GSM လိုင်းရှစ်သောင်း ထပ်မံတိုးချဲ့မည်ဖြစ်ပြီး လိုင်းဆွဲအားကောင်းမွန်စေရေးအတွက် MCS ဆက်သွယ်ရေးပင်မစခန်း ခံနိုင်ဝန်မြှင့်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ရန်ကုန်မြို့တွင် GSM ရေဒီယိုစခန်း ၃၃ခု တည်ဆောက်ပြီး လိုင်းရှစ်သောင်းတိုးချဲ့မည်ဖြစ်ကာ ၄င်းလိုင်းသစ်များအပြင် GSM ဖုန်းလိုင်းဆွဲအား ကောင်းမွန်စေရေးအတွက် MCS ဆက်သွယ်ရေးပင်မစခန်း ခံနိုင်ဝန်မြှင့်ခြင်း၊ BTS စခန်း ကိုးခုတပ်ဆင်ခြင်းနှင့် CU (Corrier Unit) ၉၂ခု တိုးမြှင့်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ၄င်းအပြင် ငွေကျပ် ငါးသိန်းဖြင့် CDMA 450 MHz၊ CDMA 800MHz ဖုန်းများကို ချထားပေးလျက်ရှိကြောင်း သိရသည်။ ဖုန်းလိုင်းများ စဉ်ဆက်မပြတ်ချထားပေးခြင်းကြောင့် ပြင်ပငှားရမ်းဈေးကွက် အေးလျက်ရှိကာ ယခင် GSM ဖုန်းများနေရာတွင် CDMAဖုန်းများ အစားထိုးသုံးစွဲလာကြသည်ဟု မိုဘိုင်းဖုန်းဈေးကွက်အတွင်းမှ သိရသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် အိတ်ချိန်းပေါင်း ၉၀၀နီးပါး၊ အော်တိုတယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ လက်သုံးတယ်လီဖုန်းများ ပါဝင်သည့် ဖုန်းလိုင်းအရေအတွက် စုစုပေါင်း ခုနစ်သိန်းကျော်ရှိကြောင်း သိရသည်။ လက်ရှိ ဖုန်းလိုင်းအနည်းငယ်ကျပ်နေပြီး ထိုသို့ လိုင်းကျပ်ရခြင်းမှာ FEC ၂၀တန်၊ ၅၀တန် ကတ်များ သုံးစွဲမှု များပြားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..