အူးဗိုက်ကလေး၏ အဖိုးတန် စာစုများ

ဂ်စ္စူMay 5, 20123min26440

V.1

သောက်ရင် မူးမှ

မူးရင် အိပ်ရမှ

အိပ်ရင် ပျော်မှ

ပျော်ရင် က ရမှ

က ရင် ညောင်းမှ

ညောင်းရင် နားရမှ

နားရင် ပက်လက်လန်မှ

လန်ရင် ဖုံးရမှ

ဖုံးရင် ပိတ်မှ

ပိတ်ရင် ပြန်မပွင့်မှ

ပွင့်ရင် လှမှ

လှရင် ရမှ

ရ ရင်  ပြန်မပေးရမှ

ပေးရင် ယူမှ

ယူရင် အကြွေးရမှ

အကြွေးဆို အတိုးမပါမှ

ပါချင်ရင် အိမ်သာအားမှ

အားရင် အတင်းပြောနေရမှ

ပြောရင် နားထောင်မှ

ထောင်ရင် မတ်နေမှ

မတ်ဆို နေမပူမှ

ပူရင် အဲကွန်းအေးမှ

အေးရင် ကွေးရမှ

ကွေးရင် ပုဇွန်တုပ်လိုမှ

တုပ်ရင် သေမှ

သေရင် နတ်ပြည်ရောက်မှ.။

V.2

မြည်းရင် ချဉ်ငံစပ်ပါမှ

ဖွာရင် အငွေ ့ထွက်မှ

ရှူရင် မွှေးမှ

ထမင်းဆို ဟင်းကောင်းမှ

ရေဆို အေးမှ

ဝယ်ရင် တန်မှ

ရောင်းရင် မြတ်မှ

သွားရင် ရောက်မှ

လုပ်ရင် သက်သာမှ

တောင်းရင် ပေးမှ

ခေါ်ရင် လာမှ

မေးရင် ဖြေမှ

ယားရင် ကုတ်မှ

သတ်ရင် သေမှ

ဆော့ရင် နိုင်မှ

လိုရင် ရမှ

ကြည့်ရင် လှမှ

အသံဆို နားဝင်ချိုမှ

ပြောရင် နားထောင်မှ

ဖွင့်ရင် ပွင့်မှ

ခိုင်းရင် လုပ်မှ

လုပ်ရင် ပြီးမှ

ပျင်းရင် အိပ်ရမှ

……………………………

…………………………………….

ပျင်းလို ့ အိပ်ပါပြီ။

*The End*

မှီငြမ်းကိုးကား ။    ။ ဆရာအိုက်ဗူး၏ “ လူနေအီသီယိုးပီးသီးယား စိတ်နေ အမေဒီးကား” စာရွက်မှ ။

40 comments

  • water-melon

    May 5, 2012 at 1:02 pm

    မှတ်ထားပါမယ်ချင့်
    ဒါနဲ့ ညည်းအမွှေးတွေရှည်နေတယ်
    ဆံပင်ညပ်ခ မရှိလဲပြောပါအေ
    နာပို့လိုက်ပါ့မယ်

    • ဗိုက်ကလေး

      May 5, 2012 at 2:13 pm

      ဝုတ်ကဲ့
      အမွှေးညှပ်ခ ထောက်ပံ့မယ်ဆိုလို ့ အတိုင်းမသိ ဝမ်းသာမိပါ၏ ခင်ဗျား..

      • ဗိုက်ကလေး

        May 6, 2012 at 7:45 pm

        အဖိုးတန်စာစုများကို လာရောက်ဖတ်ရှုကြတဲ့
        အူးဖျဲသီးရယ်
        အူးလေးဒေါင့်ရယ်
        အူးပေရယ်
        အူးယာဉ်ငြိမ်းနွေရယ်
        အူးကိုအောင်ရယ်
        အူးအူးပါလေရာရယ်
        တီချယ်ကြီးရယ်
        အူးအမ်လုလင်ရယ်
        ဒေါ်ဆူးရယ်
        အူးမောင်မောင်ရယ်
        အူးအလင်းဆက်ရယ်
        အူးနေဝန်းနီရယ် အားလုံး တင့်ခရုပါဗျို ့…
        ကျန်တဲ့အူးလေးတွေကိုတော့ တင်ခရုပါဗျို ့

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 1:13 pm

    ဗြဲသီးတို့များ ကြည့်တတ်လိုက်တာ ..
    အမွှေးရှည်တာကိုတောင် မြင်ရတယ် .. တဲ့
    သူ တကယ်မြင်တာ ဘယ်အမွှေးလဲတော့ သိဘူး … 😀
    _______________________

    တိုတိုဗိုက်ရေ ..

    ရေးချက်က .. ရေလည် လန်းတယ်ဗျာ ..
    အစ .. အဆုံး တုန်လုံး ခိုက်တယ် …
    အကြိုက်ဆုံးကတော့ .. ထောင်ရင် မတ်နေမှ … ဟာဟ .. 😀

    • ဗိုက်ကလေး

      May 5, 2012 at 2:25 pm

      ဝုတ်ဂဲ့
      ကြိုက်တဲ့ဟာကို ကြိုက်သလို မတ်အောင် ထောင်ကြပါ
      ကျုပ်ကတော့ ဘီအီးကစ်တာများပြီး မထောင်နိုင်တော့ဘူး
      ယိုင်နေဘီ
      ဂေ့

  • windtalker

    May 5, 2012 at 2:03 pm

    ဆရာအိုက်ဗူး
    မသာလိုက်မြူး (ဖဲဝိုင်း အကောက်ရသဖြင့်)
    ပလာတာကြိုက်ဖူး
    ခါတနာကိုက်ဦး ။ (ခါတနာ ကို နီးစပ်ရာ ၇၈၆မိတ်ဆွေထံတွင်မေးပါ)

    • ဗိုက်ကလေး

      May 5, 2012 at 2:28 pm

      နင့်မေဂျီးဒေါ် ခါတနာကိုက်ရမှာလား
      တေဂျင်းဆိုး မွေပွေးဂိုက်..ကာလားနာတိုက်

      • windtalker

        May 5, 2012 at 7:27 pm

        ဒီနေရာမှာ နဲနဲလေးတော့ နားထောင်ကြည့်ပါ ဦးဗိုက်ကလေး
        ဆပ်ပြာမွှေးလေးကတော့ တစ်တုံးကို၁၈ဝကျပ် ။

  • ဗိုက်ကလေး

    May 5, 2012 at 2:05 pm

    မှတ်ချက်။ ။အထက်ပါ အဖိုးတန်စာစုများကို မည်သည့်မဂ္ဂဇင်းတွင်မှ ပုံနှိပ်ဖော်ပြခြင်း အလျင်းမရှိခဲ့သေးပါ။
    ဗဟုသုတအလို ့ငှာ ကူးယူဖော်ပြနိုင်ပါသည်။

    • မဟာရာဇာ အံစာတုံး

      May 5, 2012 at 2:11 pm

      မစ်ချတာ အူးဗိုက် က
      ခုလို ကူးလိုက်ဖို့ ခွင့်ပြုဒေါ့ ..
      ဟို .. နေရာမှာ တင်ဖို့ ..
      ကူးလိုက်ပြီနော် ..
      အူးဗိုက် နာမယ် ကြီးရင်ဒေါ့ မေ့ရဘူးနော့ .. 😀

  • Yin Nyine Nway

    May 5, 2012 at 2:35 pm

    သောက်ရင်မူးမှတော့ ဟုတ်တယ်ဟေ့ …တောက်ပြီး မမူးရင် ချိ်ချိုးဒယ်
    မူးရင် အိပ်ရမှ ဒါလည်း အမှန်ပဲ တော်တောက်ပြီး ရစ်ရစ်နေတာ မုန်းဒယ်
    ပျော်ရင် က ရမှ ဒါတော့ ဟုတ်ဝူးဟ…ပျော်တိုင်းသာ ကရရင်တော့ နွေးသီးတော့ မောပြီ (ဟီး…)

    ကူးတွားဒယ်….လိုက်နာမလို့
    ခင်တဲ့
    နွေးသီး….

    • ဗိုက်ကလေး

      May 5, 2012 at 2:41 pm

      အူးလေးက ဘယ်လောက်တောင် တောက်ထားလို ့မှောက်နေဒါလဲဟင်

  • koaung

    May 5, 2012 at 2:46 pm

    မှတ်သားသွားပါတယ် ပုလင်းရှင်ကြီးခင်ဗျား အဲလေမှားလို့ ပညာရှိကြီးကိုကိုဗိုက်ကလေးခင်ည :mrgreen:

    • ဗိုက်ကလေး

      May 5, 2012 at 3:01 pm

      တားအတက်က ခုမှ ၁၆ နှစ်စွန်းစွန်းပဲရှိသေးတာမိုလို ့ပညာရှိကြီးလို ့ပြောပါနဲ ့ဂျ
      ပညာရှိလေးလို ့ပြန်ပြင်ခေါ်ပါ
      ပုံ၊
      ပညာရှိလေးကိုဗိုက်ကလေး

      • မဟာရာဇာ အံစာတုံး

        May 5, 2012 at 3:15 pm

        အမငီး …
        ဟိုနားက ဟိုဟာတွေတောင် ထွက်နေပြီ ..
        ဒါကိုများ …
        သူ့ကိုယ်သူ ချယ့်ခြောက်နှစ် ချွန်းချွန်းဒဲ့ ..
        ဟိုဟာစားပြီး ကျိမ်ပြောတောင် …
        ယုံဘူးအေ .. 😀

      • Novy

        May 7, 2012 at 3:07 pm

        ဟားဟားားးားား
        ၁၆ နှစ်စွန်းစွန်း က အိမ်တောင်သက်လား

        • ဗိုက်ကလေး

          May 7, 2012 at 3:17 pm

          နောက်ပါနဲ ့ဂျာ
          တားက ခုမှ ဆယ့်ခြောက်နှစ်ပြည့်ဖို ့ ၃ရက်နဲ ့ ခြောက်နာရီတိတိတောင် လိုပါတေးတယ်ဂျီးဒေါ်ရာ
          တူများတွေ ဂယ်အသက်ကြီးဘီထင်တွားပါဦးမယ်…..
          ဖေဒို ့မေဒို ့ ကယ်ကြဘာအုံး

  • ဦးဦးပါလေရာ

    May 5, 2012 at 3:29 pm

    အော် … ခေတ်သစ်အဆိုအမိန့်တွေပါလား…။
    အဲသည့်ပျင်ညာတွေ အစက ဘယ်သွားဖွက်ထားတာပါလိမ့်…။

    • ဗိုက်ကလေး

      May 5, 2012 at 3:44 pm

      အဟမ်း..
      ပျင်ညာက စောဂျီးကတဲက ပြချင်လို ့ရွစိတက်နေတာ
      အဲဒီအချိန် ဘီအီးနဲနဲလောင်းချလိုက်တော့ ဖလန်းဖလန်းဖြစ်ပြီး ပျင်ညာတွေ ခုန်ထွက်ကုန်တော့တာပါဘဲ အူးလေးရာ

  • TTNU

    May 5, 2012 at 7:38 pm

    မောင် ဗိုက်ကလေးရေ…
    မင်းပြောတာနော် ( မေးရင် ဖြေမှ ) ဆိုတာ။

    တီချာမေးထားတဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေ
    ဖြေလေ။

    • ဗိုက်ကလေး

      May 5, 2012 at 7:44 pm

      အေဘီစီဒီ အီးအက်ဖ်ဂျီ
      အိတ်ချ်အိုင်ဂျေကေ မောင်ပေခလေးမွေးသည်
      လဂါးနောက်ဒါပါတီချယ်ရာ..တီချယ်သင်ပေးတာ အကုန်ရဒယ်..ဟီး..ဟီး..

  • FattyCat

    May 5, 2012 at 9:59 pm

    ဖတ်ရင် မျက်စိမလည်မှ
    လည်ရင် မရပ်မှ
    ရပ်ရင် မလည်မှ
    လည်ရင် မရပ်မှ
    ရပ်ရင် မလည်မှ
    လည်ရင် မရပ်မှ
    ရပ်ရင် မလည်မှ
    လည်ရင် မရပ်မှ

    ဟဲ့….သူများလိုလိုက်ရေးကြည့်ရင်း….
    လည်ကုန်ပြီ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • blackchaw

    May 5, 2012 at 10:19 pm

    ရေးလည်းရေးတတ်ပါပေတယ် ဗိုက်ကလေးရယ်…။
    အားပေးသွားပါတယ် ခင်ဗျာ..။
    ခင်တဲ့
    အူးဘလက်…။
    😀

  • nature

    May 6, 2012 at 1:26 am

    လူကနေပေမဲ့ပညာကမနေဘူးဆိုတာ ဒါမျိုးထင်ပါ့။
    ယူရင်အကြွေးရမှဆိုသံသရာကြွေးတွေဖြစ်နေဦးမယ်နော့။ သံသရာကြွေးဆိုရင်တော့သူကြီးနဲ့ရှင်းနေရဦးမယ်။ 🙂
    ပျင်းရင်အိပ်ရမှ-
    အိပ်ရင်ပျော်မှ-
    ပျော်ရင်ကမှ-
    …………
    …………

  • kyeemite

    May 6, 2012 at 9:59 am

    ကြီးရင် မိုက်မှ
    မိုက်ရင်မှောင်မှ
    မှောင်ရင် မီးလာမှ
    လာရင် တိုက်မှ(သေရည်)
    တိုက်ရင် ပြောင်မှ
    ပြောင်ရင် ရီရမှ…
    တော်သေဘီ..

  • ဗိုက်ကလေး

    May 6, 2012 at 10:25 am

    အူးကြောင်ဝတုတ်ရယ်
    အူးဘရက်ချောရယ်
    အူးနေးချားရယ်
    အူးကြီးမိုက်ရယ် နှင့်တကွ အားပေးကြတော ရွာတားအပေါင်းတို ့ စိတ်အိ ချမ်းသာခြင်း ကိုယ်အိကျန်းမာခြင်းများနှင့်
    ပြည့်စုံပြီးသကာလ ဆန္ဒနှင့် ဘဝထပ်တူကျပြီး ရက်တိုတိုနဲ ့ နိဗ္ဗာန်လားနိုင်ကြပါစေသား..
    ကဲ..ကဲ..
    ရေစက်ချမယ်
    ခွက်ကိုင်..
    လိုက်ဆို..
    သောက်ရင်မူးမှ
    မူးရင် ကဲရမှ..
    ….
    ………..
    ……….

    • Mလုလင်

      May 6, 2012 at 11:35 am

      အားလုံး .. အားလုံး .. အားလုံး ..ကြားကြားသမျှ .. ကြားကြားသမျှ ..ကြားကြားသမျှ …

  • ဆူး

    May 6, 2012 at 10:43 am

    ဘာများလဲလို့ မနက်က ရောက်ရောက်ချင်း ကိုးနတ်ရှင်ကို အံတုပြီး ဖွင့်ထားတာ.. အခုမှ သိတော့တယ်..
    အဖိုးတန် စာစု အစစ်ပဲ..

  • mg mg

    May 6, 2012 at 6:06 pm

    အူးဗိုက်ရေ
    ပေါက်ဆေးလေးရှိရင် နဲနဲလောက်(ဆံပင်)

  • ဗိုက်ကလေး

    May 6, 2012 at 6:17 pm

    အူးလေးက ဘယ်နှချောင်း ပေါက်ချင်တာလဲဂျ (ဆံပင်)

  • အလင်းဆက်

    May 6, 2012 at 7:09 pm

    ဘုရား ဘုရား… ဦးဗိုက်တို ့ကတော့ လုပ်ချလိုက်ပြန်ပြီ။

  • နေဝန်းနီ

    May 6, 2012 at 7:12 pm

    အူးရေးကရဲဂျာ……..
    ညောင်းရင်အနှိပ်ခံရမှ
    အနှိပ်ခံရင် ပက်လက်လှန်ထားမှ
    ပက်လက်လှန်နေရင်………… အဲဒိရို ရုတ်စမ်းဘာ………..။ 😛 😛

    • ဗိုက်ကလေး

      May 6, 2012 at 7:15 pm

      အူးလေးနော် အူးလေး.
      အဲသလိုပေါက်ကရေတွေ လျှောက်ပြောလို ့ လိပ်ဂေါင်းထွက်တာ မှတ်တေးဘူးလား
      ညှင်း..ညှင်း..ညှင်း..

  • htet way

    May 6, 2012 at 8:56 pm

    ကောင်းတယ် ဒီလိုမျိုး စာလည်းရှိရမယ်
    နောက်ရေးပါအုံး

  • Khin Latt

    May 7, 2012 at 4:56 am

    အဲဒီ စာစုကြီး ပိုက်ထားလို့ ကတော့ ဒီတစ်သက် မင်းတော့ မိန်းမ ရမယ် မထင်င်င်င်င်င်င်င်င်င်င်။ 😀
    jk 😉

  • ဇောက် ထိုး

    May 7, 2012 at 6:05 am

    အကိုထိုးအကိုထိုး…ထစမ်းပါဦး…..ဘာလဲဟ…….
    ဟိုဖက်က ကိုဗိုက်ကလေး ဘုရားရှိနေတယ်မှတ်တယ်။ တော်လိုက်တာနော်……..
    မှန်း နားထောင်ကြည့်မယ်။ ဟာ….မူးလို့အော်နေတာပါ မိုးယုရယ်…….
    သေချင်းဆိုး…..အိပ်ချင်ကြီးအော်နေတယ်တော်……….
    မင်းတို့ဒါတွေခက်တယ်ပြောတာပဲ။ သူတို့လို မူးတဲ့လူတွေက ခုလို ညညတွေမှာ အော်အော်နေတော့ ရွာမှာ နိုးနိုးကြားကြားရှိတယ်ဟ။တကယ်တော့ သူဟာ ရွာကိုစောင့်ရှောက်ခြင်းတစ်မျိုးပဲ။ စုန်းမတွေ စုန်းပူးတယ်ဆိုတာလဲ ဆရာတွေ ကိုကန်တော့ခြင်းတမျိုးတဲ့။

  • ကြောင်ကြီး

    May 7, 2012 at 7:34 am

    အိပ်ရင်စိတ်ထ
    လိပ်မြင်နှိပ်ဟ
    ဘိတ်တွင်ဝိတ်မ
    ဖိတ်စင်သိပ်ရ…။

  • ဗိုက်ကလေး

    May 7, 2012 at 10:34 am

    အူးထက်ဝေးရေ
    သိပ်မမြှောက်ပါနဲ ့
    အိပ်ကအဘွားကြီးက တားကို ငပေါလို ့ပြောနေဘီဂျ 😮

    အရီးလတ်ရယ်
    မိန်းမမရတော့လဲ ယောက်ျားယူ အဲလေ….ဘုန်းကြီးဝတ်မှာပေါ့ဂျာ..(အများဆုံး တစ်ပတ် 😀 )

    အူးဇောက်ထိုးရယ်
    အူးဇောက်ထိုးပြောသလို ကျနော်တို ့တွေ ညလုံးပေါက်သောက်ကြပါတယ်
    ဒါပေမဲ့ သူခိုးက ကျနော်တို ့ဘေးက အိမ်ကို မီးဖွင့်ပြီး အကုန်မသွားပါရောဗျာ..
    မသင်္ကာမှုနဲ ့ ဆွဲမစိခံရတာပဲ ကျေးဇူးတင်ရပါရဲ့

    အူးကြောင်ဂျီးရယ်
    အိပ်ရင်းနဲ ့တော့ စိတ်မထတာ ပြဿနာမရှိပေမဲ့ အိပ်ရင်း လူပါထမိရင်တော့ ရှော့ခ်ရှိတယ်ဗျာ..

    အားလုံး တင့်ခရုပါ

    • amatmin

      May 7, 2012 at 11:00 am

      အူးဗိုက်ကလေး ရေ..ကြယ်နှစ်ပွင့် ဂုဏ်ပြုပွဲကို
      ဘဘချောကြီး နဲ့ အတူတူ ပေါင်းလုပ်မှာလားဟင်င်. 🙂
      အူလေးစာထဲက အတိုင်းသောက်ပြီးရင် ပက်လက်လန်ဖို့ အတွက်မျှော်နေပါ၏.. 😆

      • ဗိုက်ကလေး

        May 7, 2012 at 11:08 am

        အူးမတ်ရေ
        ကြယ်နှစ်ပွင့်အတွက် ရွာသူားတွေနဲ ့ အတူ သဂျီးအား အထူးပဲ ကျေးဇူးပါတယ်ဗျား
        ဝမ်းဒေး ထီပေါက်ရင် အူးမတ်ကို ဘီအီး အမှောက်တိုက်မယ်ဗျာ
        ခက်တာက မူးမတ်ကဘယ်လောက်သောက်သောက် မမှောက်ပဲ အဲဗားမတ်နေတာ ခက်တယ်ဗျား 😀

Leave a Reply