ဗြိတ္တာဖြစ်မယ့် နှစ်ယောက်က ကိုဖက်ကတ် မုန့်ဟင်းခါးစားနေတာကို နှောက်ယှက်နေတဲ့ပုံပါ .. သူခမျာ စားလို့တောင် မ၀သေးဘူး ... စားတာ ရပ်လိုက်ရတယ် .. သနားထှာအေ :P :P

ဒါကတော့ မုန့်ဟင်းခါးစားပြီးတော့ .... ပြန်ထွက်ခါနီး .. လူမစုံသေးလို့ စောင့်နေကြတာပါ ... ။ စောင့်နေရင်း ထပ်စာလျှင် ပြန်ဝင်စားမယ်လို့ ကြုံးဝါးသူလည်း ရှိနေပါတယ် ... နောက်က ကားကြီး အပြည့် ရွာသူရွာသားတွေ စုပြီး သွားခဲ့တာလေ ။

ကျိုက်ထီးရိုးလေး ဘုရားပေါ့ ... ။ အလိမ်အကောက်လှေခါးလေးကနေ .. လူတက်လို့ ရတယ် ... မိန်းမတွေကတော့ .... ထိပ်တံတားဝထိပဲ တက်လို့ ရတယ်... ။

ကျိုက်ထီးရိုးလေး ဘုရားရဲ့ အနီးနားမှာပဲ ရှိတယ် ... နံမယ်တော့ မသိဘူးရယ် ။

 

ဘာလို့လည်း မသိဘူး ... ကားက ဆေးရုံရဲ့ ခပ်လှမ်းလှမ်းမှာ ချပေးတယ် .... မြေကြီးနဲ့ ခြေထောက်နဲ့ ထိတော့ အမှတ်တရ တစ်ပုံလောက်လှမ်းရိုက်လိုက်ပါတယ် .... ဓါတ်ပုံထဲ ပြန်ကြည့်မှ ... ကားက ဆေးရုံနဲ့ ပိုနီးတဲ့နေရာမှာ ပါကင်သွားထိုးထားတာမြင်တယ် ... ..ဟီးဟီး ...

ကားပေါ်က လှူဖွယ်ပစ္စည်းတွေကို ... ကူညီသယ်ပေးနေတဲ့ပုံပါ ... ။

 

သူများတွေ ပစ္စည်းသယ်နေတာကို ကြောင်ကြည့်နေသူကလည်း ရှိသေးတယ် .... :P ဒီလိုကြည့်တော့လည်း ၀ိတ်ချဖို့ မလိုသေးဘူးပဲ ဟိဟိ

ဒီကောင်မလေးလည်း .. ကြောင်ရပ်ကြည့်နေတာ ... ဘာသယ်ရမှန်း မသိဘူးပဲ ... ဘ၀တူတွေ တွေ့ပြီ ... ဟိဟိ

ဒါကတော့ လမ်းလျှောက်လို့ ဆေးရုံနဲ့ နီးလာတဲ့ အချိန် တစ်ပုံလောက် ထပ်ဆွဲလိုက်တာပါ ... ။

 

ရွာခံတွေ လာကြိုနေတာပါ ... တကယ်တမ်း လာစောင့်ကြိုတဲ့ လူ ဒီထက် များပါတယ် ... ရှေ့ကလူတွေနဲ့အတူ .... ဆရာတော်ဖူးဖို့ ပါသွားကြလို့ ...

ဘယ်သွားရမလဲ မသိတော့ ..သူများတွေ သွားတဲ့နောက်ကို လိုက်ရင်း လက်ဆော့မိပြန်တယ် ... မှားတာရှိလျှင် ၀န္ဒာမိပါချင့် ဟိဟိ .. နောက်က ရိုက်ထားတာတွေဆိုတော့လေ ...

သူများတွေ ဘုန်းကြီး ရှိခိုးဖို့ ခန်းမထဲဝင်နေချိန် ၊ မယောင်မလည်နဲ့ ... အရှေ့က အခန်းကိုကြည့်တော့ .... ထမင်းစားခန်းတဲ့ ..အ ဟိ ... ရှလွှတ် ရှလွှတ် ...

ဆရာတော်ကြီးက ရောက်နှင့်နေပြီးသား

 

 

တရား မနာခင် အဆင်ပြေသလို ၀င်ထိုင်ကြတယ်ပေါ့ ... ရေသောက်ပြီး ရစ်နေတဲ့ လူကိုလည်း မှတ်တမ်းတင်ထားလိုက်ပါတယ် ...

့အလှူပြီးလို့ ပြန်ခါနီး ရုတ်စိ ရုတ်စိပေါ့ ...

 

ဒါကတော့ ကားမှာ ကပ်ထားတဲ့ စာတမ်းပါပဲ .. .ကိုအမတ်မင်း လှူဒါန်းတာလို့လည်း သိရပါတယ် ... ။ သာဓုပါ x 3 ချင့် .... :D

ဒီတစ်ခါ နောက်ဆုံးပါ သဂျီးရယ် .. ဂယ်ဘာ .. ဂယ်ဘာ ….  ဟိဟိ  :P

အလှူခရီးစဉ်တွင်း .. မြင်မိ ၊တွေးမိတာလေးတွေတော့ အေးဆေးမှ ဖောက်သည်ပြန်ချဦးမယ် … ။ အဲ့ဒါကတော့ .. အလှူနဲ့ မဆိုင်ပါဘူးလေ …. ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!