အညာခရီးစဉ် (၅) စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား

weiweiMay 3, 20122min1006
ဘုရားအဝင် မုခ်ဦး
ဒီမုခ်ဦးကနေလဲ ဝင်လို့ရတယ်
ဘုရားဖူးတွေ နားနေနိုင်တဲ့ ဇရပ်ကြီးတွေ
ဘုရားဈေးဆိုင်တန်းတွေ
ဘုရားရင်ပြင်တော်ပေါ်မှ တန်ဆောင်းများ
အုတ်တန်ဆောင်းကလဲ ခံ့ခံ့ထည်ထည်
သင်္ကြန်ရက်မို့ အတာအိုးလေးတွေ အစီအရီ
ဒီလိုအရုပ်တွေကို စေတီမှာ ထုထားတာက ထူးခြားနေတယ်
ကျောင်းတော်ရာဘုရား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။

မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ဝတ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….

6 comments

  • surmi

    May 4, 2012 at 12:09 am

    မဝေရဲ.အညာခရီးစဉ်ကို ဝင်ကြည်.ပြီး အတိတ်ကိုုပြန်ရောက်သွားခဲ.ပါတယ် ။
    ရှေ.ကပို.စ်တွေမှာဝင်ဖတ်ပေမဲ. မမန်.ဖြစ်ခဲ.ဘူး ။ ဒီကျောင်းတော်ရာဘုရားကိုလည်းတွေ.ရော ..
    မနေနိုင် မထိုင်နိုင် ဖြစ်မိတာဘဲဗျို. ။ တခါက ဒီနေရာတွေကို အကြိမ်ဖန်များစွာရောက်ပြီး အမှတ်တရတွေ
    အများကြီးရှိခဲ.တာပေါ. ။ အလုပ်သဘောနဲ.ရောက်ခဲ.ရပေမဲ. ကျုပ်ဘဝမှာ အမှတ်တရအဖြစ်လေးတွေက
    ကျောင်းတော်ရာမှာ ဖြစ်ခဲ.တာပေါ.ဗျာ ….။ ခုတော. အများကြီးပြောင်းလဲသွားပြီနော် ။
    သူတောင်းစားတွေကို ဂေါပက ကမရှင်းတာလဲ စိတ်ပျက်စရာဘဲ ။ အဆိုးဆုံးက နိုင်ငံခြားသားတွေကို
    ဝမ်းဒေါ်လာ ဆိုပြီးတောင်းတာ မြင်ရတာရှက်စရာဘဲဗျာ ။ ပုဂံမှာအဆိုးဆုံးပဲ ။
    အဲဒီဘက်က ဘုရားတွေရဲ.သမိုင်းမှာ ဘီလူးတွေက ဟီးရိုးဆိုတော. ခေါင်းလောင်းပုံအောက်ခြေမှာ
    ဘီလူးရုပ်တွေ ထုလုပ်ထားတတ်တယ် ။ မကွေးမြသလွန်မှာလဲဒီအတိုင်းဘဲလေ ……။

    • weiwei

      May 4, 2012 at 1:24 pm

      ပုဂံမှာတော့ သူတောင်းစားတော်တော်ပပျောက်သွားပြီ … ဘုရားသမိုင်းရှင်းပြမယ်ဆိုပြီး လိုက်ကပ်နေတဲ့ ကလေးတွေတော့ရှိတယ် …

  • water-melon

    May 4, 2012 at 7:58 am

    ကျောင်းတော်ရာက စားသောက်ဆိုင်တွေက တော်တော်ကိုလက်ရာညံတာ
    အဲဒီက မန်ကျည်းတော်ဖီလား မသိ အရမ်းစားကောင်းတာ
    အဟိ ထပ်သွားချင်လိုက်တာ

  • ဆူး

    May 4, 2012 at 8:33 am

    ဘီလူးပန်းဆွဲ လို့ ခေါ်မလားပဲ..
    အလှ သဘောမျိုး ထည့်တာလို့ပဲ တွေးမိတယ်။
    ဘီလူး ကတော့ ယိုးဒယား သိပ်ကြိုက်တာ…
    အညာဒေသ ပုံတွေ ကြည့်ရင်းနဲ့ အညာတောင် ပြေးသွားချင်စိတ်ဖြစ်မိတယ်။

  • ဦးဦးပါလေရာ

    May 4, 2012 at 10:56 am

    ကြားဘူးတဲ့ ပုံပြင်အရတော့ မိခင်ဘီလူးမကြီးကို ပြစ်မှားမိတာကိုတောင်းပန်တဲ့အနေနဲ့ ဘုရားမှာ ဘီလူးပန်းဆွဲတွေ ထည့်လုပ် သတဲ့…။
    ထူးခြားတာလေးတခုက အောက်မြန်မာပြည်နဲ့စာရင် အညာက ဘုရားဂေါပကတွေက အရောင်အသွေး နုနုရွရွလေးတွေ ပိုကြိုက်ပုံရတယ်။ ဘုရားကျောင်းကန်တွေကို ဆေးသုတ်မွမ်းမံရာမှာ အရောင်စပ်တာကို တော်တော်ဂရုပြုထားကြတယ်။ မကွေးမြသလွန်မှာလဲ အဲဒီအတိုင်းပဲ…။

    • weiwei

      May 4, 2012 at 1:30 pm

      ဦးဦးပါလေရာ ရှင်းပြမှပဲ နားလည်သွားတော့တယ် … ကျေးဇူးပါပဲ …
      ဒီတစ်ခေါက် မကွေးမြသလွန်မရောက်ခဲ့ဘူး … အရင်တုန်းက ရောက်ဖူးပေမယ့် မမှတ်မိတော့ဘူး …

      ဘုရားတွေကို အရောင်စပ်တဲ့နေရာမှာ မော်လမြိုင်ဘက်က ပိုလှတယ်လို့ထင်မိတယ် … ဘုရားမျက်နှာတော်တွေမှာလဲ မော်လမြိုင်ဘက်က ပိုပြီး ချောမောတာ သတိထားမိတယ် .. ယိုးဒယားဆန်တယ် …

Leave a Reply