သိသမျှ ပြောပြချင်ပါသည်…(၃)

aye.kkMay 3, 20121min14714

မိမိမှတ်သား ထားဘူးသည့် ကောင်းနိုးရာရာ

အကြောင်းအရာ လေးများအား …

မဖတ်မိရသေးသူ များ သိရှိမှတ်သား

နိုင်ကြပါ စေရန် သိသမျှ တို ့အား

ရေးသား ဖော်ပြလိုပါသည်…

တောင်ကြီးမြို ့တောင်ပေါ်ဘုရားတစ်ဆူ ပေါ်မှာ

ရေးသားထားသည့် မှတ်သားဖွယ်ရာ

သတိပေး ဆုံးမစာ သားလေးအား ထပ်ဆင့်

ဝေမျှခါ အောက်ပါ

အတိုင်း ဖော်ပြ လိုက်ပါသည် ။

ရှာ ဖွေ စု ဆောင်း စဉ် အ ခါ ဆင်း ရဲ ဒုက္ခ ကို

ဖြစ် စေ တတ် ၏ ။

ပျက် စီး ဆုံး ပါး သော အ ခါ ပူ ပင် သော က

ကို ဖြစ် စေ တတ် ၏ ။

ပြည့် စုံ ကြွယ် ဝ သော အ ခါ မာန် မာ န

ကို ဖြစ် စေ တတ် ၏ ။

ဤ သို ့သော သ ဘော ရှိ သည့် စည်း စိမ် ဥစ္စာ

တို ့သည် အ ဘယ် မှာ လျှင်

ချမ်း သာ ကို ပေး တတ် ပါ သ နည်း ။

သတိမူဘွယ်ရာ ဆုံးမစာသား လေး များဖြစ်၍

နှစ်ခြိုက်မိ ပါသည် ။

ထို ့အတူ ဂေဇက်ရွာသူား တို့လည်း နှစ်သက် နိုင်ကြလိမ့်

မည်ဟု တွေးမြင်ခါ

စေတနာဖြင့် ရေးသား လိုက်ခြင်းဖြစ်ပါသည် ။

ကံအကြောင်းနှင့် ပတ်သက်၍ မှတ်သား ထားတာ

လေးလည်း ထပ်မံဖော်ပြ လိုပါတယ်..

ကံ ကောင်း တယ် ဆို တာ အ လုပ် ကောင်း ခြင်း ကြောင့်

ဖြစ် တယ်။

ကိုယ် လုပ် တဲ့ အ လုပ် ကောင်း လေ လေ , ကံ ကောင်း

လေ လေ ဘဲ ။

အ လုပ် ကောင်း ဘို ့ဆို တာ က တော့ စိတ် သ ဘော

ထား ကောင်း မှ ဖြစ် မယ်။

စိတ် သ ဘော ထား ဆို တာ, စေ တ နာ ပဲ….

ဒါ ကြောင့်…….ကံ ကောင်း ချင် ရင်, စေ တ နာ ကောင်း

ဖို ့လို ပါ ကြောင်း ပြော လိုက် ပါ ရ စေ ။ ။

( ဝေ ဖန် ထင် မြင် မှု လေး များ ရေး သား ပေး နိုင်

ပါ ရန် တောင်း ဆို အပ် ပါ သည် )

14 comments

  • htoosan

    May 3, 2012 at 12:52 pm

    ရှာ ဖွေ စု ဆောင်း စဉ် အ ခါ ဆင်း ရဲ ဒုက္ခ ကိုဖြစ် စေ တတ် ၏ ။
    ပျက် စီး ဆုံး ပါး သော အ ခါ ပူ ပင် သော ကကို ဖြစ် စေ တတ် ၏ ။
    ပြည့် စုံ ကြွယ် ဝ သော အ ခါ မာန် မာ နကို ဖြစ် စေ တတ် ၏ ။
    ဤ သို ့သော သ ဘော ရှိ သည့် စည်း စိမ် ဥစ္စာတို ့သည် အ ဘယ် မှာ လျှင်ချမ်း သာ ကို ပေး တတ် ပါ သ နည်း ။

    အန်တီအေးရေ ..စိတ်ချမ်းသာမှုတော့ ရစေပေမဲ့ တိုးတက်မှု့ ကိုတော့ ဆုတ်ယုတ်စေမလားလို့ တွေးမိပါသည်။

  • ဆူး

    May 3, 2012 at 2:15 pm

    ကောင်းလာ လုပ်ရင် ကောင်းတာ အကျိုးပေးမယ် (ကောင်းတာ ဖြစ်မယ်) ဆိုတာ ကို လက်ခံပါတယ်။
    ဘဝ မှာ ကိုယ်ရတဲ့ လက်ရှိ အနေအထားသည် အကောင်းဆုံး မဟုတ်ပေမဲ့ အဆိုးဆုုံး ထဲ မပါတဲ့ အတွက် ကောင်းသော အကျိုးပေး ရှိသည်ဟု ယူဆပါသည်။ ထို့ကြောင့် ယခု ဘဝကို အဟောင်းစားပြီး အသစ်မချတာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါသည်။
    အဟောင်းလည်း စားမယ် အသစ်လည်း ချမယ်.. အသစ်လည်း ချက်ချင်း စားလို့ ရရင် စားပါမယ်။
    မှတ်ချက်။ ။အဟောင်းစား ဆိုတဲ့ စကားရပ် သည် ဝိဿာခါ ပြောသွားသည့် စကားကို ယူသုံးထားခြင်း ဖြစ်ပါသည်။

  • အရင့်ရောင်

    May 3, 2012 at 2:20 pm

    ကံတရား ဟူသည် အတိတ်ဖြစ်သလို
    မိမိကိုယ်ကိုယ်သာ ပစ္စုပ္ပန် ဖြစ်ပါတယ်
    မန့်တွားပါ၏။။။။။။။။။။။။။။

  • amatmin

    May 3, 2012 at 2:21 pm

    အန်တီအေးရေ…
    စေတနာကောင်းဖြင့် ပြုလုပ်သော လုပ်ရပ်တိုင်းအတွက်..ကောင်းသောတန်ပြန်အကျိုးရမယ်ဆိုခြင်းအား..
    ယုံမှားသံသယ မရှိပါ ခင်ဗျာ..

  • Tin Tin

    May 3, 2012 at 3:15 pm

    အန်တီအေးရဲ့ စေတနာအပြည့်နှင့် သတိပေး ရေးသားထားသော ဆုံးမစကားများကို
    သေချာဖတ်ပြီး မှတ်သားထားပါတယ်ရှင်…

  • htet way

    May 3, 2012 at 6:36 pm

    နှစ်ခြိုက်မိပါတယ် အမရေ
    ဖတ်ရှု့တွေးခေါ် ဆပွားမိပါကြောင်း

  • aye.kk

    May 3, 2012 at 11:13 pm

    htoosan,….ရေ
    အန်တီတခုပြောပြချင်ပါတယ်..
    ရေတဖန်ခွက်ထဲ ရေတဝက်ထဲ့ထားတဲ့ခါ..
    လူနှစ်ယောက်ရဲ ့အမြင်လေးပေါ့နော်..
    လူတယောက်ကပြောတယ်..
    ရေဖန်ခွက်ထဲမှာရေတဝက်အပြည့်ရှိနေတယ်လို ့ဆိုပြီးပြောတယ်..
    နောက်တယောက်ပြောတာက…
    ရေဖန်ခွက်ထဲရေတဝက်လျှော့နေတယ်ဆိုပြီးပြောတာပေါ့နော်..
    အမြင်ကလေးကွာဟမှုကိုကြည့်မယ်ဆိုရင်..
    ရေတဝက်အပြည့်ရှိနေတယ်လို ့ပြောတဲ့သူက..
    အကောင်းမြင်တဲ့ဘက်ကနေကြည့်ပြီးပြောတဲ့အဓိပ္ပါယ်သက်ရောက်သွားသလို..
    ရေတဝက်လျှော့နေတယ်လို ့ဆိုပြီးပြောတဲ့သူက..
    အဆိုးမြင်တဲ့ဘက်ကနေကြည့်ပြီးပြောတဲ့အဓိပ္ပါယ်သက်ရောက်သွားသလိုပါဘဲ..
    အမြင်တွေမတူဘူးပေါ့နော်..
    ဘုရားပေါ်မှာရေးထားတဲ့အဓိပ္ပါယ်လေးက..
    ပစ္စည်းဥစ္စာနဲ ့ပတ်သက်ရင် စိတ်ချမ်းသာရာရစေဘို ့အတွက်…
    နှလုံးသွင်းတတ်အောင်ဆုံးမတဲ့စာသားလေးသပ်သပ်ဘဲဖြစ်ပါတယ်ကွယ်..
    တိုးတက်မှုကိုမဆုတ်ယုတ်စေနိုင်ပါဘူးလို ့ပြောလိုက်ပါရစေကွယ်..။။

    • windtalker

      May 4, 2012 at 10:09 pm

      ဘာဘဲဖြစ်ဖြစ် အန်တီအေးကေရေ ၊ စဉ်းစားမှတ်ယူသွားတယ်ဗျို ့

  • Dr. ဖိုးပြုံးချို

    May 3, 2012 at 11:15 pm

    အန်တီအေးရေ အနှစ်သာရ ပြည့်ဝသော စာများအတွက် ကျေးဇူးအလွန်တင်ပါတယ်….
    အန်တီအေး စာများလည်း မျှော် နေလျက်ပါ…:P

  • aye.kk

    May 3, 2012 at 11:51 pm

    ဦးဦးပါလေရာ…
    ကွန်မင့်အတွက်ကျေးဇူးပါ…။
    —————————————————————————-
    ဆူးရေ..
    အယူအဆလေးကသင့်မြတ်လွန်းလှလို ့..
    အန်တီဘာပြောရမယ်မှန်းတောင်မသိတော့ဘူး..
    ဆူးရေ..အသစ်အသစ်တွေများများသာချရအောင်ပါကွယ်..။
    —————————————————————————-
    အရင့်ရောင်ရေ..
    ကံဆိုတာ..
    ပြုလုပ်ပြီး၊ပြုလုပ်ဆဲ၊ပြုလုပ်မဲ့..အရာတွေပါကွယ်။
    မိမိကိုယ်ကိုယ်သာပစ္စုပ်ပ္ပန်ဆိုရင်တည်မြဲတဲ့သဘော
    သက်ရောက်သွားနိုင်တာမို ့အဲလိုတော့ပြောလို ့မရနိုင်ပါဘူးကွယ်..
    မိမိကိုယ်ကိုယ်ဆိုတာက..
    လက်တဖြစ်အတွင်းပြောင်းလည်းပျောက်ကွယ်
    သွားနိုင်လို ့မျှောလမ်းမှာထမ်းထားရတဲ့..
    အလောင်းကောင်သာဖြစ်တယ်လို ့ပြောချင်ပါတယ်ကွယ်..။
    ——————————————————————————
    amatmin,..ရေ
    အယူအဆလေးကသင့်မြတ်လှပါတယ်..
    ကွန်မင့်လေးအတွက်ကျေးဇူးတင်ပါတယ်ကွယ်။
    ——————————————————————————-
    Tin Tin,ရေ..
    မှတ်သားထားတာသိရလို ့ကျေးဇူးလည်းတင်ရပါတယ်ကွယ်။
    ——————————————————————————–
    htet way,
    ကျေးဇူးပါကွယ်။

  • Moe Z

    May 4, 2012 at 11:41 am

    အန်တီအေးရေ ထပ်ဆင့်ဆုံးမစာလေးအတွက်ကျေးဇူးပါနော်
    စေတနာကောင်းရင် ကံကောင်းမယ်ဆိုတာကို
    အကြွင်းမဲ့ယုံကြည်ပြီး လိုက်နာနိုင်ဖို့ကြိုးစားနေပါတယ် ..

  • nature

    May 5, 2012 at 2:12 am

    ကံကောင်းလို့ ချမ်းသာပြီး လိုတရ နေသူတွေရှိသလို ကံဆိုးလို့ ချမ်းသာပြီး ပစ္စည်းကြောင့် လုယက်ခံရပြီး သေကြေပျက်စီး ဆင်းရဲဒုက္ခရောက်သွားသူတွေလည်းရှိပါတယ်။ မူးယစ်သောက်စားပြီး ပျော်ပါးပြီး ဆင်းရဲဒုက္ခ ရောက်သွားသူတွေလည်းရှိပါတယ်။

  • aye.kk

    May 5, 2012 at 5:22 am

    မိုးဇက်..
    ကွန်မင့်လေးအတွက်ကျေးဇူးပါနော်။
    —————————————
    nature,…
    မှန်ပါတယ်..။

Leave a Reply