စိတ်ထပ်ခြင်းအနုပညာ…

lu ta loneJune 15, 20101min601

http://www.studydiscussions.com/wp-content/uploads/2009/09/Counselling-Psychology.jpg

စိတ်ထပ်ခြင်းဆိုတာ မြန်မာလို လှပအောင် ဘာသာပြန်လိုက်တာပါ။
စိတ်ပညာမှာ (Councelling Psychology ) ဆိုတာ ဘာသာရပ်တစ်ခု အနေနဲ ့ သင်ကြားရပါတယ်…။မြန်မာလို အတိအကျဘာသာပြန်ရရင် နှစ်သိမ့်ဆွေးနွေး ပညာပေးလမ်းညွှန်ခြင်းပေါ့….။

စိတ်ဟာ အရာအားလုံးကို
ဖြစ်ပျက်ပြောင်းလဲစေနိုင်ပါတယ်….။ဖန်တီးပြုပြင်နိုင်တယ်…။စိတ်ကြောင့်ပဲ
ဘဝတွေ တိုးတက်အောင်မြင်တယ်…။စိတ်ကြောင့်ပဲ ဘဝကို
နိမ့်ကျစေတယ်…။စိတ်ကြောင့် ကြေကွဲဝမ်းနည်းရသလို
…စိတ်ကြောင့်မုန်းတီးနာကျည်းခြင်းတွေ ပေါ်ပေါက်လာရသလို စိတ်ကြောင့်ပဲ
ခွင့်လွှတ်နားလည်ပေးခြင်းတွေ ပေါ်ပေါက်လာပြန်တယ်….။လူတစ်ယောက်ရဲ ့စိတ်ကို
လူတစ်ယောက်က control လုပ်လို ့တော့ မရနိုင်ပါဘူး……..။
ဒါပေမယ့်…စိတ်ဒုက္ခ (တစ်နည်း ပြောရရင် စိတ်ဓာတ်ကျ ဝမ်းနည်းကြေကွဲမှုတွေ )
ကို နှစ်သိမ့်ဆွေးနွေး အားပေးခြင်းဖြင့် သူ ့စိတ်ကို သူကိုယ်တိုင်
ပြန်လည်မြင့်တက်လာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်….။

အဲဒါဟာ Councelling ပါပဲ……။
ပညာရှင်တွေက ဒါကို
“It is a skilled dialogue in which one person helps another who has some personal difficulty “
လို ့ဖွင့်ဆိုပါတယ်…..။
လူတစ်ယောက်မှာ တွေ ့ကြုံနေရတဲ့ ဘဝပြဿနာ ၊ စိတ်အခြေအနေယိုယွင်းမှုတွေကို
နှစ်သိမ့်ဆွေးနွေးခြင်းအားဖြင့် ကူညီ လမ်းညွှန်ပေးနိုင်တာကို
ဆိုလိုတာပါ…။တကယ်ကတော့ စကားပြောပေးတာလို ့အကြမ်းဖျဉ်း
မှတ်ယူနိုင်ပါတယ်…။

လူအများစုဟာ (ဘယ်လောက်ပဲ စကားနည်းတဲ့သူပဲ ဖြစ်ဖြစ် ) မိမိကပဲ
ပြောချင်ကြပါတယ်..။မိမိကပဲ ရင်ဖွင့်ချင်ကြတယ်…။ကိုယ်ပြောတာကို တစ်ဖက်လူက
တလေးတစား နားထောင်ပေးရင် ကျေနပ်ကြတတ်ပါတယ်..။
ဒါပေမယ့်………သူတစ်ပါးပြောတာကို စိတ်ရှည်ရှည်နားထောင်ပေးဖို ့
၊တစ်ဖက်လူ ခံစားရတာကို ထပ်တူနားလည်ယုံကြည်ပေးဖို ့ ခက်ခဲတတ်ကြပါတယ်….။
စိတ်မြန်လက်မြန်ရှိတဲ့ သူတွေဆိုရင် စကားရှည်ရှည် လာပြောတောင်
မကြိုက်ကြပါဘူး….။ဒါ့ထက်ဆိုးလာရင် ဆုံးအောင် နားမထောင်ပဲ
ထထွက်သွားကြတာတွေလဲ ရှိတတ်ပါတယ်……။

မြန်မာနိုင်ငံမှာ အဓိက သက်ဝင်လှုပ်ရှားနေတဲ့ AIDS, HIV ရောဂါ ရှိသူတွေကို
ဆွေးနွေးပညာပေးတဲ့ ဌာနနဲ ့ပဲ ဥပမာထားပြီး တင်ပြသွားပါ့မယ်….။
ဆွေးနွေးပညာပေးတဲ့ ဖြစ်စဉ်မှာ ဆွေးနွေးပေးတဲ့သူကို (Councellor ) လို ့ခေါ်ပြီး….အဆွေးနွေးခံရသူကို (Client ) လို ့ခေါ်ပါတယ်…..။
Client တစ်ယောက်ရဲ ့ခံစားမှု အလုံးစုံကို စိတ်ဝင်တစား နားထောင်ပြီး
အကြံပေးတဲ့ Councellor တစ်ယောက်အတွက် အရေးအကြီးဆုံး အရည်အချင်းကတော့ စိတ်ထပ်ခြင်း (empathy) ရှိဖို ပါပဲ…..။

သူ ့ရင်ထဲမှာ ဘာတွေခံစားနေရသလဲ ၊ဘာတွေ အားငယ်နေသလဲ ၊ ဘာတွေ
ဖြစ်ပျက်ပြောင်းလဲနေသလဲဆိုတာကို ထပ်တူထပ်မျှ လိုက်ခံစား
ပေးခြင်းဖြစ်ပါတယ်….။ကိုယ်သာ သူ ့နေရာမှာ ရှိခဲ့ရင်ဆိုတဲ့ အတွေးလေး
ဝင်လာတဲ့အထိပါပဲ…။
“You put yourself in the person’s shoes “
အခြားတစ်ယောက်ရဲ ့ဖိနပ်ထဲ ဝင်လိုက်ပါ ဆိုတာ ကိုယ်က သူ ့ရင်ထဲကို ဝင်ပြီး ခံစားကြည့်တာကို ဆိုလိုတာပါ…။
အဲဒါ ကိုယ်ချင်းစာတရား…..ပါပဲ…။

ကိုယ်ချင်းစာတရားနဲ ့ နားလည်ပေးတဲ့အခါမှာ တစ်ဦးနဲ ့တစ်ဦး ကြားမှာ မေတ္တာတရားက မသိမသာလေး လွန် ့လူးသွားပါပြီ…။
အဲဒီ့အခါ တစ်ဖက်လူရဲ ့စိတ်ဖိစီးမှု (stress) ။စိုးရိမ်သောက (anxiety)
ကိုလျှော့ချနိုင်အောင် နှစ်သိမ့် အားပေးကြရပါတယ်…။ဘေးကထင်မြင်
ချက်ဆိုတာထက် စိတ်ခံစားမှုနှစ်ခုဟာ တစ်ထပ်တည်းကျပြီး
တိုင်ပင်ဆွေးနွေးကြရင်းက မှန်ကန်မှု အဖြေတွေ လှလှပပထွက်လာတတ်ကြပါတယ်…။

အားပေးစကားလေးတစ်ခွန်း ၊နှစ်သိမ့်ဆွေးနွေးပေးတဲ့ စကားလေးတစ်ခွန်းကနေ
မထင်မှတ်လောက်အောင် ဘဝတွေ တိုးတက်အောင်မြင်သွားနိုင်တဲ့ အထိကို စွမ်းပကားက
ကြီးမားလှပါတယ်…။
မိမိကို အခြားသူတစ်ယောက်က ယုံကြည်နားလည်ပေးလိုက်တာ ၊မိမိခံစားနေရတာကို
လက်ခံစာနာတာ ၊ မိမိနဲ ့ထပ်တူ မျှဝေပေးလိုက်တာဟာ လူတစ်ယောက် အဖို
့အကြီးမားဆုံးသော ဆုလာဘ်ကြီး တစ်ခုပါပဲ…။
ကိုယ့်ကို နားလည်ပေးတဲ့သူတွေ ရှိလာတဲ့အခါမှာ ကိုယ်ကလည်း အခြားသူတွေအပေါ်
ပြန်လည် စာနာ နားလည်လာနိုင်တယ်…။ကိုယ်ချင်းစာတရား တွေ တစ်ဦး
နှင့်တစ်ဦး ဆင့်ကဲတိုးပွား များပြားလာရင်းက မေတ္တာတွေပါ ဖြန့်ကျက်
လာနိုင်ပါတယ်….။

ဘဝအခြေအနေ အတော်ဆိုးရွားပြီး အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေတဲ့သူတွေ.ထဲက…အခြေအနေပေးတဲ့သူတွေသာ Councellor တွေဆီ သွားကြပါတယ်…။
ဒါပေမယ့် ပုံမှန်ရုန်းကန် လှုပ်ရှားနေရင်းက လူတိုင်းဟာ အခြေအနေအမျိုးမျိုး
ကြောင့် စိ်တ်ညစ်ညူး ကြတယ်..၊ ခံစားနာကျင်ကြတယ် ။ မိမိ ပတ်ဝန်းကျင်မှာ
သူငယ်ချင်း ၊မိဘ ညီအစ်ကို မောင်နှစ်မ စသဖြင့်အထဲက
အမှတ်မထင်ရင်ဖွင့်ပြောကြားလာခဲ့ရင် အနည်းငယ် အချိ်န်ပေးပြီး
နားလည်အားပေးလိုက်တာဟာ (မိမိ တောင် မသိလိုက်ရဘဲ ) တစ်ဖက်လူရဲ ့
စိတ်ဓာတ်ကို လုံးဝကို ထိုးတင်ပေးနိုင်လိုက်တာပါပဲ…..။
စကားလေး တစ်ခွန်းကနေ ကုသိုလ်တွေ ပြုလိုက်တာပါပဲ…..။
ကိုယ်ချင်းစာတရားနဲ ့မျှဝေခံစားပေးလိုက်ခြင်းဟာ ဘဝတွေကို ကယ်တင်ပေးနိုင်တဲ့အထိကို တာသွားနိုင်ပါတယ်….။
စိတ်နဲ ့ဖန်ဆင်းတည်ဆောက်နေရတဲ့ လောကကြီး အလယ်မှာ စိတ်ထပ်ခြင်းအနုပညာဟာ
မမှန်းဆနိုင်လောက်အောင်
စွမ်းပကားကြီးမားလှပါတယ်……………………………….။

One comment

  • etone

    June 16, 2010 at 3:53 am

    တစ်ချို ့ Counsellor တွေက ပိုက်ဆံပေးရတာရှိတယ် ။ အနီးနားမှာ ရှိတဲ့Counsellorတွေကတော့ free of charge ပေါ့ ။ သူတို့တွေက တော့ မိဘ ၊ ဆွေမျိုး ၊ ညီကိုမောင်နှစ်မတွေနဲ့ သူငယ်ချင်းတွေပေါ့ ။

Leave a Reply