ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ခွေး

၃ရက်လောက်ရှိပါပြီး ကျွန်တော် ရုံးက ပြန်လာတိုင်း အိမ်ကိုပြန်တော့ အိမ်ရှေ.မှာ ခွေးလေးတစ်ကောင် တွေ.တွေ.နေရတယ်… ကိုယ်ကလဲ ခွေးတော့မချစ်တတ်ပါဘူး ဒါပေမယ့် သူက အိမ်ရှေ.မှာ ယောင်လည်လည်နဲ. ဘာလာလုပ်တာလဲမသိပါဘူး… အဲဒီခွေးကိုလဲ တစ်ခါမှ မမြင်ဘူးဘူး ဘေးအိမ်တွေက ခွေးလဲ မဖြစ်နိုင် ဘူး ဘာလို.လဲဆိုတော့ ဘေးအိမ်တွေကလဲ ကျွန်တော်လိုပဲခွေးမချစ်တတ်ကြဘူးလေ…

ဒါပေမယ့် ကျွန်တော်က ခွေးမချစ်ပေမယ့် အော် ခွေးလေး သနားပါတယ်ဆိုပြီး သူခမျာ မျက်စိလည်လမ်းမှားပြီး ရောက်လာရှာတာပဲဆိုပြီး ထမင်းကို လမ်းထိပ်ကနေ ၂၀ဝ ဖိုး အသားဟင်း ၅၀ဝ ဖိုးဝယ်ပြီး ကျွေးလိုက်ပါတယ်…

အဲကျွေးလဲပြီးရော အကုန်ပြောင်စင်နေအောင် စားပြီး ဘယ်ပျောက်သွားမှန်းမသိဘူး ပြန်ကိုမလာတော့ဘူး မနက်အိပ်ရာနိုးတော့ အဲဒီခွေးကိုထူထူဆန်းဆန်းသတိရတာနဲ. လိုက်ရှာကြည့်သေးတယ် အမြီးတောင် မတွေ.ရဘူးဗျာ ပျောက်ချက်သားကောင်းနေတာ…..ဒါနဲ.ကျွန်တော်လဲ ကဲထားပါတော့ ခဏလာတာပဲဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်…

အဲ ညနေရုံးပြန်လို.အိမ်ပြန်လာတော့ ကိုယ့်ကောင်က ရောက်နေပြန်ရော အဲဒါနဲ. ၇၀ဝ အကုန်ခံပြီး ထမင်းကျွေးလိုက်ပြန်ရောဗျာ.. စေတနာ စေတနာ ၊ ကိုယ်ကလဲ ခွေးကို အားနာနေတာ ဟဟဟဟဟ ရီရတယ်.. ကိုယ်အိမ်ရှေ.လာပြီး ခဏလာတာကို ဒီက ကောင်က အားနာနေတာလေ…

အဲဒီနေ.တော့ ကျွန်တော်ရုံးက ပြန်လာတော့ အဲဒီခွေးရောက်နေပြန်ရောဗျာ…… ကဲဒါနဲ. ထုံးစံအတိုင်း ဝယ်ကျွေးမယ်ဆိုပြီး ဒီနေ.တော့ ဝက်သားစားရတာ ရိုးနေမှာစိုးလို. အမယ် စေတနာ ကြက်ကြော်လေးပြောင်းဝယ်လာတယ်လေ…. အိမ်ကျတော့ စိတ်ရှည်လက်ရှည် နွှင်ပြီးတောင် ထမင်းနဲ.ရောနေလိုက်သေးတယ်…ဗျာ..

ပြီးတော့ ကျွေးမယ်ဆိုပြီး သွားကျွေးတာ လားလားလား အဲဒီခွေးပေါ့ ကျွန်တော်လက်ကို ပြန်ကိုက်တယ်ဗျာ.. အရှောင်မြန်ပေလို.ပေါ့ နို.မို.ဆို ချက်တော့ ဆေးပတ်ပတ်လည်ထိုးရတော့မှာ အမငီး ပြောရင်း ကြက်သီးထတာအေ….

ကဲ စာဖတ်သူတွေပဲ စဉ်းစားကြည့်ဗျာ ကျွန်တော် ဘယ်လောက်စိတ်တိုသလဲ ဆိုတော့ ထမင်းကျွေးတဲလက်ကို ပြန်ကိုက်တယ်ဗျာ.. အဲဒါကြောင့် စကားပုံရှိတာဆိုတာ ယုံသွားတယ်….

အဲဒီခွေးဘာလို.ပြန်ကိုက်တာလဲ ဆိုတာ ကျွန်တော် တုံတုံရင်ရင်နဲ. စဉ်းစားနေမိတယ်… အရင်၃၊၄ ရက်လောက်တုန်းက အကောင်းပါဗျာ.. သူဟာသူ စား သူဖာသာသူပြန်ပြန်သွားတာ ဒီနေ.မှ ဘယ်လိုဖြစ်တာပါလိမ့်လို.စဉ်းစားလို.ကို မရဘူး…. တစ်ခုတော့ ကျွန်တော် သတိထားမိတယ်ဗျ အရင်နေ.တွေတုန်းက ဒီကောင် တစ်ကောင်ထဲလာလာနေတာ… ဒီနေ.တော့ ခပ်လှန်းလှန်းမှာ ခွေးတစ်ကောင်ပါသေးတယ် ထင်တယ်…. အဲဒီခွေးကလဲ ကျွန်တော်တို.ကိုကြည့်နေတယ်ထင်တယ်.. ကျွန်တော် အကိုက်ခံရမယ် ဆိုမှ သတိထားမိသွားတာ… အော် သူက အဖော်နဲ.အပေါင်းနဲ.ဆိုတော့ မန်ဖီးပြချင်တာနေမှာပေါ့….ပြီးတော့ အဖော်ကလဲ အမနဲ.တူပါတယ်… သူအစွမ်းအစကို ခွေးမလေးရှေ.မှာ အကောင်လုပ်ချင်ပုံရတယ်….. ဟဟဟဟဟ

ကျုပ်ဗျာ ဘာမှမဟုတ်တဲ့ခွေးတစ်ကောင်ကြောင့် ရင်ထဲမှာ မကောင်းဘူး စိတ်လဲတိုလိုက်တာလေ… ကျွန်တော် အဲ့ဒီခွေးကို ရိုက်သတ်ပြစ်ချင်တာ.. စိတ်ကို မနဲထိန်းထားရတာ…… ပြီးတော့မှ ကိုယ်ပြုခဲ့တဲ့ ကောင်းတဲ့အမှုလေး ကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားမယ်လို. အိမ်ကပြောမှ စိတ်လျော့လိုက်တာ…..

အင်း ကျွန်တော် ကြားဖူးတဲ့ စကားပုံကို လက်တွေ.သိလိုက်ရတယ်ဗျာ…. အဲဒါကတော့

ထမင်းကျွေးတဲ့လက်ပြန်ကိုက်တယ် ဆိုတဲ့ စကားပုံပါပဲ….. ခွေးဆိုတော့လဲ ခွေးလိုပဲပြုမူမှာပေါ့နော်..

ကျွန်တော်က သာ ခွေးနဲ.အတူတူ လိုက်ခံစားနေတော့.. ဟီးဟီးဟီး ခွေးထက်မိုက်တဲ့ကောင်ဖြစ်သွားရောပေါ့ဗျာ……

တော်သေးပြီ………

 

မှတ်ချက်။               ။ ဒေါသကလဲဖြစ် – ပို.စ်တင်စရာမရှိရှာကြံတင်ရခြင်းဖြစ်ပါသည်။

27 comments

  • htoosan

    May 3, 2012 at 10:19 pm

    လက်ကိုလည်း ကြက်သားတုံးကြီးထင်သွားတယ်ထင်တယ် .. 😀

  • shwe kyi

    May 3, 2012 at 10:23 pm

    သူ့ ပါတနာ ကိုပါကျွေးစေချင်လို့နဲ့တူတယ် 😛

    လူတွေမှာလည်းအဲဒီလိုမျိုးတွေရှိတတ်ပါတယ်
    ကျွေးတဲ့လက်ပြန်ကိုက်တာမျိုးတွေလေ။
    ဖတ်ပြီးသင်ခန်းစာရမိပါတယ်။

  • FattyCat

    May 3, 2012 at 11:06 pm

    ကိုတိုက်ရေ-
    ခင်ဗျားဒေါသထွက်တာလဲထွက်ပေါ့ဗျာ
    ဘာပဲဖြစ်ဖြစ်ခွေးနဲ့တော့ပြိုင်မကိုက်မိစေနဲ့ဗျာ (စိတ်ဆိုးရဘူးနော စတာ)
    တစ်ခါတလေ သစ္စာရှိလှပါတယ်ဆိုတဲ့ခွေးတောင်ပြန်ကိုက်တတ်ရင်
    လောကကြီးရဲ့မတည်မြဲမှုကို ဆင်ခြင်စေချင်တယ်ဗျာ
    အရက်သမားပါးစပ်က နတ်စကားထွက်တယ်လို့တော့မထင်စေချင်ဘူး
    နောက်လာရင်တော့ မှတ်လောက်အောင် ရိုက်သာထုတ်လိုက်ဗျာ

    ခင်တဲ့
    ကြောင်ဝတုတ်

    • Shwe Tike Soe

      May 4, 2012 at 9:36 am

      ခွေးနဲ.တော့ ပြိုင်မကိုက်ဘူး ကြောင်အရက်သမားနဲ. အရက်ပြိုင်သောက်ချင်တာ…. ဝဝကြီးနဲ. မူးနေတာ ခိခိခိ

  • surmi

    May 3, 2012 at 11:52 pm

    အင်း …..ရေးတဲ.သူကရေးပြီးသော်လည်း
    ဖတ်သောသူက တစ်ညလုံးစဉ်းစားပြီး
    ခွေးထက် ပိုမိုက်သွားမိပါကြောင်း ……

  • Mလုလင်

    May 4, 2012 at 12:47 am

    ပြောရရင်တော့ ဘုရားဟောနဲ့ တည့်တည့် ပဲဗျို ့ …. မောဟ ဖုံး တော့ အမှန်ကို မမြင် … အမှန်ကို မဆုံးဖြတ် နိုင်တော့ဘူး ပေါ့ဗျာ … … …

  • marblecommet

    May 4, 2012 at 2:47 am

    ဒါများ ကျုပ်ကို လာခေါ်တာမဟုတ်ဘူး
    ဒင်းကို ချွတ်ပေးလိုက်မယ်….
    ကြောင်ဝတုတ်ဂိုးဏ်လည်း
    အမြည်းတွေ စားရတာ ရိုးနေပြီလို့
    သတင်းကြားရလို့
    ……..

    • ဆူး

      May 4, 2012 at 8:40 am

      အကုသိုလ် အတုံး အခဲလေး နေပူရင် ပျော်ထွက်တော့မယ်ဆို..

  • water-melon

    May 4, 2012 at 7:46 am

    ကိုရွှေ ဆေးသွားထိုးအုန်း
    ခွေရုးဆိုသေပြီနော်
    တော်ကြာ အုပ်အုပ်လေး တစ်ယောက်ထဲ ယောင်လည်ယောင်လည်ဖြစ်နေမယ်
    ကြားလား ဂျာပုမရဲ့
    ညည်းတော်တော်ကဲ တောင်မ ဆေးထိုးအုန်း

  • ဆူး

    May 4, 2012 at 8:41 am

    ခွေး ဆိုတာ သစ္စာရှိတဲ့ အမျိုးတဲ့.. သစ္စာရှိတဲ့ အမျိုးလို့ အများပြောတဲ့ အကောင်တောင် ဒီလို လုပ်တယ် ဆိုရင်တော့.. သစ္စာမ ရှိတတ်တဲ့ အကောင်တွေဆို ပိုတောင် မယုံရတော့ဘူးပေါ့။

  • FattyCat

    May 4, 2012 at 9:00 am

    ဟုတ်ပါ့ဆူးရယ်….
    ကျွန်တော်က ခွေးမချစ်ဘူးဗျ…
    ကြောင်ပဲချစ်တာ… ခွေးတွေကို သခင်အပေါ်သစ္စာရှိတယ်… ဘာညာပြောကြပေမယ့်…
    သူ့မလဲ အသိညဏ်အကန့်အသတ်ရှိတာမို့ တစ်ခါတစ်လေရိုင်းပြတတ်ပါတယ်…
    အဲဒါကြောင့်လေ-
    အိမ်မှာ ဝက်ဝံမွေးတာမျိုးတို့၊ မျောက်ဝံမွေးတာမျိုးဆို အားမပေးချင်ဘူး…
    တကယ်တော့ သံယောဇဉ်ဆိုတာဖြစ်မိပေမယ့် တိရိစ္ဆာန်ကတော့ တိရိစ္ဆာန်ပဲလေဗျ…

    ကြောင်ပေါက်စလေးသေသွားတုန်းက ဝမ်းနည်းတဲ့-
    ကြောင်ဝတုတ်

  • AKKO

    May 4, 2012 at 9:32 am

    တိုက်တိုက်ရေ(အုပ်ထိန်းသူခေါ်သလိုခေါ်ကြည့်တာ) အခုတော့ သိပြီမှတ်လား ခွေးက ခွေးပါပဲ ။ ကိုယ်က သူ့အပေါ် ဘယ်လိုကောင်းကောင်း တိရိစာ္ဆန်ဆိုတဲ့ သတ္တဝါအမျိုးစားထဲကဖြစ်တာကြောင့် စိတ်ဖောက်ပြန်တတ်ပါတယ် ။ ကိုက်တတ်ပါတယ် ။
    ကိုယ့်စေတနာစော်ကားခံရလို့ နာကျင်ပေမယ့် ၊ လူမဟုတ်တဲ့ သတ္တဝါဆိုတဲ့အသိ ပြန်ကပ်ပြီး မေ့ပစ်လိုက်ပါ ။

    အရင်ကတော့ ဆေးထိုးလျှင် ဗိုက်ပတ်လည်ထိုးရတယ်ပေါ့ ။ အခုတော့ ကာကွယ်ဆေးကို ချက်ပတ်လည်ထိုးစရာမလိုတော့ဘူး ။ဆေးဈေးကတော့ ကြီးတယ် ။

    • Shwe Tike Soe

      May 4, 2012 at 9:42 am

      အမငီး တိုက်တိုက်ရေတဲ့ အသည်းယားထာအေ ထောင်ထောင်မောင်းမောင်း ခပ်တောင်တောင် ကိုကိုဒေါက်တာကြီးက အနွဲ.လေးနဲ. အဖျားစွတ်ခေါ်တာ.. ခိခိခိ 😀

      အင်း ကိုအေကေကေအိုရေ အရှောင်ကောင်းလို.အခုတော့ ဆေးမထိုးရပါဘူးဗျာ…. ကံကောင်းသွားတယ်.. နိုမို.ဆို ဆေးထိုးရတဲ့ပိုက်ဆံ ကုန်အုံးမှာ …….. အခုတော့ ပိုသောက်လို.ရသွားတာပေါ့ဗျာ… ခိခိခိ

  • Khaing Khaing

    May 4, 2012 at 9:47 am

    မိတိုက်ရေ ညည်းနှယ်ခွေးတစ်ကောင်အကြောင်းများ ဒီကာချဲ့ပြောနေသေးတယ် …… ခွေးအကြောင်းပြောလို့ ခွေးနဲ့ပတ်သက်တဲ့စကားပုံလေးတွေကိုပြောပြမယ်သိလား ….
    “ခွေးဟောင်တိုင်းထမကြည့်နဲ့တဲ့ အိပ်ရေးပျက်တယ်”
    “ခွေးဟောင်တိုင်းလဲတောင်မရွေ့ဘူးတဲ့” အဲဒါလေးတွေကို အခိုင့်ရုံးကလူကြီးကအမြဲပြောဆိုဆုံးမတတ်တယ် သူဆုံးမထားလို့လည်း အခိုင်က အဲစိတ်ဓာတ်ထားပြီး ဘယ်သူတွေဘာပြောပြော အိပ်ရေးပျက်ခံအရေးလုပ် ပြီးထမကြည့်တော့ဘူး တော်ရုံကိစ္စဆို ဥပက္ခာထားပလိုက်တယ် ကိုယ့်စိတ်အေးချမ်းတာပေါ့အေ……. ဟောင်နေတဲ့ခွေးသာ အာခြောက်ပြီးမောရုံပဲပေ့ါ ………. ခွေးတွေဘယ်လောက်ဟောင်ဟောင် တောင်ဆိုတာလည်း ဘယ်တော့မှမရွေ့ဘူး ကိုယ့်အပေါ်မကျေနပ်သူတွေ ဘာပဲပြောပြော ကိုယ်ကတော့ဘာမှမကျိုးစီးပွားမထိခိုက်သွားဘူး မယုတ်ရော့သွားဘူးလေ …….. အဲဒါကြောင့် ”ခွေးဟောင်တိုင်း တောင်မရွေ့ဘူးတဲ့” ……

    • AKKO

      May 4, 2012 at 11:49 am

      အခိုင်ရေ ခွေးဆိုတာက လူတွေနဲ့ အနီးကပ်ဆုံး သတ္တဝါ ၊ လက်ပွန်း တတီးအဖြစ်ဆုံး သတ္တဝါပါပဲ ။ တစ်ခါတစ်လေ မျက်စိရှေ့ သနားစရာဖြစ်တော့လည်း သနားမိတာပေါ့လေ ။ ကျွန်တော့်ဆေးခန်းမှာ ခွေးနှစ်ကောင်ရှိတယ် ။ အရင်က လေးကောင် အထီးမ နှစ်စုံတွဲ ၊ အခုတော့ အမတွေ ချည်းသေကုန်လို့ အထီး နှစ်ကောင်ရှိတယ် ။ ညတိုင်းထမင်းဆိုင်ကနေ ထမင်းနဲ့ဟင်း တစ်ထုတ်ဆီ ဝယ်ကျွေးပြီးမှ ပြန်တယ် ။ သူတို့ကလည်း စားရမယ့် အချိန်ဆိုလျှင် ဆေးခန်းရှေ့လာထိုင်စောင့်နေကြတယ် ။ ဆေးခန်းလာဖွင့်ချိန်မှာလည်း တံခါးက စောင့်ပြီး သူတို့ရှိမှန်း အသိပေးတဲ့အနေနဲ့ လူပေါ် ကုတ်ဖဲ့ တတ်ကြသေးတယ် ။ အကျီ င်္တွေမှာ သဲတွေ ၊ ဖွက်တွေ ပေကုန်တာ နေ့တိုင်းနီးပါးပါပဲ ။ တိရိစာ္ဆန်ပါ အသိဉာဏ် ၊ ဆင်ခြင်ဉာဏ်မရှိပါဘူး ။ ရိုက်လျှင်လည်း ခံရမှာပါပဲ ။ ဒီတော့ ကိုယ်ကပဲ ဆင်ခြင်ရမှာပါ ။

  • nozomi

    May 4, 2012 at 10:04 am

    ကိုတိုက် ကျွန်တော့အသိ ဆရာမလေး တစ်ယောက်
    အစာကျွေးနေကျ ခွေးပြန်ကိုက်ခံရပြီး
    ခွေးရှုးပြန်ဖြစ်သေသွားဘူးတယ်
    သတိတော့ထားဗျ

  • Thit Sar Lin

    May 4, 2012 at 10:06 am

    အောင်မလေး….ခွေးကပြန်ကိုက်တယ်ဆိုပါလား…..
    ကျွန်တော် တွေ့ဖူးတဲ့ ထဲမှာတော့ ခွေးတော်တော်များများက သူတို့ကို အစာကျွေးရင်
    သူတ်ို့သခင်ဆိုပီး မှတ်ယူထားတတ်ကြတယ်….အဓိက ကတော့ ဒီစကားပုံက လူတွေနဲ့
    နှိုင်းတာများတယ်လေ……ကျေးဇူးမသိတတ်/ကျေးဇူးကန်းတဲ့သူတွေကို နှိုင်းတဲ့ စကားပုံလေ..
    အခုတော့….တော်တော်စိတ်မကောင်းတော့ဖြစ်သွားမှာပဲနော်…ကိုယ်ကျွေးတဲ့ခွေးက
    ပြန်ကိုက်တယ်ဆိုတော့……ကျွန်တော်မွေးထားတဲ့ကြောင်ဆိုလည်း အဲလိုပဲဗျ..
    သူဒေါသထွက်လာရင် သခင်တွေဘာတွေနားမလည်ဘူး..ပြန်ကိုက်တာပဲ…
    သူကတရိစ္ဆာန်ပဲလေ..ဘာနားလည်မှာလဲလို့ ဆိုပီး စိတ်ကိုပြန်ဖြေရတာပေါ့..
    ဒါပေမဲ့ စိတ်တော့မကောင်းဘူး…ကိုယ်မွေးထားကိုယ်ကျွေးထားတဲ့ ဟာကပြန်လုပ်တာဆိုတော့..
    လူဆိုရင်ပိုဆိုးမယ်နော်…

  • ba gyi

    May 4, 2012 at 10:09 am

    ရှယ်ယာခွဲမည့်၊နောက်တစ်ကောင်ပေါ်လာတော့၊ရောပြီးမာန်ဖီခံရတဲ့သဘောပါပဲ။
    ခွေးတွေထဲ ချစ်သူအပေါ်သိတဲ့ခွေး၊အမေပေါ်သိတဲ့ခွေးကိုတွေ့ဘူးတယ်၊အငတ်ခံပြီးဦးဦးဖျားဖျားကျွေးတာများဗျာ၊ကျုပ်
    ခပ်ငယ်ငယ်တုန်းက၊တို့အိမ်မှာမွေးတဲ့ခွေးပေါ့၊သူကချစ်သူသာထားတာ၊ခွေးပျိုစစ်စစ်ဗျား။

  • windtalker

    May 4, 2012 at 10:37 am

    ရှေးလူကြီးတွေပြောသလို ပြောရမယ်ဆိုရင် ကံ နိမ့်နေတယ် ဆိုကလားဘဲ။

  • Thel Nu Aye

    May 4, 2012 at 11:04 am

    ဝက်သားနဲ့ကျွေးနေကျကို ကြက်သားပြောင်းကျွေးလိုက်လို့ဖြစ်မယ်။ သူက ဝက်သားစွဲသွားတယ်နဲ့တူပါတယ်။ အနံမတူလို့စိတ်ဆိုးသွားတာ။သူ့ကောင်မလေးကိုဝက်သားဟင်းလို့ပြောပြီးခေါ်လာတာဖြစ်မယ်။ ဟီဟိ ထင်တာပြောတာ။ သူများနဲ့မတူအောင်တွေးကြည့်လိုက်တာ။

  • သူရဇော်

    May 4, 2012 at 12:20 pm

    ကိုတိုက်ရေ ဒီပို့စ်လေးကို ဖတ်ပြီးအသိလေးတစ်ခုရလိုက်တယ်ဗျို့…….. ကိုကတော့ စေတနာထားကျွေးမွေးပေမယ့် သူကရန်ပြုဖို့တောင်စဉ်းစားသေးတယ်နော်…… ကိုစိတ်ရင်းစေတနာဘယ် လောက်ကောင်းကောင်း ခွေးကခွေးစိတ်မွေးမယ်ဆိုတာလေးပါပဲ……. ခွေးတွေတော့ မပြောနဲ့ လူတွေမှာတောင် အလားသဏ္ဍန်တူတာလေးတွေရှိတယ်ဗျ……. စေတနာရောင်ပြန်မဟပ်ပဲ စေတနာကိုပါ ထပ်မံစော်ကားသွားတတ်တယ်……. ဒါပေမယ့်ဗျာ တစ်ခုတော့ရှိတယ် စေတနာအရင်းခံနဲ့ဆို ဘယ်သူမကောင်းကောင်း ကိုကောင်းနေမယ်ဆို လက်မထောင်မပျက်ဘူးရယ်ပေါ့…. ဒါလေးပါပဲ…… ဆေးထိုးချင်တယ်ဆိုရင်တော့ လာခဲ့ပါ….. အခမဲ့ ထိုးပေးမယ်
    ခင်မင်လေးစားစွာဖြင့်
    သူရဇော်
    အတုအပဆင်တူရိုးမှားအထူးသတိပြု

    • Shwe Tike Soe

      May 4, 2012 at 12:24 pm

      မိတူရ နင် အဲဒီ အတုကို ချကိုမချတော့ဘူး ဟွန်. အသည်းယားထာအေ… ခိခိခိ

      မိတူရ ညည်းပြောတာ သများ လုံးလုံးကြီးကို ထောက်ခံပါဒယ်အေ….

  • blackchaw

    May 4, 2012 at 1:59 pm

    ခွေးရူးဖြစ်ဖို့များတယ် ရွှေတိုက်ရေ။
    ခွေးတွေက ကျွေးတဲ့သူကို မှတ်ထားတတ်ပါတယ်။
    ကျေးဇူးသိတတ်ကြပါတယ်။
    ပြန်ကိုက်ပြီဆိုရင်တော့
    ရူးနေဖို့ များပြီပေါ့။
    အော် ဒုက္ခ ဒုက္ခ။

  • char too lan

    May 4, 2012 at 3:39 pm

    ဟယ်…. ကံသီပေလို့သာပေါ့…
    မသောက်ရက် မသုံးရက်နဲ့ကျွေးတဲ့မျက်နှာလေးတောင် မထောက်ဘူး …
    မာမီတိုက် သတိထားနော်… အပင်တွေလဲ လျှောက်လျှောက်မခူးနဲ့
    ညီအကိုလေးယောက်နဲ့ မာမီတိုက် စောမြတ်သန္တာ တက်သွားမယ် … :mrgreen:
    ခုလဲကြည့် သီသီကလေးကပ်လွတ်သွားတာ မာမီတိုက် ဂရုစိုက်နော် .. 😛

  • ဗိုက်ကလေး

    May 4, 2012 at 3:40 pm

    ကြာပြီလား အူးတိုက်စိုးရ
    အခုရာသီဆို သတိတော့ထား
    ခွေးမပြောနဲ ့ လူတောင် ဂေါက်ချင်နေတာ မနဲ စိတ်ထိန်းထားရတယ်..
    ကျုပ်ဆို တစ်ခါတလေ ဗိုက်ဆာရင် ကိုယ့်အသားကိုယ် ပြန်ကိုက်စားချင်စိတ်ပေါက်ဖူးတယ်ဗျ 😀

    • ဆူး

      May 4, 2012 at 3:51 pm

      နေပြင်းလို့ ထင်တယ် ဗိုက်ကလေး ဆံပင်တွေ ပိုထောင်လာတယ်။

  • mamanoyar

    June 20, 2012 at 12:55 pm

    ဟားးးးးးးးးးး ဒါနဲ့နောက်နေ့ လာရင်
    မကျွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဆိုပါတော့

Leave a Reply