မန်းဂေဇက် တီးဝိုင်း

ムラカミMay 4, 20122min37654
 
 
ဒါကတော့ ပန်းတနော် ထရစ်မှာ လက်စွမ်းပြခဲ့ကြတဲ့ ..
 
ကျနော်တို့ မန်းဒလေးဂေဇက် ရဲ့ မော်ဒန်ရော့ခ် ဘန် ပဲဖြစ်ပါတယ်…
 
ရှားရှားပါးပါး မှတ်တမ်းဒါ့ပုံလေးဖြစ်တာက တကြောင်း …. မုဒ်နဲ့ ခရော့ပင်လေး နှစ်သက်တာ တကြောင်းမို့
 
အမှတ်တရ အဖြစ် အနည်းငယ် အားထုတ်ပြီး ပြန်တို့ထားလိုက်ပါသည်…
 
 
ပိတ်သတ်ကြီးခညား …
 
 
ရှေ့ဆုံးက အဆိုကျော် ဖိုးဂျီးနဲ့ ဆင်ဆင် တူတဲ့ လိဒ် ဗိုကယ်လ် လစ် စ် က ဘယ်သူ ဖြစ်တယ်
 
ဘယ်ဘက်ခြမ်းက ဦးထုပ်ကြီးနဲ့ ကလန်ကလား ဘေ့စ်ဂီတာသမားက ဘယ်ဝါ ဖြစ်တယ်
 
ညာဘက်တောင်ပန်က လိဒ် ဂစ်တာရစ်စ် က ဘယ်မြို့က ခနလာတဲ့ ဘယ်ဒင်းဖြစ်တယ်..
 
ဒရမ်မာ အာကိုဂျီးကလည်း ..ဘယ်နိုင်ငံက ခေတ္တ ခန လာဖျော်ဖြေတယ် ရယ် ဆိုတာ ကို ပိတ်သတ်ကြီး စဉ်းစားကြစေဖို့
 
တင်ဆက်လိုက်ရပါသည် ချင့် …အဲ့လေ… ဗျ..
 
 
 
MG_Band
 
 
တော်သေးဘီ
 
ခင်တဲ့
 
ဂီ

54 comments

  • ချစ်ရင်ထူးနှစ်

    May 4, 2012 at 12:24 am

    ကြိုက်လွန်းလို့ ဒေါင်းချင်ပေမယ့် သား ကွန်ပူတာက ဒေါင်းလို့မရဘူးဖစ်နေဒယ် …
    မနက်ဖြန်မှ ဆိုင်သွားပြီးဒေါင်းရင်းနဲ့ သား လက်ဆော့ထားတာလေး တင်ပေးမယ်နော် ..
    D ပုံက တော်တော်လန်းတယ်နော် .. ၁ကယ်ပါ .. အဲဒါကြောင့်လည်း ဂီ ဆိုတာ နာမည် တစ်လုံးနဲ့နေတာကိုး း

  • Mလုလင်

    May 4, 2012 at 12:46 am

    လက်မ တစ်ချောင်းနဲ့ အားပေးသွားပါကြောင်း ……

  • surmi

    May 4, 2012 at 12:51 am

    ဒီပုံက အပျော်တွေ ကူးစက်လာပါတယ် ဂီဂီရေ …
    မောင်ရင်နဲ. မဆုံဖြစ်ခဲ.လို.လဲ စိတ်မကောင်းပါ ။
    တနေ.တော. …..။

  • ရွာစားကျော်

    May 4, 2012 at 1:22 am

    ဆေးရုံဖွင့် အောင်ပွဲကျရင်
    The M.G Band ကို လာရောက်ဖျော်ဖြေပေးရန် ကမ်းလှမ်းမည့် အကြောင်း
    နီးစပ်သူများထံမှ အတွင်းသတင်း ရရှိထားပါသည်..
    ဟီ ဟိ..
    မပြုံးဘဲ ဝါးလုံးကွဲအောင် သဘောကျမိပါကြောင်း..

  • pazflor

    May 4, 2012 at 2:48 am

    ဟရို…. ကောင်မလေးပရိသတ်တွေ အများကြီးပါလား…

  • koaung

    May 4, 2012 at 3:18 am

    ဟုက်ကဲ့အားပေးသွားပါတယ် စင်ပေါ်မှာသိပ်မခုန်မိစေဖို့အကြံပေးပါတယ်ခင်ဗျ မတော်တဆကြမ်းကျွံမှာဆိုးမိပါကြောင်း

  • kai

    May 4, 2012 at 3:29 am

    ပြိုင်ပွဲဝင်လို့ရမယ့်ပုံပဲ..
    အနည်းဆုံးတော့.. အမိုး(ခေါင်မိုး) ရောင်းတဲ့ကုမ္ပဏီက ဝယ်မှာ… 🙂

  • water-melon

    May 4, 2012 at 7:26 am

    ဟီ ကဲနေလိုက်တာများ
    ဘယ်သူတွေလဲမသိပါဘူးနော်
    ကိုဂီရေ ရေလည်မိုက်တယ်ဗျာ

  • AKKO

    May 4, 2012 at 8:22 am

    နေပူပူမှာ အဲ့ဒီအိမ်ပေါ်တက်ပြီး ဂစ်တာတွေနဲ့ ရှိုးထုတ်နေတာတော့တွေ့တယ် ။ ဘာလုပ်နေကြမှန်းသေချာ မကြည့်မိဘူး ။ အခုမှပဲ သိတော့တယ် ။ ဓါတ်ပုံလေးက အမှတ်တရနဲ့ အသက်ဝင်တဲ့ပုံပါပဲ ။
    ဂီဂီ့လက်ရာကတော့ တကယ့်ကို ထိပ်တန်းပဲ ဗျို့ ။

  • water-melon

    May 4, 2012 at 8:38 am

    အဲဒီပုံတွေသာ ချစ်ချစ်တွေ့ရင်
    ဖရဲတော့ နာပြီ
    ဟီဟီ

  • Shwe Tike Soe

    May 4, 2012 at 8:57 am

    ဝါးဟားဟား မိုက်တယ်ဗျာ ဟိုဘက်က အုပ်ထုပ်နဲ.ခပ်ချောချောကောင်လေးကို အားလုံးနဲ. အရပ်ညီအောင် ရိုက်ပေးနိုင်တဲ့ ကိုဂီ လက်စွမ်းကို ချီးကျူးတယ်ဗျာ.. ဟဟဟ မိုက်တယ်.. ကူးသွားတယ်နော်..
    အိမ်မှာ ပလင့်ခ်ထုတ်ပြီး မှန်ဘောင်သွင်းမယ်….. 😀

  • ဆူး

    May 4, 2012 at 9:02 am

    ပုံလေးကြည့်ပြီး အရမ်းကို ရီချင်မိတယ်။
    စတိုင်တွေကတော့ အရမ်းမိုက်တယ်။
    ဒီဇိုင်းက မျိုးစုံနဲ့ အိမ်လေး ကျိုးကျ သွားအုန်းမယ်။
    အဲဒိမှာ ဘာလုပ်နေလဲ မှတ်တယ်.. အခုမှ သိတော့တယ်။ ပျော်စရာကြီးကွယ်..

  • water-melon

    May 4, 2012 at 9:03 am

    ကိုဂီရေ အဲဒီပုံကို
    ဆိုဒ်ကြီးမရှိဘူးလား
    ကျွန်တော် အိမ်မှာချိတ်ချင်လို့ပါ
    တကယ်ပြောတာပါ အကို
    ရှိရင်ပို့ပေးအုန်း

  • FattyCat

    May 4, 2012 at 9:08 am

    ဂေဇက်ရွာတီးဝိုင်းကို နောင်နှစ်အစုကြီးရွာဘုရားပွဲအတွက်တဲ့ အဲဒီနေ့ကငွေငါးသိန်းကြိုတင်စရံချလိုက်ပါတယ်…
    ဘုရားပွဲပြီးတာနဲ့ နောက်ထပ် ငါးသိန်းလက်ကျန်ငွေကိုပေးပါမယ်တဲ့…
    ဘုရားပွဲစတဲ့နေ့ကစပြီး ပြီးတဲ့နေ့အထိ (၅)ရက်တိတိ အဲဒီတီးဝိုင်း ရွာနားကိုလုံးဝမလာရပါဘူးတဲ့ခင်ဗျား…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • Shwe Tike Soe

      May 4, 2012 at 9:39 am

      ငါးသိန်းဟုတ်လား ဟာ ဒါဆို ဒို.တော့ ပွဲကောင်းပြီ ဂိုးလေဘယ်လောက်ထိ အဆင့်တက်လို.ရပြီ ဟေ့ဟေ့ဟေ့
      အေးပေါ့လေ အစုကြီးရွာသူတွေ အဆိုတော် ရော်ကာ ပေါင်သလုံးကို တော်တော်ကြွေးသွားလို.တဲ့လေ….ခိခိခိ

      • R Ga

        May 4, 2012 at 4:56 pm

        ဦးထုပ်ကြီးနဲ့ ကလန်ကလား ဘေ့စ်ဂီတာသမား ကိုနောင်များကြရင် ကိုနဲ့လိုက်မယ့် ဂီတာကို ရှာတီးပါလို့ကျောချင်တယ်။ အခုက ဂီတာ ကသေးပြီး လူကကြီးနေလို့လေ

  • ကိုရင်မောင်

    May 4, 2012 at 9:13 am

    အကြိုက်ဆုံးပုံဘဲပော့…
    တပုံဆိုတပုံပါဘဲ…
    ကူးထားလိုက်ပြီ ကိုရင်ဂီရေ..
    သိမ်းမထားနဲ့ထပ်တင်ပါအုံး
    ရွာသူရွာသားတွေရဲ့ပုံတွေအမှတ်တရသိမ်းထားချင်လို့ပါ….
    ကျေးဇူး ကျေးဇူး…..

  • nozomi

    May 4, 2012 at 9:14 am

    ဆရာဂီ
    အတုလဲယူချင်တယ် အစစ်လဲယူချင်တယ်
    အဲဒီပုံဖြစ်လာအောင် ဘယ်လိုရိုက် ဘယ်လိုလုပ်ထားတယ်ဆိုတာ
    တစ်ဆင့်ချင်းပြောပြ

    • Inz@ghi

      May 4, 2012 at 12:52 pm

      ရိုက်တာ ထက် တကယ်တမ်း 70% လောက် အထှာကျသွားတာ သူတို့ mood ခည…

      20% လောက်ကတော့ retouch ပိုင်းပါ… ရိုက်တာက 10% လောက်တောင် ရှိမယ်မထင်ဘူးရယ်..

      retouch ပိုင်းပြောရရင်တော့ …cold tone & warm tone မျှထားတာရယ် vignetting နည်းနည်းသုံးတာရယ်..
      ဘောင်ပြန်ခတ်တာရယ် သည်လောက်ပါပဲဗျာ …

      အဆင်ပြေတဲ့အခါ ရေးပါဦးမယ်ဗျ…

      ခင်တဲ့
      ဂီ

  • ရွှေ မင်း သား

    May 4, 2012 at 9:22 am

    အရမ်းမိုက်တယ်…….
    လန်ထွတ်နေတာဘဲ……..
    တကယ်မု အပြည့်နဲ့ ဟဲနေလိုက်ကြတာ……
    ဒါပုံ ဆရာ ဆရာဂီ ရဲ့လက်စွမ်းကလဲ လက်ဖျားခါလောက်တယ်။

  • amatmin

    May 4, 2012 at 9:39 am

    ဆေးရုံရှေ့က ထိုစင်ပေါ်မှာ တီးဝိုင်းအဖွဲ့ လက်စွမ်းပြလိုက်တာ…
    ရွာသားတွေကတော့ သံဃာစင်ကြီး ဘယ်တော့များ ကျိုးကျမလဲ လို့ ရင်ထိတ်နေခဲ့ကြောင်း..
    ဖျော်ဖြေပွဲ အပြီး.နောက်ဆက်တွဲသတင်းများအရ သိခဲ့ရပါ၏… 😆

  • Onyx

    May 4, 2012 at 10:03 am

    ပုံက ရေလယ် ကောင်းတယ်ဗျာ ။ဆြာဂီ တို့ကတော့ လက်စွမ်း တယ် ထက်သကိုး ။

  • marblecommet

    May 4, 2012 at 10:14 am

    ဘဏ်မန်နေဂျာ
    ပုံကျတော့ မပါဘူး
    နာသကွာ …….

    • ဆူး

      May 6, 2012 at 10:10 am

      သဂျီးသား မဟုတ်ဘူးလား။ သဂျီး ဆိုတာ ဒီရွာက သဂျီး မဟုတ်ဘူး အစုကြီး ရွာက သဂျီးသား ဖိုးကမ်း

  • Mandalayer

    May 4, 2012 at 10:26 am

    မန်းဂဇက်တီးဝိုင်းကိုစိတ်ဝင်စားလို့ဝင်ကြည့်တော့ ပုံကချက်ခြင်းပေါ်မလာသေးလို့ အောက်က comment တွေကို ဖတ်နေရင်း ပုံကိုအရမ်းကြည့်ချင်လွန်းလို့ လိပ်ထက်နှေးတဲ့ကော်နက်ရှင်ကို စိတ်ရှည်သီးခံ ပြီးစောင့်ကြည့်ခဲ့တာ
    စင်ရဲ့ ဒက်ဂရေးရှင်းကိုတော့ ကြိုက်သွားပြီ သိပ်တော့မခုန်ဂျပါနဲ့ စိုးရိမ်လို့ပါ။ ဗိုကယ်ရဲ့မိုက်ကလဲ အပျံစားဘဲ နော် 😛
    လှိုက်လှိုက်လှဲလှဲ ဖြင့် မန္တလေးမှ Mandalayer မှအားပေးသွားပါဂျောင်း …….. 🙂

  • Moe Z

    May 4, 2012 at 10:46 am

    Wow! MG superstars!
    MG ..MG ..MG ….
    မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုပါဗျို့ 😀

  • Thel Nu Aye

    May 4, 2012 at 11:02 am

    ဟားမိုက်တယ်။ အဆိုတော် ဂငယ်နှင့်အဖွဲ့ပေါ့လေ။ သွားကြတဲ့သူတွေပြောတော့ဖြဲဒီးမကရှက်တတ်တယ်ဆို။ အခုတော့လဲရှက်ဘူးပဲနော့။ တိုက်တိုက်ကတော့အုပ်အုပ်ပါတာတောင် ဒီလောက်ဆိုတော့ နားရွက် ကသေး တောင်သေးနေတယ်ပြောရမယ်။ ဟီဟိ။ ( စိတ်ဆိုးနဲ့နော်။ နောက်တာ )

  • ဆူး

    May 4, 2012 at 11:19 am

    အနောက်က မျက်နှာသုတ်ပုဝါ ပုခုံးတင်ထားတာ ဇတ်ဆရာ စတိုင်နဲ့ တူနေသလားလို့။

  • htoosan

    May 4, 2012 at 11:19 am

    အိပ်ယာပိုင်ရှင်တော့ အုတ်ပုံပေါ်တက်အိပ်ရတော့မလား (သို)့ ဘုံပျောက်မလား ဆိုပြီးတော့ အတော်တွေးကြောက်သွားမဲ့ ပုံဘဲ ။ 😀 😀
    American Idol စီစဉ်သူတွေသာ တွေ့သွားရင် လာဆိုပါလို့ဖိတ်ခေါ်ခံရမယ်ထင်တယ် .. 😀

  • jujuma

    May 4, 2012 at 11:34 am

    ဟဟ မိုက်တယ် ….
    အဆိုတော်ကလည်း ပါးစပ် ပြဲ ပြီး အော်နေတော့တာပဲ …
    ဦးထုတ်နဲ့ ဘေ့စ်ဂီတာသမားက ဒူးကွေးထားလို့ တော်သေးးးးးးး
    နို့်မိုဆို အရပ်ကြီးက ရှည်ထွက်နေမှာဗျာ …:D

  • ဗိုက်ကလေး

    May 4, 2012 at 11:57 am

    မြင့်တယ်နော်..
    ကြိုးမဲ့စစ်စတမ်နဲ ့ အဆင့်မြင့် ဒီဘန်းကို ခုမှတွေ ့ဖူးတယ်..

  • သူရဇော်

    May 4, 2012 at 12:26 pm

    ဟား အဲဒီထဲက ပုပုနဲ့ကောင်လေးက စိတ်မနှံ့ဘူးဗျို့…..အဲဒီရွာမှာ ရွာသူလေးတွေလိုက်ဆွဲလို့ မနည်းထိန်းရတယ်……. သူနဲ့ သူ၏သားသမီးများကို ဆက်လက်မျှော်ပါ မကြာမှီလာမည်မျှော်

    • Shwe Tike Soe

      May 4, 2012 at 2:29 pm

      အဲဒီ ဆွဲတဲ့အထဲ နင့်ညီမ ပါတယ်လေ မဲတူမရဲ… စိတ်မနှံပေမယ့် ချောချောပုပုလေးကို ညည်း တောင်မ မနာလိုဖြစ်နေတယ်မို.လား…
      ဟွန်. မုန်းထာအေ……..

  • Wow

    May 4, 2012 at 12:50 pm

    I.C ထက်မြင့်တဲ့ M.G …
    မကြည့်လိုက်ရလို့ မျက်ရည်တွေ ဘူးသီးလုံးလောက်ကို ကျပြီး… အကြီးကြီး ဝမ်းနဲထှာ…
    😛

  • char too lan

    May 4, 2012 at 1:03 pm

    WOWWWW !!! မိုက်တယ်ကွာ…..
    အားလုံးမိုက်တယ် သရုပ်ဆောင်တွေရော ကင်မလာမန်းပါ တော်လို့ဒါမျိုးရတာ
    တကယ်ပီပြင်တယ် ။ အပြန်တုံးက ကင်မလာထဲမှာ မမြင်မစမ်းနဲ့ကြည့်လိုက်မိကတည်းက ဒီပုံလေးမိုက်တယ် လို့ပြောခဲ့တာ… မနွေးတီးပြောသလိုပဲ American Idiot ဒီဇိုင်းပဲ … ကူးယူသွားတယ်ဗျို ့ 😀

  • Thit Sar Lin

    May 4, 2012 at 1:06 pm

    သီချင်းနာမည်က ဘာလဲ..
    ကျွန်တော့် အိမ်မှာ စားစရာမရှိလို့ တုတ်ချောင်းပဲ စားရပါတော့မယ်ခင်ဗျာလား
    သုံးယောက်ကတော့ မျက်မှန်တွေနဲ့ ဖြဲမညည်းကတော့ သွားဖြီးလို့…….
    တုတ်ချောင်းလည်းပါးစပ်ထဲ ဝင်သွားဦးမယ်..
    အဲ မှားလို့ 2012 မော်ဒယ်လ်မိုက်စ်အသစ်စက်စက်ကြီး…..
    ဒီ band ကတော့နာမည်ကြီးသွားပြီ…………….ဋ္ဌားချင်တဲ့ သူတွေကိုလည်း.
    ဆက်သွယ်ရန်လိပ်စာ ..ဖုန်းနံပါတ်တွေပေးလိုက်ပါဦး…..

  • Inz@ghi

    May 4, 2012 at 1:30 pm

    ဗိုကယ်လ်လစ်နှင့် သက်ဆိုင်သူ လာမမန့်တာ ထူးခြားသဗျား..
    ပိတ်သတ်ကြီးရေ ..သူရို့ လဗ်ဗဆင်းန်း လေး တင်လိုက်ရမားဟင်င်င်….
    သများကို ခုချိန်ထိလည်း ဘာရီဖျော်ရည် လာမကပ်သေးဝူး…

    😀

    • နွယ်ပင်

      May 4, 2012 at 4:28 pm

      လာပါပြီ လာပါပြီ ဟီးးးးးးးးးးး 😛
      အလုပ်များနေလို့ တင်တာတောင်မသိလိုက်ဘူး
      သူများကလှမ်းပြီး သတင်းပေးမှ သိရလိုပါ ဂီဂီရေ
      လဗ်ဗဆင်းန်း လေးတော့ ချမ်းသာပေးပါနော် ဟိ 🙂

  • blackchaw

    May 4, 2012 at 1:53 pm

    ပုံထဲပါတဲ့ ၄ ယောက်လုံးရဲ့ mood ကတော့ အံ့မခန်းပဲ။
    မသိရင် တကယ် တီးနေဆိုနေကြတယ်တောင် ထင်ရပါတယ်။
    ခြုံပြောရရင်တော့ ဓါတ်ပုံကတော့
    တစ်ပုံတည်း ပဲ ဒါပေမယ့် ခြင်္သေ့ ပါဗျာ။
    လေ့လာသင်ယူသွားပါတယ်။
    🙂

  • R Ga

    May 4, 2012 at 4:52 pm

    ရှီးရွီး…(((ဖြောင်းဖြောင်း)))) ……((M.G)) ((M.G)) ((လုပ်ပါဦး နောက်တစ်ပုဒ်လောက်.))….။ ပရိသတ်များရဲ့ လက်ခုပ်သံတွေ ကနားထဲက အခုထိမထွက်..ပေ။ ပရိသတ်ကြီးအား ဆက်လက်ဖျော်ဖြေစေချင်သော်ငြား…..။ ကားထွက်တော့မယ် ကားပေါ်တတ်တက်…. နောက်တစ်ပွဲ ကူးရဦးမယ် ဆိုတဲ့ မန်နေဂျာ များရဲ့ အသံကြောင့် နောက်တစ်ပွဲသို့ မကူးချင်ဘဲ ကူးခဲ့ရပါတယ်။….. ပရိသတ် ဆန္ဒ ကို အပြည့်အဝ မဖြည့်ဆည်းနိုင်တာကြောင့် M.G Band ကိုယ်စား အနူးအညွတ်တောင်းပန်အပ်ပါတယ်။ နောင်များမှ…..။

    • ဆူး

      May 6, 2012 at 10:54 am

      မန်နေဂျာ ခေါ်နေတာလား.. နွယ်ပင် မျက်စောင်းလှမ်းထိုးလိုက်လို့ ကားပေါ် တက်ပြေးတာလား။

  • ညလေး အိတုံ

    May 4, 2012 at 6:08 pm

    ဟာခိုက်သွားပြီ ့ ့ ့ ့ ညလေးတို့ အလှူကြရင်လာဆိုပေးပါလား ့ ့ ့ ့ ့ ့ဉီးဉီးတို့

  • water-melon

    May 4, 2012 at 6:14 pm

    ညလေးအတွက်ဆို M.G Band က free ဆိုပေးမှာနော်
    ညလေး နေကန်းလားဟင် :mrgreen:

  • အရင့်ရောင်

    May 4, 2012 at 6:14 pm

    စင်ပေါ်က မျောက်ကြီးလေးကောင်းက လှလှပပ မိမိရရ ရိုက်ကူးပေးသော
    ဒါ့ပုံ ကိုဂီဂီ ကို မသန်းတင် ခုန်ပြုပေးအပ်ပါတယ်
    ရော့…..မသန်းတင်……..

  • moe minthar

    May 4, 2012 at 7:14 pm

    ကိုဂီ……..
    ပုံကတော ့ကြက်သီးထစရာပါ…….ကြမ်းခင်းကြိုးကျသွားမှာကိုတော ့…
    စိုးရိမ်စိတ်ကအဖြစ်သား……..
    နောက်တစ်ခါကျရင်……သည်းထိပ်ရင်ဖိုစရာတွေ…..မတင်ဘို ့တောင်းပန်ပါတယ်…….
    စတာနော်…ကိုဂီ
    ချစ်ခြင်းမေတ္တာဖြင် ့

  • Yin Nyine Nway

    May 4, 2012 at 7:14 pm

    လုံးဝ မိုက်တယ်နော်
    ဒီပုံတော့ တကယ်ကြိုက်တယ်
    အားပေးတွားတယ်
    စကားမစပ် နာ့ပုံလေးကော်ဟင်
    ရှယ်ပေးပါအုန်းအေ..
    လိုချင်လို့ပါအေ..

Leave a Reply