ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာ ဘုရားဖူးလို့ ကုသိုလ်ပွားကြစေရာ

က ဆုန် လ ပြည့် ဗုဒ္ဓ နေ ့မှတ် သား စ ရာ များ

၁ ။ အား လုံး သော ဗုဒ္ဓ မြတ် စွာ တို ့သ စ္စာ

လေး ပါး ကို သိ မြင် ကြ သော နေ ့

၂ ။ ဂေါ တ မ ဗုဒ္ဓ မြတ် စွာ ဖွား မြင် သော နေ့

၃ ။ ဂေါ တ မ ဗုဒ္ဓ ဘု ရား ဖြစ် သော နေ ့

၄ ။ ပ ရိ နိ ဗ္ဗာန် စံ တော် မူ သော နေ ့

၅ ။ ဂေါ တ မ ဗုဒ္ဓ မြတ် စွာ သု မေ ဓါ ရ သေ့

ဖြစ် နှင့် နိ ယ တ ဗျာ ဒိတ်

ခံ ယူ သော နေ ့

၆ ။ မ ဟာ ဗော ဓိ ပင် ပေါက် သော နေ ့

( ဖွား ၊ မြင် ၊ ပွင့် ၊ စံ ၊ ဗျာ ၊ ဓိ ၊ ခံ မှတ် ရန် က

ဆုန် လ ပြည့် ကြုံ )

ကဆုန်လပြည့် ဗုဒ္ဓနေ့ ဝယ် ရွာထဲက Aye.kk ရဲ့ ပို့စ်မှ မှတ်သားစရာ လေးများနဲ့ အတူ မေဒေးမှာ ရွာထဲကမိတ်ဆွေများနဲ့ အလှူခရီးထွက်တုန်းက ရိုက်လာတဲ့ ဘုရားပုံတော်တွေရယ်၊ မေ ၂ ရက်နေ့ ရန်ကုန်မှာ ရွှေတိဂုံနဲ့ မဟာဝိဇယကို သွားဖူးတုန်းက မှတ်တမ်းတင်လာတဲ့ ပုံလေးတွေကို ရွာထဲမှာ ပြန်ဝေမျှလို့ ဖူးမျှော်ကုသိုလ် ယူတော်မူကြပါအုံး ခင်ဗျာ။

 

ပုံ-၁ . ပန်းတနော် က နဂါးရုံဘုရား
ပုံ-၂ . အစုကြီးခရီးမှာ ဝင်ဖူးခဲ့တဲ့ စေတီလေးတဆူ
ပုံ-၃ . နောက်တဆူ

 

ပုံ-၄ . ကျိုက်ထီးရီုးဘုရားပုံတူ

 

ပုံ-၅ . လေးဆူဓာတ်ပုံ ရွှေတိဂုံ

 

ပုံ-၆ . မဟာဝိဇယ ဘုရား

 

ပုံ-ရ . နာဂစီဝရ ပဋ္ဋပဋိမာ ရုပ်ပွားတော် (မဟာဝိဇယဘုရား လှိုဏ်ဂူတော် အတွင်းမှာ စံပယ်နေသော)

9 comments

  • TTNU

    May 5, 2012 at 9:08 pm

    ကိုရွာစားကျော်ရေ…
    ပူဇော်ကန်တော့သွားပါတယ်။
    ကိုရွာစားတို့ မိသားစုလည်းချမ်းမြေ ့ပျော်ရွှင်ပါစေ။

    မေတ္တာဖြင့်
    တီချာနု

    • ရွာစားကျော်

      May 5, 2012 at 9:29 pm

      ဟုတ်ကဲ့ပါ တီချာကြီးခင်ဗျာ
      ပေးတဲ့ဆုနဲ့ ပြည့်ပါစေနော်..

  • windtalker

    May 5, 2012 at 9:46 pm

    သာဓု သာဓု သာဓု ပါ ဘုရားဒါယိကာ ရေ ။
    အမှန်အတိုင်းပြောရရင် ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ၊ သည်ကနေ ့အိမ်ကဘုရားမှာ ရှိခိုးရုံကလွဲလို ့၊ အခြား ဘုရားစေတီများကို မရောက်ဖြစ်ခဲ့ပါဘူး ။ ဘုရားဒါယိကာ ကောင်းမှုနဲ ့ဘုရားစုံလင် ဖူးမျှော်ရသဗျား ။

    • ရွာစားကျော်

      May 5, 2012 at 10:38 pm

      မနေ့က ဘီယာဆိုင်ပို့ပြီးတော့ ဒီကနေ့ ဘုရားဖူး ပို့ပေးတာပေါ့ဗျာ..၊
      ဟုတ်ဘူးလား

  • shwe kyi

    May 5, 2012 at 11:16 pm

    ပုံတော်တွေက ကြည်ညိုစရာကောင်းလှပါတယ်။ ကျေးဇူးပါ။
    ရွှေကြည်က လူတိုးရမှာကြောက်လို့ နေ့ကြီးရက်ကြီးတွေမှာ ဘုရားသွားခဲပါတယ်။
    ခုလိုဖူးမြော်ရလို့ ဝမ်းသာပါတယ်ရှင်..

  • aye.kk

    May 6, 2012 at 6:12 am

    ကိုရွာစားကျော်ရေ…
    ဘုရားပုံတွေသပ္ပါယ်ကြည်ညိုစွာနဲ ့
    ဖူးမြင်ပြီးကုသိုလ်ရယူလိုက်ပါတယ်..
    သာဓု…
    သာဓု…
    သာဓု…။
    မိသားစုနဲ ့အတူပျော်ရွှင်ချမ်းမြေ ့ပါစေကြောင်း
    မေတ္တာဝေမျှတောင်းဆုချွေလိုက်ပါတယ်ကွယ်။

  • water-melon

    May 6, 2012 at 8:32 am

    ကိုရွာစားကျော်ရေ
    ဖူးမျှော်သွားပါတယ်ဗျာ
    သာဓု…
    သာဓု…
    သာဓု…။
    ချစ်သောမိသားစုနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေဗျာ။

  • ဆူး

    May 6, 2012 at 10:42 am

    ရွာစားကျော် ဘုရား စုံ တင်ပေးထားတာပဲ.. ကောင်းလေစွ ကောင်းလေစွ.. မနေ့ကတော့ ရာသီဥတု သာယာတယ်။ နေမပူဘူး။ သူတော်ကောင်းတွေ ကုသိုလ်တွေ ပြုလို့ နေပြင်းပြင်း မပူဘူးထင်ပါရဲ့။

    • ရွာစားကျော်

      May 6, 2012 at 11:04 am

      http://www.facebook.com/photo.php?fbid=450826854933115&set=a.450826548266479.123876.287336421282160&type=3&theater
      နေပြည်တော် ဥတ္တရသီရိ မြို ့နယ် ဖိုးစောင်တောင် ပေါ်တွင် တည်ရှိသော Mount Pleasant ့ဟိုတယ် ဝန်းကျင် ၌ ယနေ ့မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်ခန် ့က ရုတ်တရက် လေပြင်းများ တိုက်ခိုက်ကာ ကွမ်းသီးခြမ်း အရွယ်ရှိ မိုးသီးများ ကြွေကျခဲ့သည်ဟု သတင်းရရှိသည်။

      တေဘီဆရာ.. ကျုပ်တို့တော့ သူတော်ယုတ်စက်ကွင်းထဲ ရောက်သွားရော.. တေဘီ

Leave a Reply