ကံများ ကောင်းချင်တော့…. ချစ်လှစွာသော ဘောဇိ က တိုကီယို အပြန် နိုဇိုးမိ လက်မှတ်နှင့်တကွ
တညအိပ်ဖို့ ဟော်တယ်ပါ စီစဉ်ပေးရဲ့..

ကံများ ဆိုးချင်တော့ … သောကြာနေ့ထိ အလုပ်လုပ် ကျည်ဆံရထားစီး တိုကီယို သွားအိပ် မနက် အမြန်ရထားထစီး…
ပင်ပန်းထှာအေ..

ကံများ ကောင်းချင်တော့ ဘူတာမှာ ဘော်ဒါဘော်ချက်တွေက ထမင်းလည်းကျွေး ဘီဘီလည်းတိုက် လိုက်လည်းပို့ပေး…

ကံများ ဆိုးချင်တော့ တိုကီယို အ၀င်နောက်ကျ .. တယောက်သောသူကလေးနဲ့ မဆုံနိုင်…..
ဂယ်ပါ …အိသဒ္ဒါမိုးရယ်.. (အဲ့လေ.. အဲ့ဒါ ကိုရင်စည့် ရည်းစားဟောင်းကြီး ..) ဂယ်ပါ…တီတီချယ်ရယ်.. တွေ့ချင်မိပါ၏

ကံများ ကောင်းချင်တော့ ..ဖလိုက်ပေါ်မှာ ဟွန်းဒ က ဆြာသမား တယောက် ယပက်လက် တိုးဂိုက်တယောက်နဲ့
အဖွဲ့ကျ ..စကားတွေပြော ဒါ့ပုံတွေရိုက်…

ကံများ ဆိုးချင်တော့ …အနှီယပက်လက် က ရွှေတိဂုံဘုရားက ရွှေက ဘုရင့်နောင် တို့ ဦးအောင်ဇေယျ တို့ ခွာယူသွားတယ်
စွပ်စွဲ …(သများမသိဝူးနော်.. ဆက်ငြင်းကြ …ဟီ ဟိ)

ကံများကောင်းချင်တော့ စကားနည်း ရန်စဲ ..မောင်ဂိ့ က အဲ့ ငတိကို ခင်ဗျား မြင်လိုက်ရလို့လား…ဘာလား  မေးတုန်း
လှေယာဉ်မယ် ..အဲအဲ လေယာဉ်မယ်လေးက ကော့ညက်လေး တခွက်နဲ့ စကားဝိုင်းကို လက်စသတ်ပေး..

ကံများ ဆိုးချင်တော့..ရန်ကုန်ရောက်တာနဲ့ ရုံးတက်စေသဒီး တဲ့ … ချဉ်ထှာ….
ဘယ်တတ်နိုင်မလဲအေ … မာကတ်တာ ဖြစ်မှ တော့ လူ၆မြင်ကပ် ခံရသပေါ့….

ကံများ ကောင်းချင်တော့ .. ရုံးကလစ်ထွက် အရီးလတ် နဲ့ တွေ့…
ဂယ်ပါ ..ပျော်လွန်းလို့ …စကားတောင်ထစ်ရဲ့..

ကံများ ဆိုးချင်တော့ .. အလုပ် ၃ရက်လောက် တလောကလုံးနဲ့ တယောက် သူတို့ဘာလုပ်နေသလဲ ဂီမသိ
ဂီ ဘာလုပ်နေသလဲ သူတို့မသိ …ကိုယ်နဲ့ မဆိုင်တဲ့ ရုံးတခုလိုပါပဲဗျာ….

ကံများကောင်းချင်တော့ .. အလုပ်က အပြန် ညနေတိုင်း ဘီဘီ တိုက်မယ့် လူတွေ ပေါ…
အော် မောင်ဂီ့ မောင်ဂီ့ မျက်နှာမြင် တိုက်ချင်ပါစေ ..သူရာနတ်ခတ္တ နဲ့ ယဉ်မွေးလာတယ်ထင့်..

ကံများ ဆိုးချင်တော့…ပွဲဆက် တွေ အလုပ်တွေများ ..၁ပါတ်လောက် ဘယ်လို ကုန်မှန်း မသိ…
ဒိတ်တွေ တောင် ပျောက်ရှ…

ကံများ ကောင်းချင်တော့..ရွာ့အလှူ လူတွေ အများကြီးနဲ့ ဆုံရ ..ပျော်ရ ..
ဂယ်ပြောတာပါ ..ငယ်ပေါင်းကြီးဖော် ဆွေမျိုးသားချင်းတွေလို အလွန် ခင်မင်နှစ်လိုဖွယ် အချိန်လေးတွေ ပိုင်ခဲ့ရပါ၏

ကံများ ဆိုးချင်တော့ ..ဘယ်လောက်မှ မနေရသေး …ပြန်ရတော့မယ်ဒဲ့….
မပြန်လို့လဲ မရ၀ူးရယ်.. .မောင်ဂီ့ က တခြား ဘာမှ လုပ်စားတတ်တာမဟုတ်..

ကံများ ကောင်းချင်တော့ …ဟိုမှာ အချိန်အတန်ကြာ ကွာရှင်းပြတ်စဲထားသော ခွက်ဒစ်ကတ်လေးတွေနဲ့ ပန်းသီးထုတ်
ပစ္စည်းလေးတွေ စောင့်နေကြလေသတဲ့ ..အာဟိ…

ကံများ ဆိုးချင်တော့ ..ကမ့်မ တဲ့ဗျာ …၀ါ့ခ်ရှော့ပ် တဲ့ဗျာ ..ဦးနှောက်ကလေးတွေ မုန်တိုင်းထန်ဦးမပေါ့ ….
မျက်ရည်များတောင် လည်မိပါတယ်…ကွယ်…

ကံများ ကောင်းချင်တော့ .. ၁၀ရက်နေ့ လစာ ကလေး က ရယ်ဒီ စောင့်နေအိ… ၀ယ်စရာလေးတွေ စိတ်ကူးယဉ်ဦးမှ…

ကံများ ဆိုးချင်တော့ …စားစရာ မရှိ…(နဂိုယားက ဘော်ဒါတွေ မြင်ကြပါစေ…)
မျက်နှာမြင် မန်မန် ကျွေးချင်ကြပါစေခည..

ကံများ ကောင်းချင်တော့ … ဒက်စတွတ် ပေါက်စလေး နဲ့ ဥာဏပစ္စည်း အစုံအလင်နဲ့ …
နောက်ဆုံးတော့လည်း လီနော်ဗို ဟာ လီနော်ဗို ပါပဲ ခည….

ကံများ ဆိုးချင်တော့ … ခွီးတဲ့မှ…. ၂၁လက်မ မော်နီတာ ဟိုကို ပြန်သယ်တဲ့ ငတုံး ..မောင်ဂီ့ တယောက်ပဲ ရှိမယ်ထင့်..
လေးထှာ အေ…

ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …
ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …
ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …
ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …

အို …
သိတော့ဝူးအေ….

အဲ့ ..
ဇဂါးအတင်းစပ်
နှုတ်ဆက်ခဲ့ပါတယ် …ရွာသူားအပေါင်းတို့….

 

တော်သေးဘီ
ခင်တဲ့ ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011