ကာ ၊
    မိဘ / တစ်ဦးဦး ရဲ့ ချစ်ခင် ဂရုစိုက်မှု ကို ရရှိနေတယ် ။

    ၃ ။ မပြင်ဆင်ထားပဲ ရိုက်တာတောင် အဝတ်အစားတွေ သန့်ပြန့် ၊ သင့်တော်တယ် ။
    မှန်တာပြောရရင် ၊ အဘ အိမ်နေရင်း ဝတ်တဲ့ အဝတ်အစားတွေက ဒီ့ထက် နွမ်း တယ် ။
    ( ဟီဟိ ၊ အပြင်ထွက်ရင် ဝတ်တာတွေလဲ နွမ်း တာပါပဲ )

    ၄ ။ အိမ်ရဲ့ တံခါး / ပြုတင်းပေါက် ကျည်းဘောင်တွေက ဖြောင့်တန်းနေတယ် ။
    ပေါင်းတင် / အသားသေပြီးသား သစ်ကောင်း သစ်မာ ကို သုံးထားတာ ဖြစ်တယ် ။
    ဈေးပေါတဲ့ တောသစ်ကို သုံးထားတာ မဟုတ်ဘူး ။

    ၅ ။ ကလေးသုံးယောက် စလုံးဟာ မျက်နှာကျတွေ တူပြီး
    အသက် မတိမ်းမယိမ်း ဖြစ်တယ် ။ ညီအစ်ကို အရင်းတွေ ဖြစ်ပုံရတယ် ။
    အဲဒါ ဆိုရင်တော့ မကောင်းဘူး ၊ အဲဒီ ရွာမှာ ၊
    သားဆက်ခြား ပညာပေး သင်တန်း မရှိတာလား ။
    မိခင် ပညာ မတတ်တာလား ၊ တစ်ခုခုပဲ ။
    ကျန်းမာရေး အသိ နိမ့်ကျတယ် ။

    တနည်း ကောက်ချက်ချရမယ် ဆိုရင် ၊
    အဲဒီရွာမှာ လျှပ်စစ်မီး မရှိတာ ကို ၊
    သွယ်ဝိုက်ပြီး ထောက်ခံနေသလိုပဲ ။

    ၆ ။ နောက်ဆုံး အနေနှင့်ပြောရရင်
    ကလေးတွေရဲ့ အပြုံးက ပွင့်လင်းပြီး ပျော်ရွှင်နေတာဟာ သိသာ ခံစားနိုင်တယ် ။

    ကျေးလက် နှင့် မြို့ပြ နိမ့်ကျလား မကျလားတော့ မသိဘူး ။
    လောလောဆယ် Feeling ကတော့
    အဘတောင် အဲဒီ ကလေးတွေရဲ့ ဘဝကို အားကျ နှစ်ချိုက်မိတယ် ။

    • Mလုလင်

      May 3, 2012 at 9:31 am

      ၁။ ရွာထဲမှာက သစ်ကြီးဝါးကြီး တွေနဲ့ အုပ်အုပ်စိုင်းစိုင်း ပဲ .. အရိပ်ပေါတော့ ကလေးတွေလဲ နေပူဒဏ် သိပ်ခံရပုံ မပေါ်ဘူး။
      ၂။ သနပ်ခါးတော့ နိုင်တယ် ဗျို ့ .. မနိုဗီ ရဲ့ သဘာဝ ရဲ့ ရင်သွေးငယ် ဆိုတဲ့ ပုံမှာကောပဲ ..အကုန် သနပ်ခါး အဖွေးသားနဲ့ ပဲဗျ …။
      ၃။ ဒီကောင်တွေလဲ ဆော့နေတာ ဖုန်တောထဲ လုံးနေတာပဲ။ သန့်ပြန့်တယ် လို့ တော့ပြောလို့ရတယ်။ ကျွန်တော် photoshop နဲနဲ သုံးထားသေးတယ်ဗျ .။
      ၄။ အိမ်မဟုတ်ဘူး အဘ ရဲ့ .. ဘုန်းကြီးကျောင်းပါ။
      ၅။ ကြံကြံဖန်ဖန် ဗျာ ….
      ၆။ ကလေးတွေ တင်မဟုတ်ဘူး တရွာလုံးပျော်နေကြတာ ဗျ ..။

      ကလေးတွေရဲ့ ဘဝ ကိုအားကျ စိတ်ဖြစ်သွားတယ်ဆို ကျေးဇူးပဲဗျာ ..

  • weiwei

    May 3, 2012 at 8:41 am

    အစုကြီးမှာ လျှပ်စစ်မီး ရှိပါတယ် …. (အစိုးရကပေးတာလား ကိုယ်ပိုင်လုပ်ပြီး သုံးတာလားတော့ မသဲကွဲပေမယ့် လျှပ်စစ်မီးရှိတာတော့ သေချာပါတယ်) …. လမ်းမှာ ဓါတ်မီးကြိုးတွေ သွယ်တန်းထားတာ မြင်ခဲ့တယ်လေ …

    ရွာထဲမှာ ချောင်းရှိတယ် … နွေရာသီမို့ ရေခန်းနေပေမယ့် မိုးတွင်းရောက်ရင် ချောင်းလေးနဲ့ လှေလေးတွေနဲ့ သာယာပါလိမ့်မယ် …

    ပြီးခဲ့တဲ့တစ်ခေါက် အစုကြီးကိုရောက်တုန်းက ရွာထဲက အိမ်တစ်အိမ်ရဲ့ အိမ်ထဲကိုရောက်ခဲ့သေးတယ် … တယ်လီဖုန်းရှိတယ် .. ဘွဲ့ရ ပညာတတ် ကလေးတွေရှိတယ် … ငရုတ်သီးလုပ်ငန်းနဲ့ စီးပွားဖြစ်တယ် … အဲဒီအိမ်မှာပဲ ကျူရှင်ဖွင့်ထားပြီး ကလေးတွေကို စာသင်နေတာလဲ တွေ့ခဲ့ရပါတယ် …

    အခု လုလင်တွေ့ခဲ့တာကလဲ ဘုန်းကြီးက စေတနာနဲ့သင်ပေးနေတဲ့ ကျူရှင်ပဲဖြစ်မှာပါ (ကျောင်းမှ မဖွင့်သေးတာလေ) … ရွာထဲက အိမ်တွေမှာလဲ အရမ်းဆင်းရဲတာ မတွေ့ခဲ့ရပါဘူး .. လက်ပန်းဆက်သွယ်ရေးခက်ခဲတာတောင်မှ အခြေအနေ သိပ်မဆိုးကြပါဘူး … ရွာအနေနဲ့ ဧည့်ခံကျွေးမွေးရေးကိုလဲ ကောင်းကောင်းလုပ်နိုင်ကြတဲ့အတွက် ခေတ်နောက်ကျတယ်လို့လဲ မဆိုနိုင်ဘူး ..

    ခြုံပြီးပြောရရင်တော့ အစုကြီးကျေးရွာက မြို့ပြနဲ့ အရမ်းကွာဟမနေဘူးလို့ပဲ ကောက်ချက်ချမိပါတယ် …

    • Mလုလင်

      May 3, 2012 at 9:22 am

      နွေရာသီ မို့ခန်းတာ လား .. အဟီး သိပါဘူး ကျွန်တော် က ရေထိန်းတံခါးက မလွှတ်လို့ … ခန်းတယ်ထင်နေတာ။

  • mocho

    May 3, 2012 at 10:19 am

    လွန်ခဲ့တဲ့ ၂၈ နှစ်လောက် က ပင်လယ်ထဲ ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်း ပေါ် က ရွာလေးတရွာ မှာ မူလတန်းကျောင်း ဆိုပေမယ့်အဆောက် အုံ သတ်သတ်မှတ်မှတ် မရှိလို့ ဘုန်းကြီးကျောင်း အောက် မြေ ကြီးပေါ်မှာ ဆရာမ ၂ယောက် အလှည့် ကျ ခွင့် ယူတဲ့ အခါ ဘုန်းကြီး ကပဲ ဝင်သင် ပေးရတဲ့ ကျောင်းကလေးမှာ ၃တန်း ကျောင်းသူ အဖြစ်တတ်ဖူးတာ သတိရမိတယ်။
    ခုချိန်ထိ ရန်ကုန်နဲ့ ဘယ်လာက် မှ ကား မစီးရတဲ့ အရပ်မှာ ဒီ လိုပဲ ရှိနေ တုန်း ဆိုတော့ ဒို့ နိုင် ငံရဲ့ တိုးတတ် မှု ကတော့ အံ့ မခန်း ပါပဲလား။

    • Mလုလင်

      May 3, 2012 at 7:57 pm

      နာဂစ် ကာလ တွေကို ဖြတ်ကျော် ခဲ့ရတာ မို့ ထင်ပါကြောင်း …

  • kyeemite

    May 3, 2012 at 10:30 am

    လုင်ရေ..ဓါတ်ပုံရိုက်လာတာနဲလို့
    တဝမကြည့်ရတော့ဘူးပေါ့…ဒါပေမဲ့..
    ရိုက်ထားတဲ့ ပုံလေးကတော့ ပီပြင်ပါပေတယ်…
    ကရဝိတ်ပုံဆို ပို့စ်ကဒ်ထုတ်လို့တောင်ရမယ်ဗျို့..

    • Mလုလင်

      May 4, 2012 at 5:02 pm

      ပီပြင်တယ် ဆိုလို့ ကျေးဇူးပါ ဦးကြီးမိုက် ရေ …. ဝမ်းသာစရာ သတင်းလေး ရှိတယ်ဗျို ့ .။

  • etone

    May 3, 2012 at 10:34 am

    ကိုလုရေ .. ကလေးတွေရဲ့ အပြုံးက အရမ်းကို ဖြူစင်တာပဲ … ။ သွားကျိုးလေးတွေနဲ့ ချစ်စရာလည်းကောင်းတယ် ။ အဲ့ဒီမှာ သတိထားမိတာက .. အိမ်တိုင်းက ခြေတံအရှည်တွေရယ် ၊ ငရုပ်လှမ်းတာရယ် ၊ အိမ်တိုင်းနီးပါးအောက်မှာ ခွေးမွေးထားကြတာရယ် ၊ မီးမလာတာရယ်ပါပဲ … ။

    ငရုပ်သီးက … အရင်ကမြင်ဖူးတာတော့ စသီးကတည်းက အစိမ်းရောင်ရယ် အနီရောင်ရယ် သီးတာမျိုးပါ .. နီတဲ့အမျိုးက နီကိုနီပြီး ..စိမ်းတဲ့အမျိုးကလည်း စိမ်းကိုစိမ်းတယ် …. ။ ရင့်သွားလို့ အရောင်ပြောင်းတာမရှိသလို … အလွန်ဆုံးမဲခြောက်သွားရုံလောက်ပေါ့လေ .. အခုရွာက ငရုတ်ပင်တွေက .. အနီမျိုးတွေချည်းဖြစ်မယ် …စသီးကတည်းကိုက … အနီရောင်ကိုး … ။

    • Mလုလင်

      May 4, 2012 at 5:04 pm

      ငရုတ်နံ့လေး တသင်းသင်း နဲ့ ရွာလမ်းလေးရဲ့ အေးချမ်းမှု က တော့ တစ်ပတ် လောက် ဖမ်းစားဦးမှာပဲ ဗျို ့ ….။

  • Mon Kit

    May 3, 2012 at 11:15 am

    ဓါတ်ပုံထဲက ကလေးတွေ အပြုံးက ဘယ်လောက်ဖြူစင်ရိုးသားပီး ဆွဲဆောင်မှု ရှိသလဲဆိုရင် သူရို့လေးတွေ ကြည့်ရင်း မွန်ကစ်ပါ လိုက်ပြုံးမိရသည် အထိပါဘဲ..
    ရိုက်ချက်လေးတွေ ကောင်းလိုက်ထှာ..

  • သူရဇော်

    May 3, 2012 at 11:24 am

    အစ်ကိုရေ အစုကြီးရွာက ကလေးငယ်တွေနဲ့ လေးပေါက်နဲ့ သွားရိုက်ထားတဲ့ပုံ အားလုံးကိုနှစ်သက်မိပါတယ်…… ဓါတ်ပုံကို မရိုက်တတ်ပေမယ့် ဓါတ်ပုံကိုတော့ ခံစားတတ်တယ်ဗျ….. ကျွန်တော်လဲ အားကျမိတယ်ဗျာ………. ဒါပေမယ့် အလှမ်းရယ် ဝေးနေလေတော့…. ကို Mလုလင် တို့ အစွမ်းပြတဲ့ပုံများကိုပဲ ကြည့်ရှုရင်း ကျေနပ်နှစ်သိမ့်မိပါတယ်ဗျာ……….
    ခင်မင်လေးစားစွာဖြင့်
    သူရဇော်
    (အတုအပဆင်တူရိုးမှားအထူးသတိပြုပါ)

  • manawphyulay

    May 3, 2012 at 11:29 am

    အင်း ကျေးလက်ကို တိုးတက်ဖို့ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲဖို့တော့ လိုတာပေါ့။ ဘယ်လောက်ပဲ မဝေးပေမယ့် အရပ်ဒေသ အခေါ် အသုံးအနှုန်းက အစ အတော်ခြားနားတာကို တွေ့ရတယ်။

    • Mလုလင်

      May 5, 2012 at 1:00 am

      အစ်မ မနောဖြူ နဲ့ အေးအေးဆေးဆေး စကားပြောချင်ပါသေးသဗျာ ….

  • MaMa

    May 3, 2012 at 2:57 pm

    မောင်လုင်ရေ-
    (စာရေးခုံ တောင် မရှိပါဘူး ..ဒီအတိုင်း ကြမ်းပြင် (အင်္ဂတေ) ပေါ်ချရေးနေကြတာပါပဲ …။)
    ဆိုတော့…….. တော်တော်ထူးဆန်းတယ်လို့ ထင်နေပုံပေါ်တယ်။
    ကိုယ်တွေငယ်ငယ်က ပန်းတနော်မြို့ပေါ်က အလက ကျောင်းမှာ အဲဒီလိုပဲ သင်ကြားခဲ့ရတာပါ။
    ကိုယ်နေခဲ့တဲ့ ကျောင်းကိုတောင် လွန်ခဲ့တဲ့ ၉နှစ်လောက်ကမှ မိတ်ဆွေသူငယ်ချင်းတွေကို အလှူခံပြီး
    စာရေးစားပွဲနဲ့ ထိုင်ခုံဆက်လျှက် တန်းလျားလေးတွေ ပြည့်စုံအောင် လှူနိုင်လိုက်တာ။
    အခုရွာကတော့ မရှိမရှားလို့ ပြောရမယ်ထင်တယ်။ အဓိကထွက်ကုန်က ငြုပ်သီး။ ရေထွက်ကုန်လည်း ရှိသေးတယ်။ အခုအချိန်က နွေရာသီမို့ ချောင်းတွေ ရေခမ်းနေတာ။ ရေကာတာတွေ လုပ်လိုက်တော့ ပန်းတနော်မြစ်လည်း တော်တော် ကော သွားတယ်။ မြစ်လက်တက် ချောင်းတွေလည်း ရေမရှိတော့ဘူး။ ဟိုးးးးးးအရင်ကဆိုရင် မြစ်ဝကျွန်းပေါ်အနေနဲ့ လမ်းပန်းဆက်သွယ်ရေးမှာ မြစ်ချောင်းတွေကိုပဲ အဓိက အသုံးပြုကြရတာ။ အခုလို ဒေါ်လှကြည်လည်း ရှိတာမဟုတ်။

    • Mလုလင်

      May 5, 2012 at 2:04 pm

      ကျွန်တော့ စိတ်ထင် .. အဲလို ရေခန်း နေတဲ့ ချောင်း.. တွေထဲ ရေပြန်စီးတော့ ရေလမ်းကြောင်းလွဲပြီး ရေကြီးတာများ ဖြစ်လာနိုင် မလားလို့ …

  • koaung

    May 3, 2012 at 3:14 pm

    ပုံကောင်းတွေကိုအားပေးသွားပါတယ်ဗျာ ဒါတွေဖတ်ရလို့လဲမန်းတလေးဂဇက်မှာ အတူတကွ ဒါနပြုရတာဝမ်းသာပီတိဖြစ်ရပါ၏
    (ဘယ်သူဘာကျောကျော) :mrgreen:

  • ဆူး

    May 3, 2012 at 3:18 pm

    ဖွင့်လိုက်တာ ကလေး ၃ယောက် ရီနေတဲ့ ပုံကို မြင်ကို မမြင်ရဘူး ဖြစ်နေတာ.. ဘာပုံလဲ သိချင်စိတ်ဖြစ်မိတာနဲ့ သူများတွေ မန်းတာတွေ အကုန်လိုက်ဖတ်တာ အစုကြီးရဲ့ သဘာဝ ရှုခင်းတွေ ပတ်ဝန်းကျင် အခြေအနေတွေ ထင်ဟပ်လာတယ်။
    အားလုံး ဖတ်ပြီးတဲ့ အခါ အပေါ်ကို ပြန်တက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့.. အရယ်တွေ ကူးစက် အောက် ရီပြနေတဲ့ ကလေး ၃ယောက် ရဲ့ ကြည်လင်တဲ့ မျက်နှာကို ကြည့်လိုက်ရတာ သူတို့ကို ပြန်ရီပြချင်စိတ်ဖြစ်မိတယ်။

  • ဆူး

    May 3, 2012 at 3:48 pm

    ချောင်း မြောင်းစသဖြင့် စီးနေတဲ့ ရေကတော့ ရှိမှာ သေချာတယ် ဟင်းတွေထဲမှာ ငါးဟင်း ၃ခွဲ လား မသိဘူး ပါတယ်။
    ငါးပြေမဟင်း
    ငါးကြင်းကြော်
    ငါးဆီပြန်ဟင်း
    ငါးပိရေ..
    ကြက်သားက မာလို့.. တမျိုးပဲ ပြောတော့ အဲဒါ တိုက်ကြက်တွေ ချက်ကျွေးတာတဲ့

  • Inz@ghi

    May 3, 2012 at 7:24 pm

    နောက်ကျသွားလို့ ဘာပြောရမှန်းတောင် မသိတော့ဘူးဗျို့..
    ကိုယ့်ဆြာတွေက အကုန် ပြောသွားပြီးမင့် ကိုး..
    ကလေးတွေပုံ ကို ငုနဲ့ ကရဝိတ် ပုံနဲ့ ယှဉ်ပြတဲ့ အတွေးလေး ကို
    အလွန်နှစ်သက်လို့ လက်မထောင်သွားကြောင်းနဲ့

    စကားအတင်းစပ်လို့
    ချစ်ရင်ထူးနှစ် လက်ရာလေးတွေလည်း စောင့်မျှော်နေပါကြောင်း..

    ခင်တဲ့
    ဂီ

  • ရွာစားကျော်

    May 3, 2012 at 11:25 pm

    ကိုလုလင်ရေ
    ပြိုင်ပွဲဝင်ပုံတွေမို့ လျှိုထားလေရော့သလား..
    အစုကြီး အလှူခရီးမှာ ကိုလုလင် လက်ရာလည်း မြင်ချင်သေးသဗျာ
    ဦးပေါက်ကလည်း နောက်မှတင်မယ်တဲ့ စောသေးလို့ အကျောပေးထားတယ်..
    ချစ်ရင်ထူးလည်း မလာသေးဘူး..
    မျှော်နေတယ်ဗျို့..
    ကျေးဇူးတင် ခင်မင်စွာဖြင့်
    ရွာစားကျော်

    • Mလုလင်

      May 5, 2012 at 1:02 am

      အစ်ကိုရေ .. ပြိုင်ပွဲဝင်မိုပ လှိုထားတယ်လဲ မရှိပါဘူး .. အစ်ကို့ကိုပြတဲ့ ပုံထဲကတော့ မဟုတ်ဘူး နောက်တိုး ပုံထဲက တစ်ပုံ က ဆုချိတ် တယ်ဗျို ့……. အဟီး ..

  • padonmar

    May 4, 2012 at 12:23 am

    လုလင်ရေ
    အဲဒီရွာကမှ ငရုတ်စိုက်ပျိုးအောင်မြင်ပြီး အရောင်းအဝယ် စီးပွားရေးကောင်းလို့ ရွာကြီးပါ၊
    မြို့နဲ့ သိပ်မဟသေးဘူးလို့တောင်ပြောလို့ရပါတယ်။
    မီးကတော့ ကိုယ့်အားကိုယ်ကိုး တစ်နိုင်ပေးကြတဲ့ မီးစက်တွေဖြစ်ဖို့များပါတယ်။
    အိမ်ခြေ ၂၀-၅ဝ လောက်ကို မီးတစ်ပွင့်တစ်လ ဘယ်လောက်ဆိုပြီး ပေးတတ်ကြပါတယ်။
    ဒါလေးတွေ အားကိုးပြီး တီဗွီ တွေစလောင်းတွေ ကြည့်ကြရပါတယ်။
    မိုးကျပြီဆိုရင် ချောင်းရေတက်လို့ ထော်လာဂျီ မသွားနိုင်တော့တာတွေလည်းရှိပါတယ်။
    ရွာက ငရုတ်တွေ ကုန်ကားနဲ့ ရန်ကုန်တိုက်ရိုက်တင်ကြတာပါ။
    အခွင့်ရရင်တော့ ဒီထက် နွမ်းပါတဲ့ရွာလေးတွေ သွားပြီး လှူကြရအောင်။

    • Mလုလင်

      May 4, 2012 at 5:06 pm

      အဲလို မျိုးဆို လိုက်ပြီးသားပဲ .. တီတီ ရေ ့ ။

  • marblecommet

    May 4, 2012 at 3:24 am

    ပုဂလိကက မီးပေးတယ်လို့ ကျနော်နဲ့စကားပြောတဲ့
    ခရစ်ယာန်ကရင် အမျိုးသမီးက ပြောတယ်ဗျ
    မီးချောင်းတစ်ချောင်းကို တစ်လ 2000 ကျသတဲ့
    အချိန်ကတော့ ညနေ 6 ကနေ 11 ထိပေးတယ်တဲ့
    လူတွေက ရုပ်ရုပ်ဆိုတော့ အချိန်မရလို့မမေးခဲ့ရဘူးဗျာ
    မေးချင်တာက အများကြီးပါ…..
    တတ်နိုင်ရင် အလည်တစ်ခါလောက်သွားရင်း
    ကျေးလက်ဆောင်းပါးတစ်ပုဒ်စာ စိမ်ပြေနပြေမြေးမြန်းချင်သား…..
    စကားပြောချင်သား …..သူတို့နဲ့ တစ်သားတည်းဖြစ်ချင်သား…..
    ကိုလုရေ့
    ခင်တဲ့
    ငကမ်း…..

  • kai

    May 4, 2012 at 3:35 am

    အဲလိုရွာလေးတွေကို.. လျှပ်စစ်မီးလှူရင်တော်တော်ကုသိုလ်ရမယ်ထင်မိတယ်..
    လေအား.. ဒါမှမဟုတ်.. ဆိုလာလျှပ်စစ်ပေါ့..။ 🙂

    • Mလုလင်

      May 4, 2012 at 5:10 pm

      အာ .. သူကြီး ကလဲ … ဒီမှာတောင် ပိုလို့ ရောင်းစား နေရပါတယ် ဆိုနေမှ .. လာလှူ ချင် နေသေးတယ်။ ….. တိုးတိုးတိတ်တိတ် ပြောဦး…တော်ကြာ ထပ်ရောင်းစား နေဦးမယ်။

  • ဆူး

    May 4, 2012 at 8:45 am

    ဆိုလာ ဆိုရင်တော့ အဆင်ပြေတယ်.. လေအားတော့ မှန်းလို့ မရနိုင်ဘူး။
    ဆိုလာ က အရင်းအနှီများတယ်။ တခါကုန်ပြီး ထပ်တော့ မကုန်တော့ဘူး။
    ခရမ်း သုံးခွ ဘက်က တချို့ ရွာတွေက ဆိုလာတွေ တောင် သုံးနေကြပြီ။

    • Mလုလင်

      May 4, 2012 at 5:09 pm

      Solar က တော့ အဆင်ပြေပါတယ်။ Solar အတွက် သုံးတဲ့ ဘက်ထရီက တော့ တယ် ပြသနာ ပေးသဗျ။ ပန်းတင် မှာ ကျွန်တော် တို့ သုံးထားတာ .. မီးက တဖြည်းဖြည်း မှိန်မှိန် သွား တယ်ဗျို ့ …. တရုတ်ဖြစ်မို့ လား တော့မသိဘူး .. 🙂

  • ဗိုက်ကလေး

    May 4, 2012 at 5:22 pm

    အူးလေးတို ့ပျော်တာကြည့်ပြီး များလဲ ပျော့်တယ်ဗျာ
    ပုံထဲကကလေးတွေချစ်ချာလေးတွေဗျား..
    ဒါနဲ ့..
    စာရေးခုံမရှိဘူးဆိုတော့..စိတ်မကောင်းပါဘူး..ဘာလို ့လဲဆိုတော့
    များငယ်ငယ်ကလဲ ဖင်ပူးတောင်းထောင်ပြီး စာရေးခဲ့ဖူးတာကိုးဗျ..
    ခုံလေးတစ်ခုံလောက်တော့ ရိုက်ပေးလိုက်ကြပါဦး

  • windtalker

    May 4, 2012 at 10:06 pm

    ကိုယ့်ဆရာ ရယ် ၊ ရှိသေးရင် ထပ်တင်ပေးပါဦး ၊ ပုံလေးတွေ က အသက်ဝင်နေသလိုဘဲဗျာ ။

    • Mလုလင်

      May 5, 2012 at 1:03 am

      ရှိသေးတယ် ဗျ .. နောက်တပိုစ့် က ဦးပေါက် နဲ့ ကျိုက်ခေါက် ခရီးစဉ် အတွက် တင်ဖြစ်လိမ့်မယ် …. အဲ့ မှာ ထူးဆန်း တဲ့ ပုံ တွေ ပါမယ် နော့ …။

  • metallic

    May 5, 2012 at 2:24 am

    ကျေးလတ်ဒေသကလူတွေရဲ့ စိတ်ထဲကိုဝင်ကြည့်မယ်ဆိုရင်တော့
    သူတို့ရွာတွေကို လျှပ်စစ်မီးရဘို့ ဆိုတာကိုမမျှော်လင့်ထားကြပါဘူး
    (လူကြီးတွေကို ဝန်ပိမှာစိုးလို့ထင်တယ် 🙂 )
    တချို့ရွာတွေမှာတော့ စုပေါင်းကျခံတဲ့စနစ်နဲ့ လောင်စာဆီသုံးစက်မှ လျှပ်စစ်ရပါတယ် (ညဦးပိုင်းသာ)

    တတ်နိုင်တဲ့လူတွေက မြို့ပြကိုရွှေ့ကြတယ်
    မတက်နိုင်တဲ့လူတွေကတော့ ပြေးစရာမြေမှမရှိတာ……

Leave a Reply