ကံဆိုသည်မှာ (နှုတ်ဆက်ခဲ့ပါရဲ့ ရွာသူား အပေါင်းတို့)

ムラカミMay 5, 20121min20826

ကံများ ကောင်းချင်တော့…. ချစ်လှစွာသော ဘောဇိ က တိုကီယို အပြန် နိုဇိုးမိ လက်မှတ်နှင့်တကွ
တညအိပ်ဖို့ ဟော်တယ်ပါ စီစဉ်ပေးရဲ့..

ကံများ ဆိုးချင်တော့ … သောကြာနေ့ထိ အလုပ်လုပ် ကျည်ဆံရထားစီး တိုကီယို သွားအိပ် မနက် အမြန်ရထားထစီး…
ပင်ပန်းထှာအေ..

ကံများ ကောင်းချင်တော့ ဘူတာမှာ ဘော်ဒါဘော်ချက်တွေက ထမင်းလည်းကျွေး ဘီဘီလည်းတိုက် လိုက်လည်းပို့ပေး…

ကံများ ဆိုးချင်တော့ တိုကီယို အဝင်နောက်ကျ .. တယောက်သောသူကလေးနဲ့ မဆုံနိုင်…..
ဂယ်ပါ …အိသဒ္ဒါမိုးရယ်.. (အဲ့လေ.. အဲ့ဒါ ကိုရင်စည့် ရည်းစားဟောင်းကြီး ..) ဂယ်ပါ…တီတီချယ်ရယ်.. တွေ့ချင်မိပါ၏

ကံများ ကောင်းချင်တော့ ..ဖလိုက်ပေါ်မှာ ဟွန်းဒ က ဆြာသမား တယောက် ယပက်လက် တိုးဂိုက်တယောက်နဲ့
အဖွဲ့ကျ ..စကားတွေပြော ဒါ့ပုံတွေရိုက်…

ကံများ ဆိုးချင်တော့ …အနှီယပက်လက် က ရွှေတိဂုံဘုရားက ရွှေက ဘုရင့်နောင် တို့ ဦးအောင်ဇေယျ တို့ ခွာယူသွားတယ်
စွပ်စွဲ …(သများမသိဝူးနော်.. ဆက်ငြင်းကြ …ဟီ ဟိ)

ကံများကောင်းချင်တော့ စကားနည်း ရန်စဲ ..မောင်ဂိ့ က အဲ့ ငတိကို ခင်ဗျား မြင်လိုက်ရလို့လား…ဘာလား  မေးတုန်း
လှေယာဉ်မယ် ..အဲအဲ လေယာဉ်မယ်လေးက ကော့ညက်လေး တခွက်နဲ့ စကားဝိုင်းကို လက်စသတ်ပေး..

ကံများ ဆိုးချင်တော့..ရန်ကုန်ရောက်တာနဲ့ ရုံးတက်စေသဒီး တဲ့ … ချဉ်ထှာ….
ဘယ်တတ်နိုင်မလဲအေ … မာကတ်တာ ဖြစ်မှ တော့ လူ၆မြင်ကပ် ခံရသပေါ့….

ကံများ ကောင်းချင်တော့ .. ရုံးကလစ်ထွက် အရီးလတ် နဲ့ တွေ့…
ဂယ်ပါ ..ပျော်လွန်းလို့ …စကားတောင်ထစ်ရဲ့..

ကံများ ဆိုးချင်တော့ .. အလုပ် ၃ရက်လောက် တလောကလုံးနဲ့ တယောက် သူတို့ဘာလုပ်နေသလဲ ဂီမသိ
ဂီ ဘာလုပ်နေသလဲ သူတို့မသိ …ကိုယ်နဲ့ မဆိုင်တဲ့ ရုံးတခုလိုပါပဲဗျာ….

ကံများကောင်းချင်တော့ .. အလုပ်က အပြန် ညနေတိုင်း ဘီဘီ တိုက်မယ့် လူတွေ ပေါ…
အော် မောင်ဂီ့ မောင်ဂီ့ မျက်နှာမြင် တိုက်ချင်ပါစေ ..သူရာနတ်ခတ္တ နဲ့ ယဉ်မွေးလာတယ်ထင့်..

ကံများ ဆိုးချင်တော့…ပွဲဆက် တွေ အလုပ်တွေများ ..၁ပါတ်လောက် ဘယ်လို ကုန်မှန်း မသိ…
ဒိတ်တွေ တောင် ပျောက်ရှ…

ကံများ ကောင်းချင်တော့..ရွာ့အလှူ လူတွေ အများကြီးနဲ့ ဆုံရ ..ပျော်ရ ..
ဂယ်ပြောတာပါ ..ငယ်ပေါင်းကြီးဖော် ဆွေမျိုးသားချင်းတွေလို အလွန် ခင်မင်နှစ်လိုဖွယ် အချိန်လေးတွေ ပို်င်ခဲ့ရပါ၏

ကံများ ဆိုးချင်တော့ ..ဘယ်လောက်မှ မနေရသေး …ပြန်ရတော့မယ်ဒဲ့….
မပြန်လို့လဲ မရဝူးရယ်.. .မောင်ဂီ့ က တခြား ဘာမှ လုပ်စားတတ်တာမဟုတ်..

ကံများ ကောင်းချင်တော့ …ဟိုမှာ အချိန်အတန်ကြာ ကွာရှင်းပြတ်စဲထားသော ခွက်ဒစ်ကတ်လေးတွေနဲ့ ပန်းသီးထုတ်
ပစ္စည်းလေးတွေ စောင့်နေကြလေသတဲ့ ..အာဟိ…

ကံများ ဆိုးချင်တော့ ..ကမ့်မ တဲ့ဗျာ …ဝါ့ခ်ရှော့ပ် တဲ့ဗျာ ..ဦးနှောက်ကလေးတွေ မုန်တိုင်းထန်ဦးမပေါ့ ….
မျက်ရည်များတောင် လည်မိပါတယ်…ကွယ်…

ကံများ ကောင်းချင်တော့ .. ၁ဝရက်နေ့ လစာ ကလေး က ရယ်ဒီ စောင့်နေအိ… ဝယ်စရာလေးတွေ စိတ်ကူးယဉ်ဦးမှ…

ကံများ ဆိုးချင်တော့ …စားစရာ မရှိ…(နဂိုယားက ဘော်ဒါတွေ မြင်ကြပါစေ…)
မျက်နှာမြင် မန်မန် ကျွေးချင်ကြပါစေခည..

ကံများ ကောင်းချင်တော့ … ဒက်စတွတ် ပေါက်စလေး နဲ့ ဉာဏပစ္စည်း အစုံအလင်နဲ့ …
နောက်ဆုံးတော့လည်း လီနော်ဗို ဟာ လီနော်ဗို ပါပဲ ခည….

ကံများ ဆိုးချင်တော့ … ခွီးတဲ့မှ…. ၂၁လက်မ မော်နီတာ ဟိုကို ပြန်သယ်တဲ့ ငတုံး ..မောင်ဂီ့ တယောက်ပဲ ရှိမယ်ထင့်..
လေးထှာ အေ…

ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …
ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …
ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …
ကံများ ကောင်းချင်တော့ …
ကံများ ဆိုးချင်တော့ …

အို …
သိတော့ဝူးအေ….

အဲ့ ..
ဇဂါးအတင်းစပ်
နှုတ်ဆက်ခဲ့ပါတယ် …ရွာသူားအပေါင်းတို့….

 

တော်သေးဘီ
ခင်တဲ့ ဂီ

26 comments

  • ဗိုက်ကလေး

    May 5, 2012 at 4:28 pm

    ဪ..
    အူးလေးကြီး ဋ္ဌာနေပြန်ရတော့မယ်ပေါ့..
    ကောင်းပါလေ့..ကောင်းပါလေ့..
    ကံများကောင်းချင်တော့ မောင်ဂီနဲ ့ ကပ်ပြီး ဂိုးလေဘယ်တွေ ကပ်တီး
    ကံများဆိုးချင်တော့ မနက်မထနိုင်
    ကံများကောင်းချင်တော့ အလုပ်မပြုတ်
    ကများဆိုးချင်တော့ ထပ်မူး
    ကံများကောင်းချင်တော့ လည်ချောင်းမနာ
    ကံများဆိုးချင်တော့ အရက်နာကျ..
    တော်တေးဘီ..ဂယ်ဂျီးကို အရက်တမားလို ့ထင်တွားကြမှဖြင့် အမှန်တွေပေါ်ကုန်ဦးမယ်

  • water-melon

    May 5, 2012 at 4:32 pm

    ဥလေးလဲ ဌာနေကိုပြန်ပြီ
    အနော်တို့လည်း ဌာနေကိုပြန်ရတော့မယ်
    တွေ့ကြုံဆုံခွဲပေါ့
    ကဲ နှုတ်ဆက်ပါတယ်ဗျာ
    ကောင်းကောင်းမွန်မွန်ရောက်ပါစေ
    ဂျပန်က ကောင်မလေးကလဲမျှော်နေလောက်ပြီ
    အဟိ

  • ရွာစားကျော်

    May 5, 2012 at 4:56 pm

    နှုတ်ဆက်ခဲ့ပါတယ်.. မောင်ဂီသွားတော့မယ်..
    ဖလိုက်ရဲ့သယ်ဆောင်ရာ..
    ဟို.. အရှေ့ကျွန်းကို.. အရှေ့ကျွန်းကို..
    လွမ်းတတ်ရင်လည်း.. လွမ်းမှာပဲ လွမ်းတော့မယ်..
    ဘေမကျန်ရင်လည်း ဘီကို ကပ်သောက်မယ်..
    မောင်ဂီ သွားတော့မယ်…

    နောက်များ ဆုံချင်ဘာသေးတယ်..

  • marblecommet

    May 5, 2012 at 5:41 pm

    အော်
    ဒို့ဆရာလည်း
    မြို့ပြန်သွားရှာပြီ
    ဒို့ကတော့ ဇာတ်ပွဲပြီးသွားတဲ့
    ပွဲခင်းလို ကျန်ခဲ့ရဘာဘီကွယ်……

  • htet way

    May 5, 2012 at 6:17 pm

    ကံများဆိုးချင်တော့ ခရီးကြီးပဲသွားရ
    ကံများကောင်းချင်တော့ ငွေထုပ်ကြီးကောက်ရသလို ငွေတွေရ
    ကံများဆိုးချင်တော့ အလုပ်က မရှိပြန် ကံများကောင်းချင်တော့ ချစ်ဦးသူလေးနဲ့ ပြန်တွေ့
    ကံများဆိုးချင်တော့ သူက လက်ထပ်တော့မယ်တဲ့
    ကံ..အော် ကံ…..
    ကို ဂီ သတိရနေပါတယ်ဗျာ

  • TTNU

    May 5, 2012 at 6:58 pm

    မောင်ဂီရေ…
    ပြန်သွားပြီလား။ တွေ့တောင်မတွေ့လိုက်ရဘူးတော်။
    ရွာအလှူက ဓာတ်ပုံထဲမှာပဲ တုံးလုံးပက်လက်ပုံကလေးတွေ့လိုက်တော့
    ရုပ်ကိုမြင်ရအောင် မနည်းခေါင်းစောင်းပြီး ကြည့်ရသတော်။

    ဟိုမှာပျော်နေသူမို့ ပြန်ရတာ မောင်ရင် သိပ်ပြီး ဝမ်းနည်းမှာ မဟုတ်ပါဘူးနော်။
    ကျန်းမာရေးလည်းဂရုစိုက်၊ စားသတိ၊သွားသတိနေနော်။

    မေတ္တာပို့သလျက်
    တီချာနု

  • ကောင်မလေး ့အတွက် လက်ဆောင်လိုရင် ငပလီကနေပို ့ပေးပေါ့မယ်။
    ကိုဂီရေ. ကြံဖန်ရေးတတ်လွန်းပါပေတယ်ဗျ။

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 8:55 pm

    ဘိုင့်လဘိုင်ပါ တိုဂီရေ ..
    ယိုပြီးတဲ့ အီးအီး ပြန်မဝင်တတ်ပေမယ့် ..
    ကျုပ်တို့ တစ်နေ့ ပြန်ဆုံ ဖြစ်ကြဦးမယ်ဆိုတာ …
    ဒိတ်ဗစက်ကုညဏ် မရပေမယ့် ..
    အနာဂါတ်ရဲ့ ပုံရိပ်တွေကိုတော့ မြင်နေမိပါတယ် ..
    ဒါနဲ့ ချကားမချပ် … တိုဂီက နှုတ်ခမ်းမွှေးလေးနဲ့မှ
    ပိုခန့်သလားလို့ …. အာဟိ .. 😀

  • FattyCat

    May 5, 2012 at 10:11 pm

    အခွင့်ကြုံရင်ဖြင့် ပြန်ဆုံကြဦးမယ်…ဂီဂီ
    ဘီဘီသောက်ခဲ့တဲ့ညတွေကို မမေ့သလို…
    ပျော်ရွှင်ခဲ့ရတဲ့ အလှူနေ့ကိုလဲ လွမ်းနေမှာပါ…
    ပန်းသီးအကြောင်းငြင်းကြရင်း ဒီအက်အယ်အာရ်ဝယ်ရင်ဖြင့် နီကွန်းဝယ်မလားစဉ်းစားတယ်…
    ထပ်ပြီး ငြင်းစရာလေးရအောင်ကွယ်…
    တန်းပေါ်မှာ တို့တတွေထိတွေမှုမပျက်ပါစေနဲ့…(Keep in touch online)
    မင်းရဲ့ဘဝလေး အခုထက်ပိုပြီးသာယာအောင်၊ တိုးတက်အောင် ဖန်တီးနိုင်ပါစေ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • blackchaw

    May 5, 2012 at 10:28 pm

    ညီလေးရေ။
    မြန်မာပြည်က နှုတ်ဆက်ပါတယ် ဗျာ…။
    အရာရာအားလုံး သာယာပါစေ…။
    ခင်တဲ့
    ဘဘ ဘလက်…။

  • nature

    May 6, 2012 at 1:30 am

    မောင်ဂီတယောက် ကံဆိုးခြင်းးကံကောင်းခြင်းအကြောင်းတရားများကိုကောင်းစွာနားလည်ပြီး ကံကောင်းပါစေလို့ဆန္ဒ ဆုတောင်းပေးလိုက်ပါတယ်။

  • kyeemite

    May 6, 2012 at 9:48 am

    အော်..အချိန်တန်တော့လည်း..ပြန်ကြရပြန်တာပ(အလုပ်ခွင်ကို)
    နောက်တစ်ခါဆုံကြအုံးမယ်လေ..ပျော်ပျော်ပါးပါးပေါ့…

  • ဆူး

    May 6, 2012 at 10:31 am

    နှုတ်ဆက်နေပြီလား.. ဂိရေ လာလမ်းသာခဲ့သလို အသွားလမ်းလည်း ဖြောင့်ဖြူးပါစေ။
    ကံကောင်းခြင်းတွေသာ ဂိ ကို စောင့်ကြိုနေပါစေနော်။

  • ဂီရေ ကမ်းကြီးကတော့ မင်းကိုလွမ်းလွန်းလို့တဲ့
    အလွမ်းမီးတွေနဲ့ကမ်းကြီး ဆိုပြီး ဂီကို တလို့ငိုနေလေရဲ့………….
    အတူနေခဲ့ရတဲ့ရက်ကလေးတွေကို တသသနဲ့သတိရပြီး လွမ်းနေလေရဲ့
    ဂီရေ……………….
    မင်းနဲ့တွေ့တုံးက မင်းကိုပေးမယ်ဆိုတာလေး မပေးလို်က်ရဘူး

    • Inz@ghi

      May 6, 2012 at 8:14 pm

      နေနိုင်ချက် ကိုယ့်ဆြာရယ်…

      ကျုပ်လေ ဘဘဘလက်ကိုတောင် ပြောဖြစ်သေး ..

      ကိုယ့်ဆြာကို ဆုံချင် စကားစမြည် ပြောဖူးချင်ပါတယ်လို့…..

      တဂယ်ပါဗျာ…

      ကျုပ်တို့လို မထှော်မနန်းရေးတဲ့ ချာတိတ်တွေကို
      တခုတ်တရ အားပေးတတ်တာ ..
      နွေးထွေးပေးတတ်တာ အတွက်
      မမြင်ဖူးပေမယ့် …

      ခင်နေတဲ့
      လေးစားနေတဲ့

      ဂီ

  • Khin Latt

    May 7, 2012 at 4:49 am

    အရီးလဲ မင်းနဲ့ မထင်မှတ်ဘဲ တွေ့လိုက်ရတာ တကယ်ကြီးဝမ်းသာပါတယ် အေ။
    အပျော်လွန်ပြီး စကားတွေများနေတာ ကိုဘချော ဘယ်အချိန် ပိုက်ဆံရှင်း လိုက်လဲ တောင် မသိလိုက်ဘူး။
    အရီး က အဲဒီ အအေး ကို တိုက်ရမှာ။
    ကိုယ်က ခေါ်လိုက်တဲ့ အိမ်ရှင်ကိုး။
    နောက်တစ်ခါ ကျွန်မ အလှည့်ပေါ့ ကိုဘချောရေ။
    ကြင်နာမှု၊ ဖော်ရွေမှု တွေ အရာရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ 🙂

    မောင်ဂီရေ ကံကောင်းခြင်း နဲ့ ကံဆိုးခြင်း ကြားမှာ အပြုံး မပျက်ဘဲ လှလှပပ juggling လုပ်နေနိုင်ပါစေလို့ ဆုတောင်းပါတယ်ကွယ်။

    စိုင်လေး တွေ ကိုတော့ juggling လုပ်ဖို့ မကြိုးစားရ။ 😀

  • ကြောင်ကြီး

    May 7, 2012 at 8:16 am

    ကံဆိုသည်မှာ
    ညဏ်အပိုမမှီပါ
    ငန်သလိုညှီတာ
    အံတိုပြီကွာ..။

  • amatmin

    May 7, 2012 at 9:30 am

    ကိုဂီရေ..
    လွတ်လပ်ပေါ့ပါးစွာ တွေ့ဆုံ သွားလာခဲ့တဲ့ နေ့ရက်တွေ က ပျော်စရာပါဗျာ.. 🙂
    အားလုံးအဆင်ပြေစွာ.ခွဲခွာပြီး.ပျော်ပျော်ပါးပါးနောက်တကြိမ် ပြန်ဆုံကြတာပေါ့ နော်..

  • Novy

    May 7, 2012 at 10:48 am

    ဂီဂီရေ..ဆာရိုနာရ
    ဒဲဝါမတအအိမာရှော

  • etone

    May 7, 2012 at 11:41 am

    ကိုဂီရေ ..
    ကံကောင်းချင်တော့ .. ကိုဂီပြန်မယ့်နေ ့စနေနေ့လည်မှာ အမှတ်မထင် လမ်းမှာတွေ့လိုက်တယ် ။
    ကံဆိုးချင်တော့… စစတွေ့ချင်း ကောင်လေးတစ်ယောက်လို့ပဲ သိတာ မျက်နှာကိုသေချာ မမှတ်မိဘူး ။
    ကံကောင်းချင်တော့ …. မျက်နှာကိုဖြတ်ခနဲ အကြည့် ကိုဂီမှန်း သိတယ် …
    ကံဆိုးချင်တော့ …. အေးဆေးစကားအများကြီးပြောပြီး နှုတ်ဆက်ခွင့်မရဘူး ။
    ကံကောင်းချင်တော့ … လက်လှမ်းပြနှုတ်ဆက် ခဲ့ရတယ် ။
    ကံဆိုးချင်တော့ …. တောက် ဆိုက်ကား သမားက နားနည်းနည်း လေးနေလေရဲ့ …. အဟီး .. :mrgreen:

    • Inz@ghi

      May 7, 2012 at 11:53 am

      စကားအတင်းစပ် ..မအိတုံက စမ်းချောင်းမှာနေတာလားဗျ…

      အဲ့သည့်မနက်က အာပင် နဲ့ နွယ်ဂ တို့ကို ဆိုက်ဂျဲရိုးပေါ်မှာ တွေ့လိုက်သေးရဲ့
      မဉ္ဇူမှာ နွယ်ဂ ဆံပင် အဘိဓါန်နဲ့ လာဖိတာ ဆိုလား ဝါဆိုဖယောင်းတိုင်နဲ့ လာပွတ်တာဆိုလား
      သိဘာဘူးအေ… အာပင် ကတော့ ကိုကမ်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သများကို လှမ်းခေါ်လို့
      သများတောင် ကျဆိမ့် သွားဂလုခဲ့သေးသဗျား…

      ပြောရင်း လွမ်းလာဘီ …

      အိုဘယ့် ..ရွာသူားတွေရယ်…

      • etone

        May 7, 2012 at 1:18 pm

        ဟုတ်ပါ့ချင့် … ။
        သွပ်ပြားက အဲ့နေ့က မဉ္ဖူပိတ်မယ်ထင်လို့ … မသွားဖြစ်တော့တာ(ဆံပင်ဆက်ပရင်လုပ်မလို့ …) … မဟုတ်လျှင် အစ်မနွယ်ပင် ဝါဆိုဖယောင်းတိုင်ထွန်းနေတာ … မှတ်တမ်းတင်မိဦးမှာပဲ .. ဟိဟိ … ။

        အဲ့ဒီနေ့က..နေသိပ်မကောင်းလို့ ….ဆေးအရှိန်နဲ့အိပ်တာ.. နေ့လည် ၁၁ နာရီမှ အိပ်ယာနှိုးတော့ … လေးပေါက်ကြီး ဖုန်းဆက်လှမ်းခေါ်လို့ … ခဏသွားနှုတ်ဆက်တာ … ။ ဆိုက်ဂျဲရိုးသွားနေကြလမ်းက .. အလှူခံတွေပိတ်နေလို့ …. ကွေ့ပတ်သွားရာက ..ကိုဂီနဲ့ ဆုံခဲ့ပါကြောင်း …. ။

      • နွယ်ပင်

        May 7, 2012 at 4:48 pm

        ဂီဂီရေ …
        ကံကောင်းချင်တော့ မထင်မှတ်ဘဲ လမ်းမှာနှုတ်ဆက်ခွင့်ကြုံလိုက်ပါရဲ့ …
        ကံဆိုးချင်တော့ ဆိုက်ကားပေါ်ကနေပဲ လက်လှမ်းပြခွင့်ကြုံလိုက်တယ် …
        ကံကောင်းချင်တော့ မဉ္ဖူဆိုင်ကပိတ်မယ်ထင်တာ မပိတ်ဘူးတဲ့ …
        ကံဆိုးချင်တော့ အိတ်ထဲက ခြင်္သေ့လေးတွေ ခုန်ပျံထွက်ကုန်တယ် …

  • manawphyulay

    May 7, 2012 at 2:31 pm

    အင်း…
    ကံများ ကောင်းချင်တော့ ဂီဂီက ဓာတ်ပုံတွေ ရို်က်ပေးလို့…
    ကံများ ဆိုးချင်တော့ ရိုက်ပေးတဲ့ ဓာတ်ပုံတွေတောင် မပေးရသေးဘူး ပြန်တော့မယ်ဆိုပါလား…

    ဪ ဘယ်တော့များ ကံ ပြန်ကောင်းမှာပါလိမ့်…. 🙂

  • char too lan

    May 7, 2012 at 4:31 pm

    ဆြာဂီ .. ရှောရှောမောမော မှ ရောက်ပါရဲ့လား ခည !!
    ဟိုရောက်ရင် ပို့ပေးမယ်လို့ ကြောတွားဒယ်နော် .. 😀

Leave a Reply