ကားဈေးတွေ ထိုးကျကုန်ပြီ .. ဖုန်းဈေးတွေလည်း မကြာမီ မျှော်..

ဒီနေ့ မနက်ပဲ အိမ်းသူသက်ထား ချစ်မယားလေး ရှင်မွေးလွန်းက ပြောတယ်..

ကားစီးချင်ဘီ ကိုကိုရယ်တဲ့.. စိတ်ထဲကတော့ လစာလေး သုံးသောင်းလောက်တိုးတာမှ မကြာသေးဘူး ကားစီးချင်တယ် လုပ်နေဘီပေါ့၊ (ချဉ်ပါတယ်အေ.. ဂယ်ပဲ)

နှုတ်ကနေတော့.. အို ကွယ် တနေ့တော့ စီးရလိမ့်မပေါ့..။ ခုလည်း မော်တော် ဆိုင်ကယ်လေးနဲ့ အဆင်ပြေနေတာပဲဟာ.. လို့ နှစ်သိမ့်လိုက်ရပါတယ် ..ဟီး။

သိန်းထောင့်ငါးရာ ဆုကြီးပေါက်လို့ကတော့ ကားကောင်းကောင်းဝယ်ပြီး မြန်မာပြည်အနှံ့  အမျိုးတွေအကုတ်လုံး ဘုရားဖူးပို့မယ် မှန်းထားတာ..။ ထီကလည်းမပေါက်။

ကားစီးချင်တယ် ပြောလို့မှ ဆုံးရုံရှိသေး ဟော.. သတင်းကြားဘီ။ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းကြောင့်တဲ့ ကားဈေးတွေထိုးကျတယ်ဆိုပဲ..။

ရွာစားကျော်တို့ ဆန္ဒပြင်းလို့ သကြားမင်း ပန္တုကမ္ဗလာ မြကျောင်ဖျာ တင်းရော့ထင့်။ ကားဈေးတွေ သိန်း ၃၊ ၄ ဆယ် ကျသွားသတဲ့။ Yangon Press International ရဲ့ ဖေစ်ဘွတ်စာမျက်နှာမှာ ဖတ်လိုက်ရတယ်..။

မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်၊ (YPI)

အင်ဂျင်ပါဝါ ၁၃၀ဝ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဈေးထိုးကျသွားကြောင်း ဟံသာဝတီကားဝိုင်းမှ ကားရောင်းဝယ်သူများက ပြောသည်။

ယခုသတင်းကြောင့် ကားဈေးသာမက ကားပါမစ်ဈေးများလည်း သိသိသာသာ ကျဆင်းသွားကြောင်း ကားဝယ်ရောင်းများ၏ ပြောဆိုချက် အရသိရသည်။

ဝယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက “မနေ့ညနေက ဈေးကွက်မှာ ၁၃၀ဝ စီစီအောက် ကားတွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုဖို့ စည်းဝေးနေပြီဆိုတဲ့ သတင်းထွက်ပြီး ကားဈေးတွေ သိန်း ၃၀၊ ၄ဝ ကျသွားတယ်၊ ဘယ်သူမှ မဝယ်တော့ပဲ ဖြစ်နေတယ်” ဟု YPI သို့ပြောသည်။

အခြားကားဝယ်ရောင်း တဦးကလည်း ယမန်နေ့ညနေက ကားဈေးကွက်တွင် ဈေး ကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

အင်ဂျင်ပါဝါ ၁၃၀ဝ စီစီအောက်ကားများတွင် မီနီဆလွန်း ကားအမျိုးအစား၊ ဆူဇူကီ ဝေဂွန်အာပလပ်စ် ကားမျိုးလို ကားအငယ်များ ပါဝင်နိုင်ပြီး ယင်းသို့  လွတ်လပ်စွာ တင်သွင်းခွင့်ပြုပါက အငှားယာဉ် နှင့် မြို့တွင်းအိမ်သုံးစီးသူများ အနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်စီးနိုင်မည့် အလားအလာရှိကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းပြောဆိုသည်။

ယမန်နှစ် လယ်ကစတင်လိုက်သည့် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍  ကားအစားထိုး တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် ဆယ်စုနှစ် တခုကျော်မြင့်တက်ခဲ့သည့်  ကားဈေး ၃ ချိုး ၂ ချိုး ကျဆင်းခဲ့သည်။

ယခင်နှစ်နှစ်ဝန်းကျင်က သိန်း ၁ ထောင်ကျော် ရှိခဲ့သည့် တိုယိုတာ မတ်တူးဆလွန်း (ရွှေငါး) အမျိုးအစားမှာ ယခုအခါတွင် ကျပ် သိန်း ၃၀ဝ မှ ၃၅ဝ ဝန်းကျင်သာရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့နောက် နိုင်ငံခြားငွေ ဒေါ်လာ ၁ သိန်းရှိသည့် ကုမ္ပဏီများ၊ ဝင်ငွေခွန်ပေးဆောင် ထားသူ ပြည်ပတွင် အလုပ် လုပ်ကိုင်ခဲ့သူများ၊ နိုင်ငံခြား သင်္ဘောသားများ ကိုပါ တင်သွင်းခွင့်ပြုခဲ့ရာမှ ကားဈေးမှာ တစထက်တစ ကျဆင်းလာခဲ့သည်။

မပူတော့ဘူးဗျာ..။ သူတကာတွေ ကားစီးတဲ့ အချိန် ကျုပ်တို့လည်း စီးနိုင်သွားမှာပါ။

အောင့်နိုင်လေ အကျိုးရှိလေ ဖြစ်မှာပဲ။ (မအောင့်နိုင်လည်း ခုချက်ချင်းမှ ကိုယ်က မတက်နိုင်တာ :mrgreen: )

ဖုန်းတွေလည်း ဒီထက် ဈေးကျအုံးမှာတဲ့ဗျ။ တသိန်းတန်ဆိုပြီး လာလိမ့်အုံးမယ် သတင်း သဲ့သဲ့ကြားနေတယ်။ အောင့်နိုင်လေ အကျိုးရှိလေပဲ။ ငါးထောင်ထိ ကျအောင် အောင့်ထားကြပါအုံး။ လွှတ်တော်မှာလည်း အမတ်မင်းတွေ လှုပ်ရှားဘီ၊ အဆိုတင်ထားဘီ ပြောတယ်။ ကားကောင်းကောင်းစီးချင်၊ ဖုန်းဈေးချိုချိုနဲ့ ရချင် အောင့်သာ ထားကြလို့ ပြောချင်ပါရဲ့ဗျာ..။

ကာတွန်းလေးနဲ့ နှုတ်ဆက်ပါတယ်ဗျာ..

Burma Thwe's facebook မှ ရပါသည်..

credit: Yangon Press International & Burma Thwe’s facebook

18 comments

  • ဦးဦးပါလေရာ

    May 5, 2012 at 11:36 pm

    ပိုက်ဆံမရှိတာ ဒီနေရာမှာ ကံကောင်းတာပဲ။
    အခုစာကလေးကြော် အခုဆီထမင်းမူဝါဒနဲ့ ချီတက်နေတဲ့ စီးပွားကူးသန်းကြောင့် ခွက်ခွက်လန်ရှုံးတဲ့ထဲ ဒီတခေါက်လဲ ပါမသွားပြန်ဘူး…။

    • Foreign Resident

      May 6, 2012 at 7:54 am

      ဦးဦးပါလေရာ ရဲ့ ။

      ဘယ်အရာမဆို ( Ref ; ပိုက်ဆံမရှိတာ )
      အဆိုးရော အကောင်းပါ ရှိတယ်ဆိုတာ
      အဲဒါကို ပြောတာပေါ့ ။

    • ဆူး

      May 6, 2012 at 11:02 am

      အဲဒါတော့ ထောက်ခံတယ်။ ကား အကြောင်း ပြောရင် အိမ်က ဟာကြီး ပိုက်မိ ထားတာ ရင်နာ လွန်းလို့.. မုန်းလိုက်တာ.. အရမ်းပဲ..

  • FattyCat

    May 6, 2012 at 12:01 am

    ကားဈေးတွေဘယ်လောက်ကျကျ ကားဝယ်စီးနိုင်တဲ့ဝင်ငွေမရှိသေးတဲ့အတွက်…
    စိတ်မဝင်စားသေးကြောင်း

    ခင်တဲ့-
    ကြောင်ဝတုတ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2012 at 12:54 am

    ဟုတ်တယ်ဗျ တောင့်ထားဂျ
    အမှန်အကန်ဈေးထက်ပိုတဲ့ပစ္စည်းဆိုရင် မှတ်ပုံတင်တောင်မလုပ်ဂျနဲ့ဗျို့ 😀

  • nature

    May 6, 2012 at 2:19 am

    အခုကားဈေးတွေကစီးပျော်တဲ့ဈေးတခုလို့ထင်ပါတယ်။ နိုင်ငံတော်အတွက်ထိုက်သင့်တဲ့အခွန်လည်းရတဲ့အတွက် လမ်းတံတားတည်ဆောက်ရေးအတွက် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိပါတယ်။ အရင်ကားဈေးတွေက ဒိထက်အများကြီးမြင့်ပြီး မဖြစ်သင့်တဲ့ဈေးတွေးပါ။ အဲဒီဈေးတွေတုန်းက နိုင်ငံတော်အတွက်လည်းအခွန်ငွေတပြားမှမရပါ။

  • water-melon

    May 6, 2012 at 8:18 am

    လမ်းကောင်းပြီး ကားမကြပ်မှ ကားဝယ်စီးမယ်ဟေ့
    ဒါဘဲပြောမယ် အဟိ

  • kyeemite

    May 6, 2012 at 9:27 am

    အလယ်အလတ်ကားတွေကတော့ ဈေးတွေအော်နေတုံးဗျို့…
    ကျတာက အသစ်သွင်းတဲ့ကားတွေသာကျတာဗျ..

    • ရွာစားကျော်

      May 6, 2012 at 10:40 am

      အိမ်စီးဆိုပေမယ့် မြို့တွင်းလောက် မောင်းကောင်းမယ့် မီနီစလွန်း၊ စူဇူကီး ဝက်ဂွန်လောက် ကားတွေပဲ ပါအုံးမှာ ဆိုတော့ သိပ်မနိပ်ဘူးထင်တယ်..။ တကယ်တမ်း အကြောင်းကိစ္စနဲ့ ခရီးဝေးခိုင်းချင်ရင် ညှာနေရတာ။ ကြာရှည်သုံး၊ စိတ်ချလက်ချသုံး၊ တော်တော်နဲ့ပြန်မကြည့်ရတဲ့ အမျိုးအစားလေးတွေ လွတ်လွတ်လပ်လပ်တင်ခွင့်ပြုလိုက်ရင် ပြည်တွင်းငွေလည်း အပြင်သိပ်မထွက်တော့ဘူးပေါ့ဗျာ။ ပေးရတဲ့ဈေးနဲ့ တန်အောင်သုံးနိုင်တဲ့ ကားတွေ သွင်းရမှာ..။

  • windtalker

    May 6, 2012 at 10:33 am

    အလို ။ ဖတ်ရတဲ့ သတင်းက တယ်နိပ်ဗျား။
    ထီသွားထိုးပြီဗျို့ ပေ်က်ရင် တော့ ရွာစားကြီး ကို ပွဲပေးမယ် စိတ်ချ။

  • ဗိုက်ကလေး

    May 6, 2012 at 11:13 am

    အောင့်ထားလျက်ပါ ရွာစားရေ….
    ဒို ့ကတော့ ဒို ့ကတော့ ..ဒို ့ကတော့ အမြဲတမ်းပဲကွယ် အောင့်ထားဆဲပါ
    မန်းနီးက ဝေးဝေး နေနေဆဲ..
    ရို ့.ရို ့…

    • ရွာစားကျော်

      May 6, 2012 at 12:18 pm

      အေးဗျာ အောင့်ရလွန်းတော့လည်း ဆီးချုပ်၊ ဝမ်းချုပ်ပါ လိုက်လာဘီ ဟီး

      • မဟာရာဇာ အံစာတုံး

        May 6, 2012 at 5:44 pm

        အောင့်ခံ ချမ်းသာကွ …. တဲ့ ..
        ကြာနီကန် ဆရာတော်ကြီးရဲ့ တရားထဲမှာ ကြားဖူးတာ ..
        😀

  • Gipsy

    May 6, 2012 at 1:31 pm

    ဟုတ်ဗျ .. အောင့်ထားရလွန်းလို့ … အောင့်ထားလို့ ရသမျှှ တွေ အကုန် ချုပ်ကုန်ပြီ…။
    ရွာစားကျော် တင်တဲ့သတင်းက တကယ့် မင်္ဂလာသတင်းပဲဗျို့…၊
    အတည်မပြုနိုင်တဲ့ ဒီသတင်းကြီး အမြန်ဆုံး အတည်ပြုနိုင်ပါစေလို့ ဆုတောင်နေရုံမှတပါး
    အခြားမရှိပြီ….။
    အင်း.. ဖြစ်လာရင်တော့ ရန်ကုန်သားများ လမ်းများများလျှောက်ဖို့ လေ့ကျင့်ထားကြပါ
    လို့ …..။ :mrgreen:

    • ရွာစားကျော်

      May 6, 2012 at 7:36 pm

      ဦးဝိစာရလမ်း ချဲ့နေတာ ကားကြပ်တော့မှာ ကြိုမြင်လို့ဖြစ်မယ်..
      ဒီသတင်း အမှန်ဖြစ်လောက်၏.. 😛

  • Inz@ghi

    May 6, 2012 at 8:41 pm

    အိုဘယ့် ဖာရာရီ ….ထွီ …

    ဒက်ဂလောက် ဒက်ဂလောက်…
    မြင်းစီးတာပဲကောင်းပါတယ်အေ….

    လစ်ပြီ ကို ရွာစားကျော်ရေ့…….

  • ရွာစားကျော်

    May 6, 2012 at 10:04 pm

    မေလ ၆ ရက်၊ ၂၀၁၂ ခုနှစ် -(YPI)

    မေလ ရ ရက်နေ့တွင် စီးပွားကူးသန်းဝန်ကြီးဋ္ဌာနမှ သတင်းစာရှင်းလင်းပွဲ တရပ် နေပြည်တော်တွင် ကျင်းပရန်ရှိသဖြင့် သတင်းမီဒီယာများအား ဖိတ်ကြားထားကြောင်း သိရှိရသည်။ သတင်းစာရှင်းလင်းပွဲမှာ ကားတင်သွင်းခွင့်နှင့် ပတ်သက်သည်ဟု ယခုလောလောဆယ် ရရှိသည့် သတင်းများအရ သိရသည်။
    Yangon Press International

  • may flowers

    May 7, 2012 at 1:36 pm

    တကယ်သာဖြစ်လာလို့ကတော့ ဝမ်းသားစရာသတင်းပေမဲ့ လက်ရှိရန်ကုန်မှာကြုံတွေ့နေရတဲ့

    ကားပါကင်အခက်အခဲနဲ့ လမ်းတွေမှာကားတွေကျပ်ခဲပိတ်ဆို့နေတဲ့ ပြသနာတွေကိုမဖြေရှင်းနိုင်

    ပဲ ကားသွင်းခွင့်ပြုလိုက်မယ်ဆိုရင်တော့ အင်း…ရိုင်းရိုင်းပြောရရင် ဖင်မနိုင်ပဲ…ပဲကြီးဟင်းစား

    တာနဲ့ တူနေမလားလို့။

Leave a Reply