မြန်မာအင်ဖိုတက်ခ် မီးလောင်မှု ပစ္စည်းအနည်းငယ်သာ ဆုံးရှုံး

ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က လှိုင်မြို့နယ် ၁၂ ရပ်ကွက် မြန်မာအင်ဖိုတက်ခ်(MICT Park) ဝင်းအတွင်းရှိ အဆောင်(၁) နှစ်ထပ်အဆောက်အအုံ၌  မီးလောင်မှုဖြစ်ပွားခြင်းခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုသည် ဆေးလိပ်တိုမီးမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  ထိုမှ ဆိုဖာအဟောင်းသို့ကူးစက်၍ မီးအရှိန်ပြင်းသွားခြင်းဖြစ်ကြောင်း၊ ပစ္စည်းအနည်းငယ်သာ မီးလောင်ကျွမ်းသည့်အထဲပါသွားခဲ့ကြောင်း  သိရသည်။
အဆိုပါမီးသည် နံနက် ၈နာရီဝန်းကျင်မှ ၉နာရီဝန်းကျင်ထိလောင်ကျွမ်းချိန်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုသို့ မီးသတ်ယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၁စီး၊ သန္ဓေမီးသတ် ၂၉ ဦး၊ အရံ ရဦးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ထိုမီးလောင်မှုအတွက် သက်ဆိုင်သူကို အရေးယူထားကြောင်း သိရသည်။