စုန်းမ ဟု ဆိုပြီး ဝိုင်းရိုက်ခံရလို ့သေတဲ့ အမျိုးသမီး

ဂ်စ္စူMay 5, 20121min24026
စုန်း အထင်ခံရတဲ့ အမျိုးသမီး
Youtube က Screenshot ဖမ်းပြီး တင်ပေးတာပါ၊ ဒီတစ်ပုံတင်ဖို ့ နာရီဝက်ကြာတယ်ဗျို ့ 😮

http://komoethee.blogspot.com/2012/05/blog-post_05.html  ကနေ တွေ ့မိတာပါ

ဒီလို ရေးထားပါတယ်။

တနသာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာ (မြိတ်မြို့အရှေ့ဘက်ကမ်း) တွင် နေထိုင်သူ မသန်းနု၊ အသက် ၃၈ နှစ် အိမ်ထောင်ရှိ၊ အမျိုးသမီးအား ခဲအိုဖြစ်သူက စုန်းဟု ယိုးကာ၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာသို့ခေါ်ဆောင်ပြီး ဆရာကြမ်း (ဆရာယောင်ယောင် သမားယောင်ယောင်) ဦးမဲကြီးထံတွင် ၄ရက်တာ ဆေးကုသမှု (ရိုက်ပြီးကု၊ အရက်တိုက်ကု) ခံယူရင်း သေဆုံးသွားခဲ့ပါသည်။ ဖြစ်စဉ်မှာ မသန်းနု အား (စုန်း) ဟု ယိုးမယ်ဖွဲ့ပြီး ပယောဂဆရာမဲကြီး၊ သူမ၏ ခဲအို၊ ကျန်အပေါင်းအပါ ၂ဦး။စုစုပေါင်းအမျိုးသား ၄ ဦးတို့မှမတရားရိုက်နှက်နှိပ်စက်ကာ၊ ၄ရက်လုံး ထမင်းလဲမကျွေး၊ ဆဲဆို၊လက်နက်ဖြင့်၎င်း အမျိုးမျိုးသော ရက်စက်မှုတို့ဖြင့် ကုသရာ ၄ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။ ၎င်းတရားခံများကို ကျွန်းစုမြို့နယ် ရဲစခန်းတွင် အချုပ်ဖြင့်ထားရှိကြောင်း ကြားသိရပါတယ်။ တရားခံများထဲမှ တစ်ဦးက MP4 ဖြင့် မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းကိုလဲ ရရှိထားကြပါတယ်။

အသက် သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးကို စုန်းမပါ ဆိုပြီး ဗိန္ဒေါလားဘာလား ဘာယောင်ယောင်ညာယောင် အဖွဲ ့က ၄ ရက်ကျော် အစာမကျွေး ရိုက်နှက် ဆုံးမကြရာက သေသွားတဲ့ အဖြစ်ပါ။

ဒီအောက်ကလင့်ခ် မှာကြည့်ကြည့်ပါ။

http://www.youtube.com/embed/aDHuWuS8QUc

ဗွီဒီယိုဖိုင်ကို ကွန်နက်ရှင်မကောင်းလို ့ သေချာပြီးအောင် မကြည့်ရသေးပါဘူး

အစပိုင်းကြည့်ရတာတော့ ဟိုမေးဒီမေးလုပ်ပြီး ရိုက်နှက်နေတာတွေ ့မိပါတယ်

ဒီအဖြစ်ပျက်က ဘယ်လောက်ကြာပြီလဲဆိုတာ သေချာတော့ မသိ

ဒါပေမဲ့

ကျနော်တော့ ခုမှတွေ ့မိလို ့  အထူးအဆန်း အနေနဲ ့ အပြင် ဒီလို ယုတ္တိမရှိတဲ့ လုပ်ရပ်တွေ

ထပ်မဖြစ်တော့အောင် ဗဟုသုတပေး ဆွေးနွေးကြစေဖို ့ တင်ပေးတာပါ။

 

ကျနော့် အမြင်ပြောရရင်တော့ ကြီးနိုင်ငယ်ညှဉ်း ဝိုင်းလုပ်တယ်လို ့ပဲ ပြောပါရစေဗျို ့။

သိပ်မကြာခင်ကလဲ မလေးမှာ မြန်မာအချင်းချင်း မြန်မာအမျိုးသမီးကို ဝိုင်းပြီး ရိုက်နှက်နေကြတာ

မြင်မကောင်းအောင်ပါပဲ။စေတနာနဲ ့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြီးနိုင်ငယ်ညှဉ်း လုပ်တာပါပဲ။

အခုကိစ္စလဲ အဓိပ္ပါယ်မရှိဘူး၊ စောက်မှန်းကန်းမှန်းမသိ၊ ဘာကောင်မှလဲ မဟုတ်ပဲ ဖင်ယားပြီး လက်တည့်စမ်းပြီး အနိုင်ကျင့်ကြတယ်လို ့ပဲ ထင်ပါတယ်။

အခုလိုပဲ တလောက ကျောက်ခဲတွေ ထုတ်ခိုင်းတဲ့ အထက်လမ်းဆရာ ဆိုပါတော့ ဗွီဒီယိုခွေထွက်လို ့

ကြည်ု့ဖြစ်ပါတယ်။သေချာကြည့်တော့ ကြောင်တောင်တောင်ပါပဲဗျာ။

ဗဟုသုတမရှိ၊ ဂျောင်ကြတဲ့နေရာကလူတွေနဲ ့ စိတ္တဇလူတွေတစ်ချို ့ကိုသာ ရွေးပြီး လိမ်စားနေတယ်လို ့လဲ မြင်ပါတယ်။

ဒီလို ချီးထုပ် လူလိမ်အဖွဲ ့ကို သတိထား ဆုံးမနိုင်ကြပါစေဗျို  ့။

 

26 comments

  • water-melon

    May 5, 2012 at 4:38 pm

    ၄ ရက်ကျော် အစာမကျွေးမှတော့ ယောင်ချာချာဖြစ်ပြီပေါ့
    video တော့မကြည့်ရဲဘူးအေ့
    နာက အသည်းငယ်တယ်
    ကြောက်တယ်တော့
    အဟိ

  • captainamerica

    May 5, 2012 at 4:46 pm

    အင် ဂလိုအယူအဆ အတွေးအခေါ်တွေ IT ခေတ်ကြီးထဲမှာရှိနေသေးတယ်။
    အော်ဖြစ်မှဖြစ်ရလေ။ 🙁

    • က်ိုကိုအိုဗာ

      May 6, 2012 at 7:07 pm

      လေးဖြူရဲ့
      စုန်းမ သီချင်း
      ကို အာကျတဲ့ဘိန်းတော့
      ထင်ပါရဲ့

  • windtalker

    May 5, 2012 at 7:18 pm

    အလို ကမ်းကြီးကျေးရွာတဲ့ ၊ ကျုပ်တို ့ရွာသား ကမ်းကြီးနဲ ့တော့ မဆိုင်လောက်ပါဘူးနော ။ ဟီဟိ
    ဒီလို သောက်စည်းကမ်းမဲ့ ထင်ရာစိုင်းတဲ့ အပြုအမူမျိုး ပပျောက်ပါစေ ဟု ဆန္ဒပြုပါ၏

  • ဘယ်လိုလုပ်ပြီး စုန်းဖြစ်ရပြန်တာပါလိမ့်။
    သူကြီးရေ တခါကတော့ ကြားဖူးပါရဲ ့ဗျ အပြည်ပြည်ဆိုင်ရာ စုန်းညီလာခံကို
    မြေထဲပင်လယ်မှာ လုပ်တယ်ဆိုဘဲ။ရှာဖတ်လို ့ရအောင်မျှပါအုံးနော်။ဒီလို
    ညှင်းပန်းနှိပ်စက်တာက ခြုံ ့ချသဗျ။နလပိန်းတုန်းတွေ

  • may flowers

    May 5, 2012 at 8:17 pm

    ဟုတ်ပါ့တော်။ မိန်းမတစ်ယောက်ကို စုန်းမဆိုပြီး ရိုက်နေကြတာများ..မုန်းထှာ။

  • အလင်းဆက်

    May 5, 2012 at 8:37 pm

    အဲဒါမျိုးတွေ.ကြားရရင်.ရင်နာတယ် ။
    မဖြစ်သင့်ဘူး။ စုန်းဖြစ်နေဦးတော့.ဘယ်သူ ့ကိုမှ မထိခိုက်ရင်.စုန်းမက..လို ့ ဘာဖြစ်ဖြစ်ပေါ့ ။ သူ ့ဘာသာနေပါစေပေါ ့။
    အခုဟာက…..သေချာလည်းသိတာမဟုတ်ပဲ.နဲ ့ ။
    ဘာလို ့ ဝိုငိးရိုက်တာလဲ.။
    အဲဒိ.. ဘာယောင်ယောင် ညာယောင်ယောင် တွေ.က တော်တော်..ဆိုးတယ်နော်။

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 9:14 pm

    ဒီလိုလူလိမ် အဖွဲ့တွေကို ဆုံးမဖို့ …
    ဒို့ရွာထဲက သဂျီးမင်း ကိုယ်တိုင် ကြွချီမှ ရလိမ့်မယ် ထင်တယ် ..
    သဂျီးက ဒီလို ကိစ္စတွေဆို ချက်နဲ့ ဂွက်နဲ့ ခဲရဲတယ် ..
    သဂျီးမင်းဖလား .. အဲလူလိမ် အဖွဲ့ကို သွားရောက် ဆုံးမတော် မူပေးပါ ဖလား ..

    သဂျီးမင်း သွားမဆုံးမခင်
    ဒီလိုလူစားတွေအတွက် ဆုတစ်ဆုတော့ တောင်းပေးလိုက်ဦးမယ် ..
    တောဘက်တွေက ရိုးအတဲ့ လူတွေကို …
    ဟိုဟာယောင်ယောင် ဒီဟာယောင်ယောင်နဲ့ …
    ဆရာကြီးလုပ်ပြီး လိမ်စားနေတဲ့ လူတွေ …
    သေရင် ငရဲကို ကျွမ်းဆယ်ခါလောက် ထိုးပြီး ကျပါစေ …

  • TTNU

    May 5, 2012 at 9:14 pm

    ဗိုက်ကလေးရေ…
    ဟိုဘက်မှာတီချာလည်းဖတ်မိလိုက်တယ်။
    ဖတ်ပြီးစိတ်တိုလာပြီး ဒီမှာဗိုက်ကလေးပို့စ်ထပ်တွေ့တာနဲ့
    မန့်လိုက်ပါတယ်။
    ရှုံ ့ချတယ်။
    ပက်ပက်စက်စက် ရှုံ ့ချတယ်။
    ပိုဆိုးတာက… (မသန်းနု အား (စုန်း) ဟု ယိုးမယ်ဖွဲ့ပြီး)
    ဟွန်း ငါ့နာမည်လာခိုးထားတယ်။ 👿 😈

    • မဟာရာဇာ အံစာတုံး

      May 5, 2012 at 9:39 pm

      ဒို့တီချယ်ကြီးကလည်း …
      ပျော်တတ်တာပဲဟ ..
      ဘာပဲဖြစ်ဖြစ် တီချယ်ကြီး နာမည် အပြည့်အစုံကိုတော့ တိတွားပီ ..
      တီချယ်ကြီးသန်းနု … ဒေါ် တော့ ထည့်တော့ဘူး ..
      ဒေါ် ထည့်ရင် မရင်းနှီးရာ ကျသွားမှာစိုးလို့ … အဟိ .. 😀

    • windtalker

      May 5, 2012 at 9:40 pm

      ဟီး… ဟုတ်ပ ၊
      ကမ်းကြီးကျေးရွာ တဲ ့
      မသန်းနု တဲ့
      ကျုပ်တို ့ရွာထဲက နာမည်တွေပါလား ဟရို

  • ရွာစားကျော်

    May 5, 2012 at 9:34 pm

    သူ့ဟာသူ စုန်းမကလို့ ဘာဖြစ်ဖြစ် ရိုက်စရာလား..
    ဒီလိုလုပ်တော့ သူတို့ ကရော လူနဲ့တူသေးရဲ့လား..

  • Aung Myae

    May 5, 2012 at 9:45 pm

    တော်တော် ရက်စက်ယုတ်မာတဲ့ လုပ်ရက်တစ်ခုပါဗျာ။
    ယောက်ကျားတွေဖြစ်ပီးတော့ မိန်းကလေးတစ်ရောက်ကို ဝိုင်းရိုက်နှက်နေတာ လူမဆန်ပါဖူး၊
    ဒီ မိန်းမက အိမ်ထောင်ရှိ အမျိုးသမီးပါ၊ သူ့မှာသာ သားသမီးရှိမယ် ဆိုရင် တော်တော်သနားဖို ့ကောင်းနေပါပီ၊ လူလူချင်း အဲလောက်အထိ နှိပ်စက်စရာမလိုပါဖူး၊
    ခွေးတောင် သူ့တို ့ထက် အဆင့်ရှိဦးမယ်၊ ခွေးလောက်တောင် စောက်သုံးမကျတဲ့ကောင်တွေ၊
    Video ကိုကြည့်ပီး ဒေါသတွေ စောက်ရမ်းထွက်လာတယ်၊ မိန်းမပုံစံက သနားစရာပါ၊
    အဲဒီရွာကလူတွေကလဲ သူ့ခဲအိုက စုန်းလို့ပြောတိုင်း ယုံစရာလား၊ တိရစာ္ဆန်တောင် သူတို ့ထက်စဉ်းစားတက်ဦးမယ် တိရစာ္ဆန်လောက်တောင် အသိဉာဏ်မရှိကြပါလားနော်၊
    ယောက်ကျားတွေဖြစ်ပီး စောက်ရှက်မရှိ မသိနားမလည်တဲ့ ရွာသားတွေကို လိမ်ပီးစားသောက်နေတယ်၊
    လုပ်စရာအလုပ်မရှိရင်လည်း သူတောင်းစားလိုတောင်းစားပေါ့၊ တောင်းစားတာကမှ လိမ်စားတာထက်အများကြီး ရိုးသားတယ်၊ မင်းတို ့လို ကောင်တွေက သေရင် ငရဲနဲ့တောင်မတန်ဖူး
    ငရဲပြည်တောင် သနသေးတယ်၊ မင်းတို့ အမေတွေ အမတွေ အဲလို မလုပ်ခံရပါစေနဲ့လို့ ဆုတောင်းပေးတယ်၊ ပြောရင်းနဲ့ ဒေါသက ထက်ထွက်လာပြန်ပီ တော်ပီ ရေးတော့ဖူး…။

  • kai

    May 5, 2012 at 11:43 pm

    ဘာထူးသလည်းကွယ်..
    နို်င်ငံရေးလုပ်လို့ဆိုပြီး..ပစ်တယ်ခတ်တယ်..ဖမ်းဆီးတယ်.. ထောင်ချတယ်..နှိပ်စက်တယ်.. သတ်တယ်.။
    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင်.. ဒီပဲယင်းမှာဖြစ်ခဲ့သေးတာ..

    ဘာသာရေးကိုးကွယ်ရာမတူလို့ဆိုပြီး. သူများသာသနာပိုင်အဆောက်အဦးတွေ.. ဖျက်ဆီးတယ်..လူတွေဝိုင်းရိုက်တယ်.. သတ်တယ်.. ထောင်ချတယ်..

    ဗုဒ္ဓဘာသာချင်းတောင်.. တွေးခေါ်ပုံ.. အယူအဆမတူလို့ဆိုပြီး.. ဗုဒ္ဓဘာသာသာသနာပြုဘုန်းကြီးကို.. ဖမ်းတယ်.။ ထောင်ချတယ်..။ ထောင်ချဖို့ဝိုင်းတိုက်တွန်းတယ်..။ အားပေးခဲ့ကြတယ်..

    အသားအရောင်.. လူမျိုး..နေရာဒေသဌာနမတူလို့ဆိုပြီး.. အခွင့်အရေးတန်းတူမပေး.. နှိမ်ချ.. အခွင့်သာရင်နှိပ်ကွပ်…

    ဘာထူးကြသလည်း..
    နိုင်ငံတကာ..ဖွံ့ ့ဖြိုးပြီးနိုင်ငံကလှမ်းကြည့်ရင်…. အခုစုန်းမဆိုပြီး.. စွတ်စွဲသေအောင်လုပ်ခဲ့တာနဲ့.. အဲဒါ..အဲဒါတွေ.. ဘာများကွာနေတယ် ထင်လို့လည်း..
    အနိစ္စ…. 😕

    ဆိုတော့..
    ဒိုရွာသူားတွေ.. ဘယ်တော့မှ.. အဲလိုအတွေးအခေါ်ကြမ်းတွေ.. မရှိစေချင်..
    ..လူသားအချင်းချင်း.. လူကိုလူလိုမြင်ကြစေလိုတာပါပဲ..
    အခုရော..
    လူကိုလူလိုမမြင်ကြတာလိုက်လို့..
    … နော.. 😆

    • windtalker

      May 6, 2012 at 1:21 pm

      ဒေါ်အောင်ဆန်းစုကြည် ကို ဒီပဲယင်းမှာ လုပ်ကြံတုန်းက ၊ ဦးခင်ညွန် ့ကယ်ခဲ့တယ် ဆိုတာ ဟုတ်သလားဗျ ။ အတိအကျလေးသိချင်လို ့ပါ။

  • chityimhtoo

    May 6, 2012 at 12:51 am

    တာတိုးတတားတွေ..ဒီတရားသူကြီးတွေ စောက်ဆံလာဘ်စားပုံနဲ့ ထိရောက်ပါ့မလား။
    လူတစ်ယောက်ကိုမသေမချင်းသတ်တာတောင် ၁နှစ်၃လ ဘဲကျတယ် 45သိန်းပေးရင်။
    အားလုံးသေဒဏ်ပေးပစ်ရမှာ

  • nature

    May 6, 2012 at 2:07 am

    ကျနော့်ကိုများပြောနေတာလားသူကြီးးရယ် ။ 🙂 သူကြီးကတော့သူ့ဂိုဏ်းတူအကိုကြီးလွတ်မြောက်ရေးအတွက် မလျှော့သောဇွဲနဲ့ကြိုးစားတုန်းပဲနော့ ။

    ဘယ်လိုအကြောင်းတွေကြောင့်စုန်းလို့စွပ်စွဲတာလဲမသိဘူး။ စုန်း မဖြစ်နိုင်ဘူးလို့တော့ထင်မိတယ်။ စုန်းဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ဒီလိုမျိုးတော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တရားဥပဒေနဲ့ညိစွန်းရင် တရားဥပဒေအတိုင်းပဲ အရေးယူသင့်ပါတယ်။

    ပေါင်ကုန်းကားကြည့်တော့ ပညာတခုရလိုက်တယ် ။ ပေါင်ကုန်းက လူသတ်သမားကို အမှုစစ်တော့ လူသတ်သမားက သူငယ်ငယ်က သူတို့မိသားစုကိုရက်ရက်စက်စက် လုပ်ခဲ့သူကိုပြန်ကလဲ့စားခြေတာပါလို့ပြောတယ် ။ ပေါင်ကုန်းက မင်းကလဲ့စားခြေလို့မရဘူး ။ တရားဥပဒေနဲ့ညိစွန်းသူကို တရားဥပဒေ အရပဲ အရေးယူရမယ်လို့ပြောတယ်။ လူသတ်သမားက သူမသတ်ခင်အထိသူကိုဘယ်သူမှအရေးမယူနိုင်ဘူး။ဒါကြောင့်သူသတ်ရတာလို့ပြောတယ် ။ ဘာကြောင့်ပဲသတ်သတ် တရားဥပဒေအရသတ်တဲ့သူဟာ အပြစ်ရှိတာပဲ။ အဲဒီလူသတ်သမားဟာလည်းဆိုးသွမ်းနေတဲ့ လူဆိုးတော့မဟုတ်ပါဘူး။ အဲဒီကားထဲမှာတော့ လူသတ်မှုအတွက်အပြစ်ဒဏ်ကျခံသွားရတယ်။
    တရားဥပဒေကိုမသိရင်နားမလည်ရင်တရားလိုက တရားခံဖြစ်သွားစေနိုင်ပါတယ် ။

  • kyeemite

    May 6, 2012 at 9:41 am

    ရှုံ ့ချတယ်။
    ပက်ပက်စက်စက် ရှုံ ့ချတယ်။

  • ဗိုက်ကလေး

    May 6, 2012 at 10:30 am

    လူအရှင်လတ်လတ်ကြီးမြင်လျက် လူမဟုတ်ဘူး စုန်းဆိုုပြီး နှိပ်စက်တာတော့ တော်တော်ချီးပေပါတယ်ဗျာ
    ပြီးတော့
    အူးလေးသဂျီးပြောသလိုပဲ
    “ဒိုရွာသူားတွေ.. ဘယ်တော့မှ.. အဲလိုအတွေးအခေါ်ကြမ်းတွေ.. မရှိစေချင်..
    ..လူသားအချင်းချင်း.. လူကိုလူလိုမြင်ကြစေလိုတာပါပဲ.”
    အဲဒါလေး ပြောချင်ပါတယ်ခင်ည

  • ဆူး

    May 6, 2012 at 10:39 am

    စုန်းဆိုတာ ဘယ်လိုမျိုးလဲတောင် သူတို့ကို မေးချင်တယ်။ ဘာ အချက်အလက်တွေကြောင့် ဒီလို ဝိုင်းပြီး နိ်ပ်စက်ကြတာလဲ မသိဘူး။
    ဒီအမျိုးသမီးလည်း သနားပါတယ် ၄ရက်လောက် အစာမကျွေးမှတော့ အားပြတ်နေရောပေါ့။ ရိုက်လည်း ရိုက်တယ် ဆိုတော့ ပိုလို့တောင် အားပြတ်သွားအုန်းမယ်။ စိတ်ပျက်စရာ ကောင်းလိုက်တာ..

  • Gipsy

    May 6, 2012 at 1:48 pm

    အင်းနော်.. သနားစရာအတိပါ…
    သတ္တဝါတစ်ခု ကံတစ်ခု ပဲ ဆိုရမှာပေါ့နော်…
    တကယ်တော့ လူ့ဘဝ ဆိုတာ ရခဲ တယ် မဟုတ်ပါလား…
    ဖြစ်မှ ဖြစ်ရလေ….။

  • Onyx

    May 6, 2012 at 3:22 pm

    ဘယ်နဲ့ စုန်းမ ဖြစ်နိုင်တော့ မတုန်း အဲလူတွေကလဲ သက်သက်ကို လုပ်ကြပုံရတယ် ။
    သူယောကျာင်္းကရော မိန်းမကို ခေါ်သွားတာ ဒီအတိုင်း ထည့်လိုက်နိုင်လား တော်တော်ကို မေတ္တာ တရား
    ခေါင်းပါးကြ ပါကလား ။တကယ့် စုန်းမကို မပြောနဲ့ ဓါတ်ပညာ တက်တဲ့သူကိုတောင် သာမန် လူက ဖမ်းချင်တိုင်း ဖမ်းလို့ ရမလား နော် အခုဟာက ပညာသည်အစစ်ဆို ဒင်းတို့ အနားတောင် ကပ်လို့ ရမယ်မထင်ဘူး။ ဒီက ဥပဒေက တော့ ငွေ ပေးလွတ် ဥပဒေဆိုတော့ ကား အင်း………….
    စိတ်ပိန်ဒလယ်။
    မိန်းမတစ်ယောက်ကို ယောကျင်္ား တစ်ယောက်က ကိုယ်ထိလက်ရောက် ရိုက်ရင်တောင် လွန်လှပြီ ။
    အခုဟာက (၄) ယောက်ဆိုတော့ ဒါတစ်မင်သက်သက် ညင်းပန်း နှိပ်စက်တာပဲ ။။။

  • kyaw naynay

    May 6, 2012 at 6:10 pm

    ဒါမျိုးတွေက အခုခေတ်မှာမဖြစ်သင့်တော့ပါဘူး….တော်တော်စာနာစိတ်မရှိကြတာပဲ.
    .စိတ်မကောင်းဖြစ်မိတယ်

  • kyaw naynay

    May 6, 2012 at 6:11 pm

    ဒါမျိုးတွေက အခုခေတ်မှာမဖြစ်သင့်တော့ပါဘူး….တော်တော်စာနာစိတ်မရှိကြတာပဲ.
    .စိတ်မကောင်းဖြစ်မိတယ်
    ဝဋ်ကြွေးပဲ…….

  • cobra

    May 6, 2012 at 6:23 pm

    မလုပ်သင့်ပါဘူး။
    ဒီလိုတွေအယုံအကြည်ရှိနေတာလည်းမကောင်းဘူး။
    သေအောင်တောင်ရိုက်နှက်ကြတယ်ဆိုတော့
    ဝင်နေတဲ့စုန်းကတော်တော်ကြီးလို့နေမှာပေါ့။

  • snow white

    May 6, 2012 at 7:20 pm

    ဥပဒေရှိနေတာ သူများကိုသတ်တဲ့သူတွေသူတို့လည်းထောင်ထဲမှာ ဝဋ်ပြန်ခံလိုက်အုံးပေါ့

Leave a Reply