နယ်မြို့ တရားရုံးတွေကို ဘယ်အချိန် မှာ ထိန်းကွပ်မှာလည်း မေးချင်တယ်

Mr. humanMay 4, 20121min1405

ပုသိမ်မြို့ တရားလွှတ်တော် ဝင်းတွင်းရှိ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်လိုက်ရင်ပဲ  အိမ်မဲကရှေ့နေတစ်ယောက်နဲ့ တွေ့တယ် အချိန်က ၁ဝနာရီ တိတိ။ စကားမပြောလိုက်ရသေးဘူး ဖုန်းမြည်လာတယ် ။
ဟလို ဆရာ….လား။ ညနေ ၅နာရီကျော်မှ အာမခံရတယ်။ အခု အပြင်မှာ…။
အဆင်ပြေတယ် ဒီကောင်တွေကို တရားစွဲဖို့ ပေးကမ်းပြောဆိုထားပြီ။ ဆရာလည်းစီစဉ်ထားတယ်မလား။ဒီလိုမှ မလုပ်ရင် ကျွန်တော် ဒုက္ခရောက်မယ် အမှုက ကျွန်တော်ဘက်လှည့်လာပြီလေ။

ကပ်ထိုင်နေတဲ့ အတွက် ဖုန်းပြောသံကို ကြားရသည်။ မည်သူ က ဆက်သည် မသိပါ။ရှေ့နေကတော့ ပုသိမ်ကို ခဏခဏလာ၍ သိသည်။ ပန်းတနော်တွင်လည်းတွေ့ဖူးသည်။
စကားလုံးတွေက အံမခန်း ပါ ဒီလောက်ပဲ ဖေါ်ပြပါ့မယ်။ အကြောင်း အရာကို စပ်စုကြည့်တော့ အကျိုးဆောင်က သတင်းထောက်မှန်းသိလို့ မပြောဘူး။ သူတို့ ပြောတဲ့ အထဲမှာ ပုဒ်မ ၃၈ဝ ပါတယ်
သက်သေတွေကို လီဆယ်ပြီး တရားစွဲမယ်။ ဒါမှ ရှေ့ ဆက်ဖို့ ခက်မယ်ဆိုပဲ။ အားပါး တယ် လည်း အကြံပက်စက်ပါလား ကို အိမ်မဲ သားတို့ရေ။
ကျွန်တော်က လည်း မှုခင်းရှု့ထောင့် ရဲမှုခင်းမှာ သတင်းရေးလာတာ ဒီသတင်းရအောင်လိုက်မယ် ဆိုပြီး ကြိုးစားကြည့်တော့……..။

ဖြစ်စဉ်မှာ အိမ်မဲမြို့ နယ်တရားရုံးတွင် ပုဒ်မ ၃၈ဝဖြင့် ခိုးမှုတခု ကို အမှုဖွင့် အရေးယူထားရာ နောက်တိုးတရားခံအဖြစ် ခရိုင်တရားရုံးမှ ပုဒ်မ ၃၈၁ဖြင့် တရားစွဲ အမိန့်ချလိုက်သော ဦး အုန်းမြင့်ကို (၃.၅.၂၀၁၂) ညနေ
၅နာရီ ကျော်တွင် အိမ်မဲမြို့နယ် တရားသူကြီး ဦးတင်ဝင်းမှ အာမခံပေးလိုက်ခြင်း ဖြစ်ပါသည်။
<strong> ပုဒ်မ ၃၈ဝဖြင့် အရေးယူထားသော သူခိုးဆိုသူက အာမခံမရဘဲ ပုဒ်မ ၃၈၁ ( အစေခံကဲ့ သို့သော သူက ခိုးယူမှု) က အာမခံရ သည်။အာမခံပေးခွင့်မရှိသော အမှု ဟု သိရသည်။</strong>

အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ်က  လွှတ်တော်တွင် မြို့နယ် တရားရုံးများနှင့် ပတ်သက်၍ဆွေးနွေးရာ မြို့နယ် တရားရုံးများကို မည်သို့ ထိန်းကွပ် ထားပါသလဲ ဟုမေးသည်ကို လွှတ်တော်စာစောင် တွင် ဖတ်ဖူးသည်။   အိမ်မဲမြို့နယ် တရားရုံးကိုငွေ များတရားနိုင် ဟု လွှတ်တော် အမှတ်က ဆိုသည်။( လွှတ်တော် စာစောင်)

(၃.၅၂၀၁၂) ရက်နေ့ နေ့လည် ၂နာရီကလည်း ပုသိမ် တရားလွှတ်တော်တွင် အိမ်မဲသားနှစ်ဦးကလည်း ၎င်း ခိုးမှု ကိစ္စကို ပြောသွားသည်။အာမခံပေးမည့်ကိစ္စကို ကြိုတင် သိထားကြသည်။

ဘယ်လို ချည်းကပ်ပုံ ပါ ပြောပြနိုင်သည်။။ ကြိုတင် အကွက် ရိုက် ထားသည်များက ပေါ်လွင်နေသည်။

၎င်း ပုဒ်မ ၃၈၁ ကို အိမ်မဲမြို့နယ် တရားရုံးက တရားခံ အဖြစ် မထည့်ဘဲ  ခရိုင် တရားရုံးက တရားခံ အဖြစ် ထည့်လိုက်သော သူကို မြို့နယ် တရားရုံးက အာမခံပေးလိုက်ခြင်း ဟု သိရသည်။

ပြင် ပ လူနာမှတ်တမ်းဖြင့် ဆေးစာဟု တင်ပြကာ ထိုဆေးစာ အကြောင်းရင်းခံဖြင့် ဆေးစာကို အကြောင်းပြုလျှက် အာမခံပေးမည် ဆိုပါလျှင် လည်း နေမကောင်းသည့် အတွက် ပြုလုပ်သည့် ဆေးစာ

မဟုတ်ဘဲ  အာမခံအတွက် ပြုလုပ်သည့်ဆေးစာ သာဖြစ်လိမ့်မည်။

နယ်တရားရုံးများကို မည်သို့ ထိန်းကွပ် ပါသလဲ ဟု ကျန်ခဲ့သော ၄လလောက်က အိမ်မဲမြို့ တိုင်းဒေသကြီးလွှတ်တော်အမှတ်က မေးသော မေးခွန်းကို သတိရရင်း တိုင်းတရားလွှတ်တော်က အမြန်ထိန်းကွပ် နိုင်ပါစေ

ဒေသကြီးဝန်ကြီးချုပ် သိပါစေ။ နယ်မြို့တွေ မြန်မြန်ပြောင်းလဲနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

တရားရုံး သတင်းများနှင့် အဂတိလိုက်စားမှုများကို ပေးပို့ လိုပါက tunhla992@ ymail.com သို့ ပေးပို့ နိုင်ပါသည်။ ဂျာနယ်နှင့် ဝက်ဆိုက်များတွင် ရေးသားပါမည်။

5 comments

  • Mr. human

    May 4, 2012 at 11:27 am

    ”နယ်မြို့ တရားရုံးတွေကို ဘယ်အချိန် မှာ ထိန်းကွပ်မှာလည်း မေးချင်တယ်”
    လို့ ခေါင်း စဉ် ပေးထားပါတယ်။ခေါင်းစဉ် မေ့ ကျန်ရစ်ခဲ့ပါတယ်။

  • AKKO

    May 4, 2012 at 3:27 pm

    အားနာတယ်ဗျာ ဒါပေမယ့် ဖတ်ရတာ ဂဃနဏ ဇာတ်ရည်မလည်ဘူးဗျ ။
    ကိုယ်တိုင်က ပိန်းလို့ပါဗျာ ။

  • Mr. human

    May 5, 2012 at 11:03 am

    ဆရာ ရေ
    တရားသူကြီးက လာဘ်စားပြီး အာမခံပေးတာကိုပြောတာပါ အာမခံမပေးရတဲ့ အမှု
    ခြွင်းချက်တော့ ရှိတယ် ။သို့သော် ဒီလို အမှုကြီးတွေကို ပေးနေရင် မခက်ဘူးလား
    နယ်တရားရုံးတွေ ထင်ရာစိုင်းနေတာကို အထက်က ဘယ်တော့ ထိန်းကွပ် မှာလဲ လို့ တင်ပြတာပါ

  • mgwalone

    May 5, 2012 at 2:46 pm

    တောင်းတဲ့သူ၊ ယူတဲ့သူကလည်း အရိုစွဲနေကြတယ်။ ဒီလို မကောင်းမှုကို ဘာကြောင့် ဆက်လုပ်နေကြသလဲ။ အကြောင်းပြချက်တွေကတော့ အများကြီး ရှိမှာပါ။ ဒီသတင်းအရ မဟုတ်တာ လုပ်ထားတဲ့သူ၊ ပစ်မှု ကျူးလွန်ထားသူက ငွေပေးပြီး အသာစီးရယူဖို့ ကြိုးစားတာ ထင်ရှားနေပါတယ်။ နောက်တစ်ခု ဆက်ပြီး စဉ်းစားရင် မဟုတ်တာပဲ လုပ်လုပ်၊ ဒါမှမဟုတ် ဥပဒေကို လက်တစ်လုံးခြားပဲ လုပ်လုပ် ပိုက်ဆံပေးလိုက်ရင် အဆင်ပြေနိုင်တာပဲဆိုတဲ့ စိတ်ဓတ်၊ အယူအဆ (ဒါမှမဟုတ် ယုံကြည်မှု လို့ပဲ ပြောမလား) က လူအများစုရဲ ့ စိတ်ထဲမှာ စွဲနေတယ်။ ကိုယ်က မှားလို့ (ဆိုပါစို့ှဗျာ သတိမေ့ပြီး ဆိုင်ကယ်စီးတဲ့အချိန် ဦးထုတ် မဆောင်းဖြစ်တာမျိုး) အရေးယူခံရတော့မယ်ဆိုရင်တောင် လက်ဖက်ရည်ဖို့း ပေးဖို့က စစဉ်းစားနေကြတာ။ ယူတဲ့သူကလည်း ယူ၊ တောင်းတဲ့သူကလဲ တောင်း၊ ပေးဖို့ စဉ်းစားထားတဲ့သူတွေကလဲရှိ၊ ပေးလဲ ပေးနေကြလေတော့………..

  • နေရာတိုင်းမှာတော့ပျက်နေကြတာပါဘဲဗျာ။
    ဘယ်လိုလုပ် ပြင်ကြမလဲ မတွေးကြတော့ဘူး
    လား ခွေးသူတောင်းစား ဝန်ကြီး၊အမတ်စုတ်
    တွေရေ။
    တလောကလဲ သံတွဲတရားရုံးက ငွေတောင်းခံ
    လွှာဆိုလား တွေ ့မိသေးတယ်။

Leave a Reply