AirAsia မှ သက်သာသော နှုန်းထားဖြင့် ရန်ကုန်မြို့တော် နှင့် ကွာလာလန်ပူကို စတင် ပျံသန်းမည်

wailynnooJune 15, 20101min1072

မလေးရှားနိုင်ငံ အခြေစိုက် ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia မှ လာမည့် အရှေ့တောင် အာရှနိုင်ငံများသို့ ခရီးစဉ်တိုးချဲ့မှု အစီအစဉ်အရ ဇူလိုင်လတွင် ကွာလာလန်ပူ မှ ရန်ကုန်သို့  လေကြောင်းခရီးစဉ်သစ် စတင် ပျံသန်းမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ပထမဆုံး ခရီးစဉ် ကို ဇူလိုင် ၂ဝ တွင် စတင်မည်ဖြစ်ပြီး ခရီးစဉ်သစ်ကို အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ၂၉ ရင်းဂစ် (၈.၈ ဒေါ်လာ ဝန်းကျင်) ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။ အဆိုပါ လေကြောင်း ခရီးစဉ်သစ်အတွက် ခရီးသည် ၁၈ဝ ဦး လိုက်ပါစီးနင်နိုင်သော Airbus A320 လေယဉ်များဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း AirAsia ၏ ထုတ်ပြန်ချက် တစ်ရပ်တွင် တနင်္လာနေ့က ဖော်ပြခဲ့သည်။

AirAsia ၏ ကုန်သွယ်ရေး ဌာန အကြီးအကဲ Kathleen Tan က ယခုကဲ့သို့ နေ့စဉ် တိုက်ရိုက်ပျံသန်းသော ကွာလာလန်ပူ – ရန်ကုန် လေကြောင်း ခရီးစဉ်သစ်ကြောင့် မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်းတွင် ကြီးမားသော တိုးတက်မှု ရရှိမည်ဟု ယူဆပါကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ အကြီးမားဆုံး ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia သည် ခရီးသွားမျာအကြား ယဉ်စီးခလျော့ချပြီး ဝန်ဆောင်မှုပေးခဲ့သည့် အတွက် ကမာ္ဘ့စီးပွားရေး မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့သော်လည်း အလျင်အမြန် လုပ်ငန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်က AirAsia သည် ရင်းဂစ် ၅၄၉ သန်း (အမေရိကန် ဒေါ်လာ ၁၆၆ သန်း) အမြတ်အစွန်း ရရှိခဲ့သည်ဟု သိရသည်။

Source: patheincity.com

2 comments

  • ghost

    June 15, 2010 at 4:49 pm

    ဘယ်သူမှ မလဲဘူး လက်ခလယ် ထောင်နေတာ ပဲတွေ ့တယ်

  • etone

    June 17, 2010 at 1:57 am

    9$နီးပါးလောက်နဲ့ ဆွဲပေးတဲ့ယဉ်လိုင်းကတော့ အလုပ်ဖြစ်ဦးမယ်ထင်တယ် ။

Leave a Reply