“IDIOMS” (DRILL 4)

TTNUMay 4, 20122min24721

Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား

(ကျမ်းကိုး။ Idiom drills by George P. McCallum 1990.)

“IDIOMS” (DRILL 4)

A: Will you keep an eye on my books? I’ll be back in five minutes.
ကိုယ့်စာအုပ်လေးတွေ ခဏ ကြည့်ထားပေးနော်။ ငါးမိနစ် အတွင်းပြန်လာမယ်။

B: Where are you going? Are you up to something? You look as though
you are.
ဘယ်သွားမလို့လဲ။ တစ်ခုခုဖြစ်လို့လား။ မင်းကြည့်ရတာ အဲလိုပဲနော်။

A: Not really. But here comes Dorothy. I’d just as soon she didn’t see me.
မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ ဒေါ်ရသီ လာနေလို့ပါ။ ကိုယ့်ကို သူ မမြင်စေချင်လို့။

B: Why not?
ဘာဖြစ်လို့ မမြင်စေချင်တာလဲ။

A: She had her heart set on seeing a movie. I promised to take her.
Then I discovered I didn’t have any money. I phoned her and said I
was sick.
သူက ရုပ်ရှင် ကြည့်မယ်ဇွတ်လုပ်နေတာကွာ။ ငါကလည်း လိုက်ပြမယ်လို့ ကတိပေး
ခဲ့တယ်လေ။ ပြီးမှ ငါ့မှာ ပိုက်ဆံမရှိတာ ဖြစ်နေတော့ သူ့ကို ဖုန်းဆက်ပြီး နေမကောင်း
ဘူးလို့ ပြောလိုက်ရတယ်။

B: Relax. She’s going out the other door. You’re safe for the time being.
စိတ်အေးအေးထားပါကွာ။ ဟိုဘက်ပေါက်က ထွက်သွားပါပြီ။ လောလောဆယ်တော့
မင်း လုံခြုံ သွားပါပြီ။

A: That was a close call.
တော်ပါသေးရဲ ့။ ကံသီသွားပေလို့ ကွာ။

ရှင်းလင်းချက်

(19) keep an eye on something/ someone
အနီးကပ်စောင့်ကြည့်သည်။ သတိထားကြည့်သည်။
(20) be up to something
တစ်ခုခုတော့ လုပ်ထားပြီ။
(21) just as soon
ဒါလုပ်ရတာ ပိုနှစ်သက်တယ်၊ပိုကြိုက်တယ်။
(22) have one’ heart set on something
စွဲစွဲလန်းလန်းကို ဇွတ်လုပ်ချင်နေတယ်။
(23) for the time being
လောလောဆယ်မှာတော့
(24) a close call.
ကံသီပေလို့။

လေ့ကျင့်ရန်

(1) Will you _____________my baby while I go to the store?
ကျမ စတိုးဆိုင်သွားနေတုန်း ကျမကလေးကို သတိထားကြည့်ပေးပါနော်။

(2) Ma Ma’s been smiling to herself all morning. I think she’s
_______________, but I don’t know what it is.
မမ တစ်မနက်လုံး တပြုံးပြုံးနဲ့နော်။ သူ တစ်ခုခုတော့ လုပ်ထားပြီထင်တယ်။
ဒါပေမဲ့ ဘာလဲကျမ မသိပါ။

(3) Pooch wants to attend the lecture, but I’d ________________ stay home.
ပုချ်ကတော့ ဟောပြောပို့ချပွဲ တက်ချင်နေတာ၊ ဒါပေမဲ့ ငါကတော့ အိမ်မှာ နေရတာပဲ ပို ကြိုက်တယ်။

(4) Maung Shone ________________ on getting married in December.
မောင်ရှုံးကတော့ ဒီဇင်ဘာလမှာ အိမ်ထောင်ပြုမယ်လို့ အတင်းဇွတ်ကို ဆုံးဖြတ်ထားတယ်။

(5) Maung Gi said, “I need a new camera, but ________________ this one will
have to do.”
မောင်ဂီပြောတာတော့ သူ ကင်မရာအသစ်လိုနေတယ်တဲ့။ ဒါပေမဲ့ လောလောဆယ်တော့
ဒီဟာလေးနဲ့လည်းရပါတယ်တဲ့။

(6) Ko Pauk had a ______________. While he was taking a photo, a swarm of
bees flew after him and almost stung him.
ကိုပေါက် ကံသီလို့လေ။ သူ ဓာတ်ပုံရိုက်နေတုန်း ပျားတစ်အုပ် သူ့နောက်ကလိုက်ပြီး
တုပ်တော့မလို့ လေ။

21 comments

  • blackchaw

    May 4, 2012 at 1:47 pm

    တီချယ်ကြီးရေ။
    ဘယ်သူ့မှမလာခင်
    အတန်းစောစော လာတက်လိုက်ပါတယ် ခင်ဗျာ။
    ထုံးစံအတိုင်း မန်မိုရီစတစ် ထဲကို ဒေါင်းလုဒ်ဆွဲသွားပါတယ်။
    တီချယ်ကြီး နေကောင်းပါရဲ့လား။
    လေးစားလျက်
    ဘလက်ချော
    🙂

  • TTNU

    May 4, 2012 at 2:11 pm

    ကိုချောရေ…
    ကနဦးစာဖတ်သူအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ပါရစေ။ 🙂
    ခုနကမှ ကိုချောရဲ ့ချိုပေါ့ကျ ၁၁ ဖတ်ပြီးမန့်ခဲ့တာ။ လှေကလေးတွေလေ
    Connection မကောင်းသေးလို့ ပေါ်မလာသေးဘူး။ ညကျမှ ကြည့်ရတော့မယ်။

    မေတ္တာပို့သလျှက်
    တီချာနု

  • Inz@ghi

    May 4, 2012 at 3:27 pm

    ဖတ်သွားပါတယ် ချင့်
    for the time being လို့ မောင်ဂီ့ စာကြောင်းမှာ ရွေးသွားပါတယ်ချင့်..
    ပြန်လာပါဦးမယ်ချင့်

    ခင်တဲ့
    ဂီ

  • laypai

    May 4, 2012 at 3:51 pm

    မင်္ဂလာပါ ဆရာမ။

    __/|\__ COPY __/|\__

    ကျေးဇူးတင်ပါတယ် ဆရာမ။

  • AKKO

    May 4, 2012 at 4:47 pm

    သင်တန်းလာတတ်ပါတယ်ခင်ဗျာ ။
    အသိပညာ ၊ အတတ်ပညာများစွာတို့ကို ရွာသူားတွေနဲ့ မျှဝေပေးတဲ့ တီချယ်ကြီး ကျန်းမာပါစေ ချမ်းသာပါစေနော် ။

  • pooch

    May 4, 2012 at 5:26 pm

    တီချယ် အနော်က just as soon ကို ရွေးလိုက်ပါတယ်။ သိမ်းထားလိုက်ပါတယ်။

  • ဗိုက်ကလေး

    May 4, 2012 at 5:33 pm

    တီချယ်ကြီးရဲ့ အခမဲ့ အင်္ဂလိပ်စာ ပို ့ချချက်ကို ကူးယူမှတ်သားသွားပါ၏ခင်ဗျား
    လေးစားလျက်
    အူးဗိုက်

  • TTNU

    May 4, 2012 at 8:00 pm

    မောင်ဂီရေ…
    (5) Maung Gi said, “I need a new camera, but ________________ this one will
    have to do.”
    မောင်ဂီပြောတာတော့ သူ ကင်မရာအသစ်လိုနေတယ်တဲ့။ ဒါပေမဲ့ လောလောဆယ်တော့
    ဒီဟာလေးနဲ့လည်းရပါတယ်တဲ့။ 😛

    Laypai ရေ…
    ကူးပြီးတစ်ခေါက်တော့ဖတ်ပါနော်။

    ဆရာ AKKO ရေ…
    အလှူကပုံကိုကြည့်ပြီး ဆရာက ကိုရီးယားမင်းသားနဲ့ တူတယ်လို့တွေးနေတာ။
    မှတ်စုလာဖတ်ပေးတာရယ်၊ ကျန်းမာရေးအတွက်ဆုတောင်းပေးတာရယ် ကျေးဇူးပါနော်။

    Pooch ရေ…
    (3) Pooch wants to attend the lecture, but I’d ________________ stay home.
    ပုချ်ကတော့ ဟောပြောပို့ချပွဲ တက်ချင်နေတာ၊ ဒါပေမဲ့ ငါကတော့ အိမ်မှာ နေရတာပဲ
    ပို ကြိုက်တယ်။ 😆

    ဗိုက်ကလေးရေ…
    ခါတိုင်း မင်းအရုပ်လေးမှာ ဆံပင်မပါဘူးနော်။ ❓

    မေတ္တာပို့သလျက်
    တီချာနု

    • Khin Latt

      May 5, 2012 at 3:22 am

      တီချယ်ကြီး
      အဲဒီ ဗိုက်ကလေး ဆံပင်အသစ် က သူ့မိန်းမ ရဲ့ အဘေး ရဲ့ အဖေ ဆီက အမွေ ဆိုဘဲ။
      ရှေးလူကြီးအမွေ ယောင်ထုံး အကြီး ကြီး ပေမဲ့ သူက ပြတ်တိုင်း ဖြတ်ရောင်း နေတော့ အဲဒီလောက် ဘဲ ကျန်တော့တာ။
      အဲဒါကို သူ့မိန်းမ က စိတ်ဆိုးပြီး ကျန်တဲ့ ဆံပင်တွေကို သူ့ခေါင်းမှာ စူပါဂလူး နဲ့ ကပ်ထည့်လိုက်တာ။
      ဒါနဲ့ ဟိုမရောက် ဒီမရောက် ဖြစ်ပြီး သူ့ဟာသူ “အရည်း/ရီး လေး” ဆိုပြီး ကြေငြာ နေရတော့တာ။ အဟိ။ 😀

  • windtalker

    May 4, 2012 at 8:40 pm

    Pay attention Teacher ! I’m really interest in learning with your post ! Good Night Teacher ! May God Bless You !

    • TTNU

      May 4, 2012 at 9:10 pm

      ီDear Maung Pei,
      Are you really interested in my English lessons? 🙄
      If so, I’m very glad to hear that.
      OK, I’ll pay great attention to your words, my dear.

      Yours sincerely,
      Teacher Nu.

  • မဟာရာဇာ အံစာတုံး

    May 4, 2012 at 10:14 pm

    တီချယ်ကြီး ခင်ဗျာ ..
    ကျနော်လည်း အတန်း လာတက်သွားပါတယ် …
    ကျနော် အစမ်းလေး တစ်ခုလောက် ပြောကြည့်ချင်ပါတယ် ခင်ဗျ ..

    ” Before my brother come back, I go outside. Because I’d just as soon he didn’t see me. ”
    ကျနော့် အစ်ကို ပြန်မလာခင် ကျနော် အပြင်ထွက်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ကို သူ မမြင်စေချင်လို့ပါပဲ။

    အဟဲ … မှန်လားတော့ သိဘူးဂျ။ စစ်ပေးပါဦး ခင်ဗျာ …။

    လေးစား၊ ခင်မင်စွာဖြင့်
    မောင်ကျောင်းသား .. အံစာတုံး

    • TTNU

      May 5, 2012 at 7:17 pm

      မောင်အံစာရေ…
      “Before my brother come back, I go outside.
      Because I’d just as soon he didn’t see me.”
      ဒီဝါကျနှစ်ကြောင်းလုံးကို ဆက်ရေးစေချင်တယ်။ Because ကို ဝါကျ အသစ်
      တစ်ခုမှာ စရေးရင် ( သောကြောင့်) ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပြီး
      Because I’d just as soon he didn’t see me. ဆိုတဲ့ ဝါကျက Subordinate
      Clause ဖြစ်နေပြီး သူ့ဖာသူ မရပ်နိုင်ပါ။
      ဆိုတော့ ….
      “Before my brother come back, I go outside because I’d just as soon
      he didn’t see me.” ဆိုတာလေးက ပို အဆင်ချောပါလိမ့်မယ်ကွယ်။

      ကျေနပ်ပြီနော်။
      မေတ္တာဖြင့်
      တီချာနု

  • Khin Latt

    May 5, 2012 at 3:09 am

    တီချယ်ကြီးရှင့်
    ထုံးစံအတိုင်း မလတ် အတန်းနောက်ကျပါသည်။
    လေ့ကျင့်ရန် အဖြေများ ကို အားပါးတရ (ခိုးကြည့်ကာ) ဖြေသွားပါသည် ရှင့်။ 😉

    လေ့ကျင့်ရန်

    (1) Will you “keep an eye on” my baby while I go to the store?
    ကျမ စတိုးဆိုင်သွားနေတုန်း ကျမကလေးကို သတိထားကြည့်ပေးပါနော်။
    (ကလေးကို ကြည့်ရုံ ကြည့်ထား တာနော်။ တစ်ခြား ဘာမှ လုပ်စရာ မလိုဘူး။ စကားတောင်စား လိုမျိုး။ )

    (2) Ma Ma’s been smiling to herself all morning. I think she’s “up to something”, but I don’t know what it is.
    မမ တစ်မနက်လုံး တပြုံးပြုံးနဲ့နော်။ သူ တစ်ခုခုတော့ လုပ်ထားပြီထင်တယ်။ ဒါပေမဲ့ ဘာလဲကျမ မသိပါ။
    (သူ ကမကထ လုပ်ပေးတဲ့ အလှူပွဲကြီး က အောင်မြင်စွာ ပြီးဆုံး ပြီးလို့ အရှိန်မသေဘဲ နောက်တစ်ခု ကို တောင် စီစဉ် နေချင်ကြပြီကိုး တီချယ်ရေ)

    (3) Pooch wants to attend the lecture, but I’d “just as soon” stay home.
    ပုချ်ကတော့ ဟောပြောပို့ချပွဲ တက်ချင်နေတာ၊ ဒါပေမဲ့ ငါကတော့ အိမ်မှာ နေရတာပဲ ပို ကြိုက်တယ်။
    (ကျွန်မ လဲ တီချယ်ကြီး ရဲ့ ဟောပြောပို့ချပွဲ ကို အမြဲတက်ချင်ပါတယ်)

    (4) Maung Shone “have one’ heart set” on getting married in December.
    မောင်ရှုံးကတော့ ဒီဇင်ဘာလမှာ အိမ်ထောင်ပြုမယ်လို့ အတင်းဇွတ်ကို ဆုံးဖြတ်ထားတယ်။
    (ဘယ်နှစ်ခုနှစ် ဒီဇင်ဘာ လဲ တီချယ်ကြီး။ တစ်ချို့ နယူးရီးယား ရီစလူးရှင်းတိုင်း မှာ ထည့်လေ့ ရှိလို့ – နောက်တာနော် ကို ရှုံး )

    (5) Maung Gi said, “I need a new camera, but “for the time being” this one will have to do.”
    မောင်ဂီပြောတာတော့ သူ ကင်မရာအသစ်လိုနေတယ်တဲ့။ ဒါပေမဲ့ လောလောဆယ်တော့ ဒီဟာလေးနဲ့လည်းရပါတယ်တဲ့။
    (ဒီဟာလေး ဆိုတာ သက်တမ်း တစ်လ မပြည့်သေး။)

    (6) Ko Pauk had a “close call”. While he was taking a photo, a swarm of bees flew after him and almost stung him.
    ကိုပေါက် ကံသီလို့လေ။ သူ ဓာတ်ပုံရိုက်နေတုန်း ပျားတစ်အုပ် သူ့နောက်ကလိုက်ပြီး တုပ်တော့မလို့ လေ။
    (ကျား တစ်အုပ် သာဆို ပြသနာဘဲ ကိုပေါက်ကြီးရေ )

    စေတနာ အပြည့်နဲ့ အချိန်ပေးခဲ့သော သင်ခန်းစာ များ အတွက် ရော နဲ့ တီချယ်ကြီးရဲ့ မေတ္တာ အတွက်ကိုပါ တကယ်ဘဲ ကျေးဇူးတင်ပါတယ် တီချယ်ကြီးရှင့်။

    ချစ်ခင်လေးစားစွာဖြင့်
    မလတ်

    • TTNU

      May 5, 2012 at 8:47 pm

      မလတ်ရေ…
      Choose as a best comment လုပ်ချင်တာ လက်ကိုယားနေတာပဲတော့။
      မလတ်ရဲ ့ အတွေးဆက်ကလေးတွေထဲမှာ Sense of humour ဇဝန ဉာဏ်ကို
      တီချာ မြင်မိတယ်။ အတော် Intelligent ဖြစ်တဲ့ ကလေးမ လို့လည်းတွေးနေမိပါတယ်။

      အခုအိမ်လွမ်းနေတုန်းပဲလား။
      ကျန်းမာရေးဂရုစိုက်ပါ။ အစစအရာရာ သတိရှိပါ။
      မေတ္တာဖြင့်
      တီချာနု

  • ကြောင်ကြီး

    May 5, 2012 at 8:23 am

    Pooch wants to attend the lecture, but I’d just as soon let her go anywhere.

    • TTNU

      May 5, 2012 at 8:52 pm

      ကိုကြီးကြောင်ရေ…
      တီချာ နောက်တင်မဲ့ Post ကကြောင်စကားခွေးစကားနဲ့ ပတ်သက်တာလေး
      ရေးမလို့။ ကြိုပြောထားချင်တာက တီချာကြီး ကြောင်မုန်းဝါဒနဲ့ရေးတာမဟုတ်
      ဘူးလို့။ 😛

  • etone

    May 7, 2012 at 11:08 am

    အလွန်ကို အဖိုးတန်တဲ့ ပို့စ်လေးပါပဲ …. ။
    အင်္ဂလိပ်စာ ကြွယ်ဝမှုအတွက်ရော ၊ ဗဟုသုတရဖို့အတွက်ပါ အထောက်ကူပြုတာမို့ ကူးပြီး သိမ်းထားလိုက်ပါတယ် တီချယ်ကြီးရေ ။
    နောက်ထပ်ပို့စ်များစွာလည်း ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။

    • TTNU

      May 7, 2012 at 9:40 pm

      အိတုန်လေးရေ…
      ဆုတောင်းလေးအတွက်ကျေးဇူးပါ။
      တီချာ မျက်စိ အား ကောင်းနေသေးရင်တော့
      ဆက်ရေးနိုင်ကောင်းပါရဲ ့ကွယ်။

      မေတ္တာပို့သလျက်
      တီချာနု

  • MaMa

    May 8, 2012 at 8:44 am

    အတန်းတက် နောက်ကျတာ အတန်းလစ်ချင်လို့ မဟုတ်ပါ။
    ဆိုးဝါးလှသော ကွန်နက်ရှင်ကို အပြစ်ဖို့သွားပါသည်။ :mrgreen:

  • ahnyartamar

    May 8, 2012 at 10:16 am

    For the time being, I just copy it & I’ll study later on weekend.

Leave a Reply