2000 Group ( B- 18 ) သဝဏ်လွှာ (၄၃) by May Aye Oo

Swal Taw YwetMay 3, 20121min601

သဝဏ်လွှာ (၄၃) by May Aye Oo on Thursday, May 3, 2012 at 9:08am ·

 ဉာဏ်ပညာနည်းတဲ့သူဟာ

ကိုယ့်ကျိုးကို ဦးစားပေးတယ်..။

ဉာဏ်ပညာကြီးတဲ့သူဟာ

အများအကျိုးကို ဦးစားပေးတယ်..။

(ဆရာတော် ဦးဇောတိက)

ပြင်ဦးလွင် မှာ  လှူကြအုံးစို့ .. .. .. .. နော် .. .. ။

“ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း”

ပြင်ဦးလွင်မြို့

 

ကျမ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက ဖုန်းလာတော့..၊ ဆရာလေးမှာ ကလေးတွေ က ၄၀ဝ ကျော်လာလို့မို့ စားရေးသောက်ရေးတောင် တော်တော် အခက်တွေ့နေတယ်.. ဆိုတာကြောင့်.. အော်.. ဆရာလေးမှာ အ ခက်အခဲတွေ့နေပြီ..၊ မိဘမဲ့ ကလေး ၄၀ဝ ကျော် အတွက် နေ့တစ်ဓူဝ စားဝတ်နေရေးတော်တော် ခက်နေရှာပြီ.. လို့ .. ။ ကျမ ကူညီဖို့ ပြင်ဆင်ရပါပြီ..။

“ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း”

ရွှေစင်မင်း သီလရှင် ပရဟိတပညာရေးကျောင်း ရဲ့ ကျောင်းအုပ်ဆရာကြီးက သက်တော် ၄၂ ဘဲရှိပါသေးတယ်..။ ၄၂ လို့တောင် မထင်ရ အောင်လဲ နုပျိုပါတယ်..။ ဆရာကြီးရဲ့ ဘွဲ့ က ဒေါ်နန္ဒသိင်္ဂီ ပါ..။ ၁၉၉၉ ခုနှစ်က စ ပြီး ပရဟိတ လုပ်ခဲ့တာပါ..။ အများကြီးလဲ ကြိုးစားခဲ့ရ ပါတယ်..။ သိပ်လဲ ပင်ပန်း ပါတယ်.. တဲ့..။ ဟုတ်မှာပါ..။ ကျမ ခံစားကြည့်လို့ရပါတယ်..။ သီလရှင်မို့ အလှူရတာလဲ နည်းပါတယ်..။ မပြည့်စုံ တဲ့ ဘဝ မှာ ကလေးတွေ ကို ဆွမ်းခံ ပြီးတော့ ကျွေးရပြီး အကြွေးတွေလဲ တင်ပါတယ်.. တဲ့..။

 

ကျောင်းနေ သီလရှင်နဲ့ မိန်းကလေး တွေ စုစုပေါင်း ၄၀ဝကျော်ရှိပြီး၊ ပညာရေးကျောင်းက အပြင်ကလေး ပါရင် ၆၀ဝ ကျော် ပါသတဲ့..။

အခု ကျောင်းမှာ သီလရှင် နဲ့ ကလေး တွေရှိပါတယ်။ အားလုံး မိန်းကလေးတွေချည်းပါ..။ ဆရာလေးက နယ်စပ်မှာ ရောင်းစားခံရမယ့် မိန်းကလေးတွေကို ပြန်ဝယ်ထား၊ ကယ်ထားတာပါ..။ ဆရာကြီးက ပလောင် အမျိုးသမီးပါ..။ ကလေးတွေကတော့ ပအို့ဝ်၊ ပလောင်၊ လီဆူး၊ ရှမ်း၊ ကဒူး၊ ကနန်း၊ ကချင် စတဲ့ တိုင်းရင်းသားတွေ အစုံပါပဲ..။

မနှစ်က ကျမတို့ သွားလှူကြတော့ ဆရာလေးကျောင်းမှာ ကျောင်းအိပ်ကျောင်းစား ၃၀ဝ လောက်ဘဲ ရှိတာပါ..။ ဒါတောင်မှ အိပ်စရာ၊ စားစရာ သိပ်အဆင်မပြေပါဘူး..။ အခုတော့ ကလေးတွေက ၄၀ဝ ကျော်လာပြီ ဆိုတော့ ဆရာလေးလဲ ဦးဆောင်ဦးရွက် စီစဉ်ရသူဆိုတော့ စိတ်ညစ်ရရှာမယ်..။

ဆရာလေးက နယ်စပ်ဒေသ က မိဘမဲ့တွေ၊ ရောင်းစားခံရသူ ကလေးငယ်တွေကို ပြန်ဝယ်၊ ပြန်ကယ်ထားတာပါ..။ ပြီးတော့ တောင်တန်းသာသနာပြု ဆရာတော်ကြီးတွေ က ပို့လာတဲ့ မိဘမဲ့ တိုင်းရင်းသားကလေးတွေကို လဲ လက်ခံထားတာမို့ ကလေးဦးရေ က တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် များလာတာပေါ့..။ အမျိုးသမီးတစ်ယောက်၊ သီလရှင်တစ်ပါး ရဲ့ အားနဲ့ အခုလောက်လုပ်နိုင်ဖို့ရာ ဘယ်လောက်ကြိုးစား ရုန်းကန်ခဲ့ရရှာမလဲ .. ဆိုတာ တွေးကြည့်တာနဲ့တောင်မှ.. သိလောက်တဲ့ အပြင် ရင်မောမိပါတယ်..။

 

လူကုန်ကူးကြတဲ့ သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ဆိုးဝါးတဲ့ အဖြစ်မျိုးတွေကို ကလေးငယ်တွေ နဲ့ လူသားတွေအားလုံး မခံစားရစေဖို့၊ ဒီလို လူမဆန်တဲ့ ရက်စက်မှုမျိုးတွေက လွတ်မြောက်ဖို့ အတွက် ဆရာတော်၊ သံဃာတော် တွေ၊ သီလရှင် ဆရာကြီး၊ ဆရာလေးတွေ နဲ့ အဖွဲ့အစည်း တွေ က ကယ်တင်ပေးနေတာ..။ ထောက်ပံ့သူ၊ ကူညီသူတွေရှိမှလည်း.. သူတို့လုပ်နိုင်ကြမှာပေါ့..။ ဒါကြောင့် လူသားချင်းစာနာပြီး..၊ သားသမီးချင်းစာနာပြီး..၊ အပြစ်မဲ့တဲ့ကလေးတွေရဲ့ အနာဂါတ်တွေကို ကာကွယ်ဖို့အတွက်..၊ ကလေးတွေ ထမင်း ဝ ဝ စားနိုင်ဖို့ အတွက် .. ဆရာလေးတို့ရဲ့ကျောင်းကို ကျမတို့ တစ်တွေ ကူလိုက်ကြအုံးစို့ နော်..။

အခု အရေးတစ်ကြီး လိုအပ်နေတာက စားဖို့  ဆန်၊ အစရှိတဲ့ စားသောက်ဖွယ်ရာများ နဲ့  အိပ်စရာ နေရာထိုင်ခင်း.. ပါ..။

ဒါကြောင့် ဆန် နှင့် ငွေသားကိုဘဲ အဓိက လှူချင်ပါတယ်..။

လှူရန် စိတ်ဝင်စားသူများ

ကျမရဲ့ email    2000.donation.group@gmail.com  ကိုဆက်သွယ်လို့ရပါတယ်..

 

ဆရာကြီး ဆီကို တိုက်ရိုက်ဆက်သွယ်လိုပါလျှင် .. အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်.. ရှင်..။

 

ဒေါ်နန္ဒသိင်္ဂီ (ကျောင်းအုပ်)

ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း

(၁၃)၊ ညံကွဲရပ်၊ ရပ်ကွက်ကြီး (၁)

ရွှေမြင်တင်ဘုရားအနောက်ဘက်

ပြင်ဦးလွင်မြို့

ဖုန်း – ဝ၈၅-၂၉၆၀၅ ၊ ဝ၉-၄၃၁၂ ၈၄၀၆

 

ကျမတို့ ရဲ့ တိုင်းရင်းသား သွေးရင်း သားငယ်၊ သမီးငယ်လေးများအတွက်.. ဝိုင်းဝန်းလိုက်ကြအုံးစို့ရဲ့ … နော် ….။

 

ပညာရေး.. ကူညီလိုသူများ..

အာဟာရ လှူချင်သူများ ..

ကျန်းမာရေး.. အလှူပေးချင်သူများ..

ဗုဒ္ဓသာသနာပြုချင်ကြသူ မိတ်ဆွေများ…

မြန်မာ နှစ်ဦးမှာ ဒါန ပြုချင်သူများ ..

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

Dear Readers and MG villagers,

Please forgive me. I could not upload/insert photos for this post.( Showing HTTP error ).

Please try to support / help the needy people.

Now our MG villager, Daw May Aye Oo is pointing out a place that need URGENT HELPS.

They need your supporting and encouragement.

 

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

 

 

 

One comment

  • htoosan

    May 3, 2012 at 10:08 pm

    ကျွန်တော် လိပ်စာကူးယူ ထားလိုက်ပါသည် ။ ကျေးကျေးပါ ကိုစွယ်တော်ရွက်ရေ။

Leave a Reply