အခုဆို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ GSM ဖုန်းတွေတော်တော် ခေတ်စားလာတယ် ကောင်းပါတယ်ဗျာတစ်

ဦးနှင့်တစ်ဦး အဆက်သွယ်မပျက်တော့ဘူးပေါ့။ အိမ်ဘေးက ဆိုက်ကားနင်းတဲ့ ဦလေးကြီးတောင် သူ့သမီး

ဆယ်တန်းကျောင်းသူက ပူဆာလို့ဝယ်ပေးထားသေးတယ်။ဆိုးတာက ဖုန်းဝယ်ပြီးကတည်းက ညဘက်ဆို

ဆူသံတွေအမြဲကြားနေရတယ် ။အချိန်မတော်ဖုန်းပြောလို့၊ဖုန်းဘေ ခဏခဏကုန်လို့၊အဖေကလည်းဖုန်းတော့

ဝယ်ပေးပြီး ဖုန်းဘေကြတော့ မထည့်ပေးဘူးဆိုပြီး အဖေကိုပြန်ပြောသံတွေကောစုံလို့ပါ။ဒါတင်မကဘူး ဖုန်းတ

ခါမှမကိုင်ဘူးပဲနဲ့ ဖုန်းဆိုရင်touch screen မှ ဘာနှိပ်မိမှန်းမသိ တော်ကြာဖုန်းဆိုင်ပြေးရပြန်ပြီ။ဖုန်းပြင်တဲ့ဆိုင်

တွေတော့အလုပ်ဖြစ်တာပေါ့။တချို့ဆို အိမ်မှာတော့ စားဝတ်နေရေးက တနေ့နဲ့တနေ့လယ်ပတ်ရုံပဲ ရှိတယ်

သူများဖုန်းဆိုရင် ကိုယ်လည်းခါးမှာ ဖုန်းချိတ်ချင်ကြတယ်။တချို့ဆိုရင် ဖုန်းဝယ်နိုင်တဲ့ အနေထားတော့ရှိတယ်

ဒါပေမဲ့ ဖုန်းအကြောင်းနားမလည် ကြဘူး။အထူးသဖြင့် တောနေလူတန်းစားများ ဖုန်းဆိုတာရယ် တန်ဖိုးအနေ

အထားရယ် ဘာဖုန်းမှန်းမသိ GSM လား CDMA လား တိုင်နဲ့ဘယ်လောက်အကွာအဝေးဆိုပြောလို့ရမလဲမသိ

ကြဘူး နှစ်သိန်းတန်ဖုန်း ဆိုတာလေက်ပဲနားလည် ကြတယ်။ဖုန်းရောင်းတဲ့ ဆိုင်တွေကလည်း ရောင်းရပြီးရော

ဆိုပြီး သိသိရက်နဲ့ ကိုယ့်အတွက်ပဲကြည့်ပြီးလုပ်နေတာတွေအများကြီးပဲ။ ပြီးတော့မှ လိုင်းမမိလို့ဆိုပြီး မြို့ပေါ်

က လူတွေကို အရှုံးခံပြီး ရှော့ဈေးနဲ့ပြန်ရောင်းရတာပေါ့။ ဒီလိုလူလည်ကြတဲ့ဆိုင်တွေ မြန်မာ့နိုင်ငံမှာများများရှိ

လေ မတိုးတက်လေပါပဲ။ သိတဲ့လူတွေကမသိတဲ့ လူတွေကို ပြောပြဖို့လိုသလို မသိတဲ့လူတွေကလည်း သိ

အောင်လုပ်ဖို့ လိုပါတယ်။ စာတွေများများဖတ်ကြပါ။ သူများပြောတာကို ခဏမှတ်ထား ကိုယ်ကိုတိုင်သေချာ

လေ့လာပြီးမှ ဦးနှောက်ထဲထည့်ကြပါ။ ကျွန်တော် ရွာတစ်ရွာကို ရောက်တော့ ဆိုင်နံရံမှာ ကပ်ထားတဲ့စာလေး

ပါ (ငါးထောင်တန်ဖုန်း အမြန်ထုတ်ပေး) တဲ့ ကောင်းလိုက်တဲ့တောင်းဆိုချက်ကလေး ကောင်းတာ့ပေါ့ ၊ဆိုက်

ကားနင်းတဲ့ လူလည်းကိုင်နိုင်တယ်၊ကုန်စိမ်းသယ်လည်း ကိုင်နိုင်တယ်၊ ပိုက်ဆံရှိတဲ့ လူဆို တအိမ်သားလုံး တစ်

လုံးစီကိုင်မှာပေါ့ ။ ဟုတ်ပါပြီ ဖုန်းလဲဝယ်ပြီးပြီ ဖုန်းကတ်လည်းရပြီ နေစဉ်ဖုန်းပြောဖို့ပိုက်ဆံ ဘယ်လိုရှာကြမလဲ။

ဖုန်းတော့ဝယ်ပြီးပြီ လူရှိန်အောင်လို့ ဖုန်းတော့ ပြောအုံးမှာပေါ့။ ကျွန်တော်တို့မြန်မာနိုင်ငံ မှာ တနေ့ကို ၀င်ငွေ

(တစ်ထောင်)ရအောင် မနည်းရှာရတဲ့ အောက်ခြေလူတန်းစားတွေ့ အများကြီးပါ။ တနေကုန် တနေခမ်း ရရာအ

လုပ် လုပ်ပြီး ညနေစောင်းမှ ဆန်ထုပ်ကလေးစွဲပြီးအိမ်ပြန် လမ်းဘေးဆိုင်က ပေါချောင်ကောင်းဟင်လေး နှစ်ရာ

ဖိုး သုံးရာဖိုးလောက်ဝယ်ပြီး ဘ၀ကိုဖြတ်သန်းရတဲ့ လူတွေအများကြီးပါ။ အိမ်မှာရှိတဲ့ ခလေးကြီးတွေကလဲ

ခလေး ပေါက်စနလေးတွေချီပြီး ကော်စုတ်ကော်ပြတ် လိုက်ကောက်ရတဲ့ဘ၀တွေလဲအများကြီး ပါ။ နောက်ဆုံး

အနေနဲ့ (ငါးထောင်တန်ဖုန်း အမြန်ထုတ်ပေး) ဆိုတဲ့ တောင်းဆိုချက်ထဲမှာ  ဒီလိုဆင်ရဲတဲ့သူများ မတောင်းဆိုမိ

ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။(မှတ်ချက်။  မြန်မာလူမျိုးများ ကြွားတာလေးတော့ ၀ါသနာပါသည်မို့)

About isequal to

isequal to has written 6 post in this Website..