အလှစစ်ကို အဓိပ္ပါယ် ဖွင့်ဆိုကြည့်ရအောင်

လှပတယ်ဆိုတဲ့ စကားလုံးကို သင်ဘယ်လိုဖွင့်ဆိုပါသလဲ။သင့်မှာ လှပကြောင်း သက်သေပြနိုင်ဖို့ အလှစစ်ကို
ပိုင်ဆိုင်နိုင်ဖို့ အကြောင်းအချက်တွေအများကြီးရှိပါတယ်။သင့်ရဲ့ မိတ်ကပ်၊ ခြေသည်း၊လက်သည်း အလှ
ဆံပင်ပုံစံ၊ ခန္ဓာကိုယ် ပိန်ခြင်း၊ ဝခြင်း၊ အရပ်ရှည်ခြင်း၊ ပုခြင်း၊ အဝတ်အစားအပြင်အဆင်၊ ပိုက်ဆံရှိခြင်း၊ မရှိခြင်း စတဲ့ စတဲ့ အကြောင်းအရာတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ အလှစစ်အကြောင်းကို ဟြေကြရအောင်ပါ။
ဘယ်လိုအရာတွေက အလှစစ်ကို ပိုင်ဆိုင်နိုင်စေပြီး သင့် စိတ်ပျော်မွေ့စေမှာလဲ ဆိုတာကို ရှာဖွေကြည့်ရအောင်။
၁ ။သင့်အပြုံး
သင့်ရဲ့အပြုံးဟာ သင်လှပတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အကြောင်းတစ်ရပ်ပါ။ သင့်ရဲ့ အပြုံးတစ်ပွင့်ဟာ နွေးထွေးပျူငှါမှု၊ ကြင်နာမှုနဲ့အချစ်ကို ဖော်ဆောင်ပါတယ်။လှိုက်လှဲတဲ့ အပြုံးတစ်ခုဟာ
သင့်ရဲ့ စိတ်ထားအလှကို လှစ်ဟ ပြနေတာပါပဲ။ ဒါ့ကြောင့် မျက်နှာပေါ်က အပြုံးတွေကို ဘယ်တော့မှ
မရုပ်သိမ်းလိုက်ပါနဲ့။ ပြုံးပြခြင်းဟ အခြားသူတွေရဲ့နေ့ရက်ကို လှပစေသလို သင့်ကိုယ်သင် တောက်ပအောင်အရောင်တင်လိုက်တာပါပဲ။
၂ ။ ရယ်မောခြင်း……….
ရယ်မောနေတဲ့ သင့်ရဲ့ ပုံစံဟာရုပ်ဆိုးတယ်ဆိုတာမျိုး ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ရယ်မောခြင်းမှာ ပျော်ရွှင်ခြင်းတွေ အပြည့်ပါဝင်နေပါလိမ့်မယ်။ ဟာသဉာဏ်ရှိမှု၊ ဘဝကို ပျော်ရွှင်စွာ
ဖြတ်သန်းနိုင်မှုဆိုတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားလို့သာ ရယ်မောနေနိုင်တာဖြစ်ပါတယ်။
ဒါ့ကြောင့် မရယ်မောသင့်တဲ့ တစ်ချို့ အချိန်နဲ့ နေရာတွေကလွဲပြီး သင့်ရဲ့ရယ်မောတက်တဲ့ အလေ့အကျင့်ကို မသိုဝှက်လိုက်ဖို့ အကြံပြုလိုက်ချင်ပါတယ်။
၃ ။ သင့်မျက်ရည်များ………
သင့်ရဲ့ စိတ်ခံစားမှုကို အရိုးသားဆုံး ဖွင့်ထုတ်ပြခြင်းဟာ အလှတရားတစ်ခုပါပဲဗျာ။ ဒီအလှတရားထဲမှာ မျက်ရည်လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် မျက်ရည်ကျပြီး ငိုကြွေးဖို့ မရှက်ပါနဲ့။
အသည်းကွဲတဲ့ အချိန်၊ အဆင်မပြေတဲ့ အချိန်နဲ့ ထိခိုက်ခံစားရချိန်တိုင်းမှာ ဟန်ဆောင်မနေဘဲ ငိုချလိုက်ပါ။ သင့်ရဲ့ ထိခိုက်ခံစားလွယ်မှု၊ နာကျင်စွာခံစားတက်မှုနဲ့ စိတ်ခံစားချက်သိမ်မွေ့မှုတွေကို ပြသတဲ့ အကြောင်းတစ်ရပ်ပါပဲ။
၄ ။ အကြင်နာတရား …………..
အခြားသူတွေထံပေးလိုက်တဲ့ အကြင်နာတရားဟာ သင့်ကို ပြိုင်ဘက်မရှိ လှပစေပါလိမ့်မယ်။
စိတ်ထားပြည့်ဝပြီး နှလုံးသား အလှရှိကြောင်းပြသရာ ရောက်ပါတယ်။ ဒါ့ကြောင့် တက်နိုင်သမျှ
အကြင်နာတရားနဲ့ ဆက်ဆံပါ။ သင့်ရဲ့ကြင်နာတက်တဲ့ အပြုအမူ သေးသေးပဲ ဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် သင့်ရဲ့ အလှကို အရောင်လတ်စေနိုင်ပါတယ်။
၅ ။ သင့်အချစ်…….
အခြားသူတွေကို ချစ်ခင်တက်ခြင်းဟာ သင်ပိုင်ဆိုင်တဲ့ အလှတရား တစ်ခုပါပဲ။ သင့်ရဲ့ မိသားစု၊
ဆွေမျိုးသားချင်းနှင့် သူငယ်ချင်းတွေသာမက သူစိမ်းတွေကိုပါ ချစ်ခင်ကြောင်းပြသဖို့လိုပါတယ်။ ချစ်ခင်မှုကို ပြသဖို့ဘယ်တော့မှ မရှက်ပါနဲ့။ သင်ဘယ်လိုပုံစံပဲဖြစ်နေပါစေ သင့်ရဲ့ ချစ်ခင်တက်မှုက
အရာရာကိုလှပစေပါလိမ့်မယ်။
၆ ။ ခင်မင်ဖော်ရွေမှု ………..
မိတ်ဆွေသူငယ်ချင်း ပေါများခြင်းဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ပါးပါပဲ။ မိတ်ဆွေသူငယ်ချင်း
ပေါများသူတိုင်းဟာ ခင်မင်ဖော်ရွေတက်တဲ့ နှလုံးသား တစ်စုံရှိကြပါတယ်။ ဒါ့ကြောင့် နှလုံးသား တစ်စုံကို ဖွင့်ဟပြီး အပေါင်းသင်း အသစ်တွေကို ဖိတ်ခေါ်ပါ။ သင်ဟာ အများကြားမှာ ထင်ထင်ရှားရှား လှပနေမှာ အမှန်ပါပဲ။
ရ ။ ယုံကြည်မှု …………
သင့်ကိုယ်သင် ယုံကြည်မှုရှိခြင်းဟာ အံ့မခန်းတဲ့ အလှတရား တစ်ခုပါပဲ။ အထက်မှာဖော်ပြခဲ့တဲ့ စိတ်ထားကောင်းတွေကို ပိုင်ဆိုင်ထားပြီဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမှာလည်း အသေအချာပါပဲ။ ဒါဆိုရင်တော့ သင့်ကို လင်းလတ်တောက်ပနေစေမယ့် အလှစစ်ကိုပိုင်ဆိုင်နိုင်ပါပြီ။
ယောက်ျား၊ မိန်းမ၊ အသားအရောင်၊ ဘာသာတရား၊ ဓလေ့ထုံးတမ်း၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းစတဲ့ အကြောင်းအချက်တွေအပြင် သင်ဘယ်သူ၊ ဘယ်ကလာတယ်၊ ဘာတွေဝတ်ဆင်တယ်၊ ပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတဲ့ အရာတွေဟာ အရေးမကြီးတော့ဘဲ
လူတိုင်းလူတိုင်းဟာ အလှစစ်ကို ဆွတ်ယူနိုင်မှာ ဖြစ်ပါတယ်။
From ,
sanday journal

13 comments

  • jujuma

    May 4, 2012 at 3:23 pm

    အလှစစ်ကိုအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် …
    ဖြစ်သေးပါဘူး..ကိုယ့်အကြောင်းကိုယ်ပြောနေသလိုဖြစ်မှာ …
    ပြောတော့ဘူး .. 😛

  • အရင့်ရောင်

    May 4, 2012 at 3:27 pm

    ရေးထားတာလည်း
    ဂျူးမ အတွက်ပါနော်
    ဟြေပြမှ သိမှာဟုတ်ဘူး
    မဟြေလည်းသိပီးသား………..
    ဟိဟိ………

    • jujuma

      May 4, 2012 at 3:32 pm

      ဟိုက် …. တေပီ 🙂

  • ဆူး

    May 4, 2012 at 3:38 pm

    အရင့်ရောင် ပန်းတနော်က ပြန်လာပြီး အလှစစ်တွေ့လို့ ပိုစ်တွေ တင်နေပြီ ထင်ပါ့။

    • အရင့်ရောင်

      May 4, 2012 at 3:41 pm

      ဆူး ရေ့………….
      အလှစစ်က တွေ့လိုက်ကတည်း မူးမှိုင်သွားတာပါပဲနော်
      ဟိဟိ……….
      နောက်ထပ် မတွေ့နိုင်တော့ပါဘူး……အဲဒီလောက် လှတာကို…

    • char too lan

      May 4, 2012 at 4:01 pm

      မတွားခင်ဂထဲ ဂပါဒဲ့ ခည !! 😛

      • ဆူး

        May 4, 2012 at 4:08 pm

        မတွားခင် ကတည်းက တွားပြီးတော့ အရူးအမူး ပဲ ဆိုလား..

  • ဗိုက်ကလေး

    May 4, 2012 at 4:12 pm

    အိမ်း..
    ဂလိုဆိုတော့လဲ
    ကိုယ့်ကိုယ်ကို ဖြေသိမ့်စရာ အလှတွေရှိပါသေးကလားဆိုပြီး ဖြည်ဆည်ရသွားကြောင်းရယ်ပါလေ

  • အရင့်ရောင်

    May 4, 2012 at 4:30 pm

    char too lan@
    ဘာဟြေတာလဲဟင်
    ဆူး@
    အစကတည်းက ရူးရူးမူးမူး ပါနော်
    ဟိ……
    ဗိုက်ကလေး@
    ပြီးပြည့်စုံတဲ့ အလှ တရား မဟုတ်ဘူးထင်တယ်နော်
    ခွိခွိခွိ…..

  • char too lan

    May 4, 2012 at 4:57 pm

    အာ..မယ်… ဘာကြောဒါလဲဟင် .. တဲ့
    မသိခြင်တောင် ထောင်နေဒယ်ဘော့ နာဖွပလိုက်ရမလား 😀

    • အရင့်ရောင်

      May 4, 2012 at 5:42 pm

      char too lan @
      အဖွရဘူးနော…………
      လိမ္မာတယ်
      နော်
      ရော့ မုန့်စားဦးနော်
      ဟိဟိ

  • windtalker

    May 5, 2012 at 9:13 am

    အလှစစ် = အလှစ်စ
    အလစ်မှာ စ
    အချစ်တစ်ခါ က
    အမြစ်ပါကြွ
    ညှစ်ပါဟ ။

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 1:33 pm

    သများက ချစ်ဆို ..
    အုန်းသီးပဲ ခြစ်တတ်ထာ ..
    အဲဒါရော ..
    အလှစစ်လို့ ပြောလို့ရမလားဟင် … 😀

Leave a Reply