၃ရက်လောက်ရှိပါပြီး ကျွန်တော် ရုံးက ပြန်လာတိုင်း အိမ်ကိုပြန်တော့ အိမ်ရှေ.မှာ ခွေးလေးတစ်ကောင် တွေ.တွေ.နေရတယ်… ကိုယ်ကလဲ ခွေးတော့မချစ်တတ်ပါဘူး ဒါပေမယ့် သူက အိမ်ရှေ.မှာ ယောင်လည်လည်နဲ. ဘာလာလုပ်တာလဲမသိပါဘူး… အဲဒီခွေးကိုလဲ တစ်ခါမှ မမြင်ဘူးဘူး ဘေးအိမ်တွေက ခွေးလဲ မဖြစ်နိုင် ဘူး ဘာလို.လဲဆိုတော့ ဘေးအိမ်တွေကလဲ ကျွန်တော်လိုပဲခွေးမချစ်တတ်ကြဘူးလေ…

ဒါပေမယ့် ကျွန်တော်က ခွေးမချစ်ပေမယ့် အော် ခွေးလေး သနားပါတယ်ဆိုပြီး သူခမျာ မျက်စိလည်လမ်းမှားပြီး ရောက်လာရှာတာပဲဆိုပြီး ထမင်းကို လမ်းထိပ်ကနေ ၂၀၀ ဖိုး အသားဟင်း ၅၀၀ ဖိုးဝယ်ပြီး ကျွေးလိုက်ပါတယ်…

အဲကျွေးလဲပြီးရော အကုန်ပြောင်စင်နေအောင် စားပြီး ဘယ်ပျောက်သွားမှန်းမသိဘူး ပြန်ကိုမလာတော့ဘူး မနက်အိပ်ရာနိုးတော့ အဲဒီခွေးကိုထူထူဆန်းဆန်းသတိရတာနဲ. လိုက်ရှာကြည့်သေးတယ် အမြီးတောင် မတွေ.ရဘူးဗျာ ပျောက်ချက်သားကောင်းနေတာ…..ဒါနဲ.ကျွန်တော်လဲ ကဲထားပါတော့ ခဏလာတာပဲဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်…

အဲ ညနေရုံးပြန်လို.အိမ်ပြန်လာတော့ ကိုယ့်ကောင်က ရောက်နေပြန်ရော အဲဒါနဲ. ၇၀၀ အကုန်ခံပြီး ထမင်းကျွေးလိုက်ပြန်ရောဗျာ.. စေတနာ စေတနာ ၊ ကိုယ်ကလဲ ခွေးကို အားနာနေတာ ဟဟဟဟဟ ရီရတယ်.. ကိုယ်အိမ်ရှေ.လာပြီး ခဏလာတာကို ဒီက ကောင်က အားနာနေတာလေ…

အဲဒီနေ.တော့ ကျွန်တော်ရုံးက ပြန်လာတော့ အဲဒီခွေးရောက်နေပြန်ရောဗျာ…… ကဲဒါနဲ. ထုံးစံအတိုင်း ၀ယ်ကျွေးမယ်ဆိုပြီး ဒီနေ.တော့ ၀က်သားစားရတာ ရိုးနေမှာစိုးလို. အမယ် စေတနာ ကြက်ကြော်လေးပြောင်းဝယ်လာတယ်လေ…. အိမ်ကျတော့ စိတ်ရှည်လက်ရှည် နွှင်ပြီးတောင် ထမင်းနဲ.ရောနေလိုက်သေးတယ်…ဗျာ..

ပြီးတော့ ကျွေးမယ်ဆိုပြီး သွားကျွေးတာ လားလားလား အဲဒီခွေးပေါ့ ကျွန်တော်လက်ကို ပြန်ကိုက်တယ်ဗျာ.. အရှောင်မြန်ပေလို.ပေါ့ နို.မို.ဆို ချက်တော့ ဆေးပတ်ပတ်လည်ထိုးရတော့မှာ အမငီး ပြောရင်း ကြက်သီးထတာအေ….

ကဲ စာဖတ်သူတွေပဲ စဉ်းစားကြည့်ဗျာ ကျွန်တော် ဘယ်လောက်စိတ်တိုသလဲ ဆိုတော့ ထမင်းကျွေးတဲလက်ကို ပြန်ကိုက်တယ်ဗျာ.. အဲဒါကြောင့် စကားပုံရှိတာဆိုတာ ယုံသွားတယ်….

အဲဒီခွေးဘာလို.ပြန်ကိုက်တာလဲ ဆိုတာ ကျွန်တော် တုံတုံရင်ရင်နဲ. စဉ်းစားနေမိတယ်… အရင်၃၊၄ ရက်လောက်တုန်းက အကောင်းပါဗျာ.. သူဟာသူ စား သူဖာသာသူပြန်ပြန်သွားတာ ဒီနေ.မှ ဘယ်လိုဖြစ်တာပါလိမ့်လို.စဉ်းစားလို.ကို မရဘူး…. တစ်ခုတော့ ကျွန်တော် သတိထားမိတယ်ဗျ အရင်နေ.တွေတုန်းက ဒီကောင် တစ်ကောင်ထဲလာလာနေတာ… ဒီနေ.တော့ ခပ်လှန်းလှန်းမှာ ခွေးတစ်ကောင်ပါသေးတယ် ထင်တယ်…. အဲဒီခွေးကလဲ ကျွန်တော်တို.ကိုကြည့်နေတယ်ထင်တယ်.. ကျွန်တော် အကိုက်ခံရမယ် ဆိုမှ သတိထားမိသွားတာ… အော် သူက အဖော်နဲ.အပေါင်းနဲ.ဆိုတော့ မန်ဖီးပြချင်တာနေမှာပေါ့….ပြီးတော့ အဖော်ကလဲ အမနဲ.တူပါတယ်… သူအစွမ်းအစကို ခွေးမလေးရှေ.မှာ အကောင်လုပ်ချင်ပုံရတယ်….. ဟဟဟဟဟ

ကျုပ်ဗျာ ဘာမှမဟုတ်တဲ့ခွေးတစ်ကောင်ကြောင့် ရင်ထဲမှာ မကောင်းဘူး စိတ်လဲတိုလိုက်တာလေ… ကျွန်တော် အဲ့ဒီခွေးကို ရိုက်သတ်ပြစ်ချင်တာ.. စိတ်ကို မနဲထိန်းထားရတာ…… ပြီးတော့မှ ကိုယ်ပြုခဲ့တဲ့ ကောင်းတဲ့အမှုလေး ကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားမယ်လို. အိမ်ကပြောမှ စိတ်လျော့လိုက်တာ…..

အင်း ကျွန်တော် ကြားဖူးတဲ့ စကားပုံကို လက်တွေ.သိလိုက်ရတယ်ဗျာ…. အဲဒါကတော့

ထမင်းကျွေးတဲ့လက်ပြန်ကိုက်တယ် ဆိုတဲ့ စကားပုံပါပဲ….. ခွေးဆိုတော့လဲ ခွေးလိုပဲပြုမူမှာပေါ့နော်..

ကျွန်တော်က သာ ခွေးနဲ.အတူတူ လိုက်ခံစားနေတော့.. ဟီးဟီးဟီး ခွေးထက်မိုက်တဲ့ကောင်ဖြစ်သွားရောပေါ့ဗျာ……

တော်သေးပြီ………

 

မှတ်ချက်။               ။ ဒေါသကလဲဖြစ် – ပို.စ်တင်စရာမရှိရှာကြံတင်ရခြင်းဖြစ်ပါသည်။

About ရွှေတိုက်စိုး

has written 79 post in this Website..